Sep 16, 2010

ရလိုလို ... ပေးခက်ခက်

ရလိုလို ... ပေးခက်ခက်

တစ်ပါးသူတို့ ကိုယ့်အပေါ် ကြင်နာ
ချစ်ခြင်းမေတ္တာ လိုချင်ပါသည်။

ကိုယ့်ပေါ်သူတစ်ပါး နားလည်မှုထား
စာနာတတ်မှုများလည်း မျှော်လင့်မြဲ။

တစ်ပါးသူများ ကိုယ့်အားဆက်ဆံ ပြောဆိုပြန်ရင်
ချိုလွင်စကား နူးညံ့အပြောများသာ စောင့်စားကာ အမြဲလိုလား။

ကိုယ့်အပေါ်မတရားမှု တစ်ခုမှမလိုလား ဟစ်ကြော်တစ်အား
တော်လှန်တိုက်ဖျက် မတရားမှုအတွက်တဲ့။

ကိုယ်ကမှားကာ ချို့ယွင်းစွာပင် ထိခိုက်ပြန်ရင်
တစ်ပါးသူမှ ခွင့်လွှတ်စေချင် အကြိမ်ခုနှစ်ဆယ် ခုနှစ်လီတိုင်ပင်။

ဒါတွေ-...ဒါတွေ--...-
လိုကာ လိုသာ လိုချင်ပါလည်း
ကိုယ့်ဖက်ကသာ ပေးဖို့ရာဖြင့်
လွန်စွာမှပင်ခက်သည်ထင့်။

တွေးကြည့်ပါ---ကိုယ်လိုလားရာ တစ်ပါးသူမှာလည်း

လိုအပ်မြဲမို့ ပေးနိုင်ရန်ဖို့ ကြိုးစားစို့လား။ ။

(ရှင်မာတေဦး ၇း၁၂-၁၈း၂၂)

အင်ဝိုင်းပန် (SJA)


No comments: