မေး။ ။ (ထွက်မြောက်ရာကျမ်း ၃း၅) မှာ "ဘုရားသခင်ကလည်း၊ မချဉ်းနှင့်သင်၏ ခြေနင်းကိုချွတ်လော့၊ သင်နင်းသော အရပ်ကား သန့်ရှင်းသောမြေ ဖြစ်သည်" လို့ မိုးဇယ်ကို မိန့်တော်မူပါတယ်။ ဒါပေမယ့် ဘုရားကျောင်း ဗိမာန်တော်အထဲ၊ ဘုရားရှင်ကျိန်းဝပ်ရာ၊ မစ္ဆားပူဇော်ရာ ဘုရားခန်းအတွင်းမှာ ရဟန်းဘုန်းတော်ကြီးများ ဖိနပ်မချွတ်သလို၊ ကက်သလစ်ဘာသာဝင်များလည်း ဘုရားကျောင်းထဲကို ၀င်တဲ့အခါမှာ ဖိနပ်မချွတ်ကြပါ၊ ကိုယ်တော်မြတ် ပင့်ယူတဲ့အခါမှာလည်း ဖိနပ်မချွတ်ကြပါ။ ဘာ့ကြောင့်ပါလဲ။
ဖြေ။ ။(ထွက်မြောက်ရာကျမ်း ၃း၅)ထဲက ထာဝရအရှင်ဘုရားသခင် မိုးဇယ်ကို မိန့်တော်မူခဲ့တဲ့" မချဉ်းနှင့်။ သင်၏ခြေနင်းကို ချွတ်လော့၊ သင်နင်းသောအရပ်ကား သန့်ရှင်းသောမြေ ဖြစ်၏"လို့ မြွက်တော်မူချက်ဟာ ပညတ်တော်မဟုတ်၊ ဓမ္မသတ်မဟုတ်။ ဖာရောဘုရင်ရဲ့ အမျက်တော်ဘေး၊ ဓါးဘေးကနေ လွတ်မြောက်ဖို့အတွက်၊ အီဂျစ်ပြည်ကနေ လောလောလပ်လပ် ထွက်ပြေးတိမ်းရှောင် လာတဲ့ အီဂျစ်ပြည်ဖွား၊ အီဂျစ်ပြည်မှာ ကြီးပြင်းခဲ့ရတဲ့၊ "ဟီဘရူး"အမျိုးသား မိုးဇယ်တစ်ယောက်၊ ဟောရပ်တောင်ပေါ် အရောက်မှာတော့

ရိုသေလေးစားခြင်း၊ ရိုသေလေးမြတ်ခြင်း ဆိုတာ ဘာလဲ။ အဓိပ္ပါယ်သိဖို့ လိုအပ်ပါတယ်။ ရိုသေလေးမြတ်ခြင်းဆိုတာ အမျိုးမျိုး ရှိပါတယ်။ လက်တွေ့ဆန်တဲ့အပိုင်းကိုပဲ ရွေးထုတ်ဖော်ပြရမယ်ဆိုရင် တစ်ယောက်သောသူရဲ့ ခံစားချက်၊ ခံယူချက်၊ လိုအပ်ချက်၊ အတွေးအခေါ်၊ ဆင်ခြင်ယူဆချက်၊ အထင်အမြင်များကို ဦးစားပေးပြီး၊ ဆင်ခြင်စဉ်းစားပေးခြင်း၊ ဦးစားပေးပြီး ထောက်ထားညှာတာ ပေးခြင်းများပြုရမှာ ဖြစ်သလို၊ တစ်ယောက်သောသူရဲ့ တန်ဖိုးထားတဲ့ ခံစားချက်၊ တန်ဖိုးထားတဲ့ ခံယူချက် အတွေးအခေါ်၊ ဆင်ခြင်ယူဆချက် ထမြွှာ၊ တန်ဖိုးအထားဆုံးအရာ၊ တန်ဖိုးအထားဆုံးသော ပြုမူချက်များကို တန်ဖိုး ထားပြီး လက်ခံပေးခြင်း၊ အသိအမှတ်ပြုပေးခြင်း၊ နားထောင်ပေးခြင်း၊ ဟန်ဆောင်မှု ကင်းကင်းနဲ့ အတူပေါင်းဖေါ်ခြင်း၊ လက်ခံခြင်း၊ တစ်ဦးစီရဲ့ ပုဂ္ဂိုလ်ရေးအစွမ်းအစ၊ ခံယူချက်၊ တန်ဖိုးထားချက်များအားလုံးကို လေးစား တန်ဖိုးထားခြင်းတွေပဲ ဖြစ်ပါတယ်။
ထာဝရအရှင်ဘုရားသခင်ဟာ လူကို ဖန်ဆင်းတဲ့နေရာမှာ တစ်ဦးနဲ့တစ်ဦး မတူညီအောင် အစွမ်းကိုယ်စီပေးကာ၊ ဖန်ဆင်းတော်မူပြီး တစ်ဦးချင်းစီရဲ့ မတူညီတဲ့ အစွမ်းကိုယ်စီ၊ တန်ဖိုးထားမှုကိုယ်စီကနေ ထွက်ပေါ်လာတဲ့ ဆက်ကပ်မှု၊ တုန့်ပြန်မှု၊ ရိုသေလေးမြတ်မှုတို့ကို တန်ဖိုးထားပြီး၊ မြတ်နိုးမှုအပြည့်နဲ့ လက်ခံတော်မူတယ်၊၊ ဒါဟာ မိမိရဲ့ မဟာလက်ရာတော်ဖြစ်တဲ့၊ မိမိ ဖန်ဆင်းထားတဲ့ လူသားတစ်ဦးချင်းစီကို လေးစား၊ တန်ဖိုးထား လက်ခံတော်မူခြင်းပဲ ဖြစ်ပါတယ်။

ကမ္ဘာ့ အနောက်တိုင်းသားများ မှန်ရင် ကျောင်းကန်ဘုရားမဆိုထားနဲ့ ဘယ်လိုပါတီပွဲများကိုပဲ သွားသွား အမျိုးသမီးများအနေနဲ့ စိတ်တိုင်းကျ မလုံမလဲ၊ ဖယိုဖရဲဝတ်ပြီး သွားနိုင်လာနိုင်၊ ၀င်ထွက်နိုင်ကြပေမဲ့၊ အမျိုးသားများက ဘွတ်နဲ့ ရွှတ်နဲ့၊ ကုတ်အကျီင်္နဲ့၊ နက်တိုင်နဲ့ အပြည့်ဝတ်ဆင်ပါမှ ပါတီပွဲကို(သို့) ကျောင်းကန်ဘုရားကို ရိုသေရာ ရောက်တယ်ဆိုတဲ့ ရိုးရာ၊ ဓလေ့တန်ဖိုးထားချက်ကြောင့် တချို့သောပွဲတွေမှာ၊ တိုက်တာ အဆောက်အဦးများထဲမှာ ဘွတ်ဖိနပ်၊ ရှုးဖိနပ်မပါက ၀င်ခွင့်မရှိ၊ ညှပ်ဖိနပ်၊ကွင်းထိုးဖိနပ်များနဲ့တောင် ၀င်ရောက်ခွင့် မရှိပါ၊၊ ဒါပေမယ့် အရှေ့တိုင်းရိုးရာ ဓလေ့ယဉ်ကျေးမှုများမှာ ကျတော့ အမျိုးသားတွေအနေနဲ့ ပြဿနာမရှိပေမယ့်လည်း၊

ဒါကြောင့် (ထွက်မြောက်ရာကျမ်း ၃း၅) ထာဝရဘုရားသခင်က မိုးဇယ်ကို မိန့်မြွက်တော်မူတဲ့ စကားတော်မြတ်ရဲ့ ဆိုလိုရင်း ကတော့၊ ငါ ဘုရားကိုယ်တော်မြတ်နဲ့ နွယ်သမျှသော ငါဘုရားရဲ့ သာသနာတော်၊ အသင်းတော်နဲ့ နွယ်သမျှသော လူပုဂ္ဂိုလ်၊ အရာခပ်သိမ်းအားလုံးတို့ကို ရိုသေလေးစားခြင်း၊ ရိုသေလေးမြတ်ခြင်းပြုကို ပြုကြရမယ်။ ဒါဟာ ငါဘုရားကိုယ်တော်ရဲ့ အလိုတော်မြတ်ပဲ ဖြစ်ပါတယ်။ မိမိတို့ ဦးထိပ်ထားဆုံးသောအရာ၊ တန်ဖိုးထားဆုံးသော အရာ၊ အမြတ်နိုးဆုံးသောအရာတွေ အားဖြင့် စိတ်အား ရှိသမျှ၊ ဥာဏ်ရှိသမျှ၊ အစွမ်းရှိသမျှ၊ ခွန်အားရှိသမျှနဲ့ ရိုသေကြပါ၊ ရိုသေလေးမြတ်ခြင်း ပြုကြပါ။ ရိုသေလေးမြတ်ခြင်းသည် ခရစ်ယာန်တိုင်း ပြုကို ပြုရမည့် ၀တ္တရားဖြစ်ပါတယ်ဆိုတာသာ အဓိကနားလည်ခံယူရမယ့် အရာဖြစ်ကြောင်း ဖြေကြားလိုက်ရပါတယ်။
ဘုန်းဘုန်းဒိုမီနစ်ဂြိုလ်တု
No comments:
Post a Comment