Jul 5, 2010

ကျမ်းစကားများနှင့်အားယူခြင်း


ကျမ်းစကားများနှင့်အားယူခြင်း

"ငါတို့ ဟောပြောသော ဘုရားသခင်၏ နှုတ်ကပတ်တရားကို သင်တို့ ခံယူကြသောအခါ လူ၏ နှုတ်ထွက်စကားကို မခံမယူဘဲ၊ ဘုရားသခင်၏ နှုတ်ကပတ်တော် အမှန်ဖြစ်သည်နှင့်အညီ ယုံကြည်ခြင်းသို့ရောက်သော၊ သင်တို့အထဲ၌ ပြုပြင်သော ဘုရားသခင်၏ နှုတ်ကပတ်တရားကို ခံယူကြသည့် အကြောင်းအရာကို ငါတို့သည် ထောက်၍၊ ဘုရားသခင်၏ ကျေးဇူးတော်ကို အစဉ်မပြတ် ချီးမွမ်းကြ၏" (ပ သက်၂း၁၃)။

"ရတ်ချက်ဝမ်းဘရန့်"ဆိုသူသည် ကွန်မြူနစ်တို့၏ အကျဉ်းထောင်အတွင်း၌ ထောင်ဒဏ်(၁၄)နှစ်ကြာ ကျခံနေရခဲ့စဉ် အကျဉ်းသားသစ် "အဲဗရန့်"ဆိုသူ ရောက်လာသည့်နေ့ကို သူပြန် သတိရနေသည်။ အဲဗရန့်သည် ဒဏ်ရာရလာပြီး အစောင့်များ ထွက်သွားသည့် အခါ သူ့ရင်ဘတ်အတွင်းမှ အလွန်သေးငယ်သော စာအုပ်လေးတစ်အုပ်ကို ဆွဲထုတ်လိုက်သည်၊ ပြီးသည်နှင့် ယင်းစာအုပ်ငယ်လေးကို ဖတ်တော့သည်၊၊ အခန်းတွင်းရှိ အခြားအကျဉ်းသားများ အားလုံးက သူ့ကို စိုက်ကြည့်နေသည်။ အဘယ့်ကြောင့်ဆိုသော် အကျဉ်းသားများသည် စာအုပ်ဆိုသည့်အရာကို မမြင်ဖူးကြသည်မှာ နှစ်အတော်ကြာခဲ့ပြီ ဖြစ်၏။ ယင်းစာအုပ်ငယ်လေးသည် သမ္မာကျမ်းစာ ဖြစ်သည်။ အဲဗရန့်ကလည်း သူအဖမ်းခံရချိန်၌ ယင်းစာအုပ်ငယ်ကို မနည်း ကြိုးစား၍ ဖွက်ခဲ့ရသည်၊ ရင်ဘတ်အတွင်း၌ ဖွက်နိုင်ခဲ့သည်။

ထိုနေ့မှစ၍ အလွန်တန်ဖိုးရှိသော၊ ရတနာသဖွယ်ဖြစ်သည့် စာအုပ်လေးကို တစ်ယောက်ပြီးတစ်ယောက်၊ တစ်လက်ပြီးတစ်လက် ပြောင်း၍ ဖတ်ခဲ့ကြသည်။ မည်မျှ ဖတ်ခဲ့ကြသနည်းဆိုလျှင်၊ အကျဉ်းသား အားလုံး အလွတ်နီးပါးရသည်အထိ ဖြစ်ခဲ့၏။ နေ့စဉ်လည်း တရားဆွေးနွေး ဖြစ်ကြသည်။ ခွန်အားသစ်များစွာ ရရှိခဲ့ကြလေသည်။

သမ္မာကျမ်းစာကို မိမိတို့ကိုယ်တိုင် နားလည်သဘောပေါက်မှုနှင့် နေ့စဉ်တရား ကျင့်ကြံခဲ့ခြင်း၏ အကျိုးသက်ရောက်မှုသည် မည်မျှ အစွမ်းထက်ပါသနည်း။

"ဘုရား၏ နှုတ်ကပတ်တော်များ ရေးထားသည့် စာအုပ်သည် စာအုပ်တစ်အုပ်မဟုတ်၊ သက်ရှိစွမ်းအင်တစ်ခု ဖြစ်သည်" (နပိုလီယံဘိုနာပတ်)


REF: Mark, Link.SJ.

ခရစ်ဂျိုးဇက် (ကန်တော်မြေ)


No comments: