Jun 19, 2008

စိန်ဂျိုးဇက် ဘုရားကျောင်း


စိန်ဂျိုးဇက် ဘုရားကျောင်း (လဖုံးကျောင်း)


ငယ်ငယ်တုန်းက တခြားဘုရားကျောင်းကလူတွေနဲ့ စကားခြင်းအနိုင်ပြောကြရင် ကိုယ့်ဘုရားကျောင်း ဘယ်လောက်လှကြောင်းငြင်းကြတယ်။ (အခုလည်းမထူးပါဘူး၊ ကြုံရင်ငြင်းတုန်းပါဘဲ။) ပြောလို့ပြောတာမဟုတ်ဘူး။ ကျွန်တော်တို့ ဘုရားကျောင်းကတော်တော်လှတာ။ မြန်မာနိုင်ငံမှာ ဒီလိုကျောင်းတစ်ကျောင်းဘဲရှိတယ်။ (အပိုပြောတာမဟုတ်ဘူးနော်) တခြားကျောင်းတွေက ကြီးရင်သာကြီးကြလိမ့်မယ်။ ဒီလောက်တော့ ဗိသုကာ လက်ရာမမြောက်ဘူး။

ကျွန်တော်တို့ဘုရားကျောင်းက မနလေးက စိန်ဂျိုးဇက်ဘုရားကျောင်း (ဖာသာလဖုံးကျောင်း)လို့လဲခေါ်တယ်။ မနလေးအထင်ကရနေရာထဲမှာ တစ်ခုအပါအ၀င်ဘဲ။ (နည်းနည်းပိုထားသည်) လှမှာပေါ့ ပြင်သစ်စတိုင်ဆောက်ထားတာ။ လူကြီးတွေပြောတာတော့ ပြင်သစ်ပြည်မှာ ရှိတဲ့ ဘုရားကျောင်းနဲ့ ပုံစံတူဆောက်ထားတာတဲ့။

ဘုရားကျောင်းရဲ့ ဘေးပတ်လည်မှာ ရဟနာတွေရဲ့ ဆင်းတုတွေ အပြည့်ဘဲ။ ရှေ့မျက်နှာမှ အောက်ခြေကစရင် တမန်တော်ကြီး (၁၂) ပါးရဲ့ လူတစ်ရပ်စာလောက်ရှိတဲ့ ဆင်းထုတော်တွေ တစ်ဘက် (၆) ပါးစီတွေ့ရလိမ့်မယ်။ အဲဒီအပေါ်မှာ ဘယ်ဘက်မှာ သခင်ယေဇူး ကလေးများနှင့် အတူ တရားဟောနေတဲ့ခရစ်ဝင်ခန်းရှိမယ်၊ ညာဘက်မှာဆို သခင်ယေဇူးကို ကျောင်းတော်တွင် မယ်တော်နှင့် သံဇူဇယ်တွေ့မြင်တဲ့ ခရစ်ဝင်ခန်းရှိတယ်။ အဲဒီအပေါ်မှာ ယေဇူးရွှေနှလုံးတော်ကျောင်းဆောင်လေးနဲ့ မယ်တော်၏နှလုံးတော်ကျောင်းဆောင်လေး တစ်ဘက်တစ်ချက်စီမှာရှိတယ်။ အလယ်ဝရံတာလေးရဲ့အောက်မှာ သကြားတမန်တွေတူရိယာတွေနဲ့ သီချင်းဆိုနေတဲ့ ရုပ်ထုတွေတွေ့ရလိမ့်မယ်။ တရုပ်ကျောင်းဆိုတော့ တရုပ်လိုတွေရှေ့မှာ ရေးထားတယ်။ ဘာတွေ ရေးထားတာလဲတော့ ကျွန်တော်လဲမသိဘူး။ (ဟီးဟီး) ဗိသုကာလက်ရာကတော့ တော်တော်လက်ရာမြောက်တာ။
အတွင်းမှာဆိုလဲ မှန်ပန်းချီတွေရှိတယ်။ ကြာတော့လဲ ဒီမှန်ပန်းချီတွေ ပျက်စီးလာတယ်။ မှန်တွေကွဲတာတို့ဘာတို့ဖြစ်လာတယ်လေ။ ပြုပြင်မွန်းမံဖို့တော့လိုနေပြီလေ။
ငယ်ငယ်တုန်းကဆို နိုင်ငံခြားသားတွေ ဒီဘုရားကျောင်းကို အုပ်စုလိုက်လာလာကြည့်ကြတယ်။ အဲဒါကြောင့်ပြောတာ မနလေးအထင်ကရနေရာထဲမှာ တစ်ခုပါတယ်ဆိုတာ။ နောက်မှ သမိုင်းကြောင်းလေးဘာလေးဖော်ပြပေးမယ်။ ကျွန်တော့မှာလည်း အခုဘာအချက်အလက်မှ မရှိဘူး။ ဘယ်တုန်းကဆောက်တာလဲ တောင်မသိတော့ဘူး။ (ဟီးဟီး)

အပိုတွေမပြောတော့ပါဘူး။ ဓါတ်ပုံတွေသာ ကြည့်လိုက်ကြပါတော့...






ဒီပုံကတော့ http://blog.mghla.com ဘလော့ကနေယူထားတာပါ။





Jun 10, 2008

သေဘာတူလား


သေဘာတူလား

ယနေ့ကမ္ဘာမှာ၊၀ိရောဓိတွေများလာတယ်

လမ်းတံတားတွေရှည်လျားလာပေမဲ့၊ စိတ်ထားတွေတိုဝင်နေတယ်

မြင်ကွင်းတွေကျယ်လာပေမဲ့ အမြင်တွေကျဉ်းနေတုန်းပဲ

ပိုင်ဆိုင်မှုတွေများလာပေမဲ့တန်ဘိုးတွေကျဆင်းနေတယ်

စကားတွေအများကြီးပြောကြပေမဲ့၊ မေတ္တာတရားခေါင်းပါးလာတယ်

လကမ္ဘာကပြန်ခဲ့ပေမဲ့၊ အိမ်နီးချင်းဆီမသွားမိဘူး

စားစရာတွေပေါများလာပေမဲ့၊ အဟာရတွေနည်းပါးနေတယ်


ဝင်ငွေမြင့်တက်လာပေမဲ့၊ စာရိတ္တနိမ့်ကျလာတယ်


တိုက်ကြီးတွေဆောက်ကြပေမဲ့၊ မိသားစုတွေပြိုကွဲနေတယ်


ကမ္ဘာ့ငြိမ်းချမ်းရေကြိုးပမ်းရင်း၊ အိမ်တွင်းမှာတိုက်ပွဲဖြစ်နေတယ်


ဒြပ်စင်တွေကိုခွဲစိတ်ကြပေမဲ့၊ အစွဲတွေကိုမပယ်နိုင်နေသေးဘူး


အရည်အတွက်များလာပေမဲ့၊ အရည်အချင်းနည်းသွားတယ်


အာကာသကိုအစိုးရပေမဲ့၊ ရင်ထဲမှာမငြိမ်သက်ဘူး


လေထုသန့်စင်အောင်ကြိုးပမ်းနေပေမဲ့၊ ၀ိညာဉ်ဟာညစ်နွမ်းနေတယ်


ဘ၀ထဲကိုသက္ကရာဇ်တွေပေါင်းထည့်ခဲ့ပေမဲ့၊ အခုသက္ကရာဇ်မှာဘ၀မရှိဘူး။



ကဲ...ဒီထဲမပါအောင်
သင်နဲ့ကျွန်ုပ်၊ တစ်ခုခုတော့လုပ်မှဖြစ်မယ်
သဘောတူလား...



Jun 9, 2008

အတ္တ၀ါဒ

အတ္တ၀ါဒ

ငါလိုချင်တာ ... အချစ်
ငါပေးဆပ်တာ ... အမုန်း
ငါနှစ်သက်တာ ... အပြုံး
ငါတုန့်ပြန်တာ ... အမဲ့
ပိုင်ဆိုင်ချင်တာ ... နှစ်သိမ့်မှု
ပြန်ရက်ရောတာဖြင့် ... သောက
မျှော်ကိုးနေတာ ... စေတနာ
ပေးလိုက်တော့ ... ဝေဒနာ
စားချင်တာက ... ဆီအိမ့်အိမ့်
ကြွေးတုန်းဖြင့် ... ခါးတားတား
သောက်ချင်တာက ... ချိုမြိန်မြိန်
သူ့တိုက်တုန်းက ... ချဉ်စုတ်စုတ်
ပြန်လိုချင်လိုက်တာက ...တစ်သိန်း
ပေးလိုက်တာက ... တစ်ပြား
ပြည့်စုံချင်လိုက်တာ ...သုစရိုက်
ကျင့်ကြံနေတာ ... ဒုစရိုက်
ရောင်းချင်တာက ...ခုလက်ငင်း
ဝယ်ချင်တာက ... နောင်ကြွေး
ရစရာရှိတော့ ... ငမ်းတမ်းတမ်း
ပေးစရာရှိတော့ ... နှေးတေးတေး
သူပြောလိုက်တော့ ... အမှန်တရား
သူလုပ်တာဖြင့် ... မဟာအမှား
ကြောက်စရာဝါဒ မဟာအတ္တသမား။

- တောဆိတ် -

Jun 5, 2008

မြန်မာ့ယဉ်ကျေးမှု့စတိုင်နှင့် ဘုရားကားများ


မြန်မာ့ယဉ်ကျေးမှု့စတိုင်နှင့် ဘုရားကားများ


တလောက အင်တာနက်ဆိုဒ်တစ်ခုမှာ မနလေး သာသနာရုံးခန်းတွင် ထားရှိသော မြန်မာ့ယဉ်ကျေးမှု့ပုံစံနှင့် အညီ ဆွဲသားထားသော ဘုရားကားများအား ဓါတ်ပုံရိုက်ပြီး ပြန်လည်ရောင်းစားနေတာတွေ့တော့ နည်းနည်းဒေါသဖြစ်သွားတယ်။ ကိုဘုန်းကြီးတွေတောင် ဒီလို လုပ်နေတာကို သိချင်မှသိမယ်။ စီးပွားရေးသမားတွေကတော့ ခွင်တွေ့သွားတယ်။
ဟိုတလောက ဘုရားပစည်းတွေရောင်းတဲ့ဆိုင်မှာ တရုပ်ယဉ်ကျေးမှု့ပုံစံ ဘုရားကားတွေတွေ့တယ်။ မယ်တော်က ကွန်အင်မယ်တော်လို ပုံစံပေါက်နေတယ်။ ဒီလိုပါဘဲ အခုဆို မိမိတို့ရိုးရာနဲ့အညီ ဘုရားပုံတော်တွေ ဆွဲကြ၊ ဆင်းထုတော်တွေကို လည်း ပန်းပုထုကြနဲ့ တွေ့လာရပါပြီ။ လက်မခံနိုင်စရာတော့မရှိပါဘူး (ကျွန်တော့အနေဖြင့်)။ ခုဒီမှာလည်း မယ်တော်ပုံ၊ သန့်ရှင်သော မိသားစုပုံနဲ့ သခင်ယေဇူးဖွားတော်မူခြင်း ပုံတော်တွေကို တင်ပေးလိုက်ပါတယ်။ သူများဆိုဒ်က ယူထားတာပါ။ ကြည့်ဘူးတယ်ရှိအောင်လို့ပါ။