Sep 24, 2010

တီးတိန်ဇုံသို့ ကက်သလစ်သာသနာ

တီးတိန်ဇုံသို့ ကက်သလစ်သာသနာ ရောက်ရှိလာခြင်း

၁၉၃၈ ခုနှစ်တွင် ချင်းပြည်နယ်မြောက်ပိုင်း၌ ကက်သလစ်ဘာသာဝင် မရှိသေးပါ။ ထိုစဉ်က တီးတိန်မြို့တွင် နယ်ပိုင်ဝန်ထောက်ဖြစ်သူ Mr. Thomson တစ်ဦးသာ ဘာသာဝင်ရှိခဲ့ပါသည်။ တွန်းဇန်မှ စော်ဘွားကြီး ဦးပုမ်ဇမန်သည် ကက်သလစ်ဘာသာ တီးတိန်နယ်သို့ ရောက်ရှိနိုင်ရန် တီးတိန်နယ်ပိုင်ဝန်ထောက်ဖြစ်သူ Mr. Thomson (အင်္ဂလိပ်)နှင့် ဆွေးနွေးခဲ့ကြပါသည်။ ဤအကြောင်းနှင့် ပတ်သက်၍ ချင်းဝိသေသတိုင်းမင်းကြီး Lt.Col. Burne ကလည်း သဘောတူခဲ့ပါသည်။

ထို့ကြောင့် ၁၉၃၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် နယ်ပိုင်ဝန်ထောက်ဖြစ်သူ Mr. Thomson က မန္တလေးမြို့ရှိ ဆရာတော်ကြီး Bp. Faliere ထံသို့ သာသနာတောင်းခံစာ ရေးသားပေးပို့ခဲ့ပါသည်။ ဤစာနှင့်ပတ်သက်၍ ၁၉၃၉ ခုနှစ်၊ မတ်လအတွင်း၌ Fr. Mainier ဆရာဦးဘမောင်၊ ဆရာဦးထွန်းရင်တို့နှင့်အတူ Bp.Failiere သည် နယ်မြေကို ကြိုတင် ကြည့်ရှုလေ့လာရန်အတွက် မြောက်ပိုင်း ချင်းပြည်နယ်သို့ ကြွမြန်းလာခဲ့ပါသည်။ Bp.Failiere နှင့်အဖွဲ့အား လိုင်လွီးရွာမှ Pa Lian Kho Vungh, Tg Suan Kho Pau, Tg Kam Cin Kham, Tg Vum Khan Pau (၇ နှစ်)နှင့် တွန်းဇန်မှ Pa Go Cin တို့သည် မြင်း(၅)ကောင်နှင့် ကလေးမြို့သို့ သွားရောက်ကြိုဆို ခဲ့ကြပါသည်။

Bp. Faliere သည် မတ်လ(၁၂)ရက်နေ့တွင် တီးတိန်မြို့၌ ပထမဦးဆုံး မစ္ဆားတရား ပူဇော်ခဲ့ပါသည်။ ထိုအချိန်တွင် ကက်သလစ်ဘာသာကို Pa Neng Zam (ဆိုင်းဇန်)မှ လက်ခံခဲ့ရာ မြောက်ပိုင်း ချင်းပြည်နယ်၏ ပထမဦးဆုံး တစ်ဦးတည်းသော ဘာသာဝင်သူဖြစ်ခဲ့ပါသည်။ Bp. Faliere နှင့်အဖွဲ့သည် တွန်းဇန်သို့ ခရီးဆက်ခဲ့ရာ ဆရာဦးဘမောင်နှင့် ဆရာဦးထွန်းရင်တို့အား သာသနာပြုရန် ထားခဲ့ပြီး ဓမ္မဆရာ သင်တန်းတက်ရန် တွန်းဇန်မှ U Hau Kho Kham နှင့် U Neng Kai တို့အား ခေါ်သွားခဲ့ပါသည်။

၁၉၃၉ ခုနှစ်၊ ဧပြီလကုန်ပိုင်းတွင် Bp.Faliere က ဆရာဦးဘမောင်နှင့် ဆရာဦးထွန်းရင်တို့အား ကြည့်ရှု စစ်ဆေးရန် Fr.Blivet နှင့် င်္ Fr. Collart တို့အား စေလွှတ်ခဲ့ပါသည်။ ၁၉၄၀ ခုနှစ်တွင် Bp.Faliere သည် မြောက်ပိုင်းချင်းပြည်နယ်တွင် ကက်သလစ် အသင်းတော် တည်ထောင်ရန် Fr.Mainier ဦးဆောင်သည့်အဖွဲ့ကို စေလွှတ်ခဲ့ပါသည်။ ထိုအဖွဲ့တွင် Fr.Blivet, Fr.Moses U Ba Khin ဓမ္မဆရာ U Hau Kho Kham နှင့် U Neng Kai တို့ပါဝင်ပါသည်။ ထိုအဖွဲ့သည် ၂၀-၁၂-၁၉၄၀ ရက်နေ့တွင် ကလေးမြို့သို့ ရောက်ရှိကြရာ ဆရာဦးဘမောင်နှင့် U Vungh Za Gin တို့က ကလေးမြို့သို့ မြင်း(၈)ကောင်နှင့် သွားရောက်ကြိုဆိုခဲ့ကြပါသည်။

ဒီဇင်ဘာလ(၂၃)ရက်နေ့တွင် တီးတိန်မြို့သို့ ရောက်ရှိလာကြပြီး တီးတိန်မြို့နယ်ပိုင်ဝန်ထောက် Mr. Thomson နှင့် တွေ့ဆုံခဲ့ကြပါသည်။ ဒီဇင်ဘာလ (၂၄)ရက်နေ့တွင် တီးတိန်မြို့၌ ကက်သလစ်ဘာသာကို စတင်တည်ထောင်ခဲ့ပါသည်။ ဒီဇင်ဘာလ(၂၃) ရက်နေ့တွင် တွန်းဇန်မြို့သို့ ခရီးဆက်ခဲ့ကြရာ Fr. Mainier သည် ခရစ္စမတ်ညဥ့်သန်းခေါင်ယံ မစ္ဆားကို အဦးဆုံးပူဇော်ခဲ့ပါသည်။ Fr. Blivet သည် ထိုအချိန်မှစ၍ တွန်းဇန်မြို့တွင် ကျောင်းထိုင်ခဲ့ပါသည်။

Bp.Faliere တွန်းဇန်မှအပြန်တွင် လိုင်လွီးရွာမှ Pa Sian Khan Thang (လိုင်ပြန်းဘာသာ တည်ထောင်သူ Pu Pau Cin Hau ၏ သား) နှင့် Pa Kam Cin Kham (လိုင်လွီးသာသနာ့အကျိုးဆောင် ဂေါပကလူကြီး Pa Lian Kho Zam ၏သား) တို့အား မန္တလေးမြို့ Fr.Lafon ကျောင်းတက်ရန် ခေါ်သွားပါသည်။

၁၉၄၁ ခုနှစ်၊ ဇန်န၀ါရီလတွင် Fr. Moses U Ba Khin သည် တွန်းဇန်မြို့တွင် ကျောင်းထိုင်ခဲ့ပြီး Fr. Blivet သည် လိုင်လွီးရွာတွင် ကျောင်းထိုင်ကာ တီးတိန်မြို့ကို အုပ်ချုပ်ခဲ့ပါသည်။ Fr. Blivet လိုင်လွီးရွာ၌ ကျောင်းထိုင်နေစဉ် ဆိုင်းဇန်ရွာမှ U Song Cin Pau သည် သာသနာ ရောက်ရှိနိုင်ရေးအတွက် လိုင်လွီးရွာသို့ သွားရောက်ခဲ့ပါသည်။ Fr. Blivet သည် U Suan Kho Pau ကို ဆိုင်းဇန်ရွာသို့စေလွတ်ခဲ့ရာ ၁၉၄၂ ခုနှစ်တွင် ဆိုင်းဇန်ရွာ၌ ကက်သလစ်ဘာသာ တည်ထောင်နိုင်ခဲ့ပါသည်။

ဒုတိယကမ္ဘာ စစ်ဖြစ်လာသည့်အခါ နှစ်ခြင်းခရစ်ယာန်ဘာသာဝင် သိက္ခာတော်ရ ဆရာတော် Mr. Nelson နှင့် တီးတိန်မြို့ဝန် Mr. Kelley တို့သည် Fr.Blivet အားစစ်ဘေးမှ အိန္ဒိယနယ်သို့ တိမ်းရှောင်ရန် စည်းရုံးရာ Fr. Blivet ကလက်မခံဘဲ ကျွန်ုပ်၏သိုးစုများနှင့် "သေတူရှင်တူနေအံ့" ဟုဆိုကာ လိုက်မသွားခဲ့ပေ။

၁၉၄၄ ခုနှစ်၊ မတ်လ(၁၄)ရက်နေ့တွင် ဂျပန်တပ် တီးတိန်မြို့သို့ ရောက်ရှိလာပါသည်။ ဂျပန်ဗိုလ်ချုပ်သည် Fr.Blivet အားလိုင်လွီးရွာမှ တီးတိန်မြို့သို့ခေါ်ယူကာ ဤသို့စစ်ဆေးခဲ့ပါသည်။ "ခင်ဗျား ဒီအရပ်မှာ ဘာလုပ်နေတာလဲ" ဟု မေးမြန်းရာ Fr. Blivet က "လောကီအရေးအတွက် အလုပ်လုပ်နေခြင်းမဟုတ်၊ လောကုတ္တရာအရေးအတွက်သာ ဤအရပ်၌ လာရောက်ရခြင်းဖြစ်ကြောင်း ပြောပြသောအခါ ဖမ်းဆီးခြင်း မပြုတော့ပေ။ ဤသို့ဆိုလျှင် မွေးရပ်မြေသို့ ပြန်သွားလိုပါသလားဟု ထပ်ဆင့်မေးမြန်ရာ "ကျွန်ုပ်၏ သိုးစုများနှင့်အတူတူနေအံ့" ဟုဆိုကာ မိမိ၏သိုးစု ဘာသာတူများအား မထားခဲ့ဘဲ အမှုတော် ဆက်လက်ထမ်းရွက်ခဲ့ပါသည်။ ထိုအခါ ဂျပန်စစ်ဗိုလ်ချုပ်ကြီးသည် Fr. Blivet အား ဂျပန်တပ်က ဒုက္ခပေးခြင်း မပြုရန် လက်မှတ်နှစ်စောင်ထုတ်ပေးခဲ့ပါသည်။ တစ်စောင်ကို Fr. Blivet က လည်ပင်းတွင်ဆွဲထားပြီး တစ်စောင်ကို မိမိကျောင်းရှေ့တွင် ကပ်ထားပါသည်။

၎င်းနှစ်မေလတွင် စစ်ဒဏ်ကြောင့် တွန်းဇန်ဘုရားကျောင်း မီးလောင်သွားခဲ့ရာ တွန်းဇန်မြို့ကျောင်းထိုင်ဘုန်းတော်ကြီး Fr. Moses သည် လိုင်လွီး ကျောင်းထိုင်ဘုန်းကြီး Fr. Blivet ကျောင်းတွင် ယာယီခိုလှုံခဲ့ပါသည်။

၁၉၄၄ အောက်တိုဘာလတွင် လိုင်လွီးရွာသို့ ဂျပန်တပ်များ ၀င်လာသဖြင့် အင်္ဂလိပ်တပ်မှ လိုင်လွီးရွာအား ဗုံးကြဲခဲ့ရာ လိုင်လွီးဘုရားကျောင်းမှာ ပြာကျခဲ့ရပါသည်။ Fr. Moses နှင့် Fr. Blivet တို့ မီးဘေးမှ ရှောင်တိမ်းထွက်ပြေးနေစဉ်လမ်းတွင် ဘုန်းကြီး၏လက်တွင်ကိုင်ထားသော ဆုတောင်း မေတ္တာစာအုပ်မှာ သေနတ်ကျည်ဆံမှန်၍ ဘုန်းကြီးနှစ်ပါး စလုံးမှာ ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိချေ။

၁၉၄၄ ခုနှစ်၊ ဒီဇင်ဘာလ စစ်ပြီးသောအခါ Fr. Moses တွန်းဇန်သို့ ပြန်သွားခဲ့ပါသည်။ ၁၉၄၆ ခုနှစ်တွင် Fr. Blivet သည် တွီးလန့်သို့ ပြောင်းရွှေ့ကျောင်းထိုင်ခဲ့ပါသည်။ ၁၉၄၆ ခုနှစ်တွင် Fr. Blivet သည် ဆိုင်းဇန်ရွာတွင် ကျောင်းထိုင်ပြီး တီးတိန်မြို့ကို အုပ်ချုပ်ခဲ့ပါသည်။ ၁၉၅၄ မေလတွင် Bp. Faliere, Fr. Blivet, Fr. Dixneut, Fr. Kelbert, Fr. Moses U Ba Khin, Fr. Ruellen တို့သည် တီးတိန်ဘုရားကျောင်းကြီးကို ကောင်းချီးပေးရေဆက်ချခဲ့ပါသည်။ ၁၉၅၄ မှ ၁၉၅၈ အထိ Fr. Ruellen သည် ဆိုင်းဇန်ရွာတွင်ကျောင်းထိုင်ပြီး တီးတိန်ကို အုပ်ချုပ်ခဲ့သည်။ ၁၉၅၅ ခုနှစ်၊ မေလအတွင်းတွင် (၁၅)ရက်တာ ဘုရားစကားသင်ကြားပေးခြင်းကို Fr. Blivet နှင့်အတူ တီးတိန်မြို့၌ ပြုလုပ်ခဲ့ပါသည်။ Fr. Ruellen သည် ၁၉၅၅ ခု၊ ဇွန်လတွင် တီးတိန်ဘော်ဒါကို စတင်တည်ထောင်ဖွင့်လှစ်ပေးခဲ့ပါသည်။

၁၉၅၈ ခုနှစ်တွင် တီးတိန်မြို့၌ ပထမဦးဆုံး ကျောင်းထိုင်ဘုန်းတော်ကြီးအဖြစ် Fr. Augustine U Soe ဦးစွာ ရောက်ရှိလာပါသည်။

တီးတိန်မြို့တွင် ကျောင်းထိုင်ခဲ့ဖူးသော ဘုန်းတော်ကြီးများမှာ
(၁) Fr. Augustine U Soe ၁၉၅၈-၁၉၆၄
(၂) Fr. Aloysius ၁၉၆၄ (လအနည်းငယ်)
(၃) Fr. Peter U Mya Aung ၁၉၆၄-၁၉၆၆
(၄) Fr. Bernardine U Nyunt Phe ၁၉၆၆-၁၉၆၉
(၅) Fr. Timothy Pum Khan Nang ၁၉၆၉-၁၉၈၆
(၆) Fr. Andrew Gin Khan Mung ၁၉၈၆-၁၉၈၈
(၇) Fr. Anthony Hem Kho Sei ၁၉၈၈ (မေ-ဒီဇင်ဘာ)
(၈) Fr. Lucius Hre Kung ၁၉၈၉-၁၉၉၈
(၉) Fr. Philip En Khan Mang ၁၉၉၈-၂၀၀၇
(၁၀) Fr. James Cin Len Khai ၂၀၀၇-၂၀၀၈
(၁၁) Fr. Andrew Cin Go Lian ၂၀၀၈-

တီးတိန်ဇုံဘုန်းတော်ကြီးစီရင်စုများနှင့် ကျောင်းထိုင်ခဲ့ဖူးသော ဘုန်းတော်ကြီးများ

(၁)ွှTonzang
(၁) င်္Fr. Blivet ၁၉၄၀
(၂) င်္Fr. Moses U Ba Khin ၁၉၄၁-၁၉၅၃
(၃) င်္Fr. Anthony Kelbert ၁၉၅၃-၁၉၆၆
(၄) င်္Fr. Timothy Pum Khan Nang ၁၉၆၆-၁၉၆၈
(၅) Fr. Andrew Thang Za Khai ၁၉၆၉-၁၉၈၃
(၆) Fr. Peter U Hla Shwe ၁၉၈၃-၁၉၈၅
(၇) င်္Fr. John Om Se ၁၉၈၅-၁၉၉၀
(၈) Fr. Dominic Sum Pian Zam ၁၉၉၀-၁၉၉၁
(၉) င်္Fr. George Jakheeya ၁၉၉၁-၁၉၉၆
(၁၀) Fr. Lucius Hre Kung ၁၉၉၆-၁၉၉၇(တီးတိန်မှတွဲကိုင်)
(၁၁) Fr. Francis Lan Sawn ၁၉၉၇-၂၀၀၇
(၁၂) င်္Fr. Philip En Khan Mang ၂၀၀၇

(၂) Lailui
(၁) Fr. Blivet ၁၉၄၁-၁၉၄၆
(၂) Fr. Damian Zam Sian Dal ၂၀၀၉ (Nov)

(၃) Tuilangh (ယခုတီးတိန်မြို့မစီရင်စု)
(၁) Fr. Blivet ၁၉၄၆-၁၉၆၀

(၄) Saizang
(၁) Fr. Dixneuf ၁၉၄၆-၁၉၅၅
(၂) Fr. Ruellen ၁၉၅၅-၁၉၆၆
(၃) င်္Fr. Bernardine U Nyunt Phe ၁၉၆၇-၁၉၆၈
(၄) Fr. Timothy Pum Khan Nang ၁၉၆၉-၁၉၇၁
(၅) Fr. Peter U Hla Shwe ၁၉၇၂-၁၉၈၅
(၆) င်္
Fr. Jerome Hlawn Khawl ၁၉၈၅-၁၉၉၀
(၇) င်္
Fr. Felix Lian Khen Thang ၁၉၉၀-၁၉၉၁
(၈)
Fr. Anthony Hem Kho Sei ၁၉၉၂-၁၉၉၆
(၉) င်္Fr. Isidore Tuang Khan Pau ၁၉၉၆-၂၀၀၆
(၁၀) င်္Fr. Timothy Thang Do Cin ၂၀၀၇

(၅) Mualpi
(၁) Fr. Jackson ၁၉၄၇-၁၉၅၀
(၂) Fr. Eustius ၁၉၅၁-၁၉၅၃
(၃) င်္Fr. Jordain ၁၉၅၃-၁၉၅၇
(၄) Fr. Aloysius ၁၉၅၇-၁၉၆၂
(၅) Fr. Timothy Pum Khan Nang ၁၉၆၂-၁၉၇၁
(၆) င်္Fr. Macharldo ၁၉၇၁-၁၉၇၅
(၇) င်္Fr. Florian Zam Kho Kam ၂၀၀၈-၂၀၀၉
(၈) Fr. Sebastian Khaw Khei Ghung ၂၀၀၉-၂၀၁၀
(၉) Fr. Andrew Suan Lian Mung ၂၀၁၀-

(၆) Singpial
(၁) Fr. Jordain ၁၉၅၉-၁၉၆၆ (မှတ်ချက်။ ။ ယခုကလေးဇုံ)

(၇)ှSuangpi
(၁) Fr. Peter Mya Aung ၁၉၆၀-၁၉၆၇
(၂) င်္Fr. Joseph Pau Kap Mung ၂၀၀၈

(၈)ွှTuithang
(၁) Fr. Blivet ၁၉၆၁-၁၉၇၅
(၂) Fr. Michael Gin Sian Kham ၂၀၀၃-၂၀၀၇
(၃) Fr. Andrew Suan Lian Mung ၂၀၀၈-၂၀၀၉
(၄) Fr. Robert Cin Lam Kim ၂၀၀၉

(၉) Laitui
(၁) Fr. Ignatius Hau Khan Kap ၁၉၈၈-၁၉၉၉
(၂) Fr. Joseph Se Yawn ၁၉၉၉-၂၀၀၇
(၃) Fr. Thomas Khua Uk Lian Mawi ၂၀၀၇-၂၀၀၇ (၁ နှစ်မပြည့်)
(၄) Fr. Albert Nang En Khai ၂၀၀၈-၂၀၀၉
(၅) Fr. Abraham Hrang Hit ၂၀၁၀

(၁၀) Cikha
(၁) Fr. George Jakheeya ၁၉၈၉-၁၉၉၀
(၂) Fr. Dominic Kung Teal ၁၉၉၁-၁၉၉၆
(၃) Fr. Andrew Cin Go Lian ၁၉၉၆-၂၀၀၃
(၄) Fr. Timothy Thang Do Cin ၂၀၀၃-၂၀၀၇
(၅) Fr. Florian Zam Kho Kam ၂၀၀၇-၂၀၀၈
(၆) Fr. Maximian Pau Sian Mung ၂၀၀၈-၂၀၀၉
(၇) Fr. Joseph Khup Huam Mang ၂၀၀၉-

(၁၁) Sakollam
(၁) Fr. Thomas Khua Uk Lian Mawi ၂၀၀၆-၂၀၀၇
(၂) Fr. Isidore Tuang Khan Pau ၂၀၀၇-၂၀၀၉
(၃) Fr. Stephen Mang Lian Tuang ၂၀၀၉-

(၁၂) Heilei
(၁) Fr. Wilfred Do Suan ၂၀၀၈-

တီးတိန်ဇုံအတွင်း ကျောင်းထိုင်ဖူးသည့် နိုင်ငံခြားမှပြင်သစ်သာသနာပြု ဘုန်းတော်ကြီးများ

၁. Fr. Blivet(M.E.P)
၁၉၄၀ ခုနှစ်မှစ၍ တွန်းဇန်မြို့တွင် ပထမဦးဆုံးကျောင်းထိုင်ခဲ့သူဖြစ်သည်။ ၁၉၄၁ ခုနှစ်တွင် လိုင်လွီးရွာသို့ ပြောင်းရွှေ့ပြီး ၁၉၄၅ ခုနှစ်အထိ သီတင်သုံးနေထိုင်ခဲ့သည်။
အင်္ဂလိပ်စစ်တပ်သည် လိုင်လွီးရွာအား ဗုံးကြဲသောအခါ ဘုရားကျောင်းမှာ မီးလောင်ပျက်စီးခဲ့ရသည်။ မီးဘေးမှ ရှောင်တိမ်းနေစဉ် လမ်းတွင် လက်ထဲ၌ပါလာသော ဆုတောင်းမေတ္တာစာအုပ်ကို ကျည်ဆံမှန်ခဲ့ပါသည်။ သို့သော် Fr. Blivet သည် အခြားထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့ပါ။ ၁၉၄၆ ခုနှစ်တွင် တွီးလန့်ရွာသို့ ပြောင်းရွှေ့ပြီး ၁၉၆၀ ခုနှစ်အထိ (၁၅)နှစ်တာ သာသနာအမှုတော် ထမ်းရွက်ခဲ့ပါသည်။ Tuithang ရွာတွင် ၁၉၆၁-၁၉၇၅ နှစ်အထိ ပြောင်းရွှေ့နေထိုင်ပါသည်။ နယ်လှည့် ဒေသစာရီ ထွက်တော်မူတိုင်း မြေပုံနှင့် သံလိုက်အိမ်မြှောင် (Compass)ကို အမြဲတမ်း ယူသွား လေ့ရှိသည်။ ဖာသာရ်၏နောက်လိုက်ဖြစ်သူ ဦးဇဲလ်ခန့်ဒို (သက်ရှိ) ယခုအသက်(၇၆)နှစ်၏ ပြောပြချက်အရ "ကိုယ်တော်ဘုရား အလေးအပေါ့သွားခြင်းကိုပင် ကျွန်တော်တခါမျှ မမြင်တွေ့ဖူးပါ။" ဤမျှအထိ စည်းကမ်းကြီးသူ ဖြစ်ပါသည်ဟု ပြောပြခဲ့ပါသည်။ ဘာသာမခွဲခြားဘဲ လူများကို ဆေးဝါး ပေးလေ့ရှိသည်။ ထမင်းဂျိုး အလွန်ကြိုက်သည်။ ရွာတွင် ၂ ည ၃ ညထက်ပိုမအိပ်ဘဲ အမြဲတမ်းနယ်လှည့်သည်။ ဘုရားကျောင်းတော်တော် များများ ဆောက်လုပ်ခဲ့သည်။ ကိုယ်တော် မစ္ဆားဟောရာတွင် အသုံးပြုခဲ့သည့် ပစ္စည်းများ ယနေ့ထိတိုင် တွီးလန့်ရွာတွင် ရှိနေသေးသည်။ မြင်းကိုသနားသဖြင့် ခရီးသွားတိုင်း နံနက်စောစော သွားလေ့ရှိသည်။ ဒုတိယကမ္ဘာစစ်တုန်းက ဂျပန်စစ်သားများက ညှဉ်းဆဲသောအားဖြင့် ပစ္စည်းထမ်းခိုင်း၊ ရေခပ်ခိုင်းတာတို့ ရှိခဲ့သည်။ ဖာသာရ်သည် မွေးမြူထားသော ကြက်များကို သတ်စားခြင်း မပြုဘဲ ဧည့်သည်ဘုန်းတော်ကြီးများ ရောက်ရှိသည့်အခါမှသာ ဧည့်ခံကျွေးမွေးရန်အတွက်
သတ်လေ့ရှိပါသည်။

၂. Fr. Joseph Dixneuf (M.E.P)
၁၉၄၆ ခုနှစ်တွင် ဆိုင်းဇန်ရွာ၌ ကျောင်းထိုင်ခဲ့ပါသည်။ ပြင်သစ်နိုင်ငံတွင် ၁၉၁၃ ခုနှစ်၊ ဇွန်လ(၂၉)ရက်နေ့ တွင် မွေးဖွားခဲ့ပါသည်။ ၁၉၃၇ ခုနှစ်၊ စက်တင်ဘာလ(၂၄)ရက်နေ့တွင် ရဟန်းသိက္ခာခံယူခဲ့ ပါသည်။ ရဟန်းသိက္ခာခံပြီး (၁)လမတိုင်ခင် မြန်မာနိုင်ငံ၊ မန္တလေးမြို့သို့
သာသနာ အမှုတော်မြတ်ထမ်းရွက်ရန် ရောက်ရှိလာပါသည်။ ၁၉၃၉ ခုနှစ်တွင် မြင်းခြံမြို့၌လည်းကောင်း၊ ၁၉၄၀ မှ ၁၉၄၆ ခုနှစ်အထိ ညောင်ပင်သာ၌ လည်းကောင်း သီတင်းသုံး နေထိုင်ခဲ့ပါသည်။ ချင်းပြည်နယ်တွင်
Fr. Blivet နှင့်ဆုံတွေ့စဉ် Fr. Blivet မှ ဤသို့ မေးမြန်းခဲ့ပါသည်။ ကိုယ်တော် တစ်နှစ်တာ စားစရိတ်အတွက် ဘယ်လောက်ကုန်ကျသလဲဟုမေးရာ Fr. Dixneuf သည် (၁၉) ကျပ် ကုန်ကျကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။ ထိုအခါ Fr. Blivet က "တော်တော်ငတ်ကြီးကျတဲ့သူပဲ" ကျွန်တော် (၁၇)ကျပ်ပဲသုံးတယ်ဟု တီးတိန်ချင်းစကားနှင့် ပြောကြားခဲ့ပါသည်။ ထိုအခါ Fr. Dixneuf သည် ခြိုးခြံချွေတာရာမှ စုဆောင်းမိသမျှကို စာသင်ကျောင်းများ တည်ဆေက်ရန် အတွက်လည်းကောင်း၊ ဘုရားကျောင်းတည်ဆောက်ရန်အတွက် လည်းကောင်း အသုံးပြုခဲ့သည်။ ယခု ကလေးမြို့ရှိ စိန်မေရီဘုရားကျောင်း၊ ဘုန်းကြီးကျောင်း၊ စိန်မေရီကျောင်း၊ လင်ရိုဗာကားနှင့် စာပုံနှိပ်စက်၊ စာပုံနှိပ်တိုက်တို့မှာ Fr. Dixneuf ဆောက်လုပ် လှူဒါန်းခဲ့ခြင်းများပင် ဖြစ်သည်။ Fr. သည် အမဲလိုက်ခြင်းကို ၀ါသနာပါပြီး ကျားတစ်ကောင်ကို ပစ်သတ်ဖူးပါသည်။

၁၉၇၂ ခုနှစ်၊ ဧပြီလ(၂၃)ရက်နေ့တွင် မွေးရပ်ဌာနေသို့ ပြန်သွားခဲ့ပါသည်။ ၁၉၈၁ ခုနှစ်၊ ဒီဇင်ဘာလ(၄)ရက် နေ့တွင် ပြင်သစ်နိုင်ငံ၌ ပျံလွန်တော်မူခဲ့သည်။

၃. Fr. Ruellen (M.E.P)
၁၉၅၂ ခုနှစ်တွင် ပြင်သစ်နိုင်ငံမှ မြန်မာနိုင်ငံသို့ရောက်ရှိလာခဲ့ပါသည်။ ၁၉၅၃ ခုနှစ်၊ နိုဝင်ဘာလတွင် တွီးလန့်၊ တွန်းဇန်၊ မွာလ်ပီးသို့အလည် သွားရောက်ခဲ့ပါသည်။ ၁၉၅၄ ခုနှစ်တွင် မိမိခရီးသွားရာတွင်အသုံးပြုရန် မြင်းထီးတစ်ကောင်ကို ကျပ်(၃၂၀)ဖြင့် ၀ယ်ယူခဲ့ရာ ချင်းဘာသာဖြင့်
'Talkaang' ဟုမှည့်ခဲ့ပါသည်။

၁၉၅၅-၅၆ ဆိုင်းဇန်ရွာတွင် သီတင်းသုံးနေထိုင်စဉ် ကပ်တဲလ်၊ တွီးတော့နှင့် ဆိုင်းဇန်မှ ကလေးများအား ဘုရားစကားသင်ပေးပြီး ယောက်ျားကလေး (၁၂)ယောက်တို့ကို တီးတိန်မြို့သို့ လေ့လာရေးခရီး ခေါ်သွားပါသည်။ ဘုရားစကားသင်ကလေးများသည် ထိုစဉ်က တီးတိန်မြို့ရှိ ဈေးဆိုင်များနှင့် မော်တော်ကား တို့ကို ပထမဦးဆုံး အလုအယက်ကြည့်ရှုခွင့် ကြုံခဲ့ရသဖြင့် အလွန်ပျော်ရွှင်ခဲ့ကြပါသည်။ ဆိုင်းဇန်တွင် ၁၉၅၅ နိုဝင်ဘာလ၌
Fr. Kelbert နှင့်ပူးတွဲပြီး မိမိတို့အသုံးပြုရန် အင်္ဂလိပ်-ချင်းအဘိဓါန် စာအုပ်ကို ပြုစုခဲ့ပါသည်။ ကိုယ်တော်သည် ဒေသစာရီလှည့်လည်ရာ ရွာတိုင်း၌ ဓါတ်ပြားစက်ကို ယူဆောင်လေ့ရှိပြီး ရွာသူ ရွာသားများက စိတ်ဝင်တစားနှင့် နားထောင်ပြီးချိန်တွင် တရားဟောလေ့ရှိသည်။ ထိုစဉ်က ဆိုင်းဇန်ရွာမှ စာမတတ်သူအမျိုးသမီးလူငယ်တစ်ချို့သည် သီလရှင်ဝတ်လိုကြောင်း ဘုန်းကြီးအား တောင်းလျှောက်လာသဖြင့် ဘုန်းကြီးခမျာ အတော်ခေါင်းရှုပ်ခဲ့ရပါသည်။

၎. Fr. Anthony Kelbert (M.E.P)
၁၉၅၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင် တွန်းဇန်မြို့၌ စတင်ရောက်ရှိ၍ သီတင်းသုံး နေထိုင်ခဲ့ ပါသည်။ ချင်းစာနှင့် ချင်းစကားသင်ရင်း၊ ညနေတိုင်း ကလေးသူငယ်များအား ဘုရားစကား သင်ပေးပါသည်။ ၁၉၅၄ ခုနှစ်တွင်
St. Albert Primary School ကို တွန်းဇံမြို့၌ ဖွင့်လှစ်ခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် Fr. Moses (ဆရာတော်ဦးဘခင်) တည်ထောင်ခဲ့သည့် ကက်သလစ်ကလေး သူငယ်များအစည်းအရုံး (Catholic Childrens' Union) CCU ကို ဖျက်သိမ်း၍၊ ၁၉၅၉ ခုနှစ်တွင် Young Catholic Association (Y.C.A)ဟု ပြောင်းလဲဖွဲ့စည်းခဲ့သည်။ ၁၉၆၀ ခုနှစ်တွင် တွန်းဇန်ဘာသာတူအိမ်ခြေ (၂၄)အိမ်သာရှိပြီး Father သည် မိမိ၏မွေးရပ်ဒေသမှ ရရှိသည့် အလှူငွေများဖြင့် ပျဉ်ထောင်ဘုရားကျောင်းကြီးကို နံရံ ၂ ထပ်၊ သံဖိနပ်သုံး၍ ခိုင်မာစွာဆောက်လုပ်ခဲ့ ပါသည်။ ဆက်လက်၍ Father သည် မိမ်နေထိုင်ရန်ပျဉ်ထောင်၂ထပ် အိမ်တစ်လုံးကိုလည်း ဆောက်လုပ်ပေးခဲ့
ပါသည်။
Father သည်F.M.M(Franciscan Missionaries of Mary) Sister များနှင့် ပူးပေါင်း၍ ဆေးပေးခန်း (Dispensary) တစ်ခုကို တွန်းဇန်မြို့၌ ဖွင့်လှစ်ခဲ့သည်။ နိုင်ငံခြားမှဆေးဝါးများ လုံလုံလောက်လောက် ရှိသည့်အပြင်၊ sisterများဘက်ကလည်း မေတ္တာစေတနာနှင့် လူနာများကိုပြုစုကုသ ပေးရာတွင် ကျွမ်းကျင်ကြသဖြင့် ယင်းဆေးပေးခန်းသည် အတော်နာမည်ကြီးလာပြီး ရပ်နီးရပ်ဝေးမှ လူနာများလာရောက် ကုသမှုခံယူခဲ့ကြသည်။

Father သည် ထိုစဉ်က ရွာသူကြီး ဦးပီတာရှင်းလျန်းပေါင်၊ ယခုအသက် (၇၈)၏ အကူအညီဖြင့် ဗိုလ်တဲအဆောက်အဦးကို ယခုဘောလုံးကွင်းနားတွင် ပြောင်းရွှေ့ဆောက်လုပ်ပြီး၊ ယင်းဗိုလ်တဲ အဆောက်အဦးနေရာတွင် လူနာများအဖို့ အဆောင်တစ်ဆောင်ကို ဆောက်လုပ်ပေးခဲ့ပါသည်။ Father သည် ချင်းတောင်၊ ချင်းလူမျိုးများ၊ အထူးသဖြင့် တွန်းဇန်ဒေသခံများအား သံယောဇဉ်မေတ္တာ တရားကို ပြသနိုင်ခဲ့သည်။ Father ၏ မိန့်ခွန်းတစ်ခုတွင် ဤချင်းတောင်တွန်းဇန်မှာ လာနေတာပျော်ပါ၏ အကြောင်းမှာ သူခိုး၊ ဓားပြမရှိ၊ ကလေးသူငယ်များကို ပုံမှန်ဘုရားစကား သင်ပေးနိုင်သည့်အပြင် တနင်္ဂနွေနေ့တိုင်း မိခင်၊ ဖခင်များနှင့်လည်း အတူတကွ တွေ့ဆုံဆွေးနွေးခွင့်ရရှိသည့်အပြင် အစားအသောက် များလည်း ပုံမှန်စားနိုင်ပြီး၊ ဒေသခံဘာသာတူများနှင့် အတူနေ၊ အတူစား။ အတူတူဆုတောင်းမှုများကို "ငါတို့အမှုတော်ဆောင် သာသနာ့ဝန်ထမ်းများ" အဖို့ ပျော်စရာကောင်းပါသည်ဟု ပြောခဲ့ဖူးပါသည်။

Father Kelbert သည် တွန်းဇန်တွင် (၁၃)နှစ်တိတိနေပြီး ၁၉၆၆၊ ခုနှစ် ဧပြီလ(၁၁)နေ့တွင် တွန်းဇန်မြို့မှ မိမိ၏မွေးရပ်ပြင်သစ်ပြည်သို့ ပြန်သွားဖို့ရန် ဂျစ်ကား(၁)စီးနှင့်သွားပြီး၊ တီးတိန်မရောက်မှီ လမ်းခုလတ် (Ciimtang) အရပ်တွင် ခေတ္တခဏ ကားကိုရပ်ခိုင်း၍၊ တွန်းဇန်မြို့ကို နောက်ဆုံးအကြိမ် ပြန်လှည့်ကြည့်၍ အလွမ်းမျက်ရည်ကျခဲ့ပါသည်။

Father သည် မိမိနိုင်ငံသို့ပြန်သွားပြီး (၁၀)နှစ်ကြာပြီးသည့်အချိန်တွင် မြန်မာပြည်ကို ရန်ကုန်ထိ ပြန်လာ၍ တာမွေရှိ F.M.M Sister များ၏ ဘုရားကျောင်းဆောင် (Chapel) တွင် တီးတိန်လိုနှင့် မစ္ဆားတရား ပူဇော်ပေးခဲ့သည်။ ၄င်းပြင် နှစ်(၃၀)ပြည့် ၁၉၉၆ ခုနှစ်တွင် (ဒု)ကြိမ် မြန်မာပြည်ကို ပြန်လာ၍ တွန်းဇန်မြို့အထိ အရမ်းသွားချင်သော်ငြားလည်း၊ ကလေးမြို့အထိသာလာနိုင်ခဲ့၍ ချင်းစကား(တီးတိန်) စကားနှင့် သြ၀ါဒပေးပြီး၊ တွန်းဇန်မြို့တွင် "ငါ့ရဲ့ နှလုံးတစ်ခြမ်း ကျန်ရစ်ခဲ့" သည်ဟု ပြောခဲ့ပါသည်။

Father သည် __________ ခုနှစ်၊_________ လ၊ ( )နေ့တွင် မိမိနိုင်ငံပြင်သစ်ပြည် တွင် ပျံလွန်တော်မူခဲ့သည်။

၁၉၄၁-၁၉၅၄ အထိ တွန်းဇန်တွင်ဓမ္မဆရာလုပ်ဖူးသည့် ဆရာ
Alphonse ဦးအောင်မင်း၏ အတ္ထုပ္ပတ္တိအကျဉ်း
  • ဓမ္မဆရာ အာလ်ဖုန်းစ်ဦးအောင်မင်းသည် ကရင်လူမျိုးဖြစ်၍ ၁၉၁၆ ခုနှစ် တွင် ရန်ကုန်မြို့အနီး တွံတေး- ပန်းလှိုင်ရွာတွင် မွေးဖွားခဲ့ပါသည်။
  • ၁၉၄၁-၁၉၅၄ ခုနှစ်အထိ တွန်းဇန်မြို့တွင် ဓမ္မဆရာ လုပ်ခဲ့ပါသည်။
  • ၁၉၅၄-၅၈ ခုနှစ်အထိ တီးတိန်မြို့တွင် ဓမ္မဆရာ လုပ်ခဲ့ပါသည်။
  • ၁၉၅၉-၆၀ ခုနှစ် တွန်းဇန်မြို့တွင် ဓမ္မဆရာ Cin Khan Khual နှင့် ပူးတွဲပြီး အမှုတော်ဆောင်သည့်အပြင် ကျောင်းဆရာအလုပ်ကိုပါ ၀င်လုပ်သည်။
  • ၁၉၆၁ ခုနှစ်တွင် ကလေးမြို့သို့ ပြောင်းရွှေ့နေထိုင်ပြီး ၁၉၆၆ ခုနှစ်၊ မတ်လ (၂၇)ရက်နေ့၊ သက်တော် (၅၀)ပြည့်သောအချိန်တွင် ခရစ်တော်၌ အိပ်ပျော်သွားပါသည်။



No comments: