ရှေးခေတ်ကအမျိုးသမီးများအပေါ် အမျိုးသားများ၏ပြုမူဆက်ဆံမှုများ
မြန်မာစကားပုံတစ်ခုဖြစ်တဲ့ ဆူးပေါ်ကျဖက်ပေါက်၊ ဖက်ပေါ်ဆူးကျလည်း ဖက်ပေါက် ဆိုတဲ့အတိုင် အမျိုးသမီးများရဲ့ ဘ၀ဟာ ဖက်ပုံသဏ္ဍာန်ဆောင်လျှက် ရှိပါတယ်။ အထူးသဖြင့် ရှေးခေတ်က အမျိုးသမီးများဘ၀မှာ အလွန်ပင် သနားစရာ ကောင်းလှပါတယ်။ ရှေးခေတ်များတွင် အမျိုးသားများက အမျိုးသမီးများအပေါ် ပြုမူ ဆက်ဆံပုံများမှာလည်း အံ့သြစရာကောင်းလှပါတယ်။
ဘီစီ-၁၇၀၀က ဘာဘီလုံနှင့် နေရာတ၀န်း ကွာရှင်းပြတ်စဲခြင်းမှာ အမျိုးသားများရဲ့ လိုအင် ဆန္ဒပေါ်တွင် မူတည်ပါတယ်။ မိုးဇယ်မဖွါးမီ ခေတ်ကာလများက ဆိုရင် ခင်ပွန်းသည် အမျိုးသားများဟာ

ထိုကာလများဆိုလျှင် လူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းအနေနှင့် ယုံကြည်သည်မှာ အမျိုးသားတစ်ဦး အနေနှင့် ၎င်းင်း၏ ဘ၀အသက်တာ ကာလတစ်လျှောက်တွင် အမျိုးသမီးတစ်ဦးမက လိုအပ်သည်ဟု ယုံ ကြည်ကြကြောင်း၊ သို့ရာတွင် အမျိုးသမီးတစ်ဦးအနေနှင့် ကတော့ ၎င်းင်း၏ဘ၀အသက်တာ ကာလတစ်လျောက်တွင် အမျိုးသားတစ်ဦးသာ ထားရှိရန် ကန့်သတ်ထားပါတယ်။ ထို့အပြင် အမျိုးသမီး ဇနီးသည်တစ်ဦးသည် ခင်ပွန်းသည် အမျိုးသား၏ ကိုယ်ပိုင်ပစ္စည်းတစ်ခုအဖြစ် သတ်မှတ်ထားခြင်း ခံရပါတယ်။
ရှေးရောမခေတ် အခါကဆိုလျှင် နိုင်ငံရေးအကြောင်းပြချက်ဖြင့် ရည်မှန်းချက် မြင့်မားသော အမျိုးသားတစ်ဦးအနေနှင့် အကြိမ်ပေါင်းများစွာ လက်ထပ်နိုင်ပြီး အကြိမ်ပေါင်းများစွာ ကွာရှင်းပြတ်စဲ နိုင်ပါတယ်။ အမျိုးသမီးတစ်ဦးအနေနှင့် ၎င်းင်း၏ ခင်ပွန်းသည် ပိုင်ပစ္စည်းဖြစ်သည်သာမက ၎င်းင်း၏ ဖခင်ပိုင် ပစ္စည်းလည်း ဖြစ်ပါတယ်။ အဆိုးဆုံးမှာ ၎င်းင်း၏ ရင်သွေးငယ်များအား ခင်ပွန်းသည် အနေနှင့် ပိုက်ဆံလိုအပ်ပါက ရောင်းစားနိုင်ခြင်းပဲ ဖြစ်ပါတယ်။
ရောမအင်ပါယာ ပြိုကွဲသွားသည့် အခါတွင်တော့ အနိုင်ရရှိသွားသည့် ဥရောပရှိ ဂျာမန်လူမျိုးစုခေါ် Barbariansများ ယုံကြည်သည်မှာ အမျိုးသမီးများအနေနှင့် လက်ထပ်မည့် ခင်ပွန်းသည်ကို ရွေးချယ်ရန် အခွင့်အရေးမရှိကြောင်း၊ ၎င်းင်း၏ ဆွေမျိုးသားချင်း အမျိုးသားများက ရွေးချယ်သော သူကိုသာ လက်ခံပြီး လက်ထပ်ရကြောင်း သိရပြီး သတို့သားပေးသည့် သတို့သမီးအတွက် မင်္ဂလာကြေးများ အားလုံးကိုလည်း ဆွေမျိုး သားချင်းများကသာ ခွဲဝေယူကြပါတယ်။
ထိုအချိန်အခါက လူမှုရေးဖောက် ပြန်သည့် အမျိုးသမီး ဇနီးသည်များအား ၎င်းင်းတို့ ခင်ပွန်းသည် ယောင်္ကျားများက အကြမ်းတမ်းဆုံး အခက်ထန်ဆုံး အပြစ်ဒဏ်များကို ပေးခွင့်ရှိပါတယ်။ ခင်ပွန်းသည် အနေနှင့် ပြစ်မှုကျူးလွန်သည့် ဇနီးသည်၏ ဆံပင်ကိုဖြတ်ခွင့်ရှိပြီး မိသားစု၏ရှေ့တွင် အင်္ကျီဆုတ်ဖြဲကာ ရပ်ရွာ တစ်လျှောက်လမ်း လျှောက်စေပြီး တစ်ချိန်တည်းမှာပင် ကြိမ်ဒဏ်ပေးမှု ပြုပါတယ်။ ထိုသို့ အပြစ်ပေးရုံဖြင့် မကျေနပ်သေးပါက မိမိ၏ဇနီးသည်ကို သတ်ခွင့်ရှိသည်ထိ ဥပဒေက လိုက်လျောထားပါတယ်။
၆ရာစုနှင့် ၇ရာစုများက ဆိုလျှင် ချမ်းသာကြွယ်ဝသည့် အမျိုးသားများသည် ၎င်းင်းတို့ တတ်နိုင်သလောက် မိန်းမများယူခွင့် ရှိပါတယ်။ အမျိုးသားတစ်ဦး ၎င်းင်း၏ ဇနီးသည်(သို့) ဇနီးသည်များအပေါ် စိတ်ကုန်သွားပါက ထိုဇနီးသည် အားလုံးကို တချိန်တည်း ကွာရှင်းပြတ်စဲ နိုင်ပါတယ်။ ၁၈ရာစု အင်္ဂလန်နိုင်ငံတွင် အမျိုးသားတစ်ဦး အနေနှင့် ၎င်းင်း၏ ဇနီးသည်အား အခြားအမျိုးသား တစ်ဦးထံ ရောင်းချခြင်းဖြင့်စွန့်ပစ်နိုင်ကြောင်း ၁၇၇၂ ခုနှစ်က အင်္ဂလိပ်စာရေးဆရာ Thomas Handy ၏ ရေးသားချက်တွင် ခင်ပွန်းသည် ဇနီးအမျိုးသမီး၏ လည်ပင်းတွင် ခါးပတ်ကြိုးချည်၍ ၎င်းင်းအား ဈေးထဲသို့ ခေါ်ဆောင်သွားပြီး ကျွဲ နွား တိရိစ္ဆာန် တစ်ကောင်ကဲ့သို့ လေလံတင်၍ ရောင်းချနိုင်ကြောင်း တွေ့ရှိရပါတယ်။
၁၈၀၄ခုနှစ် ပြင်သစ်ဘုရင် နပိုလီယံ၏ ဥပဒေအရ အမျိုးသားတစ်ဦး အနေနှင့် ၎င်းင်း၏ ဇနီးအား ကွာရှင်း ပြတ်စဲလိုက်သော်လည်း ကလေးများ၊ အိမ်နှင့်ငွေ အားလုံးကို ယူထားနိုင်ကြောင်း၊ ထိုခေတ်အခါက ဇနီးသည် အမျိုးသမီးသည် သစ္စာ မရှိပါက ထောင်ဒဏ် နှစ်နှစ်ကျနိုင်ကြောင်း၊ သို့ရာတွင် အမျိုးသားသည် သစ္စာမရှိပါက အပြစ်ဒဏ်ခံယူရန် မလိုကြောင်း တွေ့ရပါတယ်။

မမာလာ(RVA)
No comments:
Post a Comment