သိုး ပျောက်
လူတစ်ဦးတွင် သိုးအကောင် တစ်ရာရှိပြီး ယင်းတို့အထဲမှ တစ်ကောင်သည်လမ်းလွဲ၍ ပျောက်ဆုံးသွားလျှင် သူသည် ကိုးဆယ်ကိုးကောင်တို့ကို တောင်ပေါ်တွင်ထားခဲ့လျက် ပျောက်ဆုံးသော သိုးကိုသွား၍ ရှာတတ်သည် မဟုတ်လော။ (မာတေဦး ၁၈း၁၂၊ လု ၁၅း၎)
အဖြစ်အပျက်ကတော့ ဒီလိုဗျ ပြီးခဲ့တဲ့ တစ်ပတ်လောက်က အသုဘကိစ္စ တစ်ခုမှာပေါ့ အလောင်းကို သဂြိုလ်ပြီးလို့ သားသမီးကိုးယောက်လုံးအတူ ပြန်ဆုံကြတဲ့အချိန်မို့ ထိုညီအစ်ကို မောင်နှမတွေထဲက အငယ်ဆုံးဖြစ်တဲ့ ဂျွန်က ရက်လည်နေ့ သူ့အိမ်မှာလည်း ဘုရားရှိခိုး ချင်တယ်ပေါ့။ ဒါနဲ့ ရက်လည်တဲ့နေ့မှာ တခြား ဘာသာဝင်တွေနဲ့ အတူတူညီအစ်ကို မောင်နှမ အားလုံး ဟင်နရီအိမ်မှာ ဘုရားရှိခိုးကြတာပေါ့။ ဘုရားရှိခိုးလို့လည်းပြီးရော ကျန်ရစ်သူသားသမီး ညီအစ်ကို မောင်နှမတွေထဲက အကြီးဆုံးဖြစ်တဲ့ ဦးပီတာ

ဒါကြောင့် သူမဟာ မုချ ကောင်းကင်ဘုံမှာ စံနေလောက်ပြီ၊ အမှန်မှာအမေဟာ သေတာ မဟုတ်ဘဲ လူ့ပြည်ကို ငြီးငွေ့လို့ အဆင်း သဏ္ဍန်ပြောင်းလဲပြီး ကောင်းကင်ခရီးနှင်တာပဲကွ။ အေး တစ်ခုတော့ရှိတယ်။ အဖေနဲ့အမေဟာ ငြိမ်းချမ်းစွာ ကောင်းကင်ရောက်ရှိမဲ့ တို့အားလုံး သူတို့နဲ့ ကောင်းကင်ဘုံမှာ ဆုံနိုင်ပါမလားလို့ တွေးပြီး ၀မ်းနည်းတယ်။ ဘာကြောင့်လည်းဆိုတော့ ညီအစ်ကို မောင်နှမအားလုံးထဲမှာ ညီငယ်(၃)ယောက်က လက်ထပ်ခြင်း စက္ကမင်တူး မခံယူရသေးတော့ ဘာသာတရားရဲ့ အပြင်မှာရှိနေဆဲပဲ။ ဒါတွေအတွက် ညီငယ်တို့ကလည်း ကြိုးစားရမယ်။ တို့တစ်တွေကလည်း ဆုတောင်း ပေးရမယ်။ ဒါမှ တို့တွေဟာ မိဘတွေကို ခြေရာခံတဲ့ နောက်လိုက်ကောင်းတွေ ဖြစ်မှာ။ အသက်ရှင်ချိန်မှာ ကယ်တင်ခြင်း ရရှိဖို့က အဓိကအရေးကြီးတော့ ပိုကြိုးစား ကြပါလို့ပဲ ပြောချင်ပါတယ်ကွာ။
ဦးပီတာ၏ စကားအဆုံးမှာတော့ ကျွန်တော် လေးနက်စွာ စဉ်းစားမိပါတယ်။ လက်ထပ်ခြင်းမခံရတာက (၃)ယောက်။ အတူတူရန်ကုန်မှာ နေကြသူကိုတော့ အသာထားပြီး နီးစပ်တဲ့ ဂျိုးဇက်ဆိုသူ အိမ်ကိုပါ ဘုရားရှိခိုးသင့်တာပေါ့ လို့မြင်မိရာကနေ ကျိုးကြောင်းရှင်း ပြတဲ့အခါ အားလုံးက သဘောတူကြပါတယ်။ ၀မ်းသာစရာပါပဲ ကိုဂျိုးဇက်လည်း လှိုက်လှဲစွာ လက်ခံခွင့်ပြုလို့ ညီအစ်ကိုမောင်နှမများနဲ့အတူ သွား၍ ဆုတောင်းမေတ္တာများနဲ့တူ သွားပြီးဆုတောင်းမေတ္တာ ပို့ပေးကြပါတယ်။ ဘုရား ရှိခိုးဆုတောင်း၍ ပြီးသွားတဲ့

ကျွန်တော်တို့ ညီအစ်ကိုတွေကို ပစ်မထားပါနဲ့ ဆရာရယ်။ အမေ့အာသုဘမှာ သူများတွေ အာပတ်ဖြေ ကိုယ်တော်မြတ်ပင့်ကြတော့ ကျနော်လေ ၀မ်းနည်းပြီး မျက်ရည်ဝဲလာတယ်။ အဲဒီအခါကျမှ ကျွန်တော်ဟာ အပြင် လူတစ်ယောက် လိုဖြစ်နေမှန်း ခံစားလာရတယ်။ ကျွန်တော်လည်း နားထောင်ရင်း ၀မ်းနည်းလာပါတယ်။ ပြီးတော့ ကိုဂျိုးဇက်က ဆက်ပြောတယ် ကျွန်တော့်ဘ၀ရဲ့ မျှော်လင့်ချက် ရောင်ခြည် စသမ်း လာပါပြီ ဆရာရယ်။ ဒီနေ့ဟာ ကျွန်တော်ဘ၀ရဲ့ အမှောင်ထဲ အာရုံသန်းလာတဲ့နေပါ သူပြောရင်း အသံတိမ်ဝင်လျက် မျက်နှာကိုလည်း အောက်သို့ ငုံထားရင် လက်ချောင်းနဲ့လည်း မျက်လုံးကို တို့တို့ နေသည်ကိုတွေ့ရာ ရင်ထဲလှိုက်လှဲစွာ

““သူသည် ထိုသိုးကို တွေ့သောခါ ၀မ်းမြောက် ၀မ်းသာဖြင့် ၄င်းကို ပုခံုးထက်တွင်တင်လေ၏”” (ရှင်လုကာ ၁၅း၅)
““ဤသိုးစုတွင် မပါဝင်သော အခြားသိုးများလည်း ငါ၌ရှိ၏။ ထိုသိုးများကိုလည်း ငါခေါ်ဆောင်ရအုံးမည်။ သူတို့သည် ငါ့အသံကို နားထောင်ကြလိမ့်မည်။ ဤသို့ဖြင့် သိုးစုတစ်စု၊ သိုးထိန်း တစ်ပါးတည်း ဖြစ်ရလိမ့်မည်”” (ယော ၁၀း၁၆)
မန်းရော်(နတ်တော်)
No comments:
Post a Comment