Sep 2, 2009

ကိုးကွယ်မှု့ဘာသာတရားများကို လေ့လာဆည်းပူးစေချင်


ကိုးကွယ်မှု့ဘာသာတရားများကို လေ့လာဆည်းပူးစေချင်

ကမ္ဘာ့နိုင်ငံတိုင်းတွင် လူမျိုးနွယ်ဝင် အသီးသီး စုပေါင်းနေထိုင် လေ့ရှိကြပါတယ်။ သူတို့သည် တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ အေးချမ်းစွာ အတူနေထိုင်ကြလေ့ရှိပါတယ်။

အချင်းချင်းဆက်သွယ်ရာတွင် ကြားခံအဖြစ်မရှိမဖြစ်သည့် ဘာသာစကားဆိုတာရှိကြသည်။ နေထိုင် ကျက်စားရာ ဒေသအလျောက် စားပုံသောက်ပုံရှိကြသည်။ ထုံးဓလေ့များရှိ ကြသည်။ ကိုယ်ပိုင် ယဉ်ကျေးမှု့များ ရှိကြသည်။ တွေးခေါ်ယူဆပုံနှင့် ယုံကြည်မှု့များ ရှိကြလေသည်။

လွပ်လပ်သော တွေးခေါ်ယူဆပုံကြောင့် မတူညီသော ယုံကြည်မှု့များ ရှိလာ
ကြလေသည်။ လွပ်လပ်စွာ တွေးခေါ်ယူဆခြင်းနှင့် မတူညီသော ယုံကြည်မှု့များကြောင့် သက်ဝင်ကိုးကွယ်သည့် ဘာသာတရားများလည်း ရှိလာကြလေသည်။ အခြေနေ အကြောင်းကြောင်းကို မူတည်ကာ ရိုးရာကိုးကွယ်မှု့များနှင့် ကမ္ဘာ့ကိုးကွယ်မှု့ ဘာသာတရား ကြီထွန်းကားလျက်ရှိသည်။

ယေဘုယျအားဖြင့် လူမျိုးတစ်မျိုး ကိုးကွယ်သည့် ဘာသာတရား၏ အဆုံးအမနှင့် ထုံးတမ်းစဉ်လာတို့သည် ထိုလူမျိုးစု၏ ဓလေ့ထုံးတမ်းနှင့် ယဉ်ကျေးမှု့တို့ကိုလည်း လွှမ်းမိုးထားလေ့ရှိပါသည်။
ထိုကြောင့် တိုင်းနိုင်ငံတစ်ခုတွင် ငြိမ်းချမ်းမှု့ရှိဖို့နှင့် အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ တစ်ဦးနှင့်တစ်ဦး၏ ယုံကြည်သက်ဝင်ရာ ဘာသာတရားကို အသိအမှတ်ပြု လေ့လာဖို့ လိုအပ်ပါတယ်။
သို့သော် ဘာသာတရား တစ်ခုနှင့်တစ်ခု အပြန်အလှန် လေ့လာသင်ယူခွင့်မရှိပါက (သို့မဟုတ်) လေ့လာသင်ယူဖို့ အခွင့်အလမ်းမရှိပါက (သို့မဟုတ်) လေ့လာဖို့ ကိုယ်တိုင်က စိတ်မပါကြလျင် ထိုတိုင်းထိုပြည်သားတို့သည် ဘာသာရေး ဗဟုသုတ ခေါင်းပါးကြပေမည်။


ဘာသာတရား ဗဟုသုတခေါင်းပါးမှု့ကြောင့် အခြားသူတစ်ဦး ကိုးကွယ်သည့် ဘာသာတရားကို ပေါ်ယံ သဘောလောက်သာ သိနေပေလိမ့်မည်။ လေးနက်မှု့ ကင်းနေပေလိမ့်မည်။ ကြားဖူးနားဝ အဆင့်သာ ရှိနေပေလိမ့်မည်။ အပေါ်ယံ သဘောသကန်လောက်သာ သိတာကြောင့် ထိုဘာသာတရား၏ အနှစ်သာရကို မသိတော့ပေ။ အနှစ်သာရကို မသိတာကြောင့် ထိုဘာသာတရားကို တန်ဖိုးထားရ ကောင်းမှန်း မသိတော့ပေ။ ချွတ်ချော်မှု့၊ တိမ်းပါးမှု့ မှားယွင်းစွာနားလည်မှု့များသာ စိုးမိုးနေပေလိမ့်မည်။
လေ့လာနိုင်ခွင့် သင်ယူနိုင်ခွင့် ကိုယ်တိုင်ကလည်း လေ့လာသင်ယူမှု့ မရှိလေသောအခါ ဘာသာတရားများ၏ မတူညီရာများကိုလည်း မသိနိုင်ကြပေ။ တူညီရာများကို တန်ဖိုးထားရကောင်းမှန်း မသိသလို မတူညီကွဲပြားရာများကိုလည်း နားလည် လေးစားမှု့ မရှိနိုင်ကြတော့ပေ။

အကျိုးဆက်ကတော့ ထိုတိုင်း ထိုပြည်သားတို့သည် တစ်ဦးနှင့်တစ်ဦး အထင်သေးနေလိမ့်မည်။ တစ်ဘာသာ နှင့် တစ်ဘာသာ ပုတ်ခတ်ရှုပ်ချ နေကြလိမ့်မည်။ အငြင်းပွားနေကြလိမ့်မည်။ ပြိုင်ဆိုင် နေကြလိမ့်မည်။ စကားရည် လုနေကြလိမ့်မည်။ တိုက်ခိုက်နေ ကြလိမ့်မည်။ အနိုင်ကျင့် နေကြလိမ့်မည်။ ဘာသာရေးယူသီးမှု့များ စိုးမိုးနေလိမ့်မည်။ ဘာသာရေးစစ်ပွဲများ ဖြစ်ပွားနေကြသည်။
လောကနိယာမက “တစ်စုံတစ်ဦး (သို့မဟုတ်) တစ်သင်းတစ်ဖွဲ့သည် အမှန်တရားမှ သွေဖီသွားပါက ကျန်ပုဂိုလ်များ ဆိုးကျိုးဆိုးမွေများ ခံရလေ့ရှိ၏။ (when someone or some people deviate from reality, others are often hurt) ” ဟုဆိုပါသည်။ သို့သော် ကိုးကွယ်မှု့ဘာသာ တရားများကို လေ့လာသင်ယူခြင်းသည် ဘာသာတရားများ၏ တူညီမှု့များကို တန်ဖိုးထားမြတ်နိုးစေသလို မတူညီကွဲပြားရာများကိုလည်း နားလည် လေးစားစေပါသည်။
ဘာသာတရားတို့၏ တူညီမှု့များကို တန်ဖိုးထားမြတ်နိုးခြင်းနှင့် မတူညီ ကွဲပြားရာများကိုလည်း နားလည် လေးစားခြင်းသည် ကိုးကွယ်မှု့ ဘာသာတရားများ အချင်းချင်း ယှဉ်တွဲနေထိုင်ခြင်းနှင့် နှီးနှောဖလှယ်ခြင်းကို ရှင်သန်စေပါသည်။

အချင်းချင်း ယှဉ်တွဲနေထိုင်ခြင်းနှင့် နှီးနှောဖလှယ်ခြင်းကြောင့် ကိုးကွယ်မှု့ဘာသာတရားများအကြား ငြိမ်းချမ်းခြင်းနှင့် စည်းလုံးညီညွတ်ခြင်းကို ဖြစ်စေပါသည်။
အိနိယနိုင်ငံ၏ လွပ်လွပ်ရေးဗိသသုကာကြီး မဟတ္တမ ဂန်ဒီက “ယနေ့ မျက်မှောက်ခေတ်အချိန်အခါ၏ လိုအပ်ချက်က ကိုးကွယ်မှု့ ဘာသာတရားတစ်ခုတည်း ဖြစ်လာစေရေး မဟုတ်ပါ။ သို့သော် ဘာသာတရားတိုင်းမှ သက်ဝင်ယုံကြည်သူတို့၏ (တစ်ဦးနှင့် တစ်ဦး၊ တစ်ဘာသာနှင့်တစ်ဘာသာ) စစ်မှန်သော ရိုးသားသော လေးစားမှု့နှင့် စိတ်ရှည်သည်းခြင်းဖြစ်ပါသည်။ (The need of moment is not religion, but truth respect and tolerance of the devote of the efferent religions- Mahatma Gandhi) ” ဟုဆိုပါသည်။

ထိုကြောင့် စာဖတ်သူအနေနှင့် ကိုးကွယ်မှု့ ဘာသာတရားများကို လေ့လာဆည်းပူး သင်ယူပါ။ အခွင့်အရေးကြုံပါက ဘာသာရေးသင်တန်းများကို တက်ဖြစ်အောင်တက်ပါ။ ဘာသာရေး စာအုပ်စာပေများကို ၀ယ်ယူဖတ်ရှု့ပါ။
ကိုးကွယ်မှု့ ဘာသာတရားများ အကြောင်း လေ့လာဖို့ မကြောက်ပါနှင့်။ ဘာလို့လဲဆိုတော့ ဘာသာတရားများကို သဘောပေါက်ခြင်းအားဖြင့် ပထမဦးစွာ မိမိကြည်ညို ကိုးကွယ်နေသည့် ဘာသာတရားမှာ ပိုမိုစွဲမြဲစေပါသည်။
ထိုအပြင် ဘာသာတရား အသီးသီး၏ စစ်မှန်သော သွန်သင်ရာများကို သိနားလည်ခြင်းဖြင့် လူတိုင်းလူတိုင်း မိမိသိုက်အမြံမှ ကြယ်ဝလာသော ဘာသာရေး အမွေအနှစ်များကို လေးစားလာပါလိမ့်မည်။ အပြုသဘောဆောင်သည့် ဆက်ဆံရေး၊ အလေးထားနားလည်ခြင်းများ ရှင်သန်ကာ ပွင့်လင်းသည့် စည်းလုံးမှု့များ ဖြစ်ပေါ်လာပါမည်။ ပွင့်လင်း စည်းလုံးခြင်းသည်သာ ကျွန်တော်တို့ လူသားကမ္ဘာကြီးကို ငြိမ်းချမ်းစေပါမည်။

ဤသည်တို့မှာ လူသားတို့ ဦးထိပ်ထားကိုးကွယ်ကြသည့် ဘာသာတရားများ၏ အနှစ်သာရများပဲဖြစ်ပါတော့တယ်။

မာကု (ဒသန)

No comments: