Jan 31, 2009

YouTube မှ ဗာတီကန် Channel


YouTube မှ ဗာတီကန် Channel


ဗာတီကန် နှင့် Google YouTube တို့ပူးပေါင်းပြီး YouTube တွင် Vatican Channel တစ်ခု လွင့်တင်လိုက်ပြီဖြစ်ပါသည်။ ကက်သလစ်သတင်းဌာနများ မှ ဗီဒီယိုများကို လွင့်တင်ထားရာ နေ့စဉ် ဗာတီကန်မှ သတင်းများအပြင် ပုတ်ရဟန်းမင်းကြီး၏ နေ့စဉ် လူထုထံသို့ မိန့်ကြားသော စကားများကို ပါ ထို Channel မှ နေ့စဉ်ကြည့်ရှုနိုင်ပြီဖြစ်ပါသည်။

လိပ်စာမှာ -
www.youtube.com/vatican



Jan 27, 2009

ဘားအံ သာသာနာအသစ် ပေါ်ထွက်ပြီ။


ဘားအံ သာသာနာအသစ် ပေါ်ထွက်ပြီ။


ဇန်နဝါရီလ (၂၄) ရက်နေ့က ပုတ်ရဟန်းမင်းကြီး ဘဲနက်ဒက် (၁၆) မှ မြန်မာနိုင်ငံ ဘားအံဂိုဏ်းအုပ်သာသာနာသစ်ကို ရန်ကုန်ဂိုဏ်းချုပ်သာသနာမှ ခွဲထုတ်တည်ထောင်လိုက်ကြောင်း ကြေငြာခဲ့လေသည်။ ထိုဘားအံသာသနာသစ်၏ ဆရာတော်ကို ရန်ကုန်းဂိုဏ်းချုပ်သာသနာ လက်ထောက် ဆရာတော် ဂျက်စတင်း စောမင်းသိုက်ကို ခန့်ထားကြောင်း၊ ထိုသာသနာသစ်တွင် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တဝက်ပါဝင်ကြောင်း၊ ကယ်သီဒယ်ဘုရားရှိခိုးကျောင်းကို ဘားအံမြို့ စိန်ဖရန်စစ်ဇေးဗီးယား ဘုရားရှိခိုးကျောင်းကို ကယ်သီဒယ်အဖြစ် ထားရှိကြောင်း၊ ယင်းသာသနာသစ်သည် (၁၅ဝဝဝ) စတုရန်း ကီလိုမီတာ ကျယ်ဝန်းပြီး၊ လူဦးရေ (၁.၁)မီလျှံရှိသည့် အနက် ကက်သလစ်ဘာသာဝင် (၁ဝ၇၈၁)ယောက်၊ ဘုန်းတော်ကြီး (၁၂)ပါး၊ သီလရှင် (၃၁)ပါး၊ သာသာနာအုပ်စု (တိုက်နယ်) (၁၅)ခုပါဝင်ပြီး၊ ကိုရင်ကျောင်းသား (၉) ဦး ရှိကြောင်းသိရှိရပါသည်။
ိ

(January 24, 2009) The Holy Father has erected the Diocese of Hpa-an in Myanmar, by withdrawing some territory from the Archdiocese of Yangon. The Holy Father has appointed the first Bishop of Hpa-an, Bishop Justin Saw Min Thid, Titular Bishop of Lemfocta and Auxiliary of the Archdiocese of Yangon. The new diocese of Hpa-an will include almost the whole state of Kayin and half of Mon State and will be dependent of the Archdiocese of Yangon. The new diocese has the area of 15000 sq km, with a Population of 1.1 million among whom 10,781 are catholics. It has 12 parishes, 31 religious, 15 diocesan priests and 9 seminarians

http://www.oecumene.radiovaticana.org/in2/Articolo.asp?c=261026


Vatican City (Agenzia Fides) – The Holy Father Benedict XVI, on January 24, 2009, erected the Diocese of Hpa-An (Myanmar), with territory taken from the Archdiocese of Yangon, making it a suffragan of the same Metropolitan See. The Holy Father appointed Bishop Justin Saw Min Thide, Titular Bishop of Lemfocta and Auxiliary Bishop of the Archdiocese of Yango, Bishop of Hpa-An. The new Diocese of Hpa-An includes nearly the entire state of Kayin and half of the state of Mon, and is a suffragan of the Archdiocese of Yangon. The parish church in Hpa-An named after St. Francis Xavier will become the Cathedral for the new diocese. (SL) (Agenzia Fides 26/1/2009)

http://www.fides.org/aree/news/newsdet.php?idnews=21394&lan=eng


Jan 17, 2009

ဘုရားသခင်၏ဖန်ဆင်းခြင်းကို ဘယ်လိုမြင်လဲ


ဘုရားသခင်၏ဖန်ဆင်းခြင်းကို ဘယ်လိုမြင်လဲ

ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသောအရာတို့ကိုကြည့်ရှုလျှင် အလွန်ကောင်းသည်ကို မြင်တော်မူ၏။ (ကမ္ဘာ ၁း၃၁) ကျွန်ုပ်တို့လူသားများသည်လည်း ထို့အတူမြင်ကြရဲ့လား။

သိုးထိန်းရဟန်းများသည် ခရစ်တော်၏ သန့်ရှင်းမြင့်မြတ်သောဇွဲလုံလကျေးဇူးတော်နှင့်ပြည့်နေရမည်။ ရဟန်းတစ်ပါး အတွက်မူလူအမြောက်အများ ကန္တာရတွင်အသက်ရှင်နေထိုင်ကြခြင်းမှာ ဆန်းပြားသော
ကိစ္စမဟုတ်ချေ။ ကန္တာရအမျိုးမျိုးရှိသည့်အနက် ဆင်းရဲ့ခြင်း၊ ဆာလောင်ငတ်မွတ်ခြင်း၊ ဖျက်ဆီးခြင်းခံရသောချစ်ခြင်းစသောကန္တာရများစွာရှိပါသည်။ ၀ိညာဉ်ရေး မှာလစ်ဟင်းသည် သာမက သူတို့၏ကိုယ်ကျင့်သိက္ခာဘ၀ပန်းတိုင်ပင်သတိမမူတော့ဘဲလျစ်လျူရှုတတ်ကြ ပါသည်။ ကမ္ဘာပေါ်ရှိပြင်ပ ကန္တာရများကျယ်ပြန့်လာရသည့် အကြောင်းက လူသားများ၏ ရင်တွင်းကန္တာရ များသည် အလွန်ကျယ်ပြန့်ကြီးမား လာခြင်းကြောင့်ပဲဖြစ်ပါသည်။ အသိစိတ်ခေါင်းပါးလွန်းခြင်းကြောင့်ဖြစ်လည်းကောင်း၊ အတွင်းအသိစိတ်များခြောက်သွေ့ အေးစက် မူများကြောင့်လည်းကောင်းဖြစ်ပါသည်။ ထို့ကြောင့် ပထ၀ီမြေကြီး၏ အဖိုးတန် သယံဇတ များသည် လူသား အားလုံး အသက်ရှင်နေထိုင်နိုင်မည့် ဘုရားသခင်၏ ဥယျာဉ်တော်ကို မည့်သည့်နည်းနှင့်မျှ တည်ဆောက်နိုင်စွမ်း မရှိတော့ပါ။ ထိုဖန်ဆင်း ခြင်းခံရသည့် ပစ္စည်းများသည် ခေါင်းပုံဖြတ်ခြင်း၊ ပျက်စီးဆုတ်ယုတ်စေခြင်းစတဲ့ဖျက်စီးခြင်း၊ လက်နက်များအဖြစ်သာ လူသားတို့၏အသုံးပြုခြင်း၊ လက်နက်များအဖြစ်သာ လူသားတို့၏ အသုံးပြုခြင်းကို ခံနေရပါသည်။

ခရစ်တော်ကိုယ်တိုင်ပြုခဲ့သည့်နည်းတူ ကန္တာရပေါင်းစုံမှ လူများကိုကယ်ထုတ်ယူပြီး၊ အသက
ပေးသောပြည်တော်ဆီသို့လည်းကောင်း၊ ဘုရားသခင် ၏သားတော်နှင့် မိတ်သဟာဖွဲ့ခြင်းအားဖြင့်လည်းကောင်း၊ ထာဝရအသက်ကိုပေးသော ပုဂ္ဂိုလ်ဆီသို့လည်းကောင်း၊ ဦးဆောင်ခေါ်ယူဖို့ဆိုသည်မှာ အမိအသင်းတော်ကြီး တစ်ခု လုံးနှင့် အသင်းတော်ကြီး၏သိုးထိန်းများ မလွှဲမသွေထမ်းဆောင်ရမည့် တာဝန်ဝတ္တရား ဖြစ်ပါသည်။

(ပုပ်ရဟန်းမင်းကြီး ၁၆ပါးမြောက် ဘယ်နဒစ်၏ ၂၄ရက် ဧပြီလ ၂၀၀၅နေ့အဖွင့်မစ္ဆာမှသြ၀ါဒ)


မှတ်ချက် - MISYON (July- August 2006) မှဆီလျှော်အောင်ပြန်ဆိုသည်။


သွန်းကျိန်း (L.W.M.I)



Jan 16, 2009

Power of Your Love


Power of Your Love


လစဉ် ပို့စ်တွေမှာ Gospel Songs တွေတင်တင်ပေးခဲ့တယ်။ အများအဖြင့် လူသိများတဲ့၊ ဘုရားကျောင်းမှာ ဆိုနေကျ သီချင်းတွေကို တင်ပေးခဲ့ပါတယ်။ ဒီတစ်ပတ်တော့ Power of Your Love ဆိုတဲ့ သီချင်းလေးတင်ပေးလိုက်ပါတယ်။ အားလုံးနှစ်သက်ကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ မိမိ ကြိုက်နှစ်သက်တဲ့ သီချင်းလေးတွေရှိရင်လဲ ကျွန်တော့ကို (Cbox) ကနေ လှမ်းပြောလိုက်ပါ။ ရှာပြီး တခြားသူတွေကို မျှဝေပေးပါ့မယ်။




Power of Your Love

Lord I come to You
Let my heart be changed, renewed
Flowing from the grace
That I've found in You
And Lord I've come to know
The weaknesses I see in me
Will be stripped away
By the power of Your love

Hold me close
Let Your love surround me
Bring me near
Draw me to Your side
And as I wait
I'll rise up like an eagle
And I will soar with You
Your spirit leads me on
By the Power of Your love

Lord unveil my eyes
Let me see you face to face
The knowledge of Your love
As you live in me
And Lord renew my mind
As Your will unfolds in my life
In living every day
By the Power of Your love

Hold me close
Let Your love surround me
Bring me near
Draw me to Your side
And as I wait
I'll rise up like an eagle
And I will soar with You
Your Spirit leads me on
By the power of Your love


(Draw me close
Hold me near
Draw me closer
Hold me near
You draw me close to You
And never let me go)

And as I wait
I'll rise up like the eagle
And I will soar with You
Your spirit leads me on
By the power of Your love
By the power of Your love


Jan 13, 2009

ကွဲပြားသည့်လူမျိုးစုများနှင့် ဗုဒ္ဓဘာသာဝင်များအကြား သာသနာပြုရာတွင် ခက်ခဲကြောင်း ဘိရှော့လက်ထောက်အသစ် Basilio Athai ပြော


ကွဲပြားသည့်လူမျိုးစုများနှင့် ဗုဒ္ဓဘာသာဝင်များအကြား သာသနာပြုရာတွင် ခက်ခဲကြောင်း ဘိရှော့လက်ထောက်အသစ် Basilio Athai ပြော

KT/ဒီဇင်ဘာ ၅၊ ၂၀၀၈


တောင်ကြီး ခရစ်ယာန် ကက်သလစ် သာသနာဂိုဏ်းချုပ်မှ လက်ထောက်ဘိရှော့ (ဘုန်းတော်ကြီး) Basilio Athai (ဘစီလီရိုအသိုင်း)က မဖွံ့ဖြိုးသေးသည့် နေရာဒေသမှာ ရှိသည့် လူမျိုးစု အမြောက်အမြားနှင့် အခြားဘာသာဝင်လူများအကြား ခရစ်ယာန်ဒေသနာတရား ဟောပြောခြင်းသည် သူ့အတွက် အကြီးမားဆုံးသော စိန်ခေါ်မှုတခုဖြစ်ကြောင်း Union of Catholic Asian News (UCAN) ကို ပြောကြားသည်။


“ကျနော်တို့က လူနည်းစုဖြစ်နေတဲ့အတွက် ကွဲပြားတဲ့ ယဉ်ကျေးမှုတွေ ရှိနေပြီးတော့ ဗုဒ္ဓဘာသာတွေပဲ ၀ိုင်းရံထားတဲ့ ဒီနေရာဒေသမှာ ဘုရားအကြောင်းသတင်းစကားပြောရတာ တကယ့်ကို ခက်ပါတယ်၊ တခုပဲနည်းလမ်းရှိတာက အပြန်အလှန်ဆွေးနွေးမှုမှတဆင့်ပဲ ဖြစ်နိုင်မယ်” ဟု ဘိရှော့အသိုင်းက ပြောသည်။


ယခုလိုပြောကြားမှုကို UCA ၏ သတင်းစာမျက်နှာတွင် ဖော်ပြထားခြင်းဖြစ်သည်။ ကရင်နီပြည်ရှိ လွိုင်ကော်ကက်သလစ်သာသနာတွင် ဘုန်းကြီးတပါးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသည့် အသက် ၅၂ ရှိပြီဖြစ်သော ဘီရှော့အသိုင်းသည် တောင်ကြီးမြို့ စိန်ဂျိုးဇက် ဘုရားကျောင်းတွင် ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ရက်နေ့က ဘီရှော့တာဝန် အပ်နှင်းလွဲပြောင်းခြင်းခံခဲ့ရသည်။


အဆိုပါ လက်ထောက် ဘီရှော့တာဝန် အပ်နှင်းခြင်း အခမ်းအနားကို ဘန်ကောက် ကက်သလစ်သာသာနာမှ မြန်မာပြည်သို့ တာဝန် အပ်နှင်းခြင်းခံရသည့် ဘီရှော့ Salvatore Pennacchioက ၀တ်ပြုပွဲကို ဦးဆောင်ခဲ့သည်။ တောင်ကြီးမှ ဘိရှော့ မတ်သိုင်းဦးရွှေ မန္တလေးမှ ဘိရှော့Paul Zinghtung Grawng နှင့် ရန်ကုန်မှ ဘိရှော့ချားလ်စ်ဘို အပါအ၀င် အခြားရာထူးကြီး ဘုန်းတော်ကြီး ၁၃ ဦးနှင့် ကက်သလစ်ဘုန်းကြီး ၂၂၀ ဦး၊ ဘရာသာနှင့် စစ္စတာပေါင်း ၁၅၀ ဦးနှင့် ပရိသတ် ၂၅၀၀ ကျော်သည် ၄င်းဝတ်ပြုပွဲသို့ တက်ရောက်ခဲ့သည်။


အသက် ၆၄ နှစ်ရှိပြီး နာမကျန်းဖြစ်နေသည့် ဂိုဏ်းချုပ် ဘုန်းတော်ကြီး ဘီရှော့ရွှေ၏ တာဝန်များကို တာဝန်ယူဆောင်ရွက်ရတော့မည့် လက်ထောက်ဘိရှော့သစ် အသိုင်းက တောင်တန်းဒေသရှိ အသင်းသူ၊သားများအား လိုက်လံ လည်ပတ်၍ အားပေးဖို့ဆိုသည်မှာ အလွန်ခက်ခဲပြီး ဘုရားကျောင်းမှာလည်း လူအင်အားနည်းသည်ဟု ဆိုပါသည်။


တောင်ကြီး ကက်သလစ် သာသနာဂိုဏ်းချုပ်သည် ရှမ်းပြည်တောင်ပိုင်းတွင် တည်ရှိပြီး ၁၉ ရာစုအစောပိုင်းအတွင်း (PIME) သာသနာပြုအဖွဲ့က ကယန်းလူမျိုးများကို စတင်သာသနာပြုခဲ့သည့် နေရာဖြစ်သည်။ ထိုနေရာဒေတွင် ရှမ်းနှင့် ပအိုဝ့် လူမျိုးများအများစု တည်ရှိရာနေရာဖြစ်သည်။


“ပထမဆုံး ကျနော့်ရဲ့ ရည်ရွယ်ချက်ကတော့ ခိုင်မာတဲ့ယုံကြည်ခြင်းကို ကျနော်တို့လူမျိုးအသိုင်းအ၀ိုင်းကြား ဖွံ့ဖြိုးလာစေဖို့ ပြီးတော့ ကောင်းမွန်တဲ့ နမူနာတွေပြပြီးတော့ သူတို့လည်း သခင်ယေရှုရဲ့ သတင်းကောင်းတွေကို သိလာမယ်ဆိုတာပါပဲ” ဟု ဘိရှော့ကပြောပါသည်။


ဂိုဏ်းချုပ်ဘုန်းတော်ကြီး ဘိရှော့ရွှေက ဘုရားသခင်က ၎င်းအား အမွေဆက်ခံသူအဖြစ်ပေးထားတာဖြစ်ပြီး သူ၏ လက်ထောက်နှင့်လည်း ရှေ့ဆက်အလုပ် အတူတူလုပ်သွားရန် မျှော်လင့်သည့်အကြောင်း UCA သတင်းကို ယခုလိုပြောသည်။


“ကျနော်ဟာအခု ကျန်းမာရေးလည်း မကောင်းသလို ခရစ်ယာန်အသင်းတော်ရှိတဲ့ နယ်မြေတွေအားလုံးကို လိုက်လံမကြည့်ရှုနိုင်တဲ့အတွက် ဘိရှော့အကူ တာဝန်ယူမယ့်သူဟာ ဘုရားကျောင်းထဲက ဘုရားဝတ်ပြုခြင်းနဲ့ ဆိုင်တဲ့တာဝန်တွေအပြင် ထိန်းကျောင်းမှုဝတ္တရားနဲ့ ပတ်သက်တဲ့ခရစ်ယာန်အသင်းဝင် ခွင့်ပြုခြင်းကိစ္စတွေနဲ့ အခြားသာသာနာ အလုပ်တွေကို ကူညီလုပ်ကိုင်မှာဖြစ်တယ်”


တောင်ကြီး စိန်ဂျိုးဇက် ဘုရားကျောင်းမှ ဖာသာ ပီရို ထွန်းရွှေသာက “ဒီနယ်မြေဒေသမှာ ကက်သလစ်တွေဟာ လူနည်းစုဖြစ်ပြီး အလွန်ဆင်းရဲကြတယ်၊ အများအားဖြင့်သူတို့ဟာ တောင်ပေါ်တွေမှာနေကြတယ်၊ ပြီးတော့သူတို့နေတဲ့နေရာက လမ်းပန်းဆက်သွယ်ရေးက အလွန်ခက်ခဲတဲ့နေရာဖြစ်တယ်” ဟု ပြောသည်။


စေတမန် စိန်တရီးဇာကျောင်းမှ စစ္စတာ ဒေါမနစ် ဖဲန်ကလည်း နောက်လိုက်သူအသစ်များကြောင့် သာသနာကြီးမားလာမည်ဟု မျှော်လင့်ကြောင်း ထုတ်ဖေါ်ပြောကြားခဲ့သည်။ စေတမန် အသင်းတော်မှ ယုံကြည်လာသူများက ဘိရှော့အကူအညီဖြင့် ဘုရာကျောင်းမှ ဝေးလံခေါင်းပါးသည့်နေရာများသို့ ရောက်ရှိအောင်လည်း ကူညီသွားမှာဖြစ်သည်ဟု ဆိုသည်။


ဘိရှော့ အသိုင်းသည် ၁၉၅၆ခုနှစ် ဇူလိုင်လ ၂၂ရက်နေ့တွင် ကရင်ပြည်နယ် တောင်ငူမြို့တွင် မွေးဖွားခဲ့သည်။ ၁၉၈၄ခုနှစ် ဧပြီလ၁ရက်နေ့ တွင် သိက္ခာတော်ဘွဲ့အပ်နှင်းခြင်းခံရပြီး ဖယ်ခုံမြို့တွင် လက်ထောက်ဘုန်းတော်ကြီးအဖြစ် ၂နှစ် သာသနာထမ်းဆောင်ခဲ့ကာ တောင်ကြီး ကက်သလစ်ဘုရားကျောင်းတွင် ၂နှစ်ဆက်လက်ထမ်းဆောင်ခဲ့သည်။ ပြီးနောက် ၁၉၈၈ ခုနှစ်တွင် ပြင်ဦးလွင် စိန်မေရီကျောင်းတွင် ဒသနိက ဗေဒဘာသာရပ် ပရော်ဖက်ဆာအဖြစ် ခန့်အပ်ခြင်းခံခဲ့ရပြီး ရောမမြို့တွင်ပညာတော်သင်သွားခဲ့သည်။ ပညာတော်သင်မှပြန်လာအပြီးတွင် လွိုင်ကော် ကက်သလစ်သာသနာ လက်အောက်ရှိ နာနတ်တောသာသနာဂွင်တွင် ဘုန်းကြီးအဖြစ် တာဝန်ယူထမ်းဆောင်ခဲ့သည်။ ၂၀၀၅ခုနှစ်ကစပြီး သူသည် တောင်ကြီးရှိ စိန်မိုင်ကယ် အသင်းကြီးများတွင် သာသနာဦးဆောင်ခဲ့သည်။

၂၀၀၈ခုနှစ် ကက်သလစ်သာသနာ စာရင်းပြုစုချက်အရ လူဦးရေ ၁ဒသမ၅ မီလီယံရှိသည့်အနက် တောင်ကြီးကက်သလစ်ဘာသာဝင်မှာ ၇၃၅၀ဦးရှိသည်။ ဘုန်းကြီး ၂၉ဦး၊ သသာနာပြု စစ္စတာ ၆၆ဦး၊ ဘရာသာ ၂၂ဦး၊ စေတမန်၃၃ဦးနှင့် အခြားသာသနာလုပ်ငန်းလုပ်ဆောင်သူ ၂၇ဦးတို့မှ ၄င်းအသင်းတော် ၁၁ခုနှင့် အသင်းခွဲ ၇ခုကို ကြည့်ရှုလျက်ရှိပါသည်။



http://www.ktimes.org/index.php?option=com_content&view=article&id=204:-basilio-athai-&catid=1:latest-news&Itemid=50

Jan 5, 2009

မိုးသောက်ကြယ်

လွိုက်ကော်သာသနာမှ ထုတ်ဝေသော မိုးသောက်ကြယ် (ဂျူလိုင် - စက်တင်ဘာ)
Morning Star of Evangelization No76

Jan 2, 2009

မေတ္တာရှင်ရ့ဲ့ စမ်းလန်းခြင်း


မေတ္တာရှင်ရဲ့ စမ်းလန်းခြင်း

လောကကြီးမှာ တစ်ချိန်တစ်ခါက ကိုယ်လုံးဝမှန်တယ်လို့ ထင်ခဲ့တဲ့ အချက်တွေဟာ နောက်ပိုင်းမှာ အတိအလင်းကြီးကို မှားယွင်းနေတတ်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက အချက်တွေနဲ့ တောင်မှ ယခုခေတ်ရဲ့ သီအိုရီတွေဟာ ကွဲလွဲ ကြပါတယ်။ ဒီလို အချက်တွေကြောင့်လဲ ရှေးလူတို့ရဲ့ ယုံကြည်ချက်တွေဟာ ရယ်စရာ၊ ဟာသများဖြစ်ခဲ့ရပါတယ်။ အချို့လူတွေလဲ သူတို့ရဲ့ ပီပြင်မှုမရှိတဲ့ ယုံကြည်ရာ ကိုးကွယ်မှုတွေကို စွန့်လွှတ်ကြပါတယ်။

အချို့လည်း သိပ်ပြီး မစဉ်းစားကြပဲနဲ့ ဆက်လက် လက်ကိုင်ပြုကြပါတယ်။ ဘယ်လို ပဲဖြစ်ဖြစ် အရင်တုန်းက လူတွေရဲ့ အသိဥာဏ်ဖွံ့ဖြိုးမှုနဲ့ ယခုခေတ် လူတွေရဲ့ အသိဥာဏ်ဖွံ့ဖြိုးမှုတွေဟာ ကွာခြားလွန်းတာကြောင့် ယခင်လူတွေလက်ခံခဲ့တဲ့၊ သူတို့ယုံကြည်ခဲ့တဲ့၊ သူတို့ တွေးတောခဲ့တဲ့ ဇာတ်လမ်းတွေ၊ အယူဝါဒတွေဟာ သဲထဲရေသွန်သလိုဖြစ်ပြီး ပြတိုက်ကို ရောက်သွားကြပါတယ်။ ထင်ရှားတဲ့ စာရေးဆရာတစ်ယောက်က ဆိုထားပါတယ်။

လောကကြီးမှာ ဒဿန တွေဟာ မှေးမှိန် သွားတတ်ပြီး၊ သဘာဝကတော့ အမြဲပဲစိမ်းလန်းနေပါတယ်တဲ့။ ဟုတ်ပါတယ် မိတ်ဆွေ ခေတ်အဆက်ဆက်မှာ ရေပန်းစားလာခဲ့တဲ့ ဒဿနတွေဟာ နောက်ခေတ်လူတွေရဲ့ လက်ခံမှုကို မရရှိကြပါဘူး။ ဒီလိုနဲ့ ဒီ အတွေးခေါ်တွေဟာ ဟောင်းနွမ်းတဲ့ မြေအိုးကြီးများသဖွယ် စွန့်ပစ်ခြင်းကို ခံကြရပါတယ်။ ဒါပေမဲ့ မိတ်ဆွေ တွေးခေါ်မှုရဲ့ အစမူလ သဘာဝတရားကြီး ကတော့ အမြဲတမ်း စိမ်းလန်းနေလျှက်ပါ၊ သာယာနေလျှက်ပါ၊ ရပ်တည်နေဆဲပါ မိတ်ဆွေ။

ဒီသဘာဝတရားကြီး တည်ရှိနေခြင်းဟာ ဘာကိုပြပါသလဲ။ မိတ်ဆွေ သိပြီး သားဖြစ်မှာပါ။ ဒီသဘာဝ တရားကြီးဟာ ဘုရားရှင်ရဲ့ တည်ရှိခြင်းကို ပြနေပါတယ်။ ကိုယ်တော်ရှင် ဖန်ဆင်းတော်မူသော လောကကြီး တည်ရှိနေခြင်းဟာ ဘုရားရှင် တည်ရှိနေခြင်းဖြစ်ပါတယ်။ ဘာဖြစ်လို့ အတွေးအခေါ်တွေ၊ ၀ါဒတွေဟာ ပြောင်းလဲ ပျက်စီးပြီးတော့ သဘာဝတရားကြီးကတော့ စိမ်းလန်းလျှက်တည်ရှိနေပါသလဲ။ ရှင်းရှင်းလေးပါ မိတ်ဆွေ။ လူတွေ လုပ်ထားတာနဲ့ ဘုရားရှင် ဖန်ဆင်းထားတာဖြစ်လို့ပါပဲ။ လူတွေလုပ်ထားတဲ့ဟာတွေ၊ လူတွေ တွေးခေါ်ထားတဲ့ သီအိုရီတွေဟာ ထာဝရ မမှန်ကန်နိုင်ပါဘူး။ လူဆိုတဲ့အရာကိုက အားနည်း တတ်တဲ့၊ ယိမ်းယိုင်တတ်တဲ့ သတ္တ၀ါ ဖြစ်လို့ပါပဲ။ မျက်ကန်းဟာ မျက်ကန်းကို လမ်းပြလို့ မရပါဘူးလို့ ကိုယ်တော်ရှင် ကိုယ်တိုင် မိန့်ဆိုထား ပါတယ်။ မိမိကိုယ်၌ ကိုက အားနည်းနေတဲ့၊ မတည်မြဲတဲ့သတ္တ၀ါ ကတွေးခေါ် ထားတဲ့ အတွေးအခေါ်ဟာ ထာဝရ မတည်မြဲ နိုင်ပါဘူး၊ ဒါဆိုလောကကြီးကော ဘာဖြစ်လို့ ထာဝရစိမ်းလန်း နေရပါသလဲ။ ရှင်ရှင်းလေးပြောရရင်တော့ ဘုရားခင် ဖန်ဆင်းထားလို့ပဲ ဖြစ်ပါတယ် ။

လောကကြီးတစ်ခုလုံးဟာ ဘုရားသခင်ရဲ့ တည်မြဲခြင်းပေါ်မှာ မူတည်နေတာကြောင့် မပြောင်းမလဲ တည်ရှိခြင်းဖြစ်ပါတယ်။ လောကမှာ ၀ါဒတွေ အမျိုးမျိုးပေါ်ခဲ့ ကြပါတယ်။ ခေတ်တွေ ပြောင်းခဲ့ကြပါတယ်။ ဒါပေမဲ့ မိတ်ဆွေ၊ ဘုရားရှင်ကတော့ လုံးဝ မပြောင်းလဲပါဘူး။ လောကရဲ့ အာဏာရှင် ကြီးတွေ၊ လောကရဲ့ဝါဒတွေ၊ ကွန်မြူနစ်တွေ၊ ဆိုရှယ်လစ်တွေ၊ ရာစုနှစ်အကုန်မှာ ပြတိုက်ထဲက အရိုးစုတွေက ပြောလို့သာ သိကြရပါတော့တဲ့အချိန် ရောက်လာပါ လိမ့်မယ်။ ဘုရားရှင်ကို မည်သူ အန်တုနိုင် မည်နည်းဆိုတဲ့ သိကြားမင်းရဲ့ကြွေးကြော် သံဟာသိပ်ကိုမှန်ပါတယ်။ သင်ရောဘုရား ရှင်ကပေးတဲီ့းနှောက်ကလေးနဲ့ ဘုရား ရှင်ကိုအန်တုချင်ပါသလား။ မိတ်ဆွေ မသေခင် စစ်မှန်တဲ့ ဘုရားရှင်ကို သိသွားပါလိမ့်မယ် မိတ်ဆွေ။ အန်တုသူတို့ကခေတ် အဆက်ဆက်မှာကျန်ခဲ့ပါတယ် ကိုယ်တော်ရှင် ကတော့ကမ္ဘာကြီးကိုဆက်လက် လွှမ်းမိုးလျှက်ပါမိတ်ဆွေ။ ကိုယ်တော်ရှင်မှာ လက်နက်တွေ၊ စစ်တပ်တွေမရှိပါဘူး။ မေတ္တာသာရှိပါတယ်။ ကိုယ်တော်ရှင်မှာ မေတ္တာသာရှိပါတယ်။ ဒီမေတ္တာကြောင့်ပဲ အရာရာဟာ ထာဝရစိန်းလန်းနေရခြင်းဖြစ် ပါတယ် မိတ်ဆွေ။


-ဝေလီ -