အိမ်ပြန်ချိန်
လောက၌ရှိသော ချစ်ခြင်းမေတ္တာများတွင် မိဘက သားသမီးအပေါ် ထားရှိသော မေတ္တာသည် အေးမြကြည်လင်သော တန်ဖိုးအရှိဆုံးသော အရာပင် ဖြစ်သည်။
မိဘကသားသမီးကို ချစ်သော အချစ်မေတ္တာများသည် ပြန်ရရှိပါစေဟု မျှော်လင့်ခြင်း မရှိသော အဆုံးအစမဲ့ ပေးဆပ်ခြင်းပင် ဖြစ်သည်။ မိဘများက သားသမီးတို့အပေါ် ထားရှိသော မေတ္တာတရားကို ကျွန်မကိုယ်တိုင် ကြုံတွေ့ရသောအခါ အဖေနှင့်အမေအပေါ် မှားယွင်းခဲ့သည့် အပြစ်များကို ၀န်ချ တောင်းပန်သောစိတ်ဖြင့် ဤစာစောင်အားဖြင့် ဝေငှ ပေးလိုက်ပါသည်။

ဝီလျှံနှင့် ဒေးဗစ်သည် ညီအစ်ကိုဟုဆိုသော်လည်း ပုံစံစရိုက် လွန်စွာကွဲပြားခြားနားခြင်းကြောင့် ညီအစ်ကိုအရင်းဟု မည်သူမှ မယုံချင်ပေ။ ဒေးဗစ်သည် အေးဆေးတည်ငြိမ်ပြီး ဘုရားတရားမြဲကာ သူ့အလုပ်သူ အေးဆေးတည်ငြိမ်စွာ လုပ်ကိုင်တတ်သည်။ မည်သည့်အလုပ်ကိုမဆို သေချာ စဉ်းစားအလေးနက်ထားကာ ဆုံးဖြတ်တတ်ပြီး မိဘမောင်နှမ သားချင်းကို သံယောဇဉ်ကြီးသူလဲ ဖြစ်သည်။ ၀ီလျှံမှာမူ ဒေးဗစ်နှင့် ဆန့်ကျင်ဘက် နေရာတကာ၌ ဟောဟောဒိုင်းဒိုင်း ကိုယ်လုပ်ချင်တာကို လုပ်ရမှ ကျေနပ်သူ တစ်ယောက်ဖြစ်သည်။ စရိုက်မတူသော်လည်း ညီအစ်ကို နှစ်ယောက်မှာ အလွန်ချစ်သည်။
ညီအစ်ကို နှစ်ယောက်၏ တူညီချက်တစ်ချက်မှာ ဘုရားကျောင်းနှင့်ပတ်သက်သော ကိစ္စအ၀၀တွင် ၎င်းင်းတို့နာမည်က မသိသူ မရှိသလောက်ဆိုအောင်ပင် ကုညီကြသူများအဖြစ် နာမည်ကြီးသည်။ မည်သည့်နေရာ ဒေသရောက်သည်ဖြစ်စေ ဘုရားသခင်အတွက် ဦးဆောင်ကြသော လူငယ်များဖြစ်သည်။ တစ်နေ့သော ကြာသာပတေးနေ့တွင် ၀ီလျှံတို့မြို့ရှိ ဘုရားကျောင်းပွဲနီး၍ ညီအစ်ကို နှစ်ယောက်ကို ကျောင်းထိုင်ဘုန်းကြီးမှ ခေါ်ယူကာ အစီအစဉ်များကို ပြောပြီးနောက် ၀ီလျှံသည် အလှူငွေကောက်ရန် ဘာသာတူ သူငယ်ချင်းများ အိမ်သို့ လာခဲ့လေသည်။ လိုအပ်နေသော ငွေကို အိမ်ဝင်၍ မိခင်ထံ ခွင့်တောင်းကာ ၀ီလျှံငွေယူစဉ် တွေ့လိုက်သော စာချုပ်၏ ခေါင်းစဉ်ကြောင့် ၀ီလျှံ အံ့သြသွားလေသည်။ "အမွေစား အမွေခံစာချုပ်" ဆိုသော ခေါင်းစဉ်၏ အကြောင်းအရာများကို စိတ်ဝင်တစား ဖတ်ကြည့်လိုက်သောအခါ မွေးစားသားသည် မိမိကိုယ်တိုင် ဖြစ်နေသည်။
ဝီလျှံစိတ်ကို မနည်းထိန်းချုပ်ကာ ဘုရားကျောင်းကို ပြန်လာလေသည်။ ဘုရားကျောင်းတွင် ဘုရားကျောင်း ကိစ္စအ၀၀ကို လုပ်ဆောင်နေရသော်လည်း ၀ီလျှံစိတ်နှင့် လူနှင့်မကပ်၊ ညီဖြစ်သူ၏ အမူရာကြောင့် ဒေးဗစ်သည် "၀ီလျှံ ညီလေး ဘာဖြစ်နေတာလဲ" လို့မေးသော်လည်း ၀ီလျှံသည် ခေါင်းသာတွင်တွင် ခါလေသည်။
ညပိုင်းရောက်သောအခါ ၀ီလျှံသည် မယ်တော်သခင်မဂူရှေ့တွင် ဒူးထောက်ကာ ဆုတောင်းကာ ဆုတောင်းရင်း ငိုမိသည်။ အမိမယ်တော်သခင်မ ကျွန်တော် ၀ီလျှံသည် အခြားကျန်သော နေရာမှာ မှားယွင်းဆိုး မိုက်ခဲ့ပေမယ့် ဘုရားကျောင်းနှင့် ပတ်သက်သော ကိစ္စများမှာ စိတ်ရောကိုယ်ပါ ပါဝင်ခဲ့တဲ့ အမိ၏သားတော်ဖြစ်ပါသည်။ ဘာဖြစ်လို့ ကျွန်တောကျမှ ဒီလို စိတ်ညစ်စရာ အဖြစ်ကို ကြုံတွေ့ရတာလည်း" ဟုဆို၍ စိတ်ထဲ၌ မယ်တော်သခင်မနှင့် ဆုတောင်း ရန်ဖြစ်ကာ ငိုနေမိသည်။ ၀ီလျှံ ဆုတောင်းနေတာမြင်သော ဒေးဗစ်သည် ၀ီလျှံအနား သွားချိန်တွင် ငိုနေသောဝီလျှံကို မြင်သောအခါ ဒေးဗစ် လန့်သွားမိသည်။ နောက်မှ ၀ီလျှံပခုံးကို ကိုင်၍ "ညီလေး မင်းစိတ်ညစ် နေတာတွေကို ပြောမှ ပျောက်သွားမှာပေါ့"လို့ ပြောလိုက်သည်။ ၀ီလျှံသည် ဖြစ်ရပ်မှန်ကို ပြောသောအခါ ဒေးဗစ်သည် "စိတ်ညစ်နေတာထက် အဖြစ်မှန်ကို မာမီဆီ သွားမေးရအောင်" လို့ပြောကာ ညီအစ်ကိုနှစ်ယောက် အိမ်သို့ထွက်ခဲ့သည်။ အိမ်ရောက်သောအခါ ဒေးဗစ်က မာမီကို မေးချိန်တွင် မာမီသည် ငိုကာ ၀ီလျှံကို (၅) လသားအရွယ်မှ စ၍ မွေးစားထားကြောင်း ပြောပြလေသည်။ ၀ီလျှံသည် သူ့မိဘအရင်း ဘယ်သူဘယ်ဝါမှန်း သိချင်ကြောင်း မေးသောအခါ မာမီက "မင်းမှာ အဖေတော့ မရှိဘူး အမေဘဲရှိတာ မင်းအမေ အမိုက်မကြီးဆီကို မာမီ မလွှတ်ပါရစေနဲ့" လို့ မျက်ရည်များကြားမှ ပြောလေသည်။ ၀ီလျှံသည် "မာမီမငိုပါနဲ့ဗျာ သား မာမီရဲ့ မေတ္တာစေတနာတွေကို သိနားလည်ပါတယ်။ သားကိုချစ်ရင် သားအမေရဲ့ လိပ်စာကိုပေးပါ လို့ပြောကာ ၀ီလျှံ နှဖူးပြင်ကို နမ်းရှိုက်လိုက်သည်။
မာမီပေးထားသော လိပ်စာမှနေရာကို ရောက်သောအခါ ၀ီလျှံ ကြောက်နေမိသည်။ နေရာတိုင်းမှာ ဘယ်အရာကိုမှ ဂရုမစိုက်ဘဲနေသော ၀ီလျှံသည် ထိုနေရာရောက်တော့မှ ကြောက်ဒူးများ တုန်ကာ ဇောချွေး ပြန်နေမိသည်။ အလှတွေကို တမင် မလှလှအောင်ပြင်ကာ လာသော ယောင်္ကျားလေးများ၏ ခါးကိုဖက်ကာ ၀င်သွားသော မိန်းကလေးများကို ကြည့်ပြီး ၀ီလျှံ စိတ်ပျက်မိသည်။ ၀ီလျှံသည် "အန်တီဒေစီနဲ့ တွေ့ချင်လို့" ပြောလိုက်သောအခါ ကောင်မလေး တစ်ယောက်က ၀ီလျှံကို လှောင်ကြည့် ကြည့်ရင်း "မမဒေစီရေ Jewလေးက မမဒေစီကို တွေ့ ချင်လို့တဲ့"လို့ အော်ပြောလိုက်သည်။

FLORIC
ဖလော်ရင့် (စစ်ကိုင်း)
No comments:
Post a Comment