May 27, 2009

World Communications Day ကမ္ဘာ့ဆက်သွယ်ရေးနေ့


World Communications Day ကမ္ဘာ့ဆက်သွယ်ရေးနေ့



ကမ္ဘာဆက်သွယ်ရေးတနင်္ဂနွေကို ၁၉၆၇ ခုနှစ်တွင် ရဟန်းမင်းကြီး ဆဌမမြောက် ပေါလူးမှ စတင်ခဲ့ပြီး နှစ်စဉ်ကျင်းပခဲ့ပါသည်။ ထိုသို့ ကျင်းပခြင်းဖြင့် ပုံနှိပ်ထုတ်ဝေရေး၊ ရုပ်ရှင်၊ ရေဒီယို၊ ရုပ်မြင်သံကြားနှင့် အင်တာနက်စသော ခေတ်မီဆက်သွယ်ရေး နည်းလမ်းများဖြင့် ဧ၀ံဂေလိတရားတော် ပျံ့ပွားရေးအတွက် အသင်းတော်မှ အသုံးချနိုင်ကြောင်း ဆင်ခြင်နိုင် ကြရန်ဖြစ်ပါသည်။ ဆက်သွယ်ရေး နည်းလမ်းများ၏ အရေးပါမှု့နှင့် လူသားတို့၏လူနေမှု့ ယဉ်ကျေးမှု့ဓလေ့ စရိုက်များ အပေါ်တွင် လွှမ်းမိုးနိုင်မှု့များကို တွေ့မြင်နားလည် သဘောပေါက်ခဲ့သဖြင့် အသင်းတော်အနေဖြင့် ဆက်သွယ်ရေးနည်းလမ်းများကို အရေးပေးစဉ်းစားနိုငရန် အားထုတ်ခဲ့ခြင်းဖြစ်ပါသည်။
ပုပ်ရဟန်း မင်းကြီးဆဌမမြောက်ပေါလူးသည် ဆက်သွယ်ရေး နည်းလမ်းများမှလူထုအပေါ် အပြုသဘော လွှမ်းမိုးနိုင်သကဲ့သို့ အဖျက်သဘော ဦးဆောင်မှု့ များပေးနိုင်ကြောင်းသတိပေး သိမြင်စေခဲ့ပါသည်။ ၂၀၀၉ခုနှစ် မေလ (၂၄) ရက်နေ့တွင် ကျရောက်သော (၄၃)ကြိမ်မြောက် ကမ္ဘာ့ ဆက်သွယ်ရေးနေ့အတွက် ထုတ်ဝေသော ပုပ်ရဟန်းမင်းကြီး ဘက်နာဒက်(ဒ်)၏ သ၀ဏ်လွှာကို အကျဉ်းချုံးဖော်ပြအပ်ပါသည်။
ယခုနှစ်အတွက် ဆောင်ပုဒ်မှာ ““လူမှု့ ဆက်ဆံရေးး နည်းလမ်း
အသစ်အဆန်းများ“ဖြစ်သည်။ လူသားတို့၏ တစ်ဦးနှင့်တစ်ဦး ရိုသေအလေးပေးမှု့၊ ပြောဆို ဆက်ဆံမှု့နှင့် မိတ်ဆွေရင်းခြာ သဟာယဖွဲ့မှု့တို့အတွက် ဆက်ဆံမှု့နှင့် မိတ်ဆွေရင်းခြာ သဟာယဖွဲ့မှု့တို့အတွက် နည်းပညာအသစ်အဆန်းများနှင ဆက်ဆံရေးနည်းလမ်း အသစ်အဆန်းများ ဖြစ်ပါသည်။
ကျွန်ုပ်တို့နေထိုင်နေသော ယခု ခေတ်အခါသည် ခေတ်ဖြစ်ပါသည်။ နည်းပညာများ မြန်သော အင်တာနက်၊ ကျွန်ပျူတာနှင့် တယ်လီဖုန်းဆက်သွယ်ရေး တိုးတက်ထွန်းကားမှု့များသည် လူမှု့ဆက်ဆံရေး နယ်ပယ်ကို များစွာ ပြောင်းလဲစေခဲ့ပြီ ဖြစ်ပါသည်။ ယင်းနည်းပညာ တိုးတက်မI့၏ အသီး အပွငများကို လူသားတို့၏ကောင်းကျိုးအတွက် အသုံးချရန်မှာ ယနေ့ခေတ်လူသားများ၏ တာဝန် ဖြစ်ပါသည်။ အထူးသဖြင့် ခေတ်နောက်ကျ နေသေးသော အဖွဲ့အစည်းများ၊ ဆင်းရဲ နွမ်းပါးသော အဖွဲ့ အစည်းများအတွက် အကျိုးပြုစေရန် ဆောင်ရွက်ရန် အလွန်ပင်လိုအပ် လျက်ရှိပါသည်။ ““သင်နှင့် နီးစပ်သော သူကို ကိုယ်ရှင်ကဲ့သို့ချစ်လော့”” (မာ ၁၂း ၃၀-၃၁)ဟု ခရစ်တော် မိန့်တော်မူခဲ့သည်နှင့် အညီ နည်းပညာတိုးတက်မှု့သည် လူသားတစ်ဦးနှင့် တစ်ဦးရိုသေလေးစားစွာ ဆက်ဆံမှု့ မိတ်သဟာယပြု ကူညီရိုင်းပင်မှု့များ အတွက်ဖြစ်စေရန် ကြိုးစားကြဖို့ တိုက်တွန်းအပ်ပါသည်။

အင်တာနက် စာမျက်နှာများပေါ်တွင် မိတ်ဆွေဖွဲ့ခြင်း ကွန်ယက်များ (Friendship Network) ပေါ်တွင်သာ အချိန် ကုန်နေခြင်းဖြင့် လက်တွေ့ဘ၀ လူမှု့ဆက်ဆံ ပေါင်းသင်းရေးများမှ ဝေးကွာသွားခြင်းမျိုး မဖြစ်စေရန်လည်း ဆင်ခြင်ကြရန် သတိပေးအပ်ပါသည်။ နည်းပညာများ မည်မျှပင် တိုးတက်ထွန်းကားစေကာမူ လူသားတို့၏ နှလုံးသားများသည် ခံစားတတ်မြဲပင်ဖြစ်၏။ ချစ်ခြင်းမေတ္တာ၏ အသီးအပွင့်များ ဖြစ်သော တစ်ဦးကိ တစ်ဦးအသိအမှတ်ပြုမှု့ နားလည်မှု့ ရိုသေလေးစားမှု့များကိ လူသားတို့တောင့်တနေဆဲဖြစ်၏။ သို့ဖြစ် ရိုသေလေးစားစွာ ဆက်ဆံမှု့များ တိုးတက်ရေအတွက် နည်းပညာအသစ်များကို အသုံးပြုနိုင်ကြစေရန် ကျွန်ုပ် (ပုပ်ရဟန်းမင်းကြီး)နှင့် အတူ ဆုတောင်းကြပါရန် တိုက်တွန်းအပ်ပါသည်။

No comments: