Dec 30, 2008

ဘုရား၏ မယ်တော်ပွဲနေ့ (သို့) နှစ်သစ်နေ့


ဘုရား၏ မယ်တော်ပွဲနေ့ (သို့) နှစ်သစ်နေ့

နှစ်ဟောင်းကုန်လို့ နှစ်သစ်ရောက်လာပါပြီ။ ကျွန်ုပ်တို့ရဲ့ အသိမိတ်ဆွေ တစ်ချို့ နှစ်ဟောင်းထဲမှာ ကွယ်လွန် သွားခဲ့ကြလို့ အခုနှစ်သစ်ထဲမှာ ပါမလာကြတော့ပါဘူး။ဒီနှစ်သစ်ထဲမှာ ဘုရားက ကျွန်ုပ်တို့ကို အသက်ရှင် နေထိုင်ခွင့်ပေးတဲ့အတွက်ကြောင့် ဘုရားသခင်ကို ကျေးဇူးတင်ရပါမယ်။

ဒီနှစ်သစ်တစ်လျှောက်လုံး
ကမ္ဘာပေါ်မှာ ငြိမ်းချမ်း သာယာဖို့ နှစ်သစ်နေ့မှာ အထူးဆုတောင်းကြပါစို့။ ဘယ်နေ့မဆို သတင်း နားထောင် ကြည့်မယ်ဆိုရင် ကမ္ဘာအရပ်ရပ်မှာ ပျက်စီးတာတွေ၊ ဒုက္ခရောက်ကြတာတွေ၊ စစ်ဖြစ်ကြတာတွေစတဲ့ သတင်းဆိုးတွေ ကြားရစမြဲ ပါပဲအာဒန်နဲ့ ဧ၀ရဲ့ ပထမသားနှစ်ယောက်ဖြစ်တဲ့ ကိန်နနဲ့အာဗေလကိုကြည့်ပါ။ အစ်ကိုကြီး ကိန်နက ညီလေး အာဗေလကို သတ်ခဲ့တယ်။ အခုခေတ်မှာလည်း ကိန်နလို လူတွေဟာ မိမိညီအစ်ကို လူသားချင်းကို သတ်ဖြတ်နေဆဲပါပဲ။ ကျွန်တော်တို့ နိုင်ငံအတွင်းမှာလည်းလူသတ်မှု၊ ဓါးပြတိုက်မှု၊ စီးပွားရေး အရခေါင်းပုံဖြတ်ခြယ်လှယ်မှု စတဲ့ မတရားမှုမျိုးစုံနဲ့ ငြိမ်းချမ်းရေး မရှိကြပါဘူး။

ကျွန်တော်တို့ ရပ်ရွာတွေမှာလည်း ဖဲရိုက်ကြ၊ ဖဲရှုံးလို့ စားစရာမရှိရင်ခိုးကြ၊ တစ်အိမ်နဲ့ တစ်အိမ် ဆဲဆိုရန်ဖြစ်ကြ စသဖြင့် ငြိမ်းချမ်းရေးကို မရှိကြသေးပါဘူး။ ကျွန်တော်တို့ရဲ့ မိသားစု အတွင်းမှာလည်း အဖေက အရက်သောက်လွန်းလို့ မိသားစု စိတ်ဆင်းရဲနေကြရပါတယ်။ အမေဖြစ်သူ ကလည်း သားသမီးတွေကို မဆုံးမဘဲ ဖြစ်သလို ပစ်ထားတယ်။ သားသမီးတွေကို ပျက်စီးခြင်းဆိုတဲ့ အမွေပေး နေတယ်။ သားသမီး တွေကလည်း မိဘရဲ့ စကားကို နားမထောင်ကြဘူး။ ညီအစ်ကို မောင်နှမ အချင်းချင်း မုန်းကြတယ်၊ ငြိမ်းချမ်းရေး မရှိကြပါဘူး။

ငြိမ်းချမ်းရေးတို့၊ စိတ်ချမ်း သာမှု
တို့ဆိုတာ ငွေနဲ့ဝယ်လို့ မရတဲ့အဖိုးတန်အရာ တွေဖြစ်ပါတယ်။ နေလကြယ်များဟာ ဘုရားသခင် ဖန်ဆင်းထားတဲ့ အတိုင်း ပုံမှန် လည်ပတ်သွားလာနေတယ်။ ဘုရားသခင် စီမံထားတဲ့ သဘာဝတရားအတိုင်း လိုက်နာကြတယ်။

သဘာဝတရားကို လွန်ဆန်ပြီး သွားလာဖို့
ကြယ်တွေ၊ လနဲ့နေ တို့ဟာ မလွတ်လပလည်းလူသတ်မှု၊ ဓါးပြတိုက်မှု၊ စီးပွား ရေး အရခေါင်းပုံဖြတ်ခြယ်လှယ်မှု စတဲ့ မတရားမှုမျိုးစုံနဲ့ ငြိမ်းချမ်းရေး မရှိကြပါဘူး။ ကျွန်တော်တို့ ရပ်ရွာတွေမှာလည်း ဖဲရိုက်ကြ၊ ဖဲရှုံးလို့ စားစရာမရှိရင်ခိုးကြ၊ တစ်အိမ်နဲ့တစ်အိမ် ဆဲဆိုရန်ဖြစ်ကြ စသဖြင့် ငြိမ်းချမ်းရေးကို မရှိကြသေးပါဘူး။

ကျွန်တော်တို့ရဲ့ မိသားစုအတွင်း
မှာလည်း အဖေက အရက်သောက်လွန်းလို့ မိသားစု စိတ်ဆင်းရဲနေကြရပါတယ်။ အမေဖြစ်သူ ကလည်း သားသမီးတွေကို မဆုံးမဘဲ ဖြစ်သလိုပစ်ထားတယ်။ သားသမီးတွေကို ပျက်စီးခြင်းဆိုတဲ့ အမွေပေး နေတယ်။ သားသမီး တွေကလည်း မိဘရဲ့ စကားကို နားမထောင်ကြဘူး။ ညီအစ်ကို မောင်နှမ အချင်းချင်း မုန်းကြတယ်၊ ငြိမ်းချမ်းရေး မရှိကြပါဘူး။

ငြိမ်းချမ်းရေးတို့၊ စိတ်ချမ်း သာမှု တို့ဆိုတာ ငွေနဲ့ဝယ်လို့ မရတဲ့အဖိုးတန် အရာ တွေဖြစ်ပါတယ်။ နေလကြယ်များဟာ ဘုရားသခင် ဖန်ဆင်းထားတဲ့ အတိုင်း ပုံမှန် လည်ပတ်သွားလာနေတယ်။ ဘုရားသခင် စီမံထားတဲ့ သဘာဝတရားအတိုင်း လိုက်နာကြတယ်။ သဘာဝတရားကို လွန်ဆန်ပြီး သွားလာဖို့ ကြယ်တွေ၊ လနဲ့နေ တို့ဟာ မလွတ်လပ ငြိမ်းချမ်းရေးရရဖို့အတွက် လူမှုအဖွဲ့အစည်းတွေ ဖွဲ့ကြတယ်၊ နည်းလမ်း အမျိုးမျိုးနဲ့ ကြိုးစားကြတယ်။ ဒါပေမဲ့ မကောင်းမှုတွေ၊ မတရားမှုတွေကို မရှောင် နိုင်ကြသေးပါဘူး။ မှန်ပါတယ်။
ဘုရားသခင်ထံမှ ဝေးဝေးကို ကျောခိုင်း လျှောက်သွား နေတဲ့ ကာလပတ်လုံးတော့ လူတွေမှာ စိတ်ချမ်းသာမှု၊ ငြိမ်းချမ်းမှု မရရှိနိုင်ပါဘူး။ ဒါကြောင့် ဘုရားသခင် ဆီကိုလာမှသာလျှင် ငြိမ်းချမ်းခြင်း ရရှိနိုင်မယ်။ ဘုရားရိပ်ခိုလှုံမှ စိတ်ချမ်းသာနိုင်ပါမယ်။

အမိမယ်တော်မာရီယားကိုလည်း
”ငြိမ်းချမ်းခြင်း၏ သခင်မ” ဆိုပြီးခေါ် ဝေါ်ကြပါတယ်။ မယ်တော်မာရီယား မွေးဖွားပေးတဲ့ သားတော် ယေဇူးဟာ ဘုရားဖြစ်တယ်၊ ဒါကြောင့် မယ်တော်ဟာ ဘုရားရဲ့ မယ်တော်ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ငြိမ်းချမ်းရေးရှိဖို့ ငြိမ်းချမ်းခြင်း၏သခင်မ၊ ဘုရား၏ မယ်တော်ထံမှာလည်း ဆုတောင်းကြပါစို့။ ဘုရားဆိုတာ တစ်ဦးတစ်ယောက်က မွေးဖွား ပေးလိုက်လို့ စတင်တည်ရှိ အသက်ရှင်လာတာမျိုး မဖြစ်ရပါဘူး။
ဒါ့အပြင် ဘုရားဆိုတာ သေဆုံးပျက်စီးခြင်း ဆိုတဲ့ အဆုံးနိဂုံးလည်း မရှိရပါဘူး။

တစ်နည်းအားဖြင့် ပြောရမယ်ဆိုရင် ဘုရား
ဆိုတာ အစမရှိ၊ အဆုံးလည်းမရှိတဲ့ ၀ိညာဉ်တော်ဖြစ်ပါတယ်။ သခင်ယေဇူးဟာ မွေးဖွားခြင်းမခံမှီကတည်းက ဘုရားဖြစ်တယ်။ လူ့ဘ၀မှာ တရားကျင့်လို့ ဘုရားဖြစ်လာတာမဟုတ်ပါဘူး။ ”အစအဦး၌ နှုတ်ကပါတ်တော်ရှိတော် မူ၏” လို့ (ယောဟန် ၁း၁) မှာ ဖော်ပြထားပါတယ်။ မယ်တော်မာရီယားဟာ ဒုတိယပုဂ္ဂိုလ် သားတော်ဘုရားကို မွေးဖွားပေးတဲ့အတွက် ဘုရားရဲ့မယ်တော်ဖြစ်တယ်၊ ဒါ့ကြောင့် နှစ်ရဲ့ ပထမဦးဆုံးရက်ဖြစ်တဲ့ နှစ်သစ်နေ့ကို ဘုရားမယ်တော်နေ့ဆိုပြီး
မယ်တော်မာရီးယားကို ဂုဏ်ပြုထားတဲ့ အလျောက် နှစ်သစ်နေ့မှာ ဘုရားရဲ့မယ်တော် ထံမှာလည်း တစ်နှစ်ပတ်လုံး ကမ္ဘာပေါ်မှာ ငြိမ်းချမ်းခြင်းစိုးမိုးစေဖို့ ဆုတောင်းနိုင်ပါတယ်။

ခရစ်ယာန်တိုင်းဟာလည်း မိမိ ပတ်ဝန်းကျင် မိတ်ဆွေများကို ငြိမ်းချမ်းရေး လုပ်ပေးတဲ့သူများဖြစ်ရမယ်။ သခင်
ယေဇူးဟာ မင်္ဂလာတရား ရှစ်ပါးထဲမှာ ဟောခဲ့တဲ့တရားတော်မှာ ”ငြိမ်းချမ်းရေးကို လိုလားသောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား ထိုသူတို့သည် ဘုရား သခင်၏ သားသမီးဟု အခေါ်ခံရကြ လိမ့်မည်” လို့ (မဿဲ ၅း၉) မှာ ဖော်ပြထားပါတယ်။ ငြိမ်းချမ်းရေး၏ လက်နက်များ ဖြစ်ကြပါစို့။

- ခွန်အား -

Dec 26, 2008

ခရစ္စမတ်ပွဲတော်တွေ မြန်မာပြည်တလွှား ဘုရားကျောင်းတွေမှာ ကျင်းပ


ခရစ္စမတ်ပွဲတော်တွေ မြန်မာပြည်တလွှား ဘုရားကျောင်းတွေမှာ ကျင်းပ


ဒီကနေ့ကျရောက်တဲ့ ခရစ္စမတ် အခါသမယမှာ ခရစ်ယာန်ဘာသာဝင် မြန်မာနိုင်ငံသားတွေလည်း နိုင်ငံအ၀န်းမှာ ယုံကြည်မှု အလိုက် ဆင်နွှဲနေကြပါတယ်။ ရန်ကုန်၊ မန္တလေး မြို့ကြီးတွေသာမက တခြား ပြည်နယ်မြို့ရွာတွေ အသီးသီးမှာလည်း ကျင်းပနေကြတယ်လို့ သိရပါတယ်။ မြန်မာ နိုင်ငံမှာ အခုလို ခရစ္စမတ်ပွဲတော် ဆင်နွှဲ
နေကြတာတွေကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ခရစ္စမတ်အကြို ညသန်းခေါင်ယံကတည်းက ရန်ကုန်၊ မန္တလေးအပြင် တခြားနယ်မြို့ တွေမှာပါ ဘာသာရေး ၀တ်ပြုဆုတောင်း တာတွေ၊ တရားဟောကြားတာတွေနဲ့ အခမ်းအနားတွေကို ကျင်းပနေကြတာပါ။ လတ်တလော ကမ္ဘာတ၀န်းမှာ ကြုံနေရတဲ့ စီးပွားရေးအကျပ်အတည်းတွေနဲ့အတူ မြန်မာနိုင်ငံမှာလည်း အခက်အခဲတွေ ရှိနေပေ မယ့် အစဉ်အလာမပျက် ကြိုးပမ်းဆင်နွှဲခဲ့ကြတာလို့လည်း ခရစ်ယာန်ဘာသာဝင် မြန်မာနိုင်ငံသားတွေက ပြောကြပါတယ်။ မနေ့ည သန်းခေါင်ယံကစလို့ ဒီကနေ့ ကျရောက်တဲ့ ခရစ္စမတ်အခါသမယ ယုံကြည်ရာအလိုက် အခမ်းအနား ကျင်းပခဲ့ကြတာကို မြန်မာနိုင်ငံသား ခရစ်ယာန်ဘာသာဝင်တွေ ပြောပြကြတာကတော့ …

“မနက်က ခရစ္စမတ် ဘုရားရှိခိုးပါတယ်၊ ၉ နာရီမှာ။ တရားဟောတာတို့၊ီချင်းဆိုတာ တို့ အဲဒါတွေ ရှိပါတယ်။ ညနေကြတော့ လူငယ်တွေ ဘုရားရှိခိုးပါမယ်။ မနက်ပိုင်းမှာ တော့ ၃၀၀၊ ၃၅၀ လောက်ရှိပါတယ်။ ညနေပိုင်းကတော့ ၁၅၀၊ ၂၀၀ လောက် ရှိပါတယ်။”

“ဒီနေ့ တရားဟော ဆုတောင်းတယ်။ ဒီည ဆုတောင်းပွဲ တော်တော်များတယ်။ ညကဘုရားရှိခိုးတယ်။ ည ၁၁ နာရီ ဘုရားရှိခိုးတော့ ဆန်ပြုတ်ကျွေးတယ်။ ညကလူတော်တော်များတယ်။ ၀မ်းသာအားရလည်း ဖြစ်တယ်။ ကိုယ့်ဘုရားသခင် မွေးနေ့ဆိုတော့ ကိုယ်လည်း ပျော်ရွှင်တာပေါ့။ ပြီးတော့ အားရ၀မ်းသာ ဆုတောင်းရတာပေါ့။
ကိုယ့်အပြစ်ရှိတာတွေလည်း ခွင့်လွှတ်ဖို့ ဆုတောင်းရတာပေါ့။” “၂၄ ရက်နေ့ည သန်းခေါင်မှာလုပ်တာပေါ့။ ၂၅ ရက်အကူး၊ ၂၄ ရက်နေ့ည သန်းခေါင် ၁၂ နာရီမှာ ကျနော်တို့က ပွဲတော်ဝတ်ဆိုတာ လုပ်တာပါ။ မနက်ကြတော့ ပွဲတော်ဝတ် ပဲလုပ်ပါတယ်။ ကျနော်တို့ရဲ့ အသင်းတော်မှာ ဘုရားရှိခိုးတာပါပဲ၊ ပွဲတော်ဝတ် မင်္ဂလာပွဲဆိုတာ အထွတ်မြတ်ဆုံးသော အစီအစဉ်ပေါ့။ ဘုရားရှိခိုး ၀တ်ပြုခြင်း အစီအစဉ်ပေါ့။ အဲဒါကို သန်းခေါင်မှာ ရှိခိုးတာပါ။”

ခရစ္စမတ်အချိန်အခါမှာ ဘာသာရေးအခမ်းအနားတွေ ဆင်နွှဲနေကြတဲ့ မြန်မာနိုင်ငံသား ခရစ်ယာန်ဘာသာဝင်တွေ ပြောပြခဲ့တာပါ။ ဒီလို ခရစ္စမတ်ချိန်ခါမှာ ယုံကြည်ရာအလိုက် ဆင်နွှဲနေကြလို့လည်း ခရစ်ယာန်ဘာသာဝင် မြန်မာနိုင်ငံသားတွေအဖို့ ၀မ်းသာပီတိ ဖြစ်ကြရတယ်လို့လည်း ဆိုပါတယ်။

“ကျနော်တို့ကတော့ ခရစ်တော်မွေးတဲ့နေ့ဆိုတော့ ဘာသာရေးအခမ်းအနား လုပ်တာပေါ့။ ဘာသာတရားရဲ့ ယုံကြည်ချက်အရကတော့ ဆင်းရဲသားတွေအတွက်၊ ပြီးတော့မှ ၀မ်းနည်းပူဆွေးနေတဲ့ ဘုရားလာတယ်ဆိုတာကို ကျနော်တို့က ကြိုဆိုလက်ခံတဲ့အနေ နဲ့ ကျနော်တို့ရဲ့ ဘာသာရေးဝတ်ပြုခြင်းတွေမှာ သူတို့ကိုလည်း ခေါ်ဖိတ်ပြီးတော့ ကျွေးမွေးတာတို့ ဘာတို့ လုပ်ပါတယ်။ ဒါလုပ်ခြင်းအားဖြင့် ကျနော်တို့က ၀မ်းသာပီတိ ဖြစ်တယ်ပေါ့။”

“ဒီနေ့ကတော့ လောက အပြစ်သားတွေအတွက် သခင်ယေရှုက အသေခံခဲ့တာပေါ့။ အသေခံဖို့အတွက် သူဟာ မွေးဖွားခဲ့တယ်ဆိုတဲ့ ကျနော်တို့ အပြစ်သားတွေအတွက် မွေးဖွားခြင်းကို တကယ် စိတ်ထဲမှာ ခံစားရပါတယ်။ ပြီးတော့ အသက်ရှင်တဲ့ ဘုရား ဖြစ်တဲ့အတွက် ကျနော်တို့က အသက်ရှင်တဲ့လူအတွက်ပဲ မွေးနေ့ပွဲကို ပြုလုပ်လေ့ရှိ
တယ်။ အသက်သေတဲ့လူကတော့ မွေးနေ့ပွဲကို ပြုလုပ်လေ့မရှိဘူး။ အဲဒါကြောင့် ကျနော်တို့ရဲ့ဘုရားက ထာဝရ အသက်ရှင်တဲ့ဘုရား ဖြစ်တဲ့အတွက် သူ့ရဲ့မွေးနေ့အထိမ်းအမှတ်ကို ကျင်းပပေးခြင်းဖြစ်တယ်ဆိုတဲ့ဟာကို ခံစားရပါတယ်။”




Dec 25, 2008

အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ခရစ္စမတ် မိန့်ခွန်းမှာ ပုပ်ရဟန်းမင်းကြီး တိုက်တွန်း


အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး ခရစ္စမတ် မိန့်ခွန်းမှာ ပုပ်ရဟန်းမင်းကြီး တိုက်တွန်း

ပုပ်ရဟန်းမင်းကြီး ဘန်နဲဒစ် (Pope Benedict) ကခရစ္စမတ်အခါသမယ မိန့်ခွန်းမှာ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကတိုက် ငြိမ်းချမ်းရေးအတွက်ဆောင်ရွက်ကြဖို့ အထူးမေတ္တာရပ်ခံ ပန်ကြားလိုက်ပါတယ်။ ဗွီအိုအေ သတင်းထောက် စဘီးနားကတ်စ်တယ်လ်ဖရန်ကို (Sabina Casterlfranco)ရောမမြို့က သတင်းပေးပို့ထားတာကို
ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

စိန့်ပီတာရင်ပြင်မှာ တေးဂီတဖျော်ဖြေရေးအဖွဲ့တွေ ဗာတီကန်နဲ့ အီတလီအမျိုးသားသီချင်းတွေ တီးမှုတ်ဖျော်ဖြေနေတဲ့အချိန် လူအုပ်ကြီးက လက်ခုပ်တီး အော်ဟစ်အားပေးခဲ့ကြပါတယ်။
ပုပ်ရဟန်းမင်းကြီး ဘန်နဲဒစ်ဟာ စိန့်ပီတာရင်ပြင် ဘက်ဆီလီကာကျောင်းတော်ရဲ့ လသာဆောင်က ထွက်လာပြီး အူဘီ အက်က် အော်ဘီ (Urbi et Orbi) ခေါ် ရိုးရာ ခရစ္စမတ်မိန့်ခွန်းကို ဟောကြားပါတယ်။ ဒီမိန့်ခွန်းက ရောမမြို့တော်နဲ့ ကမ္ဘာကို ဟောကြားတဲ့ မိန့်ခွန်းဖြစ်ပါတယ်။ ဘာသာရေးအပေါ် သက်ဝင်ယုံကြည်ဖို့ မှာကြားခဲ့ သလို အရှေ့အလယ်ပိုင်းနဲ့ အာဖရိက ငြိမ်းချမ်းရေးအတွက် ပြင်းပြင်းထန်ထန် မေတ္တာရပ်ခံသွားပါတယ်။

မျှော်လင့်ချက်တွေ တဖန် မှုံမိုင်းနေတဲ့ မိုးကုပ်စက်ဝိုင်းအောက်က ဘာသာရေးဆိုင်ရာ အထွတ်အမြတ်ထားရာ မြေတလျှောက် အစ္စရေးနဲ့ ပါလက်စတိုင်းဒေသမှာ ယေရှု ခရစ်တော် ဖွားတော်မူရာ ဘက်သလေဟန် တောက်ပတဲ့ အလင်းရောင်တန်းတွေ ထွန်းလင်းတောက်ပပါစေဆိုပြီး ငြိမ်းချမ်းရေးအတွက် ပုပ်ရဟန်းမင်းကြီးက မြွက်ကြား
သွားတာပါ။

လက်ဘနွန်နဲ့ အီရတ်အကြား ပဋိပက္ခနဲ့ တိုက်ခိုက်မှုတွေ အဆုံးသတ်ဖို့ကိုလည်း အထူး အလေးပေးပြီး ပုပ်ရဟန်းမင်းကြီးက ပြောသွားပါတယ်။ ဇင်ဘာဘွေ၊ ကွန်ဂို ဒါဖိုးနဲ့ ဆိုမားလီးယားနိုင်ငံတွေရဲ့ ငြိမ်းချမ်းရေးအတွက်လည်း တောင်းဆိုတိုက်တွန်းသွားပါတယ်။

ဇင်ဘာဘွေပြည်သူတွေဟာ ရှည်ကြာလှတဲ့ နိုင်ငံရေးနဲ့ လူမှုရေး အကျပ်အတည်းကြား မှာ ရုန်းမထွက်နိုင်ဘဲဖြစ်နေပြီး အခြေအနေဟာ စိတ်မကောင်းစရာ ပိုပြီးဆိုးလာနေတယ်လို့ ပုပ်ရဟန်းမင်းကြီးက မိန့်ဆိုပါတယ်။

စစ်၊ အကြမ်းဖက်မှု၊ မတရား မမျှတမှုနဲ့ ဆင်းရဲမွဲတွေမှုတွေကြား အတိဒုက္ခရောက်ရတဲ့ နာကျင်မှုတွေကြားမှာ ခရစ္စမတ်ကာလက မျှော်လင့်ချက်တွေ သယ်ဆောင်လာနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း ပုပ်ရဟန်းမင်းကြီးက မိန့်ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့ကတော့ ထောင်နဲ့ချီတဲ့ လူအုပ်ကြီးဟာ ရောမမြို့တော် စိန့်ပီတာရင်ပြင် ဘက်ဆီလီကာ ကျောင်းတော်ရှေ့မှာ ညဥ့်လယ်ပိုင်း စုဝေးခဲ့ကြပါတယ်။ သူ့ရဲ့မိန့်ကြားချက်ထဲမှာ မတရားသဖြင့် အနိုင်ကျင့်ခံရတဲ့ ကလေးငယ်တွေ၊ လမ်းပေါ်မှာနေရတဲ့ ကလေးငယ်တွေ၊ စစ်သားအဖြစ် လက်နက်ကိုင် အမှုထမ်းရတဲ့ ကလေးငယ်တွေကို ကယ်တင်ဖို့လည်း ပုပ်ရဟန်းမင်းကြီးက ပန်ကြားသွားပါတယ်။

ကမ္ဘာတ၀န်း မတရားပြုကျင့်ခံရတဲ့ ကလေးငယ်တွေနဲ့ မိဘတွေရဲ့ မေတ္တာတရား ငြင်းပယ်ခံရတဲ့ ကလေးငယ်တွေကို ကူညီစောင့်ရှောက်ဖို့ ပန်ကြားပြီး မှီခိုစရာ အိုးအိမ်မဲ့ ကလေးငယ်တွေရဲ့ အကျပ်အတည်းနဲ့ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ အနိုင်ကျင့်ခံရတဲ့ ကလေးငယ်တွေကို အဓိက မိန့်ကြားသွားခဲ့ပါတယ်။




Dec 16, 2008

ဒီဇင်ဘာမှာနွဲလို့ပျော် ခရစ်ဘုရားရဲ့မွေးနေ့တော်


ဒီဇင်ဘာမှာနွဲလို့ပျော် ခရစ်ဘုရားရဲ့မွေးနေ့တော်

နှင်းတွေဖွေးဖွေး လွန်စွာအေးတဲ့
ဆောင်းညတစ်ညမှာ ခရစ်တော်ရှင်ဟာ

ဗက်သလင်မှာ ဖွားမြင်တာ။
လောကကမ္ဘာ လူသားများဟာ
အဆောင်အယောင်များ လိမ်းကျံကာ
မွေးနေ့ပွဲတွေ ကျင်းပတာ
တို့ဘုရားရှင် သခင် ကတော့

ရိုးသားသိမ်ငယ် မွေးလာတယ်။
သိုးစုတစ်စု သိုးထိန်းများတို့
ချမ်းခိုက်တုန်ကာ စောင့်နေရာ
ကောင်းကင်တမန် ထင်ရှားပြလာ
သတင်းကောင်းကို ဖြန့်လို့ဝေကာ
သွားဖူးကြစို့ ဆွေတို့ရာ။

သားငယ်(သံဝင်း)

Dec 4, 2008

မိသားစုဝိညာဉ်ရေးရာ အမြင်သစ်


မိသားစုဝိညာဉ်ရေးရာ အမြင်သစ်

သင်၏ ယခုနှစ် လက်ရှိဘ၀အား နောက်နှစ်တွင် မည်ကဲ့သို့ တမူထူးခြား ပြောင်းလဲ စေချင်သနည်းဟု အစချီလျှက်၊ သြစတြေးလျ ကက်သလစ်စာရေးဆရာ မက်သယူးကယ်လီ (Matthew Kelly) က မိသားစု အတွင်းရှိ ပဋိပက္ခများအား ဖြေရှင်းနိုင်ရန်နှင့် ၀ိညာဉ်ရေး ခွန်အားရရန် အချက် (၅) ချက်ကို သြစတြေးလျနိုင်ငံ ဟန်တင်ဂန် (Huntingun) မြို့ရှိ စိန်ပီတာနှင့် စိန်ပေါလ် ဘုရားကျောင်းတွင် ဟောပြောခဲ့ပါသည်။

ကျွန်ုပ်တို့သည် ယဉ်ကျေးမှု ပဋိပက္ခများအကြားတွင် တည်ရှိနေကြသည်။ ထိုယဉ်ကျေးမှု ပဋိပက္ခ တရားကြီးသည် နံပါတ် (၁) ပစ်မှတ်အဖြစ် မိသားစုများဆီသို့ တိုက်ရိုက် တိုက်ခိုက်၍ဖြိုခွဲရန် တာစူနေသည်ဟု သူကဆိုပါသည်။ လူ၏ အကျင့်ပြောင်းလဲပါက ဘ၀သည်လည်း ပြောင်းလဲသွားပါသည်။ ထို့ကြောင့် မိသားစု၏ ဘ၀နှင့် ၀ိညာဉ်ရေး ဆိုင်ရာ တိုးတက်မှုရရှိရန်အတွက် အောက်ပါအချက် (၅) ချက်ကို လိုက်နာရန် တိုက်တွန်းမှာကြားခဲ့ပါသည်။

(၁)မှန်ကန်သော မေးခွန်းကိုမေးပါ။
သင်၏ကလေးငယ်အားအကောင်းဆုံး သင်ကြားပေးခြင်းနှင့် အကောင်းဆုံး ဘ၀မြှင့်တင်ပေးခြင်းသည် သူတို့အား မှန်ကန်သော ဆုံးဖြတ်ချက်ကိုချခိုင်းခြင်းဖြစ်သည်။ ကျွန်ုပ်တို့နေ့တိုင်း ကြုံတွေ့နေရသော အရေးကြီးဆုံး ပြဿနာမှာ ဆုံးဖြတ်ချက်ချခြင်းပင်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဆုံးဖြတ်ချက်သည် အကျင့်ကို ဖြစ်ပေါ်စေသည်။ အကျင့်သည် စာရိတ္တကို ဖြစ်ပေါ်စေသည်။ စာရိတ္တသည် သင်၏ ဘ၀ပန်းတိုင်ပင်ဖြစ်သည်။ သင်သည် ဘ၀နှင့်ပတ်သက်သော ဆုံးဖြတ်ချက်ကို မချတတ်ပါက ဒုက္ခတွေ့လိမ့်မည်၊ သင်၏ကလေးငယ်သည် သင်၏လမ်းညွှန်မှုလိုအပ်သော အခြေအနေတစ်ခုကိုတင်ပြပါက သင့်အနေဖြင့် သူ့အား အခြေအနေ တစ်ခုလုံးကို သုံးသပ်ပြလျှက် အဘယ် အရာသည် အကောင်းဆုံးဖြစ်မည်ကို စဉ်းစားခိုင်းပါ။

(၂) အတူတကွဆုတောင်းပါ
မိသားစုတစ်စုအနေဖြင့်အတူတကွ ဆုတောင်းရန် အခြေအနေအမျိုးမျိုး ရှိသည်။ သို့သော် အကောင်းဆုံးသော အချက်သည်ကား တနင်္ဂနွေ ဧ၀ံဂေလိကျမ်းစာကို အတူတကွ ထောက်ရှုခြင်းဖြစ်သည်။ တနင်္ဂနွေ မစ္ဆားတရားသည် အထူး သဖြင့် ကလေးငယ်များအတွက် အနှောင့်အယှက်ရှိကောင်းရှိ ပေလိမ့်မည်။ ကျွန်ုပ်တို့အနေဖြင့် ဘ၀တွင် ကြိုတင်ပြင်ဆင်မှုရှိပါမှ ပို၍အကျိုးရှိပေလိမ့်မည်။ အကယ်၍ သင်သည် တနင်္ဂနွေမစ္ဆားတရား၏ ဧ၀ံဂေလိ ကျမ်းစာကို ကြိုတင်ပြင်ဆင် ဖတ်ရှုမထားပါက ထိုမစ္ဆားတရား၏ ဦးတည်ချက်နှင့် အနှစ်သာရကို သင်နားလည် လိမ့်မည်မဟုတ်ပေ။

(၃) မိသားစုယဉ်ကျေးမှုကို ဖွဲ့စည်းပါ။
မိသားစု၏ ယဉ်ကျေးမှု သို့တည်း မဟုတ်မိသားစု၏ ရိုးရာဟန်ပန် ဓလေ့ထုံးစံကို တည်ဆောက်ရန် နည်းလမ်းတစ်ခုသည်ကား မိသားစု ညစာထမင်းဝိုင်း အတူစားခြင်းပင် ဖြစ်သည်။ အကယ်၍ သင်၏ မိသားစုသည် ရက်သတ္တပါတ်တွင်မှ တစ်ခါလောက် ညစာအတူတူ မစားပါက သင်၏ မိသားစုတွင် ပြဿနာပေါ်လိမ့်မည်ဖြစ်သည်။ သင်၏ အိမ်တွင် သင်၏ မိသားစုနေထိုင်သော်လည်း အတူတကွ ညစာထမင်းမစားပါက သင်၏အိမ်သည် တည်းခိုခန်း တစ်ခုနှယ်ဖြစ်သွားပေလိမ့်မည်။ ဆရာကြီးကယ်လီက ထပ်မံပြောကြားရာတွင် ထမင်းဝိုင်းမစမှီ မိဘတို့က ဆုတောင်းမေတ္တာ တစ်ခုခုကိုရွတ်ဆိုသင့်သည်။ ရင်တွင်းမှ ထွက်ပေါ်လာသောဆုတောင်း မေတ္တာကို ထမင်းဝိုင်းမစမီ အချိန်တိုင်း တစ်လခန့်မျှ ရွတ်ဆိုပေးခြင်းဖြင့် သားသမီးတို့ အကျင့်ရလာပြီး မကြာမီပင် သူတို့ ဦးဆောင်နိုင်မည်ဖြစ်သည်။ သင်၏ မေတ္တာသည်တိုရမည် ရိုးစင်းရမည်။ ထို့အတူရင်တွင်းမှ ထွက်ပေါ်လာသော ဆုတောင်းမေတ္တာဖြစ်ရမည်။



(၄) ရိုးစင်းသောမိသားစုဘ၀ကို တည်ဆောက်ပါ။
မိသားစု၏ အလုပ်ကိုမိသားစုဝင် ကိုယ်တိုင်မှပြုလုပ်ဆောင်ရွက်ကြခြင်းဖြင့် ဘ၀တွင်လူတိုင်း၏ အရေးပါ အရာရောက်မှုကို ဦးစားပေးရာရောက်၏။ အထူးသဖြင့် သင်တို့၏ကလေးငယ်တို့အားဟိုဟာ မလုပ်ရ၊ ဒီဟာ မကိုင်ရဟု အရာရာတိုင်းအား တားမြစ်ချက်ပေးထားသည်ထက် သူတို့ကိုယ်၌က မိသားစု၏ စာရင်းဝင်အဖြစ် ခံစားလာရအောင် ကိုယ်ကျင့်တရား ၀ိညာဉ်ရေးရာ စသည့်အရာရာတိုင်း၌ ပါဝင်လာနိုင်စေရန် အကူအညီပေးပါ။ ထိုအချက်သည် သင်က သင်၏မိသားစုဝင် ကလေးငယ်တို့အားပြုလုပ်သော အကောင်းဆုံး ကူညီမှုပင်ဖြစ်သည်။

(၅) အစေခံတတ်သော စိတ်ဓာတ်ကို မြေတောင်မြှောက်ပေးပါ။
ဘ၀၌ ပျော်ရွှင်မှု ရရှိသောသူများတွင် တခြားသူများနှင့် မတူညီသော အချက်တစ်ချက်ရှိသည်။ ၎င်းင်းကား အကူအညီပေး တတ်ခြင်းပင်ဖြစ်သည်။ ကျွန်ုပ်တို့၏ ဘ၀ကို သူတစ်ပါးအား အစေခံခြင်း၌ မြှပ်နှံထားပါက ကျွန်ုပ်တို့တွင် ကျေနပ်နှစ်သိမ့်မှုပြည့်စုံမှုနှင့် နက်ရှိုင်းသော ပျော်ရွှင်မှုတို့ရရှိမည် ဖြစ်သည်။ သင်၏ကလေးငယ်တို့အား အကောင်းဆုံးသော မိသားစုဘ၀အဖွဲ့ အစည်းနှင့် အသင်းတော်တည်ဆောက်ရန် ကူညီပေးပါ။


William Cone ၏ Spiritual Perspectives on Family Challenges ကို ပြန်ဆိုပါသည်။

အောင်မြင့်ဦး (ပြည်)



Dec 1, 2008

ကြိုဆိုကြစို့


ကြိုဆိုကြစို့

ခရစ္စမတ်ဆိုတာ သားတော်ဘုရား လူ့အဖြစ်ကိုယူပြီး မွေးဖွားခြင်းခံတာဖြစ်ကြောင်း ကျွန်တော်တို့ အားလုံး သိထားကြပါတယ်။ ဒါကြောင့် ခုလို ခရစ္စမတ်အချိန်ကာလမှာ သားတော်ဘုရား လူ့အဖြစ်ကိုယူခြင်းရဲ့ ထူးခြားတဲ့ အချက် (၃) ခုကို တင်ပြလိုပါတယ်။

ပထမအချက်
ကတော့ သားတော်ဘုရားရဲ့ မွေးဖွားခြင်းက ကမ္ဘာ့သမိုင်းကို (၂) ပိုင်း ခွဲလိုက်ခြင်းပါပဲ။ ခရစ်တော် မမွေးဖွားမှီ အချိန်ကာလကို Before Christ (BC) အဖြစ် သတ်မှတ်ပြီး ခရစ်တော်ဖွားမြင်ပြီး ဒီဘက် ခေတ်ကိုတော့ Anno Domini (''AD'' Year of the Lord) နဲ့ သတ်မှတ်ဖော်ပြပါ တယ်။ ဘုရားကို မယုံကြည်၊ လက်မခံတဲ့ဒိဋ္ဌိတွေ၊ ကွန်မြူနစ်တွေတောင်မှ သူတို့ရဲ့ သမိုင်းကြောင်းကို မှတ်တမ်းတင်တဲ့အခါ သူတို့က မယုံကြည်၊ လက်မခံပါဘူးလို့ ငြင်းဆန်နေတဲ့ ဘုရားသခင်ကို ဗဟိုပြုပြီး သတ်မှတ်ထားတဲ့ ခရစ်သက္ကရာဇ်ကိုပဲ အသုံးပြုကြရပါတယ်။

ကမ္ဘာမှာ နိုင်ငံရေး ခေါင်းဆောင်၊ ဘာသာရေးခေါင်းဆောင်၊ အသိပညာရှင်၊ အတတ်ပညာရှင်စတဲ့ သမိုင်းဝင်ပုဂ္ဂိုလ် တွေရှိခဲ့ပေမယ့် သခင်ယေဇူးလောက် လူသိမများကြပါဘူး။ သူတို့ ဘယ်အချိန်မှာမွေးတယ်၊
ဘယ်အချိန်မှာ ဘာလုပ်တယ်၊ ဘယ်အချိန်မှာ သေတယ်ဆိုတာကို AD (သို့) BC နဲ့ တွက်ချက်ပြီး မှတ်တမ်းတင်ခံကြရပါတယ်။

ဒုတိယထူးခြားချက်ကတော့ သခင်ဘုရားရဲ့ မွေးဖွားခြင်းဟာ လူတွေက ဘုရားဘယ်မှာရှိသလဲလို့ လိုက်ရှာတာမျိုး မဟုတ်ဘဲ ဘုရားကလူတွေဆီ အရောက်ဆင်းကြွလာပြီး လူတွေကြားထဲမှာ လူလိုလာမွေးဖွားခြင်းခံတာ ဖြစ်ပါတယ်။ အောက်ကနေအပေါ်ကို တက်ဖို့ ကြိုးစားတာမဟုတ်ဘဲ အထက်ကနေ အောက်ကိုဆင်းလာတာဖြစ်ပါတယ်။ "နှုတ်ကပါတ်တော်သည် လူ့အဖြစ်ကို ယူတော်မူပြီ" လို့ သံယောဟန် ရေးသားခဲ့သလိုပဲ ဒုတိယပုဂ္ဂိုလ်သားတော်ဘုရားက လူ့အဖြစ်ကိုယူခြင်းဖြစ်ပါတယ်။ (သံယောဟန် ၃း၁၆)မှာ ပါသလို ခမည်းတော်ဘုရားက လောကီသားကိုချစ်တဲ့အတွက် အပြစ်ကနေ ကယ်တင်ဖို့ရာ တစ်ပါးတည်းသော သားတော်ကိုစေလွှတ်ခဲ့တာ ဖြစ်ပါတယ်။ (၃၃)နှစ်ပဲ လူ့လောကထဲမှာလာနေသွားတာ မဟုတ်ပါဘူး။ ဧမာနုအဲလ်လို့ခေါ်တဲ့ ကျွန်ုပ်တို့နဲ့အမြဲ အတူရှိတဲ့ ဘုရားဖြစ်ပါတယ်။ (သံမာတေဦး ၁း၂၃)

ဒီနေရာမှာ ဘုရားကလူ့အဖြစ်ကို ဘာလို့ယူရသလဲ၊ စေတစ်လုံးနဲ့လူတွေကို
ကယ်တင်လို့မရဘူးလား...လို့ မေးစရာရှိပါတယ်၊ ကျွန်တော်တို့စဉ်းစားရလွယ်အောင် ပုံပြင်လေးတစ်ပုဒ် ပြောပြချင်ပါတယ်။ တစ်ခါတုံးက မင်းသားလေးတစ်ပါးဟာ ကျေးတောသူမလေးတစ်ဦးနဲ့ မေတ္တာမျှမိပါသတဲ့။ ဒါပေမဲ့တော်ဝင်သွေး မပါတဲ့ဒီကလေးမကို တောင်ညာစံဒေ၀ီ အရာထားလို့မရဘူးဖြစ်နေတာပေါ့။ မင်းသားလေး အတွက် ရွေးစရာနှစ် လမ်းရှိပါတယ်။ တောသူမလေးကို မေ့ပြစ်၊ မင်းသမီး တစ်ပါး နဲ့ လက်ဆက်ပြီး ခမည်းတော်ရဲ့ အရိုက်အရာကို ဆက်ခံမလား ဒါမှမဟုတ် ထီးနန်းကို စွန့်လွှတ်ပြီး အညတရ ကျေးတောသားဘ၀ကို ခံယူမလား ဆိုတာပါပဲ။ မေတ္တာရှင် မင်းသားလေးကတော့ ထီးနန်းကို စွန့်လွှတ်ပြီး ကျေးတောသားဘ၀ကို ခံယူခဲ့ပါသတဲ့။ သာမာန်အားဖြင့်ကြည့်ရင် မင်းသားလေးရဲ့ဘ၀ဟာ နိမ့်ကျတဲ့ အညတရဘ၀ကို ရောက်သွားတယ်ဆိုပေမဲ့ သူ့ရဲ့ခန္ဓာကိုယ်ထဲမှာတော့ ရှင်ဘုရင်နဲ့မိဘုရားတို့ရဲ့ ရင်ကဖြစ်တဲ့တော်ဝင် ထီးသွေးနန်း သွေးတွေ လှည့်ပတ်စီးဆင်း လျှက်ရှိနေပါတယ်။ သားတော်ဘုရားလူ့အဖြစ်ကို ယူတော်မူတာကလည်း ဒီသဘောပါပဲ။ ဘုရားတန်ခိုးတော်နဲ့ လာရင် ဘုန်းဂုဏ်ရှိန်ဝါတွေကို ကြောက်ကြမယ်။ ကြောက်လို့ ကိုးကွယ်ပူဇော် ပသကြတာမျိုးကို ဘုရားသခင်မလိုလားပါဘူး။ ဒါကြောင့် ချစ်ခြင်းကို စွန့်လွှတ်ခြင်းနဲ့ သက်သေပြခဲ့ပါတယ်။ အဆင်အတန်းခြင်းတူသွားတဲ့အခါမှ သူ့ရဲ့ မေတ္တာနဲ့စွန့်လွှတ်မှုကို ပိုမိုနာလည်းတန်ဖိုး ထားစေချင်တာ ဖြစ်ပါတယ်။

တတိယထူးခြားချက်ကတော့ သားတော်ဘုရားရဲ့ ကြွလာခြင်းဟာ ပါရှားလူမျိုး၊ ရောမလူမျိုးတွေရဲ့ ဒဏ္ဍာရီမှာရော ဓမ္မဟောင်းကျမ်းမှာပါ ကမ္ဘာလောကသားတွေကို ကယ်တင်မယ့်ကယ်တင်ရှင် မက်ဆီးယားကြွလာမယ်ဆိုတာကို ကြိုတင်ကြေငြာ အသိပေးထားတဲ့အတိုင်း ဖြစ်ပျက်လာခြင်းပါပဲ။ ဥပမာအားဖြင့် ဘာသာတူရွာတစ်ရွာကို သူစိမ်း ဧည့်သည်တစ်ဦး ရောက်လာပြီး ကျွန်တော့်ကို ဆရာတော်ကို လွှတ်လိုက်တာပါလို့ပြောရင် အလွယ်တကူ လက်ခံကြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ ဆရာတော်က မင်းတို့ရွာကို ငါရဲ့ဧည့်သည် တစ်ယောက်ရောက်လာလိမ့်မယ်၊ လိုအပ်တာ ကူညီ ပေးလိုက်ပါလို့ ကြိုမှာ ထားခဲ့ရင်တော့အလွယ်တကူလက်ခံကြမှာ အမှန် ပါပဲ။

ကယ်တင်ရှင် မက်ဆီးယား ကြွလာမယ်ဆိုတာ ကြိုမှာထားပြီးသား ဖြစ်ပါတယ်။ ကညာစင်ကနေဖွားမြင်မယ်။ ဧမာနုအဲလ် အမည်ဖြင့် မည့်ခေါ် ရမယ် ဆိုတာ ပရောဖက် ဟေရှာယက နှစ်ပေါင်း ၇၀၀၊(အခန်းကြီး ၇း၁၄)။ ဒါဝိတ်အမျိုး အနွယ်က ဖွားမြင်မယ်ဆိုတာကို ပရောဖက် ယေရမိက နှစ်ပေါင်း၆၀၀-ကြိုပြီး ဟောခဲ့ (၂၃း၁၅) ခဲ့သလို ဗက်သလင်ဟင်မြို့မှာ ဖွားမြင်မယ်ဆိုတာ ပရောဖက် မိက္ခာကနှစ်ပေါင်း ၅၀၀- ကြိုပြီး (၅း၂) ဟောခဲ့ပါတယ်။ ဘာတရားဟောမယ်၊ ဘာတွေလုပ်မယ် ဆိုတာကို (ဟေရှယ-၁၁း၁၊ ၄၀း၁၁၊ ၄၂း၃၊ ၆၁း၁) တို့မှာတွေ့ရပြီး အငြင်းပယ်ခံရမယ်ဆိုတာကို (ဆာလံ ၁၁၈း၂) မှာတွေ့ရပါတယ်။(ဟေရှယ-၅၃)နဲ့ (ဆာလံ၂၂) တို့မှာ သူခံထမ်းရမယ့် ဒုက္ခစရိယာ အသေးစိတ်ကို ဖော်ပြထား ပါတယ်။ ဂျေရုဆလင်ကို မြည်းကလေးစီးပြီးဝင်မယ် (ဇာခရိ ၉း၉)၊ အသပြာသုံးဆယ်နဲ့ရောင်းစားခံရမယ် (ဇာခရိ ၁၁း၁၂)၊ သူသေတဲ့အခါ သူအရိုးကို မချိုးရဘူး (ထွက်၁၂း၄၆)၊ (ဆာလံ ၃၄း၂၀) ဆိုတာအထိ အသေးစိတ်ပါပဲ။ ဒါတင်မကသေးပါဘူး အသားရေမပုတ်စပ်ပဲ ရှင်ပြန်ထမြောက်လိမ့်မယ် (ဆာလံ - ၁၆း၁၀)၊ ကောင်းကင်ဘုံ ကို တက်ကြွလိမ့်မယ်၊ (ဆာလံ၆၈း၁၈)၊ ခမည်းတော်၏ လက်ယာဘက်မှာစံနေတော် မူမယ် (ဆာလံ၁၁၀း၁)၊ သူ့ရဲ့ နိုင်ငံတော် အဆုံးမရှိ တည်နေမယ်(ဆာလံ၇၂း၈၊ ဒံယေလ ၇း၁၄၊ ဟေရှယ ၉း၇) ဆိုတာထိ အတိကျကြိုတင် ပြောထားပြီးသားဖြစ်ပါတယ်။ ဒါဟာရိုးရိုး သာမန်တိုက်ဆိုင်မှု တစ်ခုမဟုတ်ပါဘူး။ ဘုရားသခင်ကတိထားတော်မူရာကာနန်ပြည်ကို အိဇရာအဲလ်လူမျိုးတွေ စတင်ဝင်ရောက်ပြီး အခြေချနေထိုင်ရာကနေ ကယ်တင်ရှင် မက်ဆီးယားကြွလာတဲ့အထိ နှစ်ပေါင်း(၉၀၀)အတွင်းမှာ ပရောဖက်များကို တစ်ပါးပြီးတစ်ပါး စေလွှတ်ပြီး ကြိုတင်ဟောကြားခဲ့တာ ဖြစ်ပါတယ်။ ဒီလိုအတန်တန် ကြိုတင်အသိပေးထားပါလျှက်နဲ့ ပထမဦးဆုံးခရစ္စမတ်မှာ အိဇရာအဲလ်လူမျိုးတွေ သူငယ်တော် ယေဇူးလေး မွေးဖွားလာတာကို ဘာကြောင့်မသိလိုက်ရသလဲ။ ဘာကြောင့်မဖူးလိုက်ရသလဲ။ အနှစ်နှစ်အလလ၊ ခေတ်အဆက်ဆက်က မျှော်လင့်နေကြပါလျှက်နဲ့ ဘာကြောင့်လွဲခဲ့ရသလဲ။

တည်းခိုခန်းဆိုတာ လုပ်ငန်းရှင်ကြီးတွေ၊ အာဏာရှိသူတွေ၊ ကုန်သည်ပွဲစားတွေစတဲ့ လူကုန်ထံ အသိုင်းအ၀ိုင်းတွေစည်းစိမ် ယူတဲ့နေရာဖြစ်ပါတယ်။ မြို့ပြင်ကနွားတင်းကုပ်ဆိုတာကတော့ ခြေသလုံး အိမ်တိုင် ခိုကိုးရာမဲ့ အခြေအနေမရှိ တဲ့ သူတွေ၊ တစ်ကောင်ကြွက်တွေ ခဏတဖြုတ် နားနေ အိပ်စက်တတ်တဲ့ နေရာမျိုးပါ။ ဘုရားသခင်ကွလာတယ်ဆိုရင် နန်းတော် ကြီးထဲက မင်းမျိုးမင်းနွယ်မှာ ရွှေလင်ပန်းနဲ့ အချင်းဆေးပြီး မွေးဖွားလိမ့်မယ်လို့ သူသူကိုယ်ကိုယ် မျှော်လင့်မိ မှာပါပဲ။ နွားစားခွက်မှာ မွေးလိမ့်မယ်လို့ စိတ်ကူးထဲ ယောင်လို့တောင် တွေးမိမှာ မဟုတ်ပါဘူး တကယ်တော့ ဘုရားသခင်ဟာလူတွေ မထင်မ်မှတှတ်တ်တဲ့ နေရာမှာာ ရှိတိတတ်ပ်ပါတယ်။ နေကို ဖန်ဆင်းပြီး အလင်း ရောင် နဲ့အနွေးဓာတ်ပေးခဲ့တဲ့ ဘုရားသခင်ဟာ သိုးတွေ၊ နွားတွေရဲ့ ကိုယ်ငွေ့ကြားမှာ အနွေးဓာတ်ကို ရှာနေရတယ်။ ကမ္ဘာမြေ မျက်နှာပြင်ကို သစ်ပင်ပန်းမာလ် တွေနဲ့ ဖုံးလွှမ်းခဲ့တဲ့သူဟာ အနှီးလေးတစ်ထည်သာ ပိုင်ဆိုင်ပါတယ်။ စင်္ကြ၀ဠာကို ဖန်ဆင်းခဲ့တဲ့သူဟာ အခုချိန်မှာ အချမ်းဒဏ်ကြောင့် လူးလွန့်နေရရှာတယ်။ ထာဝရ နှုတ်ကပါတ်တော်လို့ အခေါ်ခံရသူရဲ့ နှုတ်က ငိုသံကိုပဲကြားနေရတယ်။ ဘာနဲ့တူသလဲ ဆိုတော့ အသိုက်ကို ကိုယ်တိုင်ဆောက်ထားတဲ့ ငှက်ဟာ အကောင်ပေါက်လာအောင် အဲဒီ အသိုက်ထဲမှာပဲ ပြန်ပြီး အ၀ပ်ခံ နေရ သလိုပါပဲ။ ဘုရားသခင်ဟာ ဒီလောက်အားကိုး ရာမဲ့ နုံချာတဲ့ ဘ၀နဲ့ကြွလာလိမ့်မယ်လို့ ဘယ်သူထင်မလဲနော်။ တကယ်တော့ ဘုရားသခင်ဟ်ဟာ လူတွေ မမျှော်လ်လင့်တ့တဲ့ အခြေအနေမှာ ရှိတတ်ပါတယ်။

ပန်းချီဆရာတစ်ယောက်ဟာ သူဆွဲထားတဲ့ ပန်းချီကားတွေ၊ သူဆွဲလက်စ ပန်းချီကားတွေကြားမှာ ရှိနေမယ်၊
လယ်သမားတစ်ဦးဟာ သူ့လယ်ထဲမှာ ရှိနေမယ်၊ ဖခင်တစ်ယောက်ဟာ သူ့ရဲ့ သားသမီးတွေ ကြားမှာ ရှိနေမယ်ဆိုရင် ဒါဟာ သဘာဝကျပါယတ်။ ဒီလောကကို ဖန်ဆင်းတဲ့ ဘုရားရှင် ဒီကမ္ဘာလောက သားတွေကြားကို ဆင်းကြွလာတယ် ဆိုတာလည်း အင်မတန် ဆီလျာ်တဲ့၊ ဖြစ်သင့်တဲ့ကိစ္စပါ။ ဒါပေမဲ့အိမ်ဦးခန်းမှာ အဖေတစ်ယောက်လုံး ငုတ်တုတ်ထိုင်နေ ပါလျက်နဲ့ သူ့ကလေးတွေကို အုတ်ကြားမြက်ပေါက်လို့ ခေါ်လိုက်ရင် အဖေကို အဖေလို့ အသိအမှတ် မပြုလို့ပေါ့။ ဒီလိုပဲ ဘုရားသခင်ကြွလာပါလျက်နဲ့ သူ့ကို မကြိုဆိုဘူး၊ လက်မခံဘူး၊ လစ်လျူရှုထားမယ်ဆိုရင် ဒီသူငယ်တော်ကို ဘုရား မဟုတ်ဘူးလို့ ငြင်းလိုက်တာနဲ့ အတူတူပါပဲ။ တကယ်တော့ဘုရားသခင်ဟာ မထင်မရှား နဲ့လူတွေကြားမှာ ရှိနေတတ်ပါတယ်။ အီဇရာအဲလ် လူမျိုးတွေရဲ့ ဘ၀ ကနေကျွန်တော်တို့ဘ၀အတွက်သင်ခန်းစာ ယူပြီး
  • လူတွေ မထင်မှတ်တဲ့နေရာ
  • လူတွေ မမျှော်လင့်တဲ့ အခြေအနေ
  • လူတွေကြားမှာ မထင်မရှားနဲ့
ရှိနေတဲ့ သူငယ်တော်ယေဇူးကို ဖူးတွေ့နိုင်ဖို့ ကြိုးစားကြပါစို့။

- Fulton J.Sheen ၏ LIFE OF CHRIST မှ The only Person Ever Preannounced ကို တန်ဆာ ဆင်ပါသည်။

-ခံပွင့် -


အေးချမ်းည ဒီဇင်ဘာ


အေးချမ်းည ဒီဇင်ဘာ

ကောင်းကင်ယံက လမ်းပြကြယ်
ကိုယ်တော်ရှင်ဖွားရာလမ်းညွှန်တယ်
ငွေကြယ်လေးလည်း လမ်းပြပေး
မင်းသုံးပါးတို့ ခရီးဆက်ပြေး။

တစ်ပတ်တစ်ရက် ဘုရားကျောင်းတက်
ဝတ်ပြုကိုးကွယ် ရှိခိုးခဲ့
ယုံကြည်ကိုးစား ဒေသနာတရား
ခရစ်ယာန်လူငယ် သားသမီးများ။

တစ်နှစ်တစ်ခါ ရောက်လို့လာ
မေ့မရတဲ့ ခရစ္စမတ်မှာ
သတင်းကောင်းဝေပေးနှုတ်ဆက်တေး
ငြိမ်းချမ်းလှတဲ့ ညချမ်းလေး ။

ခရစ္စတိုဖာ

Nov 25, 2008

အမှောင်မှ အလင်း သို့


အမှောင်မှ အလင်း သို့


အိုသခင် အရှင်ပြုလုပ်
အကျွန်ုပ်၏ရုပ်နှင့်နာမ်တွင်
ငါစွဲအတ္တ
ကိန်းအောင်းနေကြလေရဲ့ ....

အိုသခင် လူမိုက် ကျွန်တော်
မာနတံခွန် အလံထူ၍
ငါမှငါဟု ငါ၏ကိုယ်အား
ထင်ကြီးလွန်စွာ မြင်မြင်သမျှ
ဒေါသထောင်လွှား ရန်စောင်ကြည့်နှင့် ကြည့်ခဲ့လေရဲ့ ...

အိုသခင် ကျွန်တော့်ရင်တွင်း
ကျေးဇူးသခင် ဘုရားရှင်၏
ဧ၀ံဂေလိ တရားတော်အား
ကြားသိလေသောခါ ...

အိုသခင် အပြစ်သားကျွန်တော်
အတ္တကို ခုချ မာနကိုစွန့်
အလြံဖူနှင့် မိုက်နောင်တကြုံ

အမှောင်မှအလင်း

ကူးပြောင်းသောအခါ
အရှင်ဆီးကြို နှင့်လှဲ့ပါ..

. J - ဇော်လတ်အောင် (ရွှေဘို)

Nov 21, 2008

O Holy Night


O Holy Night


ခုတလော ဘလောက်မှာ သီချင်းလေးတွေမတင်ဖြစ်တာ ကြာသွားပြီ။ အဲတော့.. the top of Pops ဆိုပြီး အရမ်းနာမည်ကြီးနေတဲ့ အိုင်းရစ် ဘုန်းတော်ကြီးသုံးပါးရဲ့ The Priests ဆိုတဲ့ စီးရီးကို Sony BMG ကနေ ဒေါ်လာ တစ်မီလျှံနဲ့ (US$ 1.27 million) စာချုပ်ချုပ်ခဲရာကနေ Pop လောကရဲ့ ထိပ်ကို ရောက်ရှိသွားခဲ့ပါတယ်။ ဒီဘုန်းတော်ကြီးသုံးပါးက Fr Eugene O'Hagan, Fr. Martin O'Hagan, Fr David Delargy တို့ဖြစ်ပါတယ်။ သူတို့ရရှိတဲ့ ငွေတွေကိုလည်း ဂရုဏာရေးလုပ်ငန်းတွေမှာ အသုံးပြုသွားမယ်လို့ ပြောကြားခဲ့ကြပါတယ်။ YouTube ကနေ ရှာပြီးနားထောင် ကြည့်တော့ အတော်လေးကောင်းပါတယ်။ အဲဒီထဲကနေ အခုဆို ခရစမတ်လည်း နီးလာပြီမို့ ခရစမတ်သီချင်းဖြစ်တဲ့ O Holy Night ကို တင်ပေးလိုက်ပါတယ်။ ဆက်ပြီးနားထောင်ချင်ရင်တော့ You Tube မှာ ဆက်လက်ရှာပြီးနားထောင်ကြပေါ့ နော်..။




Nov 20, 2008

အဘယ့်ကြောင့် ကက်သလစ်ကျမ်းစာတော်မြတ်တွင် ကျမ်း (၇၂)စောင်ရှိရသနည်း။


အဘယ့်ကြောင့် ကက်သလစ်ကျမ်းစာတော်မြတ်တွင် ကျမ်း (၇၂)စောင်ရှိရသနည်း။


“ဘာရု ပရောဖက်ကျမ်း” (Baruch) သည် ပရိုတက်စတင့် ကျမ်းစာတော်မြတ်တွင် မပါဝင်ဘဲ ကက်သလစ်ကျမ်းစာတော်မြတ်တွင်သာ ပါဝင်သော ဓမဟောင်းကျမ်း (၇)စောင်ထဲမှ တစ်စောင်ဖြစ်သည်။ ထိုကျမ်းများကို ကက်သလစ်တို့က “ဓမဟောင်းတွဲဖက်ကျမ်း”များ Deuterocanonical ဟုခေါ်ကြသည်။ ပရိုတတ်တစတင့် တို့ကမူ “အာပိုခရိပါ” Apocryphalဟုခေါ်ကြသည်။ (မြန်မာနိုင်ငံတွင် “အပယ်ခံကျမ်း”ဟု အသုံးရှိခဲဖူးသည်။) ထိုဓမဟောင်းကျမ်း (၇)စောင်တွင် ပါဝင်သော ကျမ်းများမှာ တိုဘိဝတု (Tobit)၊ ဂျူဒစ်ဝတု (Judith)၊ ဘာရုပရောဖက်ကျမ်း (Baruch)၊ မကာဘေးဦးသမိုင်း (ပထမတွဲနှင့် ဒုတိယတွဲ) (1 and 2 Maccabees) ဥာဏ်ပညာကျမ်း (Wisdom, or wisdom of Solomon) ၊ နိတိဒေသနာကျမ်း (Sirach, or Ecclesiasticus) တို့ဖြစ်ကြသည်။

ထိုဓမဟောင်းတွဲဖက်ကျမ်းများသည် ဘီစီ (၃)ရာစုခန့်က ဂရိဘာသာသို့ ပြန်ဆိုထားသော ဓမဟောင်းကျမ်း (Septuagint)တွင် ပါဝင်ကြသည်။ အဆိုပါ ဓမဟောင်းကျမ်းသည် တမန်တော်ကြီးများနှင့် ၄င်းတို့ နောက်ပိုင်း မျိုးဆက်များ အသုံးပြုခဲ့သည့် ကျမ်းစာတော်မြတ်လည်းဖြစ်သည်။ ဂ၇ိဘာသာဖြင့် ရေးသားထားသော ဓမဟောင်းကျမ်းများထဲမှ အစောဆုံးလက်ရေးမူများဖြစ်သည့် Codex Sinaiticus (fourth century) နှင့် Codex Alexandrinus (c.450) တို့သည် အထက်ဖော်ပြပါ ဓမဟောင်းများကို အခြားသော ကျမ်းများနှင့် အတူ ထည့်သွင်းထားကြသည်။

ခရစ်နှစ် ၃၄၉ ခုနှစ်တွင် ဟိပိုမြို့တွင် ပြုလုပ်သော ခရစ်ယာန်သာသနာ့စည်းဝေးကြီးနှင့် ၃၉၇ခုနှစ် နှင့် ၄၁၉ ခုနှစ်တို့တွင် ကာသေ့ခ်ျမြို့တွင် ပြုလုပ်သော စည်းဝေးပွဲ ကြီးတို့က ထိုကျမ်း (၇)စောင်ကို အခြားသော ကျမ်း(၆၆)စောင်နှင့် အတူ ကျမ်းစာတော်မြတ်တွင် ထည့်သွင်းအတည်ပြုခဲ့ကြသည်။ ထိုအတည်ပြုချက်ကို ကမာလုံးဆိုင်ရာ အသင်းတော် (Universal Church) ကလည်း လက်ခံခဲ့သည်။ (၁၆) ရာစုတွင် ထရင့်မြို့တွင် ကျင်းပခဲ့သော ခရစ်ယာန် သာသနာ့စည်းဝေးပွဲကြီးကလည်း ထိုကျမ်းများကို အတည်ပြုပေးခဲ့သည်။

သို့ဖြစ်လျှင် အဘယ့်ကြောင့် ပရိုတက်စတင့်တို့က အဆိုပါကျမ်းများကို ၄င်းတို့၏ ကျမ်းစာတော်မြတ်ထဲမှ ထုတ်ပယ်ထားသနည်း။ အမှန်တကယ်တွင် သြဇာတိကမရှိသော ပရိုတက်စတင့်ပြုပြင်ရေးဝါဒီ မာတင်လူသာ (Martin Luther) က ၄င်းတို့ကို ပယ်ဖက်ခဲ့ခြင်းဖြစ်သည်။ သူသည် ခရစ်ယာန်ယုံကြည်ခြင်းအတွက် ကျမ်းစာတော်မြတ်သည်သာ အဓိကကျသည်ဟု အပြင်းအထန် သွန်သင်ခဲ့သော်လည်း သူ၏ သွန်သင်ချက်ကို မထောက်ခံသော ကျမ်းချက်များရှိပါက ထိုကျမ်းချက်များပါဝင်သော ကျမ်းများ၏ အရေးပါမှု့ကို ငြင်းဆိုလေ့ရှိသည်။

ဓမဟောင်းတွဲဖက်ကျမ်းများတွင် သေသူတို့အတွက် ဆုတောင်းပေးခြင်းနှင့် ယဇ်ပူဇော်ခြင်းများကို ထောက်ခံအားပေးသော ကျမ်းပိုဒ်များပါဝင်ကြသည့်အပြင် ငရဲငယ် (Purgatory)တည်ရှိကြောင်းကိုလည်း သွန်သင်ထားသည် (၂ မကာ ၁၂း၃၉-၄၆)။ မာတင်လုသာသည် ထိုရှေးဟောင်းသွန်သင်ချက်နှင့် အသင်းတော်၏ ကျင့်ကြံချက်များကို ပစ်ပယ်ကာ ထိုကျမ်းများကို ပရိုတက်စတင့်ကျမ်းစာတော်မြတ်အတွင်း ထည့်သွင်းရန် ငြင်းဆိုခဲ့သည်။

ဓမဟောင်းတွဲဖက်ကျမ်းများတွင် ပါဝင်သော ကျမ်းများသည် အခြားသော ဓမဟောင်းကျမ်းများနှင့် ရေးသာသည့် ပုံစံဆင်တူသည်။ ဥာဏ်ပညာကျမ်းနှင့် နိတိဒေသနာကျမ်းတို့သည် ပညာအလိမာကျမ်းနှင့် အတော်ပင်တူသည်။ တိုဘိဝတုသည် ယောဘ၀တုကဲ့သို့ပင်ဖြစ်သည်။ ဂျုဒစ်ဝတုသည်လည်း အက်စတာဝတုနှင့် အလားသဏ္ဍာန်တူသည် (ဟေဗြေဦး အမျိုးသမီးသူရဲကောင်းနှစ်ဦးသည် မိမိတို့၏ လူမျိုးကို ကယ်တင်ရာတွင် ကူညီခဲ့ကြသူများဖြစ်သည်) မကာဘေးဦးသမိုင်း ပထမတွဲနှင့် ဒုတိယတွဲတို့သည် ဓမရာဇ၀င် ဒုတိယစောင် - တတိယစောင်၊ ရာဇ၀င်ချုပ် ပထမစောင် ဒုတိယစောင်တို့ကဲသို့ သမိုင်းအဖြစ်အပျက်များကို တင်ပြထားသော ကျမ်းများဖြစ်ကြသည်။ ဘာရုပရောဖက်ကျမ်းသည်လည်း ဂျေရေမိယ (Jeremiah) ပရောဖက်ကျမ်းနှင့် အလားသဏ္ဍာန်တူသည်။
ဓမသစ်ကျမ်းသည်လည်း ဓမဟောင်းတွဲဖက်ကျမ်းများမှ တွေးခေါ်ချက်များကို ကျမ်းချက်အတော်များများတွင် ထပ်တူနီးပါးပြန်ပြောင်းပြောဆိုထားသည်။ ဥပမာ- ဗျာဒိတ်တော်ကျမ်း ၁း၎ နှင့် ၈း၃-၄ တို့သည် တိုဘိဝတု ၁၂း၅၁ ကို ကိုးကားထားဟန်ရှိသည်။ ကော်ရန့်သုသြ၀ါဒစာ ပထမစောင် ၁၅း၂၉ သည် မကာသြ၀ါဒစာ ၁၁း၃၅ သည် မကာဘေးဦးသမိုင်း ဒုတိယတွဲ ၇း၂၉ ကို ပြန်လည်ထင်ဟပ်ပြနေလေသည်။

Nov 18, 2008

သံပေါလူးနှစ် အထိမ်းအမှတ် အမှတ်အသား လိုဂို ၏ အဓိပါယ်


သံပေါလူးနှစ် အထိမ်းအမှတ် အမှတ်အသား လိုဂို ၏ အဓိပါယ်



သံချိမ်းကြိုး မှာ သံပေါလူးသည် ရောမမြို့၏ အကျဉ်းသားဖြစ်ခဲ့ခြင်းကို ဖော်ဆောင်ပါသည်။

ဓါး ၏ အဓိပါယ်နှစ်မျိုးမှာ တချိန်က သံပေါလူးသည် ခရစ်ယာန်များကို နှိပ်စက်ညှင်းဆဲသောသူ တစ်ဦးဖြစ်ခဲ့ကြောင်းနှင့် နောက်တမျိုးမှာ သံပေါလူးသည် ရောမလူမျိုးဖြစ်သဖြင့် အခြားသော ဓမအာဇာနည်များကဲ့သို့ လက်ဝါးကားတိုင်တွင်တင် သတ်ခြင်း၊ ကျောက်ခဲဖြင့် ပစ်ပြီး သတ်ခြင်းများမခံရဘဲ။ သံပေါလူးအား ခေါင်းဖြတ် သတ်ခြင်းကို ခံခဲ့ရကြောင်း သိရှိ အမှတ်ရစေရန်ဖြစ်သည်။

ကျမ်းစာအုပ် ၏ အဓိပါယ်မှာ သံပေါလူးသည် ဓမသစ်ကျမ်းတွင် ကျမ်းစာအများဆုံးရေးခဲ့သူ အဖြစ်ဖော်ဆောင်ပါသည်။

လက်ဝါးကားတိုင် သည် သခင်ခရစ်တော်ကို ကိုယ်စားပြုပြီး သံပေါလူး ကော်ရိန့်သုသြ၀ါဒစာ(၁ ကော် ၁း၂၃) တွင် မိန့်ကြားထားသကဲ့သို့ “ငါတို့သည် လက်ဝါးကပ်တိုင် အတင်ခံရသော ခရစ်တော်၏ အကြောင်းကို ဟောပြောကြ၏”

မီးတောက်မီးလျှံ သည် သန့်ရှင်းသော ၀ိညာဉ်တော်ကို ကိုယ်စားပြုသည်။

၂၀၀၈-၂၀၀၉ မှာ သံပေါလူးနှစ် ကိုရည်ညွှန်းပါသည်။

၂၉-VI ဆိုသည် မှာ သံပေါလူးနှစ် စတင်သော ရက်နှင့် ပြီးဆုံးမည့် ရက်ဖြစ်သည့် (၂၉) ရက်၊ ဇွန်လ ကို ရည်ညွှန်းပါသည်။




Nov 17, 2008

“ဘုရင်တကာတို့၏ ဘုရင်”


“ဘုရင်တကာတို့၏ ဘုရင်”


ယေဇူးဘုရင်ပွဲကို ခရစ်သက္ကရာဇ် ၁၉၂၅ ခုနှစ်မှာ ရဟန်းမင်းကြီး န၀မမြောက်ပီအူးက အသင်းတော်အတွင်း ကျင်းပဖို့ ပြဌာန်းခဲ့ပါတယ်။ ဒီပွဲကို ကျင်းပဖို့ သတ်မှတ်တဲ့အချိန်ဟာ ဘုရားမဲ့ ၀ါဒတွေ ကြီးစိုးတဲ့အချိန် (သို့) ခရစ်တော် မပါလည်း ဖြစ်ပါတယ်ဆိုပြီး နိုင်ငံပေါင်းများစွာက တွေးထင်နေတဲ့ အချိန်ကာလဖြစ်ပါတယ်။ လူတွေဟာ ထင်သလိုတွေး၊ ထင်သလိုရေး၊ သဘောရှိလုပ်နေကြပြီး၊ မာနတရားကြောင့် ဘုရားတရားရဲ့ သြဇာ အာဏာအောက်မှာ မနေလိုကြတော့ပါဘူး။ ဘုရားပညတ်တော်များနဲ့ သီလပါရမီများကို ဥပေက္ခာပြုပြီး၊ ဘုရားရဲ့ အလိုတော်ကို မိမိအလိုဆန္ဒနဲ့ အစားထိုးနေကြတဲ့အချိန်၊ မျက်မှောက်ကမ္ဘာကြီးဟာ ဗြောင်းဆန်နေပြီး တရားမျှတရေးနဲ့ ငြိမ်းချမ်းရေးလည်း အရေးနိမ့်နေရတဲ့ အချိန်ဖြစ်နေပါတယ်။ အထူးသဖြင့် အဲဒီအချိန် မူဆိုလိုနီဆိုသူဟာ အီတလီမှာ စစ်အင်အားနဲ့ ဖက်ဆစ်ပါတီကို အစိုးရအဖွဲ့မှာ အာဏာ တည်မြဲအောင် လုပ်နေတဲ့ အချိန်၊ ဂျာမဏီ တစ်ဝန်းမှာ နာဇီပါတီရဲ့ ဟစ်တလာကလည်း စစ်အင်အား သုံးပြီး သောင်းကျန်းနေတဲ့အချိန်၊ စီးပွားရေးဟာလည်း အဖတ်ဆည် မရအောင် ကျနေတဲ့အချိန်ဖြစ်ပါတယ်။ သူ့ထက်ငါ အာဏာရဖို့ ရူးနေကြတဲ့အချိန်မှာ အသင်းတော်က သမ္မာကျမ်းစာ သွန်သင်ချက်အတိုင်း လူတွေဟာ မိမိတို့ရဲ့ဘ၀မှာ ဘုရားတရားကို နေရာပြန်ပေးပြီး ကိုယ်တော်ရဲ့ အစိုးတရပြုခြင်းကို ခံယူမှသာ ကမ္ဘာမှာ မေတ္တာတရားနဲ့ အေးချမ်းသာယာမှုကို ရရှိမယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ ခရစ်တော်ကသာ ဘုရင်တို့ရဲ့ ဘုရင်ဖြစ်တယ်၊ မိမိတို့ ကိုးကွယ်တဲ့ ဘုရားကသာ ဘုရင်တကာတို့ရဲ့ ဘုရင် (အရှင်) ဖြစ်တယ်၊ ခရစ်တော်ဟာ စကြ၀ဠာရဲ့ ဘုရင်ဖြစ်တယ်၊ သူ့ရဲ့ နိုင်ငံတော်ဟာ ထာဝရတည်မယ် ဆိုတဲ့အချက်ကို သတိပေးဖို့ ““ယေဇူးခရစ်တော် ဘုရင်ပွဲတော်”” ကို ကျင်းပဖို့ ရဟန်း မင်းကြီးက ကြေငြာခဲ့တာဖြစ်ပါတယ်။

ရဟန်းမင်းကြီးက ဒီပွဲကို သတ်မှတ်ကျင်းပ စေခြင်းရဲ့ အကြောင်းရင်းနှစ်ခုကတော့ -

(၁) ““ငါတို့သည် ကိုယ်တော်အားဖြင့် သက် ရှင်၊
လှုပ်ရှား၊ ရပ်တည်လျက်ရှိကြ၏”” (တ မန် - ၁၇း၂၈) လို့ ဆိုထားတဲ့အတိုင်း လူတွေ ဘယ်လောက်ပဲကြိုးစားကြိုးစား ဘုရားသခင်ရဲ့ လွှမ်းမိုးမှုအောက်က ဘယ် တော့မှ ထွက်ပြေးလွတ်မြောက်လို့ မရနိုင် ဘူးဆိုတဲ့အချက်နဲ့၊

(၂) လူတွေဟာ မိမိကိုးကွယ်တဲ့ ဘုရား သခင် (သို့) ယေဇူးဘုရင်အား ကျိုးနွံလက်ခံ ဖို့ မငြင်းဆန်သင့်ဘူး။ ဘာကြောင့်လဲဆို တော့ အဲဒီကျိုးနွံနာခံခြင်းအားဖြင့်သာ ကယ်တင်ခြင်း ချမ်းသာကိုရရှိမှာ ဖြစ်တာကို နားလည် လက်ခံကြစေရန်ဆိုတဲ့ ရည်ရွယ်ချက်များ ဖြစ်ပါတယ်။

တစ်နည်းပြောမယ် ဆိုရင်တော့
လူမှုရေးရာများမှာ ဘုရားတရားကို လစ်လျူရှုပြီး ဘုရားမရှိသလို နေထိုင်လှုပ်ရှားချင်တဲ့ အတွေးအခေါ်များကို တန်ပြန်ဆန့် ကျင်တဲ့ အနေနဲ့ရော၊ ခရစ်တော် ဘုရားရှင်ဟာ လူ့အဖြစ် ဇာတိကိုယူဆောင်ပြီး လောကကိုကယ်တင်ခဲ့တဲ့ ဘုရားသားတော်ဖြစ်လို့ လူ့ဘောင်တစ်ခုလုံးအပေါ်မှာ နည်းမျိုးစုံ နဲ့သြဇာလွှမ်းမိုးမှုရှိနေတယ်ဆိုတဲ့ အချက် ကိုပါ ထင်ရှားစေဖို့ဖြစ်ပါတယ်။

(ဒံလေယ အနာဂတ္တိကျမ်း- ၇း၁၄) မှာ ““ အရပ်ရပ်တို့၌နေ၍ အသီးအသီး၊ အခြားခြားသော ဘာသာစကားကို ပြောသော လူမျိုးတကာတို့ကို အုပ်စိုးစေခြင်းငှာ ထိုသူသည် နိုင်ငံနှင့်တကွ အာဏာစက် တန်ခိုးကိုရ၏။ အာဏာစက်တော်သည် ကမ္ဘာအဆက်ဆက်တည်၏။ နိုင်ငံတော်သည် ပျက်စီးခြင်းသို့မရောက်နိုင်”” ဆိုတဲ့ ဟောချက်က ခရစ်တော်ရဲ့ အရှင် သခင်၊ ဘုရင်ဖြစ်ခြင်းကို ရည်ညွှန်းထားပါတယ်။

ယုံကြည်ခြင်းအချုပ်မှာ ကျွန်တော်တို့က ““ရှင်သူ၊ သေသူတို့ကို စီရင်စစ်ကြောတော်မူရန် ကြလာတော်မူလိမ့်မည်”” လို့ ၀န်ခံကြပါတယ်။ တစ်ချို့သော တရား ဟောသူများကြောင့်နဲ့ စီရင်စစ်ကြောခြင်း ဆိုတဲ့စကားကြောင့် ကြောက်မက်ဖွယ်ရာလိုဖြစ်နေပါတယ်။ တကယ်တမ်းခရစ်တော်ကြလာခြင်းရဲ့ အကြောင်းရင်းက သူကိုယ်တိုင် အကန့်အသတ်မရှိ ချစ်ခြင်းမေတ္တာနဲ့ ဒုက္ခစရိယာခံပြီး အစပြုခဲ့တဲ့ ကယ်တင်ခြင်းလုပ်ငန်းကို ပြီးပြည့်စုံစေဖို့သာ ဖြစ်ပါတယ်။ (ယောဟန်-၁၂း၄၇ ) မှာ ““လောက သားတို့ကို စီရင်အပြစ်တင်ရန်မဟုတ်၊ လောကသားတို့ကို ကယ်တင်ရန်သာ ကြ လာသတည်း”” လို့ ခရစ်တော်က အာမခံခဲ့ ပါတယ်။

နောက်ဆုံးသောနေ့မှာ ခရစ်တော်ဟာ ရှင်ဘုရင်အဖြစ် ထင်ရှားစွာ ကြလာမယ်လို့ဆိုပါတယ်။ ဒါပေမဲ့လို့ ကျမ်းစာထဲက ပုံပမာအရ ခရစ်တော်ဟာ မထင်မရှားနဲ့ ဖုံးကွယ်မှုအောက်မှာ ကျွန်တော်တို့နဲ့အတူရှိနေပါတယ်။ မထင်မရှားနဲ့ ဖုံးကွယ်မှုအောက်မှာဆိုတာ ခရစ်တော်ဟာ ဆင်းရဲနွမ်းပါးတဲ့သူတွေ၊ အစာရေစာ ငတ်မွတ်နေတဲ့သူတွေ၊ ဖျားနာပြီး ဒုက္ခဝေဒနာခံစားနေရတဲ့ သူများမှာရှိနေပါတယ်။ သူတို့နဲ့ ထပ်တူပြုထားပါတယ်။ ဆိုလိုတာက စားရမဲ့၊ သောက်ရမဲ့ ဖြစ်နေတဲ့ သူကို အစားအသောက်ပေးကမ်းခြင်း၊ အ၀တ်ဆင်းရဲသူကို ဆင်မြန်းခြင်း၊ မတရားခံရသူတို့ဖက်မှ ရပ်တည်ပေးခြင်း၊ ဒုက္ခရောက်သူကို နှစ်သိမ့်အားပေးခြင်း၊ ဒီလို လူ့အခြေခံလိုအပ်ချက်တွေကို စေတနာ သန့်သန့်နဲ့ လုပ်ပေးရပါလိမ့်မယ်။ ကိုယ်နာမည်ကြီးဖို့၊ လူသိများဖို့ဆိုတာထက် လူသားတစ်ယောက် အတိဒုက္ခရောက်နေ တာကို မေတ္တာကရုဏာနဲ့ ကူညီလိုက်ခြင်း ဟာ မင်္ဂလာရှိပါတယ်။

ဒီလို ရက်ရောမှု၊ စေတနာမျိုးကို ခရစ်တော်က သူ့ကို ပြုလုပ်ပေးတာနဲ့ အတူတူပဲလို့ လက်ခံသတ်မှတ်တယ် ဆိုတာဟာ အင်မတန် အားရစရာ ကောင်းလှပါတယ်။ လူသားအချင်းချင်း ဆင်းရဲနွမ်းပါးမှု ကို လျော့နည်းစေခြင်း၊ ပျော်ရွှင်မှုတို့ကို တိုးပွားစေခြင်းဆိုတဲ့ လူ့လောက ကိစ္စရပ်တွေအားဖြင့် ထာဝရ ဘုန်းဂုဏ်တော်ဆီ အရောက်ပို့ပေးနိုင်ပါတယ် ဆိုတာဟာ ဒီနေ့ကျမ်းစာရဲ့ သတင်းကောင်း တစ်ရပ်ပင်ဖြစ်ပါတယ်။ ခရစ်တော်ဟာ အမှန်ကယ်ပဲ ဆင်းရဲနွမ်းပါးသူ၊ ချို့တဲ့သူတွေအားဖြင့် ကျွန်တော်တို့နဲ့ အတူရှိနေပါတယ်။

လူတွေဟာ မိမိနေထိုင်တဲ့တိုင်း ပြည်ရဲ့ ဥပဒေအတိုင်း တရားစီရင်ခံရမှာ ဖြစ်တယ်။ ဘုရားသခင်ရဲ့ နိုင်ငံတော်မှာတော့ ဥပဒေသတစ်ခုပဲရှိပါတယ်။ အဲဒါကတော့ (ယောဟန်-၁၃း၃၄) ကပြောပြတဲ့ ““သင်တို့ အချင်းချင်းချစ်ကြပါ”” ဆိုတဲ့ ဥပဒေပါပဲ။ လူ့လောကရဲ့ စာမေးပွဲတွေမှာတော့ ထူးချွန်တဲ့ ကျောင်းသားဟာ မထူးချွန်တဲ့ ကျောင်းသားထက် အခွင့်အလမ်း အများကြီးပိုပါတယ်။ ဒါပေမယ့် ခရစ်တော်ရဲ့ နောက်ဆုံး စာမေးပွဲကတော့ လူတစ်ဦး ချင်းစီတိုင်းဟာ အဆင့်အတန်း အတူတူပင်ဖြစ်ပါတယ်။ ဘယ်သူကမှ တခြားတစ်ဦးကို ချစ်ခြင်း မေတ္တာပြဖို့ ငါ့မှာ အရည်အချင်း မရှိဘူးလို့ ပြောလို့မရပါဘူး။ အယုတ် အလတ် အမြတ် မရွေး၊ အသက် ဘယ်လောက်ကြီးကြီး ငယ်ငယ် အခြေအနေ ဘယ်လိုပဲဖြစ်ဖြစ် လောကမှာ ဘာပဲလုပ် ကိုင်လုပ်ကိုင် လူသားတိုင်းဟာ ခြင်းချက်မရှိ မိမိနဲ့ နီးစပ်သူတွေကို ချစ်ခြင်းမေတ္တာ ပြနိုင်ပါတယ်၊ ချစ်နိုင်ပါတယ်။

ဟန်ဂေရီနိုင်ငံမှ စိန့်ဧလိဇဘက်
(အေဒီ ၁၂၀၇-၁၂၃၁)ဟာပေးကမ်းစွန့်ကြဲ တဲ့အခါတိုင်းမှာဆင်းရဲသားတွေကို သူတို့ ကိုယ်တိုင်လည်းပေး ကမ်းစွန့်ကြဲမှု ပြုဖို့ အမြဲတမ်းနှိုးဆော်တတ်ပါတယ်။ ချို့တဲ့ သူတွေက သူတို့မှာပေး စရာငွေကြေး မရှိဘူး၊ ဘယ်လိုလုပ်ပြီး ပေးရ မှာလဲလို့ ဖြေတဲ့အခါမှာ ဧလိဇဘက်က ““သင်တို့ရဲ့ ငွေကြေးကိုပေးဖို့တော့သင်တို့ တတ်နိုင်ချင်မှ တတ်နိုင်မယ်။ ဒါပေမဲ့ဒုက္ခ အခက် အခဲ ရောဂါဝေဒနာရှိနေတဲ့ သူတွေကို မင်းတို့ရဲ့ မျက်စိနဲ့ မြင်နိုင်တယ်၊ ဆီကို သွားလည်ဖို့ မင်းတို့မှာ ခြေနှစ်ချောင်း ရှိတယ်၊ အားပေးနှစ်သိမ့်ဖို့ မင်းတို့ မှာ ပါးစပ်ရှိတယ်”” လို့ အမြဲတမ်း ပြောခဲ့ ပါတယ်။

ဒီပုံပမာမှာ ကျွန်တော်တို့ အမြဲ
တမ်း ဂရုမစိုက်၊ လျစ်လျူရှုတတ်တဲ့ အရေးကြီးတဲ့ အချက်တစ်ခုကို မီးမောင်း ထိုးပြ
ထားပါတယ်။ သူတို့ လုပ်ပြီးခဲ့တဲ့ အရာ အတွက် စစ်ကြောစီရင်ခံရတာမဟုတ်ဘဲ၊ မလုပ်ခဲ့လို့ ပျက်ကွက်ခဲ့မှုအတွက်သာ စီရင်ခြင်း ခံရတာဖြစ်ပါတယ်။ ဒီတော့ စဉ်းစားကြည့်ရင် ကျွန်တော်တို့ အများစုဟာ သိလျက်နဲ့ရော မသိလျက်နဲ့ပါ တွေးထင်ယုံကြည်လက်ခံ တတ်ကြတာက တစ်ပတ်တစ်ခါနဲ့ ပွဲလမ်းကလေး ရှိတဲ့အခါ ဘုရားကျောင်းကန်သွားမယ်၊ မကောင်းမှု ဒုစရိုက်ကို ရှောင်ကြဉ်မယ်၊ ကက်သလစ် ခရစ်ယာန်ဆိုရင်လည်း ကိုယ်တော်မြတ်ပင့်မယ်၊ စက္ကရမင်တူးခံမယ် ဆိုရင် ငါတို့ဟာ ဘုရားတရားရှိပြီလို့ တွေး ထင်တတ်ကြပါတယ်။ ဒီအတွေးအခေါ်လေးကို အကျဉ်းချုပ်ကြည့်ရင် ငါဘယ်သူ့ကိုမှ မတိုက်ခိုက်၊ မတရား မလုပ်ဘူး။

ဘုရားကျောင်းသွားတယ်၊ ဥပုသ်စောင့်တယ်၊ ငါ့အလုပ်ငါ့လုပ်ငန်းငါလုပ်တယ် ဆိုတဲ့ သဘောတရားမျိုးပါပဲ။ ဒီလို
ပုဂ္ဂိုလ်မျိုးက လူသတ်မှုမကျူးလွန်ဘူး၊ ခိုးလည်းမခိုးဘူး၊ သူတစ်ပါးရဲ့သားမယားလည်း မပြစ်မှားဘူး၊ မကောင်းတာရှောင် တယ်။ ကောင်းပါတယ်။ ဒါပေမဲ့လို့ တစ်ခြားတစ်ဖက်မှာ ကောင်းမှုကုသိုလ် တစ်ခုမှ မလုပ်ဘူး။ အပြုသဘော၊ အကောင်းသဘောရှိတာတွေမှာ ပါဝင်မလုပ်ဆောင်ဘူး ဖြစ်နေတတ်ပါတယ်။ ကျမ်းစာမှာ ““ကောင်းမှုများကို လှည့်လည်ပြုလုပ် လျှက်ရှိ၏”” (တမန်-၁၀း၃၈) ဆိုတဲ့ ခရစ်တော်ရဲ့ ပုံစံနမူနာကို ကျွန်တော်တို့က အတုယူရမှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ နေ့စဉ် ဘ၀အသက်တာအတွင်းမှာ နေ့တိုင်းပဲ ကျွန်တော်တို့ရဲ့ အကူအညီကို တစ်နည်းတစ်ဖုံ လိုအပ်တဲ့ သူတွေ အမြဲတမ်းပဲ တွေ့ရတတ်ပါတယ်။ ရရှိလာတဲ့ အခွင့်အရေးကို အသုံးချပြီး ကောင်းမှုကို ပြုလုပ်ရပါလိမ့်မယ်။ ကူညီတယ်လို့ဆိုတဲ့ နေရာမှာလည်း ခန္ဓာကိုယ်၊ ဒြပ်ဝတ္ထုပစ္စည်းပစ္စယနဲ့ ဆိုင်တာဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ သူတို့ရဲ့ ၀ိညာဉ်ရေး၊ လူမှုရေး၊ စိတ်ဓာတ်ရေးရာပိုင်း တွေမှာလည်းဖြစ်နိုင်ပါတယ်။ အသက်ကြီး တဲ့သူတွေ၊ ဖျားနာတဲ့ သူတွေဆီကို သွားရောက်လည်ပတ်ကြည့်ရှုမယ်။ သူတို့ကို နားထောင် ပေးမယ်။ အားနည်းချက်တွေ၊ မကောင်းအချက်တွေကို ခဏဖယ်ထားပြီး၊ အထင်လွဲခံရတဲ့သူတွေ၊ ပုံကြီးချဲ့ခံရတဲ့ သူတွေကို နားလည်မှုအားပေးမှုနဲ့ ဂရုစိုက် ပေးနိုင်ပါတယ်။ တစ်ခါတရံမှာ ကျွန်တော်တို့ ဖြစ်တတ်တာက သူစိမ်းတွေ အပေါ်၊ အပြင်လူတွေ အပေါ်ကျ ကောင်းတတ်ပြီး၊ ကိုယ့်မိသားစု အပေါ်မှာတော့ ကြမ်းတမ်းတဲ့ လူတွေရှိတတ်တယ်။ မိမိ အိမ်က အလုပ်သမားတွေ၊ အသိမိတ်ဆွေတွေအတွက်လည်း အသက်ကြီးတဲ့အခါ၊ အလုပ်ထွက်တဲ့ အခါမှာ လုံခြုံမှုရှိဖို့ စီစဉ်ပေးမယ် စသဖြင့် မိမိတတ်နိုင်တဲ့ လုပ်နိုင်တဲ့ ဘောင်တွင်းကနေ ကူညီ မှုပေးနိုင်ပါတယ်။

အလှူဒါနနဲ့
ပတ်သက်ပြီး (တိုးဘိယ၀တ္ထု- ၄း၇-၁၂) မှာ ““ သင်ပိုင်ဆိုင်ရာထဲမှ အလှူဒါန ပြုလော့။ အဘယ်ဆင်းရဲသူ တစ်ဦးဦးကိုမှသင်မျက်နှာ မလွှဲလေနှင့်၊ ဤသို့ဖြင့်ဘုရားသခင်၏ မျက်နှာတော်သည်လည်း သင့်အားလွှဲရှောင် သွားမည် မဟုတ်ချေ။ ငါ့သား သင်ပိုင်ဆိုင်သည့် အရာများနှင့် အချိုးညီစွာ စွန့်ကြဲ ပေးကမ်းလော့။ သင်သည် ကြယ်ဝလျှင် ဖောဖောသီသီ ပေးကမ်းလော့။ သင့် တွင် အနည်းငယ်မျှ ရှိလျှင်လည်း ထိုအထဲမှ အနည်း အကျဉ်းကိုပင်လျှင် ကျေနပ်အားရစွာ ဝေငှပေးကမ်းလော့။ လှူဒါန်းရန် မတွန့်တိုလေနှင့်။ ဤနည်းအားဖြင့်သာလျှင် သင်သည် ချို့တဲ့တောင့်တမည့် နေ့ရက်တွင် သင်အဖို့ ကြီးစွာသော ရတနာကို သိုလှောင်စုဆောင်းထားမည်ဖြစ်၏။ အကြောင်းမူကား အလှူဒါနပြုခြင်းသည် အပြစ်ဒုစရိုက်နှင့် သေခြင်းမှ ကယ်တင်၍ ၀ိညာဉ်ကို ဘ၀အမှောင်၌ မထားရစေသော အကျိုးကျေးဇူးပေး၏။ လှူဒါန်းခြင်းသည် အမြတ်ဆုံးသော ဘုရားရှင် မျက်မှောက်၌ အဖိုးထိုက်သော ပူဇော်သက္ကာဖြစ်၏”” ဆိုတဲ့ နှိုးဆော်ချက်ကို တွေ့ရပါတယ်။(ဖိလိပ္ပိ-၂း၆-၇) အရ မိမိရဲ့ ဘုန်းအသရေတော်စွန့်ပြီး အစေခံရဲ့ ဇာတိကို ခံယူကာ သူတစ်ပါးအတွက် ပေးဆပ် အစေခံရင်း ဦးဆောင်လမ်းညွှန်အုပ်စိုးသူဖြစ်တဲ့ ခရစ်တော်ရဲ့ အုပ်ချုပ်စိုးပိုင်ခြင်းကို လက်ခံကာ နီးစပ်သူများကို ချစ်ခြင်းမေတ္တာဖြင့် ထိုဘုရင်နဲ့အတူ အစေခံကြပါစို့။

လူ့လောက နောက်ဆုံးစာမေးပွဲရဲ့ ““သင်တို့အချင်းချင်း ချစ်ကြပါ”” ဆိုတဲ့ တစ်ခုတည်းသော မေးခွန်းကို လက်တွေ့ ဖြေကြားနိုင်အောင်ကြိုးစားရင်း ခရစ်တော်ရဲ့ စိုးပိုင်အုပ်ချုပ်လမ်းညွှန်မှုကို ခံယူရင်း ထိုဘုရင်နဲ့အတူ ကောင်းကင်ဘုံမှာ စံမြန်းနိုင်အောင် ကြိုးစားကြပါစို့။


ခွန်အား