မာရီယား၏ ခင်ပွန်းတော် သံဇူဇယ်
ကက်သလစ်အသင်းတော်ရဲ့ ၀တ်ပြုကိုးကွယ်ခြင်း ပြက္ခဒိန်မှာ မတ်လ (၁၉) ရက်နေ့ဟာ "မာရီယား၏ ခင်ပွန်းတော် သံဇူဇယ် "ပွဲနေ့ ဖြစ်ပါတယ်။ (ယခု ၂၀၀၈ ခုနှစ်မှာတော့ မတ်လ (၁၉) ရက်နေ့ဟာ သန့်ရှင်းသော ရက်သတ္တပတ်ရဲ့ ဗုဒ္ဓဟူးနေ့မှာ ကျရောက်တဲ့အတွက် (၁၅) ရက်နေ့ကို ပြောင်းရွှေ့ထားပါတယ်)။ သမ္မာကျမ်းစာမှာ သံဇူဇယ်ပြောခဲ့တဲ့ စကားရယ်လို့ တစ်လုံးမျှ မတွေ့ရပေမယ့် သူ့ရဲ့ လုပ်ဆောင်ချက်တွေက ဘုရားသခင်ရဲ့ အလိုတော်ကို လေးစားလိုက်နာသူ၊ ပါရမီနဲ့ ပြည့်ဝတဲ့သူ ဖြစ်တယ်ဆိုတာကို ဖော်ပြနေပါတယ်။
J - Joseph the just man ဖြောင့်မတ်သောသူ
(မာတေဦး - ၁း၁၉) "ဇူဇယ်သည်ကား ဖြောင့်မတ်သောသူ ဖြစ်သည်နှင့် မာရီယား၏ အသရေကို မပျက်စေလိုသောကြောင့် တိတ်ဆိတ်စွာ စွန့်ပယ်မည်ဟု အကြံရှိသည်"။
ရဟန်းမင်းကြီး ဒုတိယမြောက် ယောဟန်ပေါလူး အရှင်မြတ်က "The Guardian of the Redeemer" ကယ်တင်ရှင်၏ အထိန်းတော်လို့ တင်စားပါတယ်။
သံဇူဇယ်လစ်တာနီမှာလည်း "အလွန်ဖြောင့်မတ်တော်မူသော မြတ်ဇူဇယ်"လို့ တင်စားဂုဏ်ပြုရင်း ဆုတောင်းကြတယ်။ ဖြောင့်မတ်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ သန့်ရှင်းဖြူစင်တယ်၊ ရိုးသားဖြောင့်မတ်တယ်၊ ပါရမီနဲ့ ပြည့်ဝတယ်လို့ ဆိုလိုက်တာပဲ။ ဆရာယုဒဿန် ဘာသာပြန်ထားတဲ့ ကျမ်းစာအရဆိုရင် "သူတော်ကောင်း" ဖြစ်တယ်လို့ ဆိုလိုပါတယ်။ သံဇူဇယ်ဟာ မယ်တော်မာရီယား ပြီးရင် အမြင့်မြတ်ဆုံးရဟန္တာ၊ အသန့်ရှင်းဆုံး လူသား၊ အသင်းတော်ရဲ့ ကျမ်းတတ်ပုဂ္ဂိုလ် အချို့က "ဘုရားသခင်ဟာ ရဟန္တာတွေကို ကျေးဇူးတော်တွေ ပေးခဲ့တယ်။ သံဇူဇယ်ကိုတော့ အခြားသော ရဟန္တာတွေ ခံစားရတဲ့ ကျေးဇူးတော်တွေ အားလုံးပေးခဲ့တယ်" လို့ တင်စားပြီး ပြောခဲ့ပါတယ်။ "ဘုရားသခင်ဟာ လူတစ်ဦးစီကို သူ့ရဲ့ ဘ၀နဲ့ သင့်လျော်တဲ့၊ တာဝန်ဝတ္တရားနဲ့ ကိုက်ညီတဲ့၊ လိုအပ်တဲ့ ကျေးဇူးတော်တွေ ပေးတယ်"လို့ St. Thomas Aquinas က ပြောခဲ့ပါတယ်။ ခင်ပွန်းသည် တစ်ယောက်၊ ဖခင် တစ်ယောက်ဖြစ်တယ် ဆိုရင်၊ ရဟန်းတစ်ပါး ဖြစ်တယ်ဆိုရင်၊ သူ့ရဲ့ဘ၀၊ သူ့တာဝန်ဝတ္တရားနဲ့ ကိုက်ညီတဲ့၊ လိုအပ်တဲ့ ကျေးဇူးတော်တွေ ဘုရားသခင် ပေးပါတယ်။ ဒါဆိုရင် ခမည်းတော်ဘုရားရဲ့ သားတော်ကို အုပ်ထိန်းရတဲ့ အပြစ်မဲ့ သန္ဓေယူတော်မူတဲ့ မာရီယားကို တာဝန်ယူရတဲ့ သံဇူဇယ် ကျေးဇူးတော်တွေ ဘယ်လောက်ရမယ်ဆိုတာ ရှင်းမပြနိုင် ပေမယ့် ခန့်မှန်းမိကြမှာပါ။ ဒီကျေးဇူးတော်တွေရဲ့ အာနိသင်ကြောင့် သံဇူဇယ်ဟာ အမြင့်မြတ်ဆုံးသော ရဟန္တာ၊ အသန့်ရှင်း၊ အဖြောင့်မတ်ဆုံး လူသားဖြစ်တယ်ဆိုတာ ငြင်းစရာ မရှိပါဘူး။
O = Joseph the obedient one နာခံတတ်သောပုဂ္ဂိုလ်
သံဇူဇယ်ဟာ သူ့ရဲ့ဘ၀မှာ ဘုရားအလိုတော်ကို အမှန်တကယ် နာခံခဲ့ပါတယ်။ မာရီယားမှာ ပဋိသန္ဓေရှိတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကောင်းကင်တမန်က (ရှင်မာတေဦး ၁း၂၀)မှာ "ဒါဝိတ်၏ သားဇူဇယ်၊ သင်၏ ဇနီးမာရီယားကို ထိန်းသိမ်းခြင်းငှါ မကြောက်နှင့် အကြောင်းမူကား သူ၌ စွဲသော ပဋိသန္ဓေသည် သန့်ရှင်းသော ၀ိညာဉ်တော်အားဖြင့် ဖြစ်သည်" လို့ အိပ်မက်ထဲမှာ ရှင်းပြတယ်။ ဒီတော့ သံဇူဇယ် ဘာလုပ်သလဲ။ (ရှင်မာတေဦး - ၁း၂၄)မှာ "သံဇူဇယ်သည်ကား အိပ်ပျော်ရာမှနိုးလျှင် ကောင်းကင်တမန် မိန့်မှာသည့် အတိုင်းပြု၍ မာရီယားကို ထိန်းသိမ်းလေ၏"လို့ တွေ့ရတယ်။ (ရှင်လုကာ ၂း၎-၅) အရ မာရီယား ကိုယ်ဝန် ရှစ်လကျော်ရှိတဲ့အခါမှာ ဆီဇာသြဂုတ်စတူးဘုရင်က သန်းခေါင်စာရင်း ကောက်တယ်။ ဒါနဲ့ သူတို့နေတဲ့ ဂါလီလေပြည်၊ နာဇရက်မြို့ကနေ သူ့ရဲ့ ဘိုးဘေး ဒါဝိတ်မျိုးနွယ်နေတဲ့ ဂျူဒေယားပြည်၊ ဘက်သလေဟင်မြို့ကို လာခဲ့ကြတယ်။ မာရီယားမှာ ကိုယ်ဝန် အရင့်အမာကြီးနဲ့မို့လို့ မသွားဘူးလို့ သံဇူဇယ် မငြင်းခဲ့ပါ။ ဒီတော့ ဘာဖြစ်လဲ (မိက္ခာ ၅း၂) အရ "အို ဘက်သလေဟင်မြို့ ဣသရေလအမျိုးကို

S = Joseph the silent one တိတ်ဆိတ်စွာနေတတ်
ဧ၀ံဂေလိကျမ်းလေးစောင်မှာ မာရီယားနဲ့ တမန်တော်တွေ ဘာပြောတယ်၊ ဘာလုပ်တယ်ဆိုတာ တွေ့ရပေမဲ့ သံဇူဇယ်နဲ့ ပတ်သတ်ပြီးတော့ ရှင်မာတေဦး၊ ရှင်မာကု၊ ရှင်လုကာ နဲ့ရှင်ယောဟန်တို့က ဘာလုပ်ခဲ့တယ် ဆိုတာပဲ ဖော်ပြထားတယ်။ သံဇူဇယ် ပြောခဲ့ဖူးတဲ့စကား တစ်ခွန်းရယ်လို့တော့ ဧ၀ံဂေလိကျမ်း (၄) စောင်လုံးမှာ မတွေ့ရပါဘူး။ သူဟာ ဒါဝိတ်အမျိုးအနွယ် ဖြစ်တယ်။ မာရီယားနဲ့ သူငယ်တော်ကို ထိန်းသိမ်း စောင့်ရှောက်ပေးခဲ့တယ် ဆိုတာလောက်ပဲ သိရတယ်။ သူဘယ်အချိန်၊ နေရာ၊ အရွယ်မှာ သေဆုံးပြီး ဘယ်မှာမြှပ်နှံတယ် ဆိုတာ မသိကြရဘူး။ သူ့ဘ၀ဟာ တိတ်ဆိတ်နေခဲ့တယ်။ ဒါပေမယ့် အဲဒီတိတ်ဆိတ်ခြင်းရဲ့ နောက်ကွယ်မှာ သူ့ရဲ့ စိတ်သဘောထား ကြီးမြတ်မှု၊ ယောင်္ကျားပီသမှု၊ အိမ်ထောင်ဦးစီး ပီသမှုဆိုတဲ့ အရည်အချင်းတွေကို ခန့်မှန်းလို့ ရပါတယ်။ လူတွေအမြင်မှာ သူဟာ ရှေ့ကနေ ဦးဆောင်တဲ့သူ တစ်ယောက်မဟုတ်ပါ။ ဘုရားသခင်ဖြစ်စေချင်တာကို ပီပီပြင်ပြင် တိတိကျကျ စိတ်အေးအေးထားပြီး အကောင်အထည်ဖော်တဲ့သူ ဖြစ်ပါတယ်။ သူဟာ တိတ်တဆိတ် နေတတ်တဲ့သူ ဖြစ်တဲ့အတွက် အတွင်းစိတ်ကို ခိုင်မာအောင် တည်ဆောက်နိုင်တဲ့သူလို့ ပြောလို့ ရပါတယ်။ ဘာလို့လဲဆိုတော့ တိတ်ဆိတ်ခြင်းဟာ ဘုရားရှိခိုးခြင်း၊ မေတ္တာပြုခြင်း၊ ကမ္မဌာန်းရှုခြင်းဆိုတဲ့ အတွင်းစိတ် ၀ိညာဉ်ရေး အလုပ်တွေကို အထောက်အကူပြုတာ အားလုံး အသိပါပဲ။ လစ်တာနီမှာ "စိတ်အားတန်ခိုးနှင့် အလွန် ပြည့်စုံတော်မူသော သူတော်မြတ် ဇူဇယ်"လို့ ဆိုလေ့ရှိတယ်။ အဲဒါကြောင့် သံဇူဇယ်ဟာ သြတပ္ပစိတ် အတွင်းမှာ ဘုရားသခင် ပြောတဲ့စကားကို ပိုကြားရမှာ အမှန်ပါပဲ။ သူ့ကို လူရိုး၊ လူအေး၊ စကားနည်းတဲ့ လက်သမား တစ်ယောက် အဖြစ် သိထားကြတယ်။ သူဟာ ဒုက္ခရောက်တဲ့ အချိန်မှာ ညီးညူ ပြစ်တင်ခြင်း၊ ဒေါသထွက်ခြင်း၊ စောဒကတတ်ခြင်း မရှိခဲ့ပါဘူး။ အရာရာကို တိတ်ဆိတ်စွာ ခံထမ်းခဲ့ပါတယ်။
E = Joseph the example စံနမူနာကောင်းပြုတဲ့ပုဂ္ဂိုလ်
ယနေ့ စီးပွားရေး အတန်အသင့်ပြေလည်တဲ့ မြို့ပြ မိသားစုတွေမှာ ကလေးထိန်းဖို့၊ ထမင်းချက်ဖို့ ကူဖော်လောင်ဖက်လိုတဲ့ ပြဿနာကို တွေ့ရတယ်။ ကလေးထိန်းဖို့ ဆွေမျိုး သားချင်းတွေကို အားကိုးကြတယ်။ ယုံကြည်စိတ်ချရတဲ့ ကလေးထိန်း ရှာကြတယ်။ ဒါမှမဟုတ် နာမည်ကြီး "ရင်ခွင်ပိုက် နေ့ကလေးထိန်းကျောင်း" မူကြိုတို့ကို ပို့ကြတယ်။ ကိုယ့်သားသမီးကို သူများ လက်ထဲ ခဏတဖြုတ်အပ်ဖို့အရေး တော်တော်လေး စဉ်းစားပြီးမှ လုပ်ကြတယ်။ ဒီတော့ ခမည်းတော်ဘုရားသည်လည်းပဲ ကယ်တင်ခြင်း စီမံကိန်းအရ သူ့ရဲ့ တစ်ပါးတည်းသော သားတော်ကို လူတစ်ယောက် လက်ထဲအပ်ဖို့ရာ ပြီးစလွယ် လုပ်မှာမဟုတ်ဘူး ဆိုတာ သေချာပါတယ်။ လူသားထု တစ်ရပ်လုံးထဲကမှ သူ့ကိုရွေးပြီး သားတော်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ပေးခဲ့တာပါ။

P = Joseph, a man of prayer ဘုရားသခင်ကို အားကိုးဆုတောင်းတတ်သူ
လူတွေဟာ တစုံတရာ ဒုက္ခတွေ့ရင် ကိုယ့်ထက် ပိုပြီး တတ်သိနားလည်တဲ့၊ အဲဒီ ဒုက္ခကို ဖြေရှင်းပေးနိုင်မယ်လို့ ယူဆရတဲ့ အရာသတ္တ၀ါကို သော်လည်းကောင်း၊ လူပုဂ္ဂိုလ် ကိုသော်လည်းကောင်း၊ နတ်သိကြားတွေ ကိုသော်လည်းကောင်း ချည်းကပ်ကိုးကွယ်ပြီး အကူအညီ တောင်းတတ်ကြတာ သဘာဝပါပဲ။ သံဇူဇယ်အနေနဲ့ စေ့စပ်ထားတဲ့ မာရီယား ကိုယ်ဝန်ရှိနေတော့ လက်ထပ်ယူဖိုလည်း ခက်၊ လူသိရှင်ကြားလည်း မကွာရှင်းရက်နဲ့ သံဇူဇယ် ဘာလုပ်မယ် ထင်သလဲ။ ဟေရုဒ်ဘုရင်က ကလေးတွေကို လိုက်သတ်နေတယ်ဆိုတဲ့ သတင်းကြား ရတဲ့အချိန်မှာ သံဇူဇယ် ဘာလုပ်မယ် ထင်သလဲ။ အီဂျစ်ကို ထွက်ပြေးရတဲ့ လမ်းခရီးမှာ သူတို့ မိသားစု ခလုတ်မထိ ဆူးမငြိဖို့ သံဇူဇယ် ဘာလုပ်မယ် ထင်သလဲ။ သံဇူဇယ်ဟာ ဘုရားသခင်ကို ယုံကြည်အားကိုးစွာနဲ့ ဆုတောင်းခဲ့မှာ အမှန်ပါပဲ။ ဒါကြောင့်လည်း ကောင်းကင်တမန်တော်က မကြာခဏ ထင်ရှားပြပြီး ကူညီခဲ့တာပေါ့။ သူတို့ မိသားစု တစ်နှစ်တစ်ခါ ဗိမာန်တော်ကို သွားခဲ့ကြတာ၊ သံဇူဇယ် တစ်ပတ်တစ်ခါ ဥပုသ်နေ့မှာ တရားဇရပ်ကို ၀င်တာတွေကိုထောက်ရင် နာဇရက်မြို့က အိမ်ကလေးမှာ သူတို့ မိသားစု အတူတကွ ဆုတောင်းရင်း နေထိုင်ခဲ့ကြမှာ အမှန်ပါပဲ။ သံဇူဇယ်ဟာ a man of prayer ကိုယ်တိုင် ဆုတောင်းခဲ့တဲ့သူ၊ မိသားစုကို ဘာသာတရား သင်ကြားပေးတဲ့သူ ဖြစ်ပါတယ်။
H = Joseph, the helper of the Blessed Mother ဘုရားမယ်တော်၏ ခင်ပွန်းတော်

သံဇူဇယ်ရဲ့ ဒီပါရမီတွေဟာ ကက်သလစ်အိမ်ထောင် ဦးစီးတိုင်း လေးစားလိုက်နာပြီး အတုယူသင့်တဲ့ ပါရမီများ ဖြစ်ကြပါတယ်။ တစ်ချိန်မှာ အိမ်ထောင်ဦးစီးဖြစ်လာကြမယ့် ကက်သလစ်လူငယ်များ အတွက်လည်း အကြုံးဝင်ပါတယ်။ ဒါကြောင့် ကက်သလစ် အမျိုးသားတိုင်း သံဇူဇယ်ရဲ့ ပါရမီတွေကို အတုယူပြီး ဘုရားသခင်ရဲ့အလိုတော်ကို လိုက်နာဆောင် ရွက်နိုင်ကြသူများ ဖြစ်ကြစေဖို့ ဆန္ဒပြုပါတယ်။
ခံပွင့်
No comments:
Post a Comment