ရေနက်ရာသို့ရွေ့လော့
အတိတ်ကို ကျေးဇူးတင်ခြင်းများ စွာဖြင့် သတိရကြရန် အခြေအနေ အမျိုးမျိုး၌ ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ အကြောင်းမူကား ဤသို့ပြုခြင်း သည် ခရစ်တော်ယေဇူး၌ သင်တို့အတွက် ဘုရားသခင်၏ အလိုတော်ဖြစ်သည် (၁သက် ၅း၁၈)။
နာဇရက် ကျောင်းတော်၏ ဆောင်ပုဒ်မှာ Duc in Altum "ရေနက်ရာ သို့ရွှေ့လော" ဟူ၍ဖြစ်သည်။ သက္ကရာဇ် ၂၀၀၀ခုနှစ် ဂျူဗလီနှစ်အပြီး ၂၀၀၁ခုနှစ် New Millennium စာစောင်တွင် အသင်းတော်၏ ဆောင်ပုဒ်ကို Duc in Altum ဟု ပေးပြီး ဘုရားမိသားစုဝင် အားလုံးကို ဖိတ်ခေါ်ထားပေသည်။ ရေနက်ရာသို့ ရွှေ့ရန် လိုက်နာရန်လိုအပ် သောအချက်သုံးချက်မှာ၁) အတိတ်ကို ကျေးဇူးတင်ခြင်းများစွာဖြင့် သတိရကြရန်၊
၂) ယ္ခုပစ္စုပ္ပန်ကို ၀မ်းသာအားရ စိတ်အား ထက်သန်စွာဖြင့် နေထိုင်ရန်၊
၃) အနာဂါတ်ကို ယုံကြည်စိတ်ချခြင်းဖြင့် မျှော်ကြည့်ရန် ဖြစ်သည်။
၁။ အတိတ်ကို ကျေးဇူးတင်ခြင်းများစွာဖြင့် သတိရကြရန် အိုထာဝရဘုရားသခင် အကျွန်ုပ် သည် ကိုယ်တော်၏ မဟာမေတ္တာတော်ကို ကာလအဆက်ဆက်သီဆို ချီးမွမ်းပါမည် (ဆာလံ ၈၉း၁)။ ထာဝရဘုရားသခင်သည် ကောင်းမြတ်တော်မူသောကြောင့် ကိုယ်တော်ကို ကျေးဇူးတင်ချီးမွမ်းကြလော့။ ကိုယ်တော်၏ ဂရုဏာမေတ္တာတော်သည် အစဉ်ထာဝရ တည်တော်မူ၏ (ဆာလံ ၁၁၈း၁)။ "သင်သည် ကျေးဇူးတင်ရန် မေ့လျော့နေခဲ့လျှင် ပျော်ရွှင်မှုရရန်ကို လည်း မေ့လျော့လိုက်ပါ" ဟု ဆိုရိုးစကား တစ်ခုရှိပါသည်။ ကျေးဇူးတင်ကြောင်းကို စိတ်စေတနာမှန်ကန်စွာဖြင့် ဖော်ပြရန်လို အပ်ပေသည်။ ထုတ်ဖော် ပြောဆိုခြင်းမပြုသော ကျေးဇူးတင်ခြင်းသည် မည်သူ့ အတွက်မျှ အသုံးမ၀င်ပါ။ အချည်းနှီးသက် သက်သာဖြစ်သည်။ သင်၏ နှလုံးသည် မှန်မှန်ခုန်နေသကဲ့သို့ သင်၏ ဘုရားသခင်အား ကျေးဇူးတင်သော စိတ်သည်လည်း မှန်မှန်ဖြစ်ပေါ်နေရမည်။ ကျေးဇူးတင် တတ်သော သူသည် သန့်ရှင်းမြင့်မြတ်သော သူဖြစ်သည်။ ၀ိညာဉ်တော်နှင့် ပြည့်ဝသော သူသည် ကျေးဇူးသိတတ်သောသူဖြစ်သည်။ အစစအရာရာ အားလုံးသည် ဘုရားသခင်၏ အလိုတော်အတိုင်း ဖြစ်ခဲ့သည်။ "ငါဟိုတုန်းက ဟိုလိုဖြစ်ခဲ့လျှင် ကောင်းမည်။}" "ဘယ်သူ့ကြောင့်"၊ "ကိုယ်ကအသုံးမကျလို့" စသည့် မျောက်စိတ်များကို ဖျောက်ဖျက်ပစ်ရမည်။ မည်သူ့ကိုမျှ အပြစ်မတင်ဘဲ အားလုံးကို ခွင့်လွှတ်ရမည်။ မိမိကိုယ်ကိုလည်း ခွင့်လွှတ်ရမည်။ ခွင့်လွှတ်ခြင်းဖြင့် ငြိမ်သက်ခြင်းကို ရရှိသည်။ ကျေးဇူးတင် သောစိတ်ဓါတ်၊ ကျေးဇူးသိတတ်သောစိတ် ဓါတ်သည် အလိုအလျှောက်ဖြစ်ပေါ်လာ သည်မဟုတ်။ ပြုစုပျိုးထောင်ပေးရန်လိုအပ် သည်။ ကျေးဇူးတင်သော စိတ်ဓါတ်ကို ပြုစုပျိုးထောင်ပေးလျှင် အံ့သြစရာကောင်း သောရလဒ်များကို သင်ရိတ်သိမ်းရလိမ့်မည်။
၂) ယ္ခုပစ္စုပ္ပန်ကို ၀မ်းသာအားရစိတ်အား ထက်သန်စွာဖြင့်နေထိုင်ရန် ရေနက်ရာသို့ ရွှေ့ရန်အတွက် ဒုတိယလိုအပ်သော အချက်မှာ ယ္ခုပစ္စုပ္ပန် ကာလ၊ လက်ရှိအချိန်ကာလကို စိတ်အား ထက်သန်စွာဖြင့် အားရပါးရ မြိန်မြိန်ယှက်ယှက် နေထိုင်လုပ်ကိုင်ရန်ဖြစ်သည်။ စိတ်အားထက်သန်ခြင်း enthusiastic ဆိုသည်မှာ ဂရိစကားလုံး enthuos "ဘုရား နှင့် ပေါင်းစည်းအသင်ဝင်နေခြင်း" ကို ခေါ်သည်။ လူတော်တော်များများသည် အတိတ်ကို စမြုံးပြန်၍ နောင်တရနေတတ်သည်။ အနာဂတ်ကို တွေးပြီး စိတ်ပူပန်နေ တတ်ကြသည်။ သူတို့၏ စွမ်းအားများသည် အတိတ်ကာလနှင့်၊ အနာဂတ်ကာလတွင် ပိတ်ဆို့၍ နေတတ်သည်။ ယ္ခုလက်ရှိအခြေ အနေ၊ လက်ရှိဘ၀သည် အကောင်းဆုံးဖြစ်သည်။ ဘုရားရှင်ဖန်တီးသော နေ့ရက် ဖြစ်သည်။ ဒီနေ့ဒီဘ၀ကို အားရနေရမည်။ ခရစ်တော်ဘုရားသည် ယနေ့၊ ယခုကာလတွင် ၀မ်းသာအားရ စိတ်အားထက်သန်စွာ နေထိုင်ရန် ရည်ညွှန်းလျှက် တောင်ပေါ် ဒေသနာ (မာတေဦး ၆း၂၄-၃၄) တွင် ကောင်းကင်ငှက်များကို ကြည့်၊ တောနှင်း ပန်းပင်များကိုကြည့်၊ မနက်ဖြန် အတွက် စိုးရိမ်ပူပန်ခြင်း မရှိကြနှင့် မနက်ဖြန်နေ့သည် မိမိအတွက် စိုးရိမ်ပူပန်လိမ့်မည်ဟု မိန့်ကြားခဲ့သည်။ ဗုဒ္ဓဂေါဓမကလည်း ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာခြင်း၏ လျို့ဝှက်ချက်မှာ အတိတ်ကာလအတွက် မငိုကေးနှင့် အနာဂတ်ကာလအတွက်လည်း မစိုးရိမ်နှင့် သို့သော် ယ္ခုလက်ရှိ အချိန်ကို ပညာသတိရှိစွာ စိတ်ပါလက်ပါ စိတ်အားထက်သန်စွာနေထိုင်ခြင်း ဖြစ်သည်ဟု မိန့်ကြားခဲ့သည်။ ယ္ခုလက်ရှိကာလကို မည်ကဲ့သို့ ပညာသတိရှိစွာ စိတ်ပါလက်ပါ၊ စိတ်အား ထက်သန်စွာနေထိုင်မည်နည်း။
က) မိမိကိုယ်မိမိ သန့်ရှင်းစွာနေထိုင်ရမည်။ ခန္ဓာကိုယ်ကို သန့်ရှင်းအောင်ဝတ်ဆင် နေထိုင်ရမည်။ မိမိအိမ်ကို သန့်သန့်ရှင်း ရှင်းထားရမည်။ ခန္ဓာကိုယ်အိမ်ထက် မိမိ၏ ၀ိညာဉ်ကိုလည်း အပြစ်နှင့်ကင်းရှင်း အောင်ထားရမည်။ အပြစ်နှင့် နေထိုင်လျှင် ကျွန်ုပ်တို့သည် စိတ်မချမ်းသာနိုင်ပါ။ မပျော်ရွှင်နိုင်ပါ။ အထူးသဖြင့် ကျွန်ုပ်တို့၏ စွဲနေသော အပြစ်များသည် ကျွန်ုပ်တို့အား ထိခိုက်နစ်နာစေသည်။ ကျွန်ုပ်တို့အား ၀မ်းမြောက်ရွှင်လန်းခြင်းနှင့် ကင်းဝေး စေသည်။ စိတ်အားထက်သန်မှု ကင်းမဲ့စေ သည် (ဆာလံ ၆၆း၁၈)တွင် "ငါသည် စိတ်နှလုံးထဲမှာ ဒုစရိုက်ကို ငဲ့ကွက်လျှင် ဘုရားရှင်သည် နားထောင်တော်မမူ" ဟု ဆိုထားပေသည် (ယောရှုမှတ်စာ ၇) တွင် ဘုရားသခင်သည် ယောရှုအား စစ်အောင် နိုင်ရန် ကတိပေးထားသော်လည်း သူတို့အထဲမှ အာခန့်သည် ခိုးမှုကျူးလွန် ထားသောကြောင့် သူတို့စစ်ရှုံးကြရသည်။ အာခန်သည် သူ ခိုးထားသောပစ္စည်းများ ကို ပြန်ပေးအပ်ပြီး ၀န်ခံမှသာ သူတို့စစ် အောင်နိုင်ခဲ့ကြသည်။ ထိုကြောင့် အပြစ်ကို တွယ်တာနေလျှင် စိမ်မချမ်းသာနိုင်ပါ။ စိတ်ထဲမှာ အရှုံးပြနေသည်။ ဘုရားနှင့်အ တူမရှိသောကြောင့်ဘ၀မှာ အားရပါးရ စိတ်အားထက်သန်မှုမရှိတော့ပါ။ ထို့ကြောင့် ဘ၀မှာ အားရပါးရစိတ်အား ထက်သန်မှုမရှိတော့ပါ။ ထို့ကြောင့် အပြစ် နှင့် ကင်းရှင်းအောင်နေရမည်။ တစ်ကိုယ် ရည်သန့်ရှင်းမှုရှိရမည်။ မိမိအိမ်ကို သန့်ရှင်းရမည်း။ တစ်ကြိမ်တစ်ခါသန့်ရှင်း ရေးလုပ်ရုံနှင့်မပြီး ရှုပ်တိုင်းပြန်ရှင်းရမည်။ မှားလျှင်ပြင်ရမည်။ လဲလျှင်ပြန်ထရမည်။ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ချစ်သည်။ အခွင့်လွှတ်သည်။ သန့်သန့်ရှင်းရှင်းထား ချင်သည်။ ဖြူဖြူစင်စင်မြင်ချင်သည်။
ခ) ယ္ခုလက်ရှိအချိန်ကာလကို စိတ်အား ထက်သန်စွာ စိတ်ပါလက်ပါ နေထိုင်နိုင်ရန် ဒုတိယ လိုအပ်သော အချက်မှာ ချစ်ခင် တတ်ပါ၊ ချစ်ပါ၊ မေတ္တာရှိပါ၊ နောက်ထပ် ပို၍ ချစ်နိုင်ရန်ကြိုးစားပါ။ ချစ်တတ်သော သူသည် အခွင့်လွှတ်တတ်သော သူဖြစ် သည်။ ချစ်တတ်သောသူသည် ဘုရားနှင့် အတူရှိသောကြောင့် ယ္ခုလက်ရှိအချိန် ကာလကို စိတ်ပါလက်ပါ၊ အားရပါးရ စိတ်အားထက်သန်စွာနေထိုင်နိုင်သော သူဖြစ်သည်။ ]]ချစ်ခြင်းမေတ္တာရှိသော သူသည်ဘုရားသခင်ထံမှ မွေးဖွားခြင်းခံ၍ ဘုရားသခင်ကို သိ၏။ ချစ်ခြင်းမေတ္တာမရှိ သောသူသည် ဘုရားသခင်ကို မသိချေ။ အကြောင်းမူကား ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်သည်။}} (၁ယော ၄း၇-၈)။ ထို့ကြောင့် မချစ်တတ်သောသူသည် မည်သည့်အခါမျှ စိတ်ပါလက်ပါ စိတ်အား ထက်သန်မှုမရှိနိုင်ပါ။ ထို့ကြောင့် သင်ဇနီး ကို ချစ်ပါ၊ သင့်ခင်ပွန်းကို ချစ်ပါ၊ သင်သား သမီးများကို ချစ်ပါ၊ သင်မိဘကို ချစ်ပါ၊ သင်ယောက္ခမကို ချစ်ပါ၊ သင်နှင့်နီးစပ်သူ များအားလုံးကို ချစ်ပါ။ ချစ်တတ်သော သူမှာဘုရားသခင်ရှိသောကြောင့် ဘ၀ကို စိတ်ပါလက်ပါ စိတ်အားထက်သန်စွာ နေထိုင်နိုင်မည်ဖြစ်သည်။ ၃) အနာဂတ်ကိုယုံကြည်စိတ်ချခြင်းဖြင့် မျှော်ကြည့်ရန် Duc in Altum ရေနက်ရာသို့ ရွှေ့ရန်လိုအပ်သော တတိယအချက်မှာ အနက်ဂတ်ကာလကို စိတ်ချယုံကြည်စွာ မျှော်လင့်ခြင်းဖြင့် မျှော်ကြည့်ရန်ဖြစ်သည်။ "ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ် တော်မူ၏။
အချုပ်ဆိုရလျှင် နာဇရက် ကျောင်းတော်၏ ဆောင်ပုဒ်သည် Duc in Altum "ရေနက်ရာသို့ရွှေ့လော့" ဖြစ်၏။ သက္ကရာဇ်၂၀၀၁ခုနှစ်ရဟန်း မင်းကြီး ဒုတိယမြောက် ယောဟန်ပေါလူး ၏ ဆောင်ပုဒ်သည် အင်းဝခေတ်လည်း Du in Altum ရေနက်ရာသို့ ရွှေ့လော့ဟူ၍ ဖြစ်သည်။ ရေနက်ရာသို့ရွှေ့ရန် ဖော်ပြခဲ့သော အချက်သုံးချက်လို အပ်သည်။ ကျွန်ုပ်တို့၏ဘ၀တွင် ဤအချက် သုံးချက်တိုင်း လိုက်နာကျင့်ဆောက် တည်ကာ ရေနက်ရာသို့ရွှေ့၍ ပိုက်ကွန်ကို ချခဲ့လျှင် "သူတို့သည် အမိန့်တော်အတိုင်း ပြုကြသောအခါများစွာသော ငါးတို့ကို ဖမ်းမိသဖြင့်ပိုက်ကွန်များ စုတ်ပြဲ စပြုလေ ၏" (လုကာ၅း၆)ဟု ရေးသားထားသည့် အတိုင်း အကျွန်ုပ်တို့၏ဘ၀သည် အောင်မြင်မည်။ ဆလေးရှင်း ဘ၀ အောင်မြင်မည်။ ကျေးဇူးတော်များခံစားရမည်။ ကျွန်ုပ်သည် ထာဝရဘုရား၏ ကရုဏာတော်ကို အစဉ်အမြဲသီချင်းဆိုပါ မည် (ဆာလံ ၈၉း၁)။
၁၆.၂.၀၇ အနီးစခန်းနာဇရက် ကျောင်းနှစ် (၅၀) ရွှေဂျူဗလီမစ္ဆားတရားတွင် ရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ကြီး ချားလ်စ်ဘိုမိန့်ကြားသော သြ၀ါဒကို ဆောင်းပါးအဖြစ်ပြန်လည်တင်ပြပါသည်။
နာဇရက်ကျောင်းသားဟောင်းတစ်ဦး

No comments:
Post a Comment