မျက်လှည့်သူဇာမီလင်ဒါ
အမျိုးသမီးများသည် အမျိုးသားများကဲ့သို့လုပ်ကိုင်နိုင်ကြပြီး၊ အမျိုးသားများထက် ပို၍ သပ်ရပ်စွာပင် စွမ်းဆောင်တက်ကြပါတယ်။ ၄င်းအဆိုကို အမေရိကန် ပြည်ထောင်စု ( Nevada) ပြည်နယ်၊ Las Vegas မြို့မှ ဗီလင်ဒါဆိုသူ အမျိုးသမီးက သက်သေ ပြခဲ့ပါတယ်။
မီလင်ဒါမှာ ကမ္ဘာကျော်မျက်လှည့် ဆရာကြီးများဖြစ်သော (Darid Coppe-r field) ဘက်ဖရွိုက်နှင့် ရှိုင်းတို့ကဲသို့နာမည်ကြီး မျက်လှည့် သခင်မလေးအဖြစ် အသိအမှတ် ခေါ်ဝေါ်ခြင်း ခံနေရသူလေးပင် ဖြစ်ပါတယ်။ ဘော်ငွေရောင်ဆံပင် နှင့်ဆွဲဆောင်မှု့ရှိသော အလှပိုင်ရှင်လည်း ဖြစ်ရာ Las Vegas မြို့တွင်လွန်ခဲ့သော ၉ နှစ်မှ ယနေ့တိုင် ဆက်တိုက်

ဤသို့ဗီလင်ဒါကို မျက်လှည့် ပညာများ သင်ကြားပေးသူ ၄င်း၏ဆရာ အရင်းမှာ Austritins မောင်ဘွဲ့ရရှိခဲ့သော Gßoland Kinger (ကင်းဂျား) ဖြစ်ပါတယ်။ ဗီလင်ဒါသည် ပါရမီအခံပါသူ ဖြစ်၍ မျက်လှည့်ပညာကို လွယ်လွယ်ကူကူနှင့်ပင် အောင်မြင်စွာ သင်ကြားတက်မြောက်ခဲ့၍ ယခုအခါ မျက်လှည့်ဆရာမ လေးတစ်ဦးအဖြစ် အသိအမှတ်ပြုခံရပြီးသူ တစ်ယောက် ဖြစ်ပါတယ်။
မီလင်ဒါ၏ မျက်လှည့်ပွဲကို ကြည့်ခဲ့သော လူငယ်တစ်ဦးက အမျိုး သမီးမျက်လှည့်ဆရာ ရှိလိမ့်မည်ဟု ကျွန်တော်မထင်ခဲ့ကြောင်း ယခုတော့ အမျိုးသမီးတစ်ဦး ဟန်ကျပန်ကျ ပြသနေတာတွေဟာ လူသားတွေအနေနဲ့ စိတ်ပါ လက်ပါလုပ်ရင် ဘယ်အရာမျိုး မဆို ဖြစ်နိုင်တယ်ဆိုတာကို ပြသနေသကဲ့သို့ ဖြစ်ကြောင်းကို မီလင်ဒါထံသို့ ကျေးဇူးတင် စာတစ်စောင် ရေးပို့ခဲ့ပါတယ်။ မီလင်ဒါ အဖို့ လူငယ်များ မိမိတို့ ကြံစည်စိတ်ကူးသမျှ တကယ်လုပ်ပါက အဟုတ်ဖြစ်နိုင်ပုံကို မျက်လှည့်ပညာဖြင့် ပြသခွင့်ရနေခြင်းအတွက် ၀မ်းမြောက်ဂုဏ်ယူလျက်ရှိတယ်ဟုဆိုကြောင်း တင်ပြလိုက်ရပါတယ်။
မမမာလာ(R.V.A)
No comments:
Post a Comment