ဘဏ္ဍာစုဆောင်းခြင်း
လောကဓမ္မတာ၊ သေသောအခါတွင်
ချမ်းသာကြွယ်ဝ၊ ပေါများလှသော
ဓနပစ္စည်း၊ အသီးသီးအား
စွန့်ပြီးထားရစ်၊ ထိုအဖြစ်ကို
စင်စစ်ဧကန်၊ တရားမှန်ဟု
ဝေဖန်သိရှိ၊ လူတိုင်းသိ။
ဆင်းရဲသားအား၊ မေတ္တာထား၍
များပြားဥစ္စာ၊ ပေးကမ်းပါလျှင်
ချမ်းသာကြွယ်ဝ၊ သင့်ဓနအား
ခုဘ၀မှသည်၊ နောင်ဘ၀ဆီသို့
တင်ကြိုပို့ထား၊ ဖြစ်သို့လားပင်
သင်ကားပညာ၊ ထူးရှိပါလည်း
သတိဖြစ်ခဲမို့၊ အမြဲဂရု
သတိပြုလေ၊ ချစ်မိတ်ဆွေ။ ။
သင်တို့ပိုင်ဆိုင်သော အရာများကိုရောင်းချ၍ ပေးကမ်း စွန့်ကြဲကြလော့။ မဟောင်း မဆွေးနိုင်သော ပိုက်ဆံအိတ်ကို လည်းကောင်း သူခိုးလည်းမခိုးနိုင်၊ ပိုးလည်းမဖေါက်နိုင်၊ ကုန်ခန်းခြင်းလည်း မရှိနိုင်သော ကောင်းကင်ဘဏ္ဍာကို လည်းကောင်း ရှာဖွေစုဆောင်းကြလော့။(လုကာ - ၁၂း၃၃)
အုတ်လှ
No comments:
Post a Comment