Mar 27, 2010

မေတာပန်း တနင်္ဂနွေနေ့

မေတာပန်း တနင်္ဂနွေနေ့

အန်တီဖွန်း။
ဟေဗြေလူငယ်အချို့တို့သည်၊ သံလွင်ခက်များကို လက်၌ ဆောင်ကြလျက်၊ သခင်ဘုရားအား မြင့်ဆုံးအရပ်၌၊ အိုဇာ နာဟု ကြွေးကြော်ကာ ဆီးကြိုကြလေသည်။

(ဆာလံ။ ၂၃၊ ၁-၂၊ ၇-၁၀)
၁။ ကမ္ဘာမြေကြီးနှင့် မြေကြီးပေါ်မှာရှိသော အရာများ။ နေထိုင်ကြသော သူဟူသမျှတို့သည် ဘုရားသခင်ပိုင်တော်မူရာများ ဖြစ်ကြကုန်၏။
၂။ ကိုယ်တော်သည် သမုဒ္ဒရာပေါ်၌ အမြစ်ချ၍ ရေလျဉ်များပေါ်တွင် တည်တော်မူပြီ။
`
ဟေဗြေလူငယ်အချို့တို့သည်။
၇။ အချင်းတံခါးများတို့၊ တံခါးမုခ်ကို ကြွလိုက်ကြလော့၊ ထာဝရမဟာတံခါးများတို့ ကိုယ်လိုက်ကြွလိုက်ကြလော့၊ ဘုန်းကြီးတော်မူသော ဘုရင်ကြွဝင်တော်မူမည်။
၈။ ထိုဘုန်းကြီးတော်မူသောဘုရင်ကား အဘယ်သူနည်း စွမ်းအားတန်းခိုးနှင့် ပြည့်စုံတော်မူသောဘုရား၊ စစ်တိုက်ခြင်း၌ တန်းခိုးကြီးတော်မူသော ဘုရားပေတည်း။

ဟေဗြေလူငယ်အချို့တို့သည်။
၉။ အချင်းတံခါးများတို့၊ တံခါးမုခ်ကို ကြွလိုက်ကြလော့၊ ထာဝရမဟာတံခါးများတို့ ကိုယ်လိုက်ကြွလိုက်ကြလော့၊ ဘုန်းကြီးတော်မူသော ဘုရင်ကြွဝင်တော်မူမည်။
၁၀။ ထိုဘုန်းကြီးတော်မူသောဘုရင်ကား အဘယ်သူနည်း ဗိုလ်ခြေအပေါင်းတို့ကို အုပ်ချုပ်တော်မူသော ဘုရားသခင်သည် ဘုန်းကြီးတော်မူသော ဘုရင်ပေတည်း။

ဟေဗြလူငယ်အချို့တို့သည်။
၁။ ခမည်းတော် သားတော်၊ သန့်ရှင်းသော ၀ိညာဉ်တော်အား * ဘုန်းတော်ဂုဏ်တော် ရှိပါစေ။
၂။ အစအဦးကဘုန်းတော်ဂုဏ်တော်ရှိသည့်အတိုင်း* ယခုမှစ၍ ကာလအဆက်ဆက် ရှိပါစေ။ အာမင်။


အန်တီဖေါ်နား (၂)
ဟေဗြေလူငယ်အချို့မူကား လမ်းပေါ်မှာ အ၀တ်များကို ခင်းထားကြလျက်၊ ကြွေးကြော်ကုန်သည်ကား အိုဇာနာဒါဝိတ်သားအား၊ ဘုရားနာမနှင့် လာသူအား မင်္ဂလာဖြစ်စေသတည်း။


ဆာလံ ၄၆
၂။ လူမျိုးရှိသမျှတို့ လက်ခုပ် တီးကြလော့ *ဘုရားသခင်ထံသို့ ၀မ်းမြောက်သံနှင့် ကြွေးကြော်ကြလော့။
၃။ ဘုရားသခင်သည် မြင့်မြတ်တော်မူ၏ ကြောက်စရာလည်း ကောင်းလှပေ၏ *မြေပြင်တပြင်လုံးကို ငါတို့ခြေအောက်၌လည်းကောင်း *နှိမ့်ချတော်မူ၏

ဟေဗြာလူငယ်အချို့မူကား။
၎။ ဘုရားသခင်သည် သာသနာပ လူများကို ငါတို့အောက်၌လည်းကောင်း၊ လူမျိုးခြားတို့ကို ငါတို့ခြေအောက်၌လည်းကောင်း *နှိမ့်ချတော်မူ၏။
၅။ ကိုယ်တော် ချစ်မြတ်နိုးတော်မူသော အမျိုးအနွယ်မှ *ငါတို့အတွက် အမွေအနှစ်ကို ရွေးချယ်တော်မူ၏။

ဟေဗြလူငယ်အချို့မူကား။
၆။ ဘုရားသခင်သည် ကြွေးကြော်သံနှင့် လည်းကောင်း၊ ဘုရားသခင်သည် တံပိုးမှုတ်သံနှင့် လည်းကောင်း၊ တက်ကြွတော်မူသည်။
၇။ ဘုရားသခင်အား ကျူးဖွဲ့၍ ချီးကျူးကြလော့ = ငါတို့ ဘုရင်အား ကျူးဖွဲ့၍ ချီးကျူးကြလော့။

ဟေဗြာလူငယ်အချို့မူကား။
၈။ ဘုရားသခင်သည် မြေပြင်တပြင်လုံး၏ ဘုရင်မင်းမြတ်ဖြစ်သည့်အတိုင်း စိတ်အားရှိသမျှ ချီးကျူးကြလော့။
၉။ လူမျိုးတို့၏ မှူးမတ်တို့သည် အာဗြိဟံ၏ ဘုရားလူမျိုး အဖြစ် စုရုံးကြကုန်၏။

ဟေဗြာလူငယ်အချို့မူကား။
၁၀။ ဤလောက၏ ဘုရင်-မှူးမတ်များတို့ကို မြင့်မြတ်ဆုံးသော ဘုရားပိုင်တော်မူ၏။
၁၁။ ဘုရားသခင်သည် လူမျိုးခြားတို့အပေါ်မှာ စုံးစံတော်မူ၏။ ဘုရားသခင်သည် သန့်ရှင်းသော ရာဇပလ္လင်တော်ထက် စံတော်မူ၏။

ဟေဗြာလူငယ်အချို့မူကား။
၁၂။ ခမည်းတော်၊ သားတော်၊ သန့်ရှင်းသော ၀ိညာဉ်တော်အား ဘုန်းတော် ဂုဏ်တော်ရှိပါစေ။
၁၃။ အစအဦးကဘုန်းတော်ဂုဏ်တော်ရှိသည့်အတိုင်း ယခုမှစ၍ ကာလအဆက်ဆက် ရှိပါစေ။ အာမင်။


သံပြိုင်။ ခရစ္ဆတူးဘုရင်၊ ကယ်တင် အရှင်အား
ချီးမွမ်းသြဘာ ရှိစေသား။
နှစ်မြို့သာယာ အိုဇာနာ
ကလေးများနှုတ်မှ ထွက်ပေါ်လာ။
၁။ ဒါဝိတ်၏ မျိုးသက်လျာ
အီဇာရာအဲလ်တို့၏ ဘုရင်ပါ၊
ဘုရားနာမနှင့် ကြွလာဘုရင်အား
ဘုန်းဂုတော် ကြီးပါစေသား။
၂။ ကောင်းကင်အထက် တခဲနက်
ချိုးကျူးသံညောင်း တမန်အပေါင်း
မြေပေါ်မှာမခြား လူအများ
ပူးပေါင်းဆိုကြ သဲသဲသောင်းသောင်း
၃။ ဟေဗြဲမျိုးသား မိမိတို့ဘုရင်အား
သစ်ခက်များကို ကိုင်ကာကြိုဆိုလာ
သူတို့ပမာ တေးမင်္ဂလာ
ငါတို့လည်း အတူမြွက်ဆိုရာ။
၎။ ဒုက္ခဝေဒနာ ခံမည့်သူအား
ချီးကျူးမင်္ဂလာ တေးသံသာ
ယခုကောင်းကင်ဝယ် နန်းစံသူအား
ထိုမခြား တေးသံသွား။
၅။ ကရုဏာရှင် ကောင်းမြတ်ဘုရင်
အကောင်းဟူသမျှ လိုလားအရှင်
သူတို့တေးသံ နှစ်သက်နည်းတူ
ငါတို့ညွတ်တွားသံ လက်ခံယူ။

No comments: