Jul 4, 2010

လျှာဒုစရိုက်

လျှာဒုစရိုက်
(ယာ ၁း၂၆)

သေးငယ်သော်ငြား
သူအင်အားက မြို့ရိုးကျုံးပတ်
ကာရံထပ်၍

စစ်သည်ထောင်၊သောင်း
အင်အားကောင်းလည်း
မွမွကြေအောင်လည်း
သူစွမ်းဆောင်၏။

သေးငယ်သော်ငြား
သူ့အင်အားက
မေတ္တာချစ်ခြင်း
ပျက်ယိုယွင်း၍
အမုန်းသိုဝှက်
ရန်ငြိုးဖက်အောင်
သူစွမ်းဆောင်၏။

သေးငယ်သော်ငြား
သူ့အင်အားက
စည်းလုံးညီကြောင်း
အင်အားပေါင်းစု
ဖြတ်ထုခွဲချေ
ဝါးစည်းပြေအောင်
သူစွမ်းဆောင်၏။

ငယ်ပင်ငယ်ငြား
သူ့အင်အားသည်
မုသားပင်လယ်
အဏ္ဏ၀ါကျယ်ကို
မှီတွယ်အားစု
ခံတပ်ပြု၏။

မြေကြီးသား(တွတ္တမူ)


No comments: