Apr 3, 2011

ရေနက်ရာသို့ ဘလောက် အတွက် အမှတ်တရ


ခရစ်တော်၌ ချစ်ခင်ရသော ညီအစ်ကို မောင်နှမ အပေါင်းတို့ -

အကြောင်းကြောင်းသော အကြောင်းကြောင်းများကြောင့် ကျွန်တော်တို၏ ဘလောက်ကို (၂၅-၉-၂၀၁၀)ရက် နေ့မှ စတင်ပျက်ခဲ့ပြီး ဘလောက် အသစ်တင်နိုင်ခြင်း မရှိခဲ့သည့်အတွက် ပထမဦးစွာ တောင်းပန်အပ်ပါသည်။

ကျွန်တော်တို့ ရေနက်ရာ ဘလောက်ကို စတင် လွင့်တင်ရခြင်း၏ ရည်ရွက်ချက်မှာ ကျွန်တော်တို့ မြန်မာကက်သလစ်များနှင့် ပတ်သက်ပြီး အင်တာနက်ပေါ်တွင် ၀က်ဆိုဒ်များ၊ ဘလောက်များနှင့် အခြားသော် လှုပ်ရှားမှု့များမှာ လွန်စွာမှ အားနည်းနေသောကြောင့် ထိုကွက်လပ်လေးကို ဖြည့်ရန် အတွက် ရည်ရွက်ပြီး စတင်ခဲ့ပါသည်။ သာမန် လူဝတ်ကြောင်တယောက် အနေဖြင့် မိမိရဲ့ ကိုယ်ပိုင်ဘဝရဲ့ လှုပ်ရှားရုန်းကန်မှုများ ကြားထဲမှ ယခင် အချိန်ကဲ့သို့ အချိန်သိပ် မပေးနိုင်တော့ခြင်း အတွက်ကြောင့် ဘလောက်ပို့စ် အသစ်များ တင်ဖို့ရန် ပျက်ကွက်ခဲ့ပြီး နောက်ဆုံး ဆက်လက်ပြီး တင်နိုင်ခြင်း မရှိခဲ့တော့ပါ။ ထိုအတွက် များစွာမှ ၀မ်းနည်းရမိပါသည်။

သို့သော်လည်း -
ယခု နောက်ပိုင်းတွင် အချို့သော် မြန်မာကက်သလစ် ဘုန်းတော်ကြီးများ၊ ကက်သလစ်လူငယ်များမှ သာသနာအတွက် ဘလော့လေးများ ရေးလာကြခြင်းများ တွေ့မိသဖြင့် အားတတ်မိ ရပါသည်။ ထိုအတွက်လည်း သူတို့အား ကက်သလစ်ဘလောက် ကလေးများအတွက် အထူး ကျေးဇူးတင်ပါသည်။ ဤနေရာမှ တဆင့်လည်း သူတို့အားလည်း အားပေးလျှက်ရှိကြောင်း ဖော်ပြအပ်ပါသည်။

ဒီဘလော့ စရေးဖြစ်တဲ့ ကျွန်တော့်တို့ အဓိက ရည်ရွယ်ချက်လေး အတိုင်း ဆက်လက် ထမ်းဆောင်သွားကြမည့် ဘလော့ကလေးများအား ကြိုဆိုခြင်းနှင့် သူ့တို့အတွက် ဆုတောင်းပေးရင်း -

ဝိဥာဉ်၏ အနက်ဆုံးသော နေရာသို့ သင့်တို့၏ ချစ်ခြင်းမေတ္တာများ ရွေ့လျားရောက် ရှိနိုင်ကြပါစေ။




ခရစ်တော်၏ ချစ်ခြင်းမေတ္တာဖြင့် -
ရေနက်ရာ

No comments: