Sep 29, 2008

သိစေချင်ပါတယ် ...။


သိစေချင်ပါတယ် ...။

“ငါတို့ကက်သလစ် ဘုန်းတော်ကြီးတွေက ငယ်ဖြူတွေကွ” ဆိုတဲ့စကားကို ကျွန်မ အလွန်အားရစွာ ပြောလေ့ရှိပါတယ်။ မသိလို့ ဒါမှမဟုတ် ဗဟုတုသအနေနဲ့ မေးလာသူ ရှိရင်ရော၊ နည်းနည်းပါးပါး အကြောင်း တိုက်ဆိုင်ရင်ပါ ကျွန်မတော့ အတင်းဆွဲယူပြီး ဒီအဖြေကိုရအောင်ထည့် ဖြေတတ်ပါတယ်။ ကျွန်မရဲ့ ကြည်ညိုအားရစိတ်ကို တစ်ဖန်ထပ်ကာပွားစေတဲ့ မြင်ကွင်းက မန္တလေးသာသနာမှ ရဟန်းတော်များရဲ့ ၂၀၀၆-ခု တစ်နှစ်တာ ဥပုသ်ရက်ရှည် စောင့်ကြရင်း၊ ၀ိညာဉ်ရေး အမြင်သစ်တွေ တိုးပွားအောင် သင်တန်းများပါတက်ကြတာကို တွေ့မြင်ရချိန်ပါပဲ။ အဖက်ဖက် ပြည့်ဝအောင် ကြိုးစားနေကြပါလားလို့ ချီးကျူးအားရလိုက်မိတယ်။

၁၅-၁-၂၀၀၆ တနင်္ဂနွေနေ့မှာတော့ မန္တလေးမြို့လယ်က ရွှေနှလုံးတော်ဘုရားကျောင်းမှာ ဂိုဏ်းချုပ်ဆရာတော် ပေါလ်ဂရောင် ဦးဆောင်ပြီး ဥပုသ်စောင့် ရဟန်းတော်များအားလုံး အတူတကွ သဒ္ဓါကြည်ညိုစွာ မစ္ဆားတရားပူဇော်ကြတော့ ဘာသာတူတွေနဲ့တစ်လုံးတစ်ဝထဲရှိပါတယ်ဆိုတာ ပြနေကြတာပဲလို့ခံစားမိတယ်။ ဘယ်နေရာမှာဖြစ်ဖြစ် ဒီလိုရဟန်းတော်တွေကို တစ်နေရာထဲမှာ ဖွေးဖွေးလှုပ်အောင် တစု တစည်းမြင်ရတိုင်း ကျမအလိုလိုပီတိဖြစ်ရ၊ ကြည်ညိုရစမြဲပါ။

အဲဒီနေ့က ဂိုဏ်းချုပ်ဆရာတော်ကြီး ပေါလ်ဂရောင်ရဲ့ သြ၀ါဒ စကားထဲမှာ “ရဟန်းဘုန်းတော်ကြီးတစ်ပါး ရဖို့ဆိုတာ မလွယ်ကူပါဘူး၊ သာသနာက နှစ်ပေါင်းများစွာအကုန်အကျခံ ရင်းနှီးရသလို၊ ရဟန်းကိုယ်တိုင်ကလည်း စွန့်လွှတ်မှုပေါင်းများစွာနဲ့ကြိုးစားရတယ်။ ဘုရား သခင်ဖက်ကလည်း တထူးတခြား ကျေးဇူးတော်မြောက်များစွာနဲ့ ပြုစုပျိုးထောင်စောင့်ရှောက်ခဲ့ရတယ်” လို့ဆိုသလို ကက်သလစ် ရဟန်းတစ်ပါးဖြစ်ဖို့ မလွယ်တာကို ကျွန်မလည်း ထောက်ခံမိတယ်။ တန်ဖိုးရှိတာကိုလည်း ၀န်ခံမိပါတယ်။ အသင်းတော်ကြီးရဲ့ ကျက်သရေဆောင်တွေ အဖြစ်လည်း မြင်မိပါတယ်။ ခရစ်တော် တည်
ထောင်တဲ့ တစ်ခုတည်းသော ကက်သလစ်အသင်းတော်ကို အသက်ဆက်စေသူ၊ ရှင်သန်စေသူတွေလို့လည်း လက်ခံသလို၊ ခရစ်တော် အသွေးနဲ့လဲလှယ် ၀ယ်ယူထားတဲ့ လူသားများ အသက်ဝိညာဉ်ကောင်းကင် ချမ်းသာဆီသို့ရောက်ရန် လမ်းပြပို့ဆောင်ပေးမဲ့သူတွေ အဖြစ်လည်း ယုံကြည်နေပါတယ်။

ရဟန်းတစ်ပါးကို ကျွန်မ ထင်မြင် လက်ခံယုံကြည်သကဲ့သို့ ကက်သလစ် ဘာသာဝင်တိုင်းလည်း ထို့အတူ ဖြစ်လိမ့်
မယ်လို့ ထင်ပါတယ်။ သမ္မာကျမ်းစာထဲကရှင်ယောဟန်နဲ့ ရှင်ပေါလူးကလွဲရင် အိမ်ထောင်မပြုတဲ့ (ငယ်ဖြူ) ဘ၀နဲ့ ဘုရား အမှုတော်အတွက် တစ်သက်စာ ဆပ်ကပ်ပေးလှူတဲ့ ဘ၀ရှင် သာသနာပြု၊ ဘာသာရေး ခေါင်းဆောင်ဆိုတာ ကက်သလစ်အသင်းတော်ကရဟန်း ဘုန်းတော်ကြီးတွေကလွဲရင် သိပ်မကြားမိ၊ မမြင်မိဘူး။ ဒီလိုဆိုတော့ သူများကို ဝေဖန်ချင်တာ မဟုတ်ဘဲ၊ ကိုယ့်ရဲ့ ဘာသာရေး ခေါင်းဆောင်ဖြစ်တဲ့ ခရစ်တော်ရဲ့ကိုယ်ပွား၊ ကက်သလစ်ရဟန်းတော်တွေ အတွက်ဂုဏ်ယူလိုခြင်း သက်သက်ပါ။
...သိပ်မညွှန်းပါနဲ့၊ ကက်သလစ် ဘုန်းတော်ကြီးတွေ ဘယ်လောက် မွန်မြတ်သန့်ရှင်းလို့လဲ။
...ဘယ်လောက်ဘုရားစွဲပြီး တရားမြဲလို့လဲ။
...လောကဆန်ဆန် ပြောဆိုဝတ်စား နေထိုင်တာတွေကကော။
...လောကသားတွေနဲ့မထူးမခြား စိတ်ထားတွေ မြင်နေရပါလား။
ဆိုပြီး အားမလိုအားမရ ဝေဖန်နေကြပါသလား။ မလေးစားနိုင်၊မကြည်ညို နိုင်ဖြစ်နေကြပါသလား။ ဂရုမစိုက် အလေးမထား၊ နားမထောင် ဥပက္ခာပြုလို့များနေသွားကြမလား။
ဒီလိုဆိုရင်တော့ ဘုရားသခင်ဆီလူး ဘိသိတ်ပေးထားသူကို လေးစားလက်ခံတတ်ဖို့၊ ဓမ္မဟောင်းကျမ်းက (ဓမ္မရာဇ၀င် ပ-စောင် ၂၆း ၈-၉) ဖတ်ပြီး လူ့ကယ်တင်ခြင်းသမိုင်း ထဲက အထင်ကရ ပုဂ္ဂိုလ် ဒါဝိတ်မင်းကြီးကို အတုယူဖို့လိုပါလိမ့်မယ်။ ကျမ်းချက်ထဲမှာ “အဘိရှဲကလည်း ဘုရားသခင်သည် ကိုယ်တော်၏ ရန်သူကို ကိုယ်တော်လက်၌ ယနေ့ အပ်တော်မူပြီ။ ထို့ကြောင့် ကျွန်တော်သည် မြေတိုင်အောင် လှံနှင့်တစ်ချက်တည်း ထိုးပါရစေဟု တောင်းပန်ပါ၏ ဟု ဒါဝိတ်ကို လျှောက်သော်လည်း ဒါဝိတ်က သူ့ကို မပြုနှင့်၊ ထာဝရ ဘုရားအခွင့်နှင့် ဘိသိတ် ခံသောသူကို အဘယ်သူသည်အပြစ် လွတ်လျှက် ထိခိုက်မှုပြုနိုင်မည်နည်းဟု အဘိရှဲအား ပြန်ဆို၏။ ထာဝရဘုရား ပေးတော်မူသောသူ၊ ဆီလူး၍ ဘိသိတ်ခံ သူကို ငါမထိခိုက်မည့်အကြောင်း ထာဝရဘုရားဆီးတား တော်မူပါစေသော်။” လို့ တွေ့နိုင်ပါတယ်။

နောက်ပြီးဓမ္မသဂြိုလ်ပညာရှင်ကြီး Karl Rahner က နေရဟန်းတော်တွေနဲ့ ပတ်သက်ပြီး တွေးခေါ်ထောက်ပြထား တာက -
... ရဟန်းဆိုတာ ကောင်းကင်က လွှတ်လိုက်တဲ့ သိကြားမဟုတ်၊ လူထဲက ရွေးကောက်ထားတဲ့ လူတစ်ယောက်၊ အသင်းတော်ထဲက ခရစ်ယာန်တစ်ယောက်သာ ဖြစ်တယ်။
...လူသားတစ်ယောက်၊ ခရစ်ယာန်တစ်ယောက် ဖြစ်နေရင်းနဲ့ပဲ ဘုရားရဲ့ နှုတ်ကပါတ်တော်ကို သင့်အား ဟောပြောဖို့ လုပ်နေတယ်။
...ဒီဟောပြောချက်တွေဟာ သူ့ကိုယ်ပိုင်၊ သူ့သဘောနဲ့ မဟုတ်ဘူး။ ဘုရားရှင်က သူ့ကိုစေလွှတ်လို့ သင့်ထံနှုတ်ကပါတ်တော်ကြေညာရန် ရောက်လာခြင်းသာဖြစ်တယ်။
... ဒီနှုတ်ကပါတ်တော်ကို သူကိုယ်တိုင် စေ့စေ့မြေ့မြေ့ နားလည်ချင် မှ နားလည်မယ်။ ပေါ့ပျက်ပျက်ဖြစ်အောင်လုပ်ချင်လည်း လုပ်မိမယ်။ ဒါပေမဲ့ ဘုရားက သူ့ကို အသုံးပြုနေတယ်ဆိုတဲ့ ယုံကြည်ချက်သူ့မှာ ရှိနေတယ်၊ သူသိနေတယ်။ ဒါကြောင့် စိုးရွံ့မှုတွေကြားထဲကနေပဲ နှုတ်ကပါတ် တရားတော်ကို သင့်ဆီသို့ ဟောကိုဟောရမယ်ဆိုတာ သူနားလည် ထားပါတယ်။
... ဘုရားအကြောင်း ဟောဖို့၊ ထာဝရအသက်အကြောင်း သွန်သင်ဖို့၊ အမြင့်မြတ် ဆုံးသတ္တ၀ါလူသားတွေအတွက်ကျေးဇူးတော် ရဲ့ ကြီးကျယ်မွန်မြတ်တဲ့ အကြောင်းပြောဖို့ကျွန်ုပ်တို့အထဲက တစ်ယောက်ယောက်တော့ ရှိရမယ်မဟုတ်လား။ အပြစ်အကြောင်း သတိပေးဖို့၊ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအကြောင်း၊ ကရုဏာတော် အကြောင်းကိုဖော်ထုတ်ဖို့ တစ်ယောက်ယောက်တော့ အမှန်ရှိရမယ် မဟုတ်လား။
...ဒီတော့ ချစ်တဲ့မိတ်ဆွေ၊ ရဟန်း အတွက်ဆုတောင်းပေးပါ။ သူ့ကိုအကူ အညီပေးစောင့်ရှောက်ပါ။ အဲဒီအခါ သူဟာ ခရစ်တော်၌ ထင်ရှားဖော်ပြသော အဖခမည်းတော်ဘုရားရဲ့ ချစ်ခြင်းမေတ္တာတော်ကို သယ်ဆောင်ဖြန့်ဝေခြင်းအားဖြင့် သင်တို့ကို ထိန်းသိမ်းမြှင့်တင်၊ ကူညီနိုင်ပါ လိမ့်မယ် ... တဲ့။

ကျွန်မ ဖတ်မိတဲ့ နောက်တစ်ခုက Mutter Vogel ရဲ့ရေးသားချက်တွေပါ။ ဒါတွေကို စာရေးသူဟာ ဘုရားသခင်ရဲ့ ဖော်ပြ အလင်းပေးမှုအားဖြင့် ရေးခဲ့တယ်လို့ ဆိုပါတယ်။ ကောက်နှုတ်တင်ပြရမယ်ဆိုရင် - “ရဟန်းတစ်ပါးကို ဘယ်တော့မှ မတိုက်ခိုက်ပါနဲ့၊ အကယ်၍သူဟာမှားနေတယ် ဆိုရင်တောင်မှ သူ့အတွက် ဆုတောင်းပါ။ အပြစ်ဒဏ် ဆပ်ဖြေပေးပါ။ ဒါဆိုရင် ငါ့ရဲ့ ကျေးဇူးတော်တွေ သူ့အပေါ် တစ်ဖန်ပြန်၍ သက်ရောက်လာပါလိမ့်မယ်။ အကယ်၍ ရဟန်းဟာ ငါ ကိုယ်တော်ရဲ့ အကျင့်ပုံစံအတိုင်း မနေထိုင် မကျင့်ကြံဘူးဆိုရင်တောင်မှ ငါ့ကို အပြည့်အ၀ ကိုယ်စားပြုနိုင်တာ သူသာဖြစ်တယ်။ ရဟန်းတစ်ပါး လဲကျသွားခဲ့ရင် ဝေဖန်တိုက်ခိုက်ခြင်းနဲ့မဟုတ်ဘဲ ဆုတောင်း မေတ္တာလက်နဲ့ ထူမပေးပါ။ သူ့ကို စီရင်ဆုံးဖြတ်တဲ့ အလုပ်ကို ငါကိုယ်တော်တိုင် လုပ်မယ်။ ဒါက သင့်အလုပ် မဟုတ်ပါဘူး။ ရဟန်းကို ပြောဆိုသမျှဟာ ငါ့ကို ပြောဆိုနေတာဖြစ်တယ်။ ဘာသာတူ သားသမီးများတို့ ရဟန်းတစ်ပါးဟာဘယ်တော့မှ အတိုက်ခိုက် မခံရပါစေနဲ့၊ သူ့ကို ကာကွယ်ကြပါ။ ရဟန်းကို အသားလွတ်အပြစ်ဖို့တဲ့ စကားသံတွေကို နားမထောင်ပါနဲ့၊ ရဟန်းကို ရက်စက်တဲ့ စကားလုံးတွေနဲ့ အမှန်မဟုတ်ဘဲ လုပ်ကြံပြီး မပြောဆို၊ မတိုက်ခိုက်ပါနဲ့။ သူဟာ ငါ့ရဲ့ ကိုယ်စားဖြစ်တာကြောင့် သူ့ကို ထိခိုက်တိုင်း ငါ့နှလုံးတော်ဟာနာကျင်တယ်၊ စော်ကားခြင်းခံရပါတယ်။ အကယ်၍ ရဟန်းတစ်ပါးဟာ မစ္ဆားတရားတော်ကို မထိုက်တန်ဘဲ ပူဇော်နေတာ တွေ့ရင် မဝေဖန်နဲ့၊ ဘာမှ မပြောနဲ့၊ ငါ့ဆီကိုလာပါ၊ ငါ့ကိုလာပြောပါ၊။ ငါကိုယ်တိုင် ဘုရားစင်မှာ သူ့ဘေးကနေ ရပ်နေမယ်။ အို ... ဘာသာသူ သားသမီး အပေါင်းတို့ ဆုတောင်းကြပါ၊ အထူး ဆုတောင်းကြပါ။ သူတို့ဟာ သန့်ရှင်းဖြူစင်ခြင်းကို စုံမက်လာကြပါလိမ့်မယ်။ သန့်ရှင်းသောလက်၊ စင်ကြယ်သော နှလုံးသားနဲ့ မစ္ဆားတရားတော်ကို ပူဇော်နိုင်ကြပါလိမ့်မယ်။ အကယ်စင်စစ် မစ္ဆားတရားတော်က တော့ ဘယ်လောက် မထိုက်တန်တဲ့ ရဟန်းကပင် ပူဇော်နေပါ စေ အကျိုးကုသိုလ် အာနိသင် မယုတ်မလျော့ ရှိနေကြောင်းကိုလည်း နားလည်ထားစေလိုပါတယ်” ...လို့ ရေးသားထားတာတွေ့ ရပါတယ်။

ဘာသာသူ အားလုံးလိုလိုကတော့ မိမိတို့ ရဟန်းဘုန်းကြီးကို ချစ်ခင်လေးစားကြတာပဲဖြစ်ပါတယ်။ ဒါပေမဲ့အကယ်၍များ ကျွန်မတို့ဟာ ကိုယ်မလုပ်နိုင်တာကို ရဟန်းတွေလုပ်ဖို့ လိုလားတတ်ပြီး ကိုယ်မကျင့်နိုင် တာတွေ ကို ရဟန်းများ ကျင့်ဖို့ မျှော်လင့်မိမယ်ဆိုရင်။ ...ကျွန်မတို့ လွတ်လွတ်လပ်လပ် လုပ် ခွင့်ရတာတွေ သူတို့မလုပ်ရ၊ ကျွန်မတို့ မလုပ်ချင်တာတွေသူတို့လုပ်နေကြတာတွေကို ကျပြန်တော့ လျစ်လျူရှုထားမိမယ် ဆိုရင်။ ... လူသားချင်းတူပါလျက် သူတို့ စွန့်လွှတ်တာ၊ ပေးဆပ်တာ၊ အနစ်နာခံတာ တွေကို မမြင်မိတဲ့ အချိန်များရှိရင်။ ဘုရားသခင်ရဲ့ အလင်းတော်နဲ့ ရေးဖွဲ့ခဲ့တဲ့ Mutter Vogel ရဲ့အောက်ပါ ဆုတောင်းမေတ္တာကို ရွက်ဆိုပြီး ရဟန်းတွေကို ဆုတောင်းခြင်း လက်နဲ့ ထောက်မ ကူညီသွားကြပါစို့လား။

အို သခင်ဘုရား ... ကျွန်ုပ် ဆုတောင်းပါ၏။ ရဟန်းတော်များကို စောင့်ရှောက်တော်မူပါ။ သူတို့သည် ကိုယ်တော့် အပိုင်ဖြစ်ကြပါ၏။ ကိုယ်တော်မြတ် ဗိမာန်တော် မျက်မှောက်တွင် ဘ၀ကို ပူဇော်ကျွမ်းလောင်စေသူများ ဖြစ်ကြပါ၏။ လောကတွင် နေထိုင်သော်လည်း လောကီရေးရာနှင့် မဆိုင်ရသော သူတို့ကို သခင် ဘုရားစောင်မတော်မူပါ။ လောကီ၏နှောင့်ယှက်၊ ဖြားယောင်းခြင်း ခံရသော် ကိုယ်တော်၏ နှလုံးတော်ထဲတွင် သူတို့ကိုလုံခြုံစွာ သိမ်းဆည်းတော်မူပါ။ သူတို့၏ အထီးကျန်ခြင်း၊ အားငယ်ခြင်းနှင့် နာကျင်သော အချိန်နာရီများ၌ ကိုယ်တော်နှစ်သိမ့် အားပေး ဖေးမတော်မူပါ။ ၀ိညာဉ်များအတွက် သူတို့ အားထုတ်လုပ်ဆောင်သမျှ အရာမထင်၊ အချည်းနှီးဖြစ်သည်ကို မြင်ရလျှက် စိတ်အားလျော့စဉ် ကိုယ်တော်ရှင်ကို သူတို့ ပိုင်ဆိုင်လျှက်ရှိ နေကြောင်း သိမြင်စေပါ။ သူတို့သည် လူသားစိတ်ရှိ၍ လူ့အားနည်းယိမ်းယိုင်မှုများ ရှိသော်လည်း သူတို့ နေ့စဉ် ပူဇော်သော ကိုယ်တော်မြတ် မုန့်တော်ကဲ့သို့ ဖြူစင်စေပါ။ သူတို့၏ စိတ်ကူး၊ အကြံအစည်များ၊ စကားများ၊ လုပ်ဆောင်မှုများမှာ ကိုယ်တော် အုပ်စိုး လမ်းညွှန်တော်မူပါ။ သူတို့ကို ကောင်းချီး ပေးတော်မူပါရန် ဆုတောင်းပါ၏ အရှင် ဘုရား။ အာမင်။

Ref:
- Criticism of Priests (Our Lord's revelations to Mutter Vogel)
- ''The Priest is not an angel'' by Karl Rahnner
- အင်ဝိုင်းပန်- (SJA)

Sep 27, 2008

ပျော်ရွှင်သောမြို့ကလေး


ပျော်ရွှင်သောမြို့ကလေး

ပျော်ရွှင်သောမြို့ကလေး ခေါင်းစဉ်နဲ့ YouTube မှာတွေ့လိုက်တယ်။ ဒါနဲ့စိတ်ဝင်စားတာနဲ့ Download လုပ်ပြီး ကြည့်ခဲ့တယ်။ ဒီ ဗီဒီယိုခွေလေးက သာသနာပြု မှတ်တမ်းဗီဒီယိုကားလေးဖြစ်ပြီး Pontifical Institute for Foreign Missions က အထောက်အပံ့နဲ့ ရိုက်ကူထားတာဖြစ်တယ်။ ဘာလို့ဒီဗီဒီယိုကလေး အကြောင်းပြောနေရတာလဲ ဆိုတော့ ဒီ ဗီဒီယိုလေးက လွန်ခဲ့တဲ့ နှစ် (၈၀) လောက်က၊ မြန်မာနိုင်ငံ ကျိုင်းတုံကက်သလစ်သာသနာ ရဲ့သာသနာပြု မှတ်တမ်းဗီဒီယိုလေး ဖြစ်လို့ဘဲ။


ကျွန်တော်တို့ ငယ်ငယ်တုံးက အဖိုး၊ အဖွားတို့က နိုင်ငံခြား သာသနာပြု ဘုန်းတော်ကြီးတွေကို တစ်ကယ်ကို ချစ်ခင် လေးစား ကြည်ညိုကြတယ်။ ဒီဘုန်းတော်ကြီးတွေရဲ့ အားကျဖွယ် သာသနာပြုစိတ်ဓါတ်ကို ကြုံတိုင်းပြောပြတယ်။ ဒါပေမဲ့ သူတို့က ပြောဘဲပြတယ်၊ ကိုယ်တွေ့မဟုတ်တော့ အဲဒီလောက်မခံစားရဘူး။ ဒီ ဗီဒီယိုလေးကို ကြည့်ပြီးတော့မှ တကယ်ကို တအံတသြ မြင်တွေ့လိုက်ရတာ။ တကယ်လဲ လေးစားလောက်ပါတယ်။


ဒီဗီဒီယိုလေး အကြောင်း ဆက်ပြောမယ်။ ဒီဗီဒီယိုက ကျိုင်းတုံမှာ သာသနာပြုခဲ့တဲ့ Father Cesare Columbo ရဲ့ သာသနာပြုလုပ်ဆောင်ချက်ဖြစ်တဲ့ နူနာရောဂါသည်တွေ အတွက် မြို့လေးတစ်ခု တည်ထောင်ပေးပြီး သူတို့ ဘ၀ အတွက်ကြိုးစားပမ်းစား လုပ်ဆောင်ထားတာတွေကို မှတ်တမ်းတင် ထားတာဖြစ်တယ်။ စဉ်းစားကြည့် လူမျိုးခြား ဘာသာခြားနောက် သာမန်လူတွေလည်းမဟုတ်ဘူး ရောဂါသည်တွေကြားမှာ ဒီလူနာတွေရဲ့ ဘ၀အတွက် ဂရုစိုက်ပြီး သာသနာပြုနေကြတာတွေတွေ့ တော့ တကယ်ကို အံသြမိတယ်။ အိနိယက မာသာထရီဇားဟာ ဒီခေတ်မှာ သာသနာပြုခဲ့တော့ မီဒီယာတွေ ကြောင့် သူ့မရဲ့လုပ်ဆောင်ချက်တွေဟာ ကမာမှာပိုပြီး ထင်ပေါ်ကြော်ကြားခဲ့တယ်။ လူသိများခဲ့တယ်။ အခု ဒီမြန်မာပြည်မှာ သာသနာပြုခဲ့တဲ့ ဒီဘုန်းတော်ကြီးဟာလည်း မာသာထရီဇားလို စိတ်ဓါတ်အပြည့်နဲ့ လုပ်ဆောင်ခဲ့တယ် ဆိုတာ ဒီဗီဒီယို ကြည့်ရင် လုံးဝ သိနိုင်တယ်။


ဒီဘုန်းတော်ကြီးဟာ ၀ိဥာဉ်လမ်းညွှန် ဘုန်းတော်ကြီးတစ်ယောက်သာမက၊ ဆရာဝန်၊ ပန်းပဲဆရာ၊ အင်ဂျင်နီယာ၊ လက်သမား၊ အပြင် စစ်တတ်ဗိုလ်ချုပ် တစ်ယောက်မှာ ရှိတဲ့ လုပ်ငန်းအားလုံးကို လုပ်ဆောင်ခဲ့တယ်။ တော်တော်ကို လေးစား အံသြလောက် စရာပါဘဲ။ ဒါပြန်ကြည့်လိုက်တော့ သူမှာ ဘုရားသခင်ပေးတဲ့ ကျေးဇူးတော်ရရှိခဲ့တယ် လို့ဘဲပြောရတော့မှာဘဲ။ ဘာဖြစ်လို့လဲဆိုတော့ သူဟာ ဒီမြို့လေးမှာ ရောဂါ (နူနာရောဂါ) သည်တွေရဲ့ ဆရာဝန်တစ်ယောက်ဖြစ်သလို၊ ဘိန်းစွဲနေတဲ့ ရောဂါသည်တွေကိုလည်း ဘိန်းဖြတ်ပေးတယ်၊ သူတို့ စားဝတ်နေရေးအတွက် စီမံပေးရသလို၊ နေထိုင်ဖို့ အတွက် အဆောက်အဦးတွေကို လည်း ဆောက်လုပ်ပေးတဲ့ အင်ဂျင်နီယာ တစ်ယောက်ဖြစ်တယ်။ အဲဒီမြို့လေးမှာ အဲဒီအချိန်က ရောင်စုံသူပုန်တွေ နဲ့ အနက်ရောင်နယ်မြေ ဖြစ်တာကြောင့် ဒီမြို့လေး လုံခြုံရေးနဲ့ ကာကွယ်ရေးအတွက်လည်း စစ်တပ်တစ်တပ် လို အုပ်ချုပ်ရသေးတယ်။ သင်ကြည့်ပြီးရင် သင်တစ်ခုခု ခံစားရမှာ။ ကျွန်တော့် ဘယ်လိုခံစားရလဲ ဆိုတော့ တစ်ကယ်ကို တအံတသြဖြစ်မိတယ်။ မာသာထရီဇားအကြောင်းတို့၊ City of Joy (သုခမြို့တော်) တို့အကြောင်းတွေ ဖတ်ရဘူးတယ်။ သုခမြို့တော် ဆိုရင်လည်း ဗီဒီယိုကြည့်ဘူးတယ်။ ယခု ဒီ ဗီဒီယိုက မှတ်တမ်းခွေနော် တကယ်ဖြစ်တာကို ရိုက်ပြတာ။

ကျွန်တော် စစကြည့်တုန်းက YouTube ပေါ်ကနေ နည်းနည်းလေးကြည့်မိတယ်၊ နောက် အရမ်းကြည့်ချင်လာတယ် YouTube ပေါ်ကနေဆို Connection ကြောင့်ကြည့်ရတာ ပျက်တောင်းပျက်တောင်းနဲ့ အားမရဘူး။ ဒါနဲ့ တစ်ခွေလုံးကို Download လုပ်ပြီး ကြည့်လိုက်တယ် နောက် CD ရိုက်ပြီး တခြားလူတွေကို ပေးပြတယ်။


ယခု ဒီဘလောက်ကို အလည်လာသူအားလည်း ကြည့်ဖြစ်အောင် ကြည့်သွားပါလို့ တိုက်တွန်းချင်တယ်။ မိမိ ကြည့်ပြီးရင်လည်း တစ်ခြားတစ်ယောက်ကို ပြောပြပေးပါနော်..



ဆက်လက်ဖတ်ရှုရန် -

The Happy City - Leper Colony Documentary Educational Video. Sponsored by the Pontifical Institute for Foreign Missions, Bill Deneen traveled three days by bullock cart to the remote leper colony run by Father Cesare Columbo in Ken Tung (Kyiang Tong), Burma. Intended to be a film to be used for fundraising, the film is a fascinating documentary about a humanitarian effort that would soon be terminated by the Burmese government. Discusses the work of Father Colombo as priest, doctor, bricklayer and guiding hand of Kengtung. In mid-2003, AFA director Geoff Alexander went to Kengtung, Burma, to see what had become of the hospital and programs. Here is his report:
Kengtung (Kyiang Tong) is best accessed by air, as much of the surrounding area is essentially a war-zone, populated by armies from Burma, separatist movements, and drug traders. The city itself has no electricity for much of the day and night, and a cold beer is not to be found here. I took a motorcycle taxi to the Catholic mission, and asked for the person in charge, who happened to be, at the moment, Vicar Mario Matu. He was aware of Father Colombo, and offered to take me to Columbo's hospital, which still has patients, and where a nun who had worked with Columbo still lived. The hospital in the film sits just outside the village of Naung Kan, seven miles from Kengtung. Now referred to as Hansen's Disease, leprosy is a condition that effectively eats away at skin and bone. The 395 patients are mostly older, with the youngest being 12, and the average age at 30. Many of the elderly patients, ravished by the disease, move as best they can by pulling themselves along the ground with what remains of their arms. Many are blind as well. Younger patients fare better, as the disease is easier to eradicate before it has progressed to an extensive state. The hospital is designed so family members of the patients live on the grounds as well, in separate quarters. After release, patients and their families typically move to Kengtung. In terms of economics, the drugs to support the hospital cost $1,250 per month, and the Burmese government contributes roughly $5 per month. Funding, which in a good month will support the hospital, is received from a Catholic group (PIME) which supports the hospital. The buildings built by Columbo still stand, although the upper story of the original hospital has been condemned. Columbo's original operating room, seen in the film, sits undisturbed as a testimony to his memory. This film is a follow up to "Touch of His Hand", also available for viewing on the Internet Archive. For more on filmmaker Deneen, visit www.afana.org/deneen.htm. This item is part of the collection: Academic Film Archive of North America. Director: Bill Deneen. Producer: William Deneen Productions. Keywords: Burma; Myanmar; leprosy; Hansen's Disease; Cesare Colombo. Courtesy of Bill Deneen.

Sep 26, 2008

အခြားဂြိုလ်များတွင်လည်း သက်ရှိများတည်ရှိနေနိုင်


အခြားဂြိုလ်များတွင်လည်း သက်ရှိများတည်ရှိနေနိုင်

မေလ (၁၄)ရက်နေ့တွင် L'Osservatore Romano သတင်းစာ၏ အင်တာဗျူးတစ်ခုတွင် ဗာတီကန်မှ နကတဗေဒပညာရှင်တစ်ဦးက ပြောကြားရာတွင် အခြားဂြိုလ်များတွင်သက်ရှိများ တည်ရှိနေသည်ဆိုခြင်းကို ခရစ်ယာန်များအနေဖြင့် လက်ခံယုံကြည်စရာရှိကြောင်း ၄င်း၏ အမြင်ကို ထုတ်ဖော်ပြောကြားခဲ့သည်။

အာဂျင်တီးနားလူမျိုး ဂျက်ဆွိစ်ဂိုဏ်းဝင် ဖာသာရ် Jose Gabriel Funes က ဗာတီကန်သတင်းစာသို့ ပြောကြားရာတွင် “ကမာမြေပေါ်မှာ မြောက်မြားစွာသော သက်ရှိသတ၀ါများ အသက်ရှင်နေထိုင်နေကြသလို အခြားနေရာမှာလည်း ထာဝရဘုရားသခင် ဖန်ဆင်းထားတဲ့ သက်ရှိသတ၀ါများ တည်ရှိနေနိုင်ပါတယ်” ဟုပြောဆိုခဲ့သည်။ ထိုနကတဗေဒပညာရှင်၏ မှတ်ချက်ကို “အခြားဂြိုလ်မှ သက်ရှိများသည် ကျွန်ုပ်တို့၏ ညီအစ်ကိုများဖြစ်သည်” ဟူသော ခေါင်းစဉ်ဖြင့် သတင်းစာခေါင်းကြီးပိုင်းတွင် ရေးသားဖော်ပြခဲ့ကြသည်။

Fr. Funes မှ သူ၏ အမြင်ကို ပိုမိုအသေးစိတ်ရှင်းလင်းပြောကြားရာတွင် အခြားဂြိုလ်များတွင် သက်ရှိများတည်ရှိနေနိုင်ခြင်းကို မိမိတို့အနေဖြင့် မမှန်ကန်ဟု မပြောကြားနိုင်သကဲ့သို့ ထိုအချက်သည် မိမိတို့၏ ခရစ်ယာန်ယုံကြည်ခြင်းကိုလည်း ဆန့်ကျင်ရာ မကျကြောင်း ပြောကြားခဲ့သည်။ ဆက်လက်ပြီး ၄င်းက ဘုရားသခင်၏ စကြာဝဋာကို ဖန်ဆင်းတော်မူခဲ့သည့် လက်ရာတော်များအပေါ် အဆင်အခြင်မဲ့ ကန့်သတ်တွေးတောနေခြင်းများကို ခရစ်ယာန်များအနေဖြင့် အားမထုတ်သင့်ကြောင်း သတိပေးခဲ့သည်။

မည်သို့ပင်ဖြစ်စေ ဂျက်ဆွိစ်နကတဗေဒပညာရှင်က အကယ် နေစကြာဝဋာတွင် အခြားသော အသိပဥာဏ်ရှိသူများတည်ရှိနေပါက ထိုသူတို့သည်လည်း ဘုရားသခင်နှင့် ပြည့်ဝသော နှီးနှောဆက်နွယ်မှုတည်ရှိနေမည်ဖြစ်ပြီး ထိုသူတို့သည် လူသားတို့လိုအပ်ခဲ့သော ကယ်တင်ခြင်းကို ၄င်းတို့အနေဖြင့် လိုအပ်ခဲ့ဖွယ်မရှိကြောင်း ဆင်ခြင်သုံးသပ်ခဲ့သည်။

စိန်ဖရန်းစစ်အစီစီ၏ ရှုမြင်ခဲ့ခြင်းအပေါ်တွင် ကိုးကားပြီး Fr. Funes မှ ပြောကြားရာတွင် “ဒီကမာပေါ်မှရှိတဲ့ ဖန်ဆင်းခံအရာများကို ကျွန်ုပ်တို့ရဲ့ ညီအစ်ကိုမောင်နှမတွေလို လက်ခံနိုင်ရိုးမှန်ရင် အခြားဂြိုလ်မှရှိနေတဲ့ ဖန်ဆင်းခံတွေကိုလည်း ညီအစ်ကိုမောင်နှမတွေအဖြစ် ဘာကြောင့်လက်မခံနိုင်ရမှာလဲ“ ဟုပြောကြားသွားသည်။

ဆက်လက်ဖတ်ရှုရန် -

http://catholicnewsagency.com/new.php?n=12628

Sep 23, 2008

ပုပ်ရဟန်းမင်းကြီးဆီမှ SMS Message


ပုပ်ရဟန်းမင်းကြီးဆီမှ SMS Message


အင်တာနက်ဝက်ဆိုဒ်တွေ လျှောက်ကြည့်ရင်း http://www.catholicmobile.com ဆိုဒ်ကို ကြည့်မိတယ်။ အဲဒီမှာ ပုပ်ရဟန်းမင်းကြီးဆီက နေ့စဉ် (SMS Messages) စကားတွေကို Singup လုပ်ထားရင် လက်ခံရရှိမယ်လို့ ကြော်ငြာ ထားတယ်။ Singup လုပ်မယ်ဆိုရင် -
  • ပထမဆုံး 54444 ဖုံးနံပါတ် BENEDICT ကို ဆိုပြီး SMS ပို့ရပါမယ်။ တစ်ကြိမ်လက်ခံရင်ဈေးက $ 0.49 ပေးရပါမယ်။
  • တစ်လစာလက်ခံမယ်ဆိုရင် B16 လို့ ရိုက်ပြီး Singup လုပ်ရပါမယ်။ တစ်လဆိုရင် ၂၈ စောင် လက်ခံရမှာ ဖြစ်ပြီး $ 4.99 ကျသင့်တယ်။
  • ရပ်နားချင်သပ ဆိုရင် STOP PETITION ဆိုပြီး 54444 ဆီ ပို့ရမှာဖြစ်ပါတယ်။
ကျွန်တော်က Boss မဟုတ်သေးတော့ မစမ်းကြည့်ပါဘူး။ မောင်မင်းကြီးသားများ စမ်းကြည့်ချင်လို့ SMS Messages တွေ ရတယ် ဆိုရင် အကြောင်းလေး ဘာလေးပြန်ပေါ့ဗျာ.. .. အဲဒီဆိုဒ်မှာ mobile ringtones တွေတို့ wallpaper တွေတို့လည်း ရှိတယ်။

Send a SMS message to the number 54444.
For a one-time susbcription, type BENEDICT
You will pay $0.49 each*
For a monthly subscription, type B16
You will pay $4.99 a month* and receive 28 messages.
You must confirm your subscription request, and will receive a daily SMS message with the chosen service during 28 days. This service will be charged in your cell phone bill. You will pay $4.99 a month*
To cancel your subscription and stop daily messages, send the text STOP PETITION 54444
You can also Opt Out here
to the number

Sep 22, 2008

ပြန်လှမ်းခဲ့ပါချစ်မိတ်ဆွေ


ပြန်လှမ်းခဲ့ပါချစ်မိတ်ဆွေ


မနက် အိပ်ယာထတိုင်း သတိရတဲ့မင်း
စောစောထပြီး ဘုရားကျောင်းမှာ တရားထောက်ဖို့ စောစောရောက်နေတဲ့မင်း
ကျောင်းသွားတော့မယ်ဆိုရင် ပထမဆုံးသတိရတဲ့မင်း
အရာတစ်ခုကိုစလုပ်တော့မယ်ဆိုတိုင်းသတိရခဲ့တဲ့မင်း
အစားသောက်စားတော့မယ်ဆိုတိုင်းသတိရခဲ့တဲ့မင်း
ဘုရားစကားသင်ဖို့သွ
ားရမယ်ဆိုတိုင်းပျော်ရွှင်နေတက်တဲ့မင်း
ဆုတောင်းဖို့ဝန်လေးခြင်းမရှိဘဲ အမြဲရင်းနှီးမှုရှိနေတဲ့မင်း
သာသနာအလုပ်တွေအတွက်ဆို ကူညီဖို့အမြဲရှိနေတဲ့မင်း
ဘာသာရေးလုပ်ရှားမှုတွေမှာအမြဲပါဝင်ခဲ့တဲ့မင်း
ဘုရားအတွက်ဆိုအမြဲအသင့်ရှိနေတဲ့မင်း


ဘာအကြောင်းတွေကြောင်းမေ့နေရတာလဲ
ဘာတွေကများမင်းကိုပြောင်းလဲသွားစေတာလဲ
ဒီနေ့ စိတ်ထဲမှာခံစားချက်လေးတွေရှိနေတာကြောင့် ဓမသီချင်းလေးတွေဆိုရင်းနဲ့ ကိုယ်ကိုကိုယ်သုံးသပ်မိတာ လေးကို ဝေမျှလိုက်ပါရစေ။
သီချင်းစာသားလေးက

ပြန်လှမ်းခဲ့ပါချစ်မိတ်ဆွေ
ပြန်လှမ်းခဲ့ပါချစ်မိတ်ဆွေ တရားတော်ကိုစင်ချဉ်အောက်မေ့ရင်းထံတော် ၀င်ကြစို့ ခက်ခဲ့မှုနှင့်ပူပန်မှုများသည် အရည်ပျော်သွားလိမ့်မယ် ယေဇူးအောင်ခြင်း ကောင်းချီိများသွန်းလောင်းမှုလိမ့်မယ်။
ဘေးဒုကခရောက်သောခါ ပူပန်မှုရောက်သောခါ စာလောင်မွတ်သိပ်ကြုံသောခါ မျက်နှာတော်သာရှာစို့ မျက်နှာတော် ဖူးမျှော်စို့ လူကို ကိုးစားခြင်းထက်ဘုရင်ယေဇူးကိုသာကိုးစားစို့

သီချင်းလေးကို ယခု RVA မှာတာဝန်ထမ်းဆောင်နေတဲ့ ကျွန်တော်တို့ရဲ့ ၀ိညာဉ်ရေးရာအဖေလို့ခေါ်လို့ရတဲ့
ဘာသာရေအခြေခံအုပ်မြစ်ချပေးခဲ့တဲ့ Rev. Fr Domanic Jyodu သံဝင်း St. Michael Parish Mandalay မှာကျောင်းထိုင်တုန်းက Praise and Wordship program လေးမှာသင်ပေးခဲ့တာပါ။ ခွန်အားပေးတဲ့သီချင်းလေးမို့ ဝေမျှလိုက်တာပါ။ အခုဒီစာလေးကိုရေးနေတဲ့အချိန်က ဘုန်းဘုန်းမွေးနေ့ မင်္ဂလာရဲ့စောဆုံးအချိန်လေး တိုက်တိုက်ဆိုင်ဆိုင်ဖြစ်နေတာကြောင့် မွေးနေ့လက်ဆောင်အဖြစ်ဆက်သပါရစေ။ ဘုန်းဘုန်းရဲ့သာသနာလုပ်ငန်းမှာ အောင်မြင်မှုများစွာနဲ့ ဘာသာတူတွေ အတွက်သိုးထိန်းကောင်း ခေါင်းဆောင်ကောင်း စံပြရဟန်းတပါးအဖြစ်နဲ့ သက်ဆုံးတိုင် ဘုရားသခင်ကိုအစေခံနိုင်ပါစေလို့ ဆုတောင်းပေး ပါတယ်။ သံဝင်းဘာသာတူများအားလုံးနဲ့အတူ ဘုန်းဘုန်းကို Happy Birthday လို့နူတ်ခွန်းဆက်ပါတယ်။

သီချင်းရေးသူအနေတဲ့ နာမည်မတင်ပြနိုင်တာကိုနားလည်းပေးပါ။






ပေါင်မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်


ပေါင်မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်


ဒီသီချင်းလေးကို ကြိုက်လို့တင်ထားပေးလိုက်တာ။ ကြိုက်မှာပါ။ စာသားလေးပါတင်ပေးလိုက်တယ်။ Corrinne May ဆိုထားတာပါ။ နားထောင်ကြည့်နော်...



A little boy of thirteen was on his way to school
He heard a crowd of people laughing and he went to take a look
Thousands were listening to the stories of one man
He spoke with such wisdom, even the kids could understand

The hours passed so quickly, the day turned to night
Everyone was hungry but there was no food in sight
The boy looked in his lunchbox at the little that he had
He wasn't sure what good it'd do, there were thousands to be fed

But he saw the twinkling eyes of Jesus
The kindness in His smile
And the boy cried out
With the trust of a child
he said:

"Take my five loaves and two fishes
Do with it as you will
I surrender
Take my fears and my inhibitions
All my burdens, my ambitions
You can use it all to feed them all"

I often think about that boy when I'm feeling small
And I worry that the work I do means nothing at all

But every single tear I cry is a diamond in His hands
And every door that slams in my face, I will offer up in prayer

So I'll give you every breath that I have
Oh Lord, you can work miracles
All that you need is my "Amen"

So take my five loaves and two fishes
Do with it as you will
I surrender
Take my fears and my inhibitions
All my burdens, my ambitions
You can use it all
I hope it's not too small

I trust in you
I trust in you

So take my five loaves and two fishes
Do with it as you will
I surrender
Take my fears and my inhibitions
All my burdens, my ambitions
You can use it all
No gift is too small


Sep 20, 2008

စိတ်ဝင်စားဖွယ် သံပေါလု၏ အချက် (၁၀)ချက်



စိတ်ဝင်စားဖွယ် သံပေါလု၏ အချက် (၁၀)ချက်

  • သံပေါလုသည် ဂျူးလူမျိုး ဖြစ်ပြီး စီလိစိယပြည်တွင် ကျော်ကြားသော တာဆုမြို့သားဖြစ်သည်။ တာဆုမြို့သည် ယခု တူရဂီတောင်းပိုင်းတွင် တည်ရှိသော မြို့ဖြစ်သည်။ (တမန်တော်ဝတု ၊ ၂၁း ၃၉)
  • သံပေါလုသည် ဆွဲဆောင်မှု့ အသွင်အပြင် လကဏာနှင့် တရားဟောမကောင်းပေ။ (၁ ကော်ရိန့်သု ၂း၁ နှင့် ၂ ကော်ရိန့်သု ၁၀း ၁၀၊ ၁၁း ၆)
  • သံပေါလုတွင် ညီမ တစ်ယောက်နှင့် တူတစ်ယောက် ရှိသည်။ (တမန်တော်ဝတု ၊ ၂၃း ၁၆)
  • သံပေါလုသည် ဂျေရုဆလင်မြို့ရှိ ဂျူးပညာရှိ ဂါမာလီအဲလ်ထံတွင် ပညာသင်ကြားခဲ့သည်။ (တမန်တော်ဝတု ၊ ၂၂း ၃)
  • သံပေါလုသည် ဖာရီဇေဦးဂိုဏ်းဝင်တစ်ဦးဖြစ်ပြီး (တမန်တော်ဝတု ၊ ၂၆း ၅) ရွက်ထည်တဲချုပ်သူ တစ်ဦးလည်းဖြစ်ခဲ့သည် (တမန်တော်ဝတု ၊ ၁၈း ၃) ။
  • သံပေါလုသည် ရောမနိုင်ငံသားတစ်ဦး ချမ်းသာကြွယ်ဝသော မိသားစုမှ ဆင်းသက်လာသူ ဖြစ်သည်။ (တမန်တော်ဝတု ၊ ၂၂း ၂၅ - ၂၈)
  • သံပေါလုသည် ပထမဦးဆုံးသော ခရစ်ယာန်ဓမအာဇာနည် သံစတီးဗင်းအား ကျောက်ခဲနှင့် ပစ်ပေါက်သူများထဲတွင် ပါဝင်သူတစ်ဦးဖြစ်သည်။ (တမန်တော်ဝတု ၊ ၇း ၅၈)
  • သံပေါလုသည် ရှေးဦး တမန်တော်တို့ထဲတွင် ထင်ပေါ်ကျော်ကြားသူ တစ်ဦးဖြစ်ရခြင်းမှာ ရှေးဦးခရစ်ယာန် ယုံကြည်သူအစုများကို သူ ဖွဲ့စည်းတည်ထောင်ပေးခဲ့သောကြောင့် ဖြစ်သည်။
  • သံပေါလုသည် ဓမသစ်ကျမ်းမှ ကျမ်းအမြောက်အများစွာကို ရေးသားခဲ့သည်၊ သံလုကားသည် ဓမသစ်ကျမ်းစာ နှစ်စောင်ကို ရေးသားခဲ့ပြီး ဓမသစ်ကျမ်းရေးသူ များထဲတွင် သံပေါလုသည် ကျမ်းအများဆုံး ရေးသားခဲ့သူဖြစ်သည်။
  • သံပေါလု၏ ပြောင်းလဲခြင်းသည် လူသိများသော အချက်တစ်ခုဖြစ်သည်။

သံပေါလုအကြောင်း ဗီဒီယိုအပိုင်း ကြည့်ရန်




Sep 10, 2008

Happy Birhtday Mother Mary

မယ်တော့်ရဲ့မွေးနေ့

စက်တင်ဘာလကို ရောက်လာပြီဆိုရင် နှစ်စဉ်နှစ်တိုင်းမှာ ပြောင်းလဲမသွားဘဲနဲ့တူညီတဲ့ ခံစားချက်လေး တစ်ခုရင်ထဲကိုရောက်လာပါတယ်။ အဲဒါကတော့ ကျွန်တော်တို့ ကက်သလစ်ခရစ်ယာန်တွေရဲ့ဘ၀မှာ အရေး ကြီးဆုံးနေရာတစ်ခုမှာ ရှိနေတဲ့ကျွန်တော်တို့ကို အမြဲကူညီစောင့်ရှောက်မှု တွေပေးနေတဲ့ မယ်တော်သခင်မရဲ့ မွေးနေ့တော်မြတ်မင်္ဂလာ အတွက်ကြိုတင်ပြင်ဆင်ကြတယ်၊ နိုဗီနာတွေလုပ်ကြတယ် ဆုတောင်ကြတယ်။ သူငယ်ချင်းတစ်ယောက်ရဲ့ မွေးနေ့ကိုသွားမယ်ဆိုရင် လက်ဆောင်လှလှလေးလေးတွေ ပြင်ဆင်သွားဖို့မမေ့တဲ့ ကျွန်တော်တို့ မယ်တော်သခင်မရဲ့ မွေးနေ့ပွဲအတွက် လက်ဆောင်ပေးဖို့အတွက်ကြတော့ မေ့နေတတ်ကြတယ်။ လွန်ခဲ့တဲ့နှစ်ရက်က နိုဗီနာဘုရားရှိခိုကျောင်းမှာ ကျင်းပတဲ့မယ်တော့်ရဲ့မွေးနေ့ပွဲကို ကျွန်တော်တက်ရောက်ခွင့် ရခဲ့ပါတယ်။ မွေးနေ့လက်ဆောင်မပါ၊ ပြင်ဆင်ခြင်းမရှိပဲနဲ့ရောက်ရှိခဲ့ခြင်းပါ။ ဘုရားကျောင်းဝင်းနားရောက်မှာ သီချင်းတွေ သီဆိုနေသံလေးကိုကြားတော့ မြန်မြန်လေးပြေးဝင်လာခဲ့ပါတယ်။ ဘုရားကျောင်းဆောင်ရှေ့က စင်မြင့်ထက်မှာ ပန်းများနဲ့အလှဆင်ထားတဲ့ မယ်တော်သခင်မရဲ့ ပုံတော်ကားချပ်ကို ပထမဆုံးမြင်တွေ့လိုက် ရပါတယ်။ အတိုချုံးပြောရမယ်ဆိုရင်တော့ မယ်တော်သခင်မကမယ်တော်ရဲ့မွေးနေ့မှာ ကျွန်တော်အနေနဲ့ဘာ လက်ဆောင်ကြမှမပေးလိုက်ရပေမယ့် မယ်တော့်ရဲ့ ကြီးမြတ်လှတဲ့ကြီးမားတဲ့ကြင်နာ သနားခြင်းကိုမွေးနေ့ပွဲ လာတဲ့ ကျွန်တော့်ကိုပြန်ပြီး လက်ဆောင်ပေးလိုက်တာပါပဲ။ ဘုရားကျောင်းအသွားတုံးက ကျွန်တော်နဲ့အတူပါလာ တဲ့ပြသနာတွေ၊ စိတ်ညစ်မှုတွေ၊ ၀မ်းနည်းပူဆွေးနေမှု့တွေ နဲ့ပြည့်နက်နေတဲ့ ကျွန်တော့်ရဲ့နှလုံးသားကို ကိုယ်တော်မြတ်ကောင်းချီးမင်္ဂလာမှာ ဘုန်းတော်ကြီးတစ်ပါးက ဆုတောင်းပေး နေတယ်၊ နောင်တစ်ပါးကနေ ကိုယ်တော်မြတ်မင်္ဂလာနဲ့ ဘာသာတုပရိတ်သတ်တွေကို ကောင်းချီးပေးနေတဲ့ အချိန်မှာ မယ်တော်က ကျွန်တော်ကို "သားဘာမှမပူနဲ့ အမေရှိတယ်" လို့ပြောတဲ့ စကားလေးကိုကြားလိုက်ရတဲ့ အချိန်လေးမှာ ကျွန်တော်မှာရှိနေတဲ့ စိတ်ညစ်မှုတွေနဲ့ ခံစားချက်အားလုံးက ပျောက်ကွယ်သွားပြီး ငြိမ်းချမ်းပျော်ရွှင်မှုတွေနဲ့ ပြည့်နက်သွားပါတယ်။

ကျွန်တော့်ရဲ့ ကိုယ်တွေ့အကြောင်းအရာလေးနဲ့ မယ်တော်သခင်မ ကျွန်တော့်တို့အတွက် အမြဲကူညီ စောင့်ရှောက်ဖို့ရှိနေတယ် ဆိုတာလေးကို ပြောပြချင်ပါတယ်။

တစ်ဦးတစ်ယောက်ချင်းစီမှာ လိုအပ်ချက်လေးတွေ စိတ်ပျက်စရာတွေ ပြသနာတွေကြုံနေရတဲ့ အချိန်တိုင်းမှာ မယ်တော်က ကျွန်တော်အတွက် အမြဲရှိနေပါတယ်ဆိုတာ သတိရလိုက်ပါ...........

ကျေးဇူး မေမေ

ခရစ်ယာန်တို့အားမှိုင်းမသောသခင်မ ကျွန်ုပ်တို့အဖို့ငှာဆုတောင်းတော်မူပါ။


၈.စက်တင်ဘာ.၂၀၀၈


Sep 4, 2008

အမေး၊ အဖြေ


အမေး၊ အဖြေ
အမေး ။ ။ ကမ္ထာပေါ်က သက်ရှိသတ္တ၀ါတွေထဲမှာ လူသားတွေက ပထမဦးဆုံး ပေါ်ပေါက်လာတာ မဟုတ်ဘူး။ ဒိုင်နိုဆောသတ္တ၀ါတွေက ပထမဦးဆုံး သတ္တ၀ါဖြစ်တယ်လို့ကြားဖူးတယ်။ သိပ္ပံစာစောင်တစ်ခုထဲမှာလည်း အာရှတိုက်ရဲ့ သဲကန္တာရတစ်ခု အတွင်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၄၅-သန်း ခန့်က လို့အတည်ပြုထားတဲ့ ဒိုင်နိုဆောဥတွေနဲ့ရုပ်ကြွင်း၊ အရိုးစုတွေကိုတွေ့ခဲ့ရတယ်။ ဒါဆိုရင် အာဒံနဲ့ဧ၀ ပေါ်ပေါက်လာတော့ နှစ်သန်းပေါင်း ၂၄၅-သန်းမရှိသေး ဘူးလို့လေ့လာသိရှိရတယ်အထောက် အထားလဲမတွေ့ရသေးဘူး လို့သိရတယ်။ ဒီသဘောတရားအရ ကမ္ဘာပေါ်မှာ ပထမဦးဆုံးသက်ရှိ သတ္တ၀ါဟာ အာဒံ၊ ဧ၀လူသားတွေလား၊ ဒိုင်နိုဆောလို့ခေါ်တဲ့ တွားသွားသတ္တ၀ါတွေလားဆိုတာသိပါရစေ။

အဖြေ ။ ။ မေးခွန်းကတော့ စိတ်ဝင်စားစရာ ကောင်းလှပါတယ်။ သမ္မာ ကျမ်းစာအရဖြေရမယ်ဆိုရင်တော့ သက်ရှိသတ္တ၀ါတွေထဲမှာ တိရိစ္ဆာန်ဟာ အရင်ပေါ်ပေါက်လာပြီး လူသားတွေက နောက်မှ ပေါ်ပေါက်လာ တာဖြစ်ပါတယ်။ (ကမ္ဘာဦးကျမ်း ၁း၁ မှ ၂း၎) အထိ ဖတ်ရှု လေ့လာမယ်ဆိုရင် ကမ္ဘာ၊ စကြာဝဌာ သက်ရှိ၊ သက်မဲ့သတ္တ၀ါတွေကို ဖန်ဆင်းတာ ၆ ရက်ကြာပါတယ်။
ပထမဦးဆုံးနေ့မှာ အလင်းနဲ့အမှောင်၊ သို့မဟုတ် နေ့နဲ့ညကို ဖန်ဆင်းတယ်။ ဒုတိယနေ့မှာ မိုးကောင်းကင်။ တတိယနေ့မှာ ရေနဲ့ကုန်းမြေကွဲစေပြီး၊ သစ်ပင်၊ ပန်းမာလ်။ စတုတ္ထနေ့မှာ နေ၊လ၊ ကြယ်တာရာများ၊ နေ့ရက် အပိုင်းအခြား၊နှစ်အပိုင်းအခြားကို ဖြစ်စေပါတယ်။ ပဉ္စမ နေ့မှာတော့ ရေသတ္တ၀ါနဲ့လူသားကိုဖန်ဆင်းတယ်လို့ ဆိုထားပါတယ်။ သတ္တမနေ့မှာ ဘုရားသခင်က ဖန်ဆင်းခြင်းပြီး ပြည့်စုံသွားလို့ အနားယူတယ်လို့ တွေ့ရ ပါတယ်။

ဒီကမ္ဘာဦးကျမ်းမှာ ဖော်ပြထားချက်အရဆိုရင်တော့ လူအသုံးပြုဘို့အတွက် လိုအပ်တာတွေအားလုံးကို အရင်ဆုံးစီစဉ်ပြီးမှ လူသတ္တ၀ါကို ဖန်ဆင်းပါတယ်။ ဒီတော့ဒိုင်နိုဆောဆိုတဲ့သတ္တ၀ါက လူသတ္တ၀ါထက်စောပြီး ကမ္ဘာပေါ်မှာ ရှိနေခဲ့ပါတယ်လို့ဆိုရပါမယ်။ (ဆာလံ ၁း၂၆)မှာ အာဒံနဲ့ဧ၀က တိရိစ္ဆာန်တွေကိုလိုသလိုအသုံးပြု၊ အုပ်စိုးဖို့တိရိစ္ဆာန်တွေကို ဖန်ဆင်းပြီးမှအာဒံနဲ့ဧ၀ကိုဖန်ဆင်း ပါတယ်။ (ကမ္ဘာ၂း၂၀)မှာ “လူသည် သားယဉ် အပေါင်းတို့ကို၎င်း၊ မိုးကောင်းကင်ငှက်အပေါင်းတို့ကို၎င်းင်း၊သားရဲ အပေါင်းတို့ကို၎င်း၊ အမည်ပေး၍ မှည့်လေ ၏” လို့ ဆိုထားတာကတော့ သူတို့ကို ဘုရားကပေးအပ်ပြီးမှသူတို့တိရိစ္ဆာန်တွေကို အမည်နာမ ပေးတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ကမ္ဘာဦးကျမ်းမှာ ပြောထားတဲ့နေ့၊ ရက်၊ လ စသဖြင့် အချိန်အပိုင်းအခြားတွေကို ဒီခေတ်အချိန်အပိုင်းလို ၂၄ နာရီ တစ်ရက်၊ ၇- ရက် တစ်ပါတ်၊ ၁၂- လတစ်နှစ် ဆိုပြီးလည်း ယူလို့မရပါဘူး။ အစီအစဉ်ကျကျ ခုနှစ်အလိုက် စနစ်ကျကျ ဒီခေတ်သမိုင်းလို ရေးသားထားတာလည်း မဟုတ်ပါဘူး။ တစ်ခါ ကျမ်းစာဟာ ဘူမိဗေဒ၊ ဇီဝဗေဒ (သို့) အခြားသိပ္ပံပညာရပ်တွေလိုလည်း မဟုတ်တာ သေချာပါတယ်။ ဒီစင်္ကြ၀ဠာကြီးကို ဘယ်ခုနှစ်တုန်းက ဖန်ဆင်းခဲ့တယ် ဆိုတာလည်း မပါဝင်သလို ဘုရားသခင်ကကမ္ဘာလောကကြီးနဲ့သက်ရှိသတ္တ၀ါတွေ၊ သူတို့ရဲ့ သက်တမ်းတွေစသဖြင့်လည်း အသေး စိတ်ဖော်ပြခြင်းမရှိပါဘူး။

ဥပမာ - အလင်းနဲ့ အမှောင်ကို ဖန်ဆင်းဖြစ်ပေါ်စေတယ်ဆိုတာကို နေ၊ ကြယ်၊ လတွေ မဖန်ဆင်းခင်မှာ တွေ့ရပါတယ်။ ဆိုလိုတာက ဒီသမ္မာကျမ်းစာကို ရေးသားတဲ့သူဟာ သန့်ရှင်းသောဝိညာဉ်တော်ဘုရားရဲ့ နှိုးဆော်မှုနဲ့ ရေးတာဖြစ်ပေမဲ့လို့ လူတစ်ဦးဟာ လွတ်လပ်စွာပဲ သူနေထိုင်ခဲ့ တဲ့ ပတ်ဝန်းကျင်၊ အယူအဆ၊ ရေးနည်း ရေးဟန် နောက်ခံသမိုင်းပေါ်မူတည်ပြီး ရေးသားထားတာပဲဖြစ်ပါတယ်။ သမ္မာကျမ်းစာထဲမှာ တစ်ခါ တစ်ရံ ရှေ့နောက် သဘောတရားမညီညွတ်ဘူးလို့ ယူဆရတဲ့ အချက်တွေတွေ့ရတတ်ပါတယ်။ ဖန်ဆင်းခြင်းနဲ့ပတ်သက်ပြီး ကမ္ဘာဦးကျမ်း (၁)မှာ ဘုရားက လူကိုသူ့ရဲ့ရွှေပုံသဏ္ဍာန်အတိုင်း ဖန်ဆင်းတယ် လို့ တွေ့ရပြီး (အခန်းကြီး-၂) မှာတော့ အိုးထိန်းက အိုးကို ပြုလုပ်သလို ရွှံ့ကနေပြီး အသက်မှုတ် သွင်းကာဖန်ဆင်းတယ်လို့ဆိုထားပါတယ်။ အခန်းကြီး (၁) မှာ ကမ္ဘာကြီး တစ်ခုလုံးကို အရင်ဆုံး ကြိုတင်ပြင်ဆင်ပြီးမှ လူကိုပေးအပ်ပေမဲ့ ဧဒင်ဥယျာဉ်ကို ဖော်ပြထား ခြင်းမရှိပါဘူး။ ဒါပေမဲ့ (အခန်းကြီး-၂)မှာ တော့အာဒံဟာအရင်ဖြစ်ပြီးမှဧဒင်ဥယျာဉ် ရှိလာတဲ့ အချက်တွေ့ရပါတယ်။ တစ်ခါ (အခန်းကြီး- ၁)မှာ ဘုရားသခင်ဟာ လူယောင်္ကျားနဲ့ လူမိန်းမကို ဖန်ဆင်းတယ်လို့ ဖတ်ရှုရသလို (အခန်းကြီး -၂)မှာတော့ အာဒံနဲ့ သင့်တော်မယ့် အထောက်အမကို ဖန်ဆင်းမယ်ဆိုပြီး အာဒံကို အိပ်စေကာနံရိုးထုတ်ပြီးမှ ဧ၀ကို ဖန်ဆင်းကြောင်း ဖတ်ရပါတယ်။

ဒါပေမဲ့လို့ အားလုံးကို ခြုံငုံပြီး ကြည့်မယ်ဆိုရင်တော့ ကျမ်းရေး ပုဂ္ဂိုလ်ဆိုလိုတာက ...
... စကြ၀ဠာနဲ့ အသက်ဆိုတာ အမှတ်တမဲ့ သဘာဝက ဖြစ်ပေါ်လာတာမဟုတ်ဘူး။ ဖန်ဆင်းရှင်၊ ဘုရားသခင်ကြောင့် ဖြစ်ပေါ်လာတာဖြစ်တယ်။
... စကြ၀ဠာထဲမှာရှိတဲ့ အရာတွေ အားလုံးကို ဘုရားက ဖန်ဆင်းထားတယ်။
... ဘုရားသခင် ဖန်ဆင်းသမျှ အရာတွေဟာ ကောင်းမွန်မြင့်မြတ်တယ်။
... ဘုရားသခင် ဖန်ဆင်းသမျှ အရာတွေအားလုံးထဲမှာ အကောင်းဆုံး၊ အမြင့်မြတ်ဆုံး၊ အထွပ်အထိပ်ကတော့ လူသားမျိုးနွယ်ဖြစ်တဲ့ ယောင်္ကျားနဲ့ မိန်းမဖြစ်ပြီးသူတို့နှစ်မျိုးဟာ အဆင့်အတန်းတူညီ တယ်၊ ဂုဏ်ရည် တူညီတယ်။ အရေးကြီးဆုံးကတော့ဘုရားသခင်က ကမ္ဘာဦးလူသား ကျွန်တော်တို့ရဲ့မူရင်း မိဘနှစ်ပါးကို ဖန်ဆင်းခဲ့ပြီးသူတို့ကို ဘုရားရှင်ကအထူးဦးစားပေးစောင့်ရှောက်တဲ့ အကြောင်းနဲ့လူသား တစ်မျိုးတည်းသာ ဘုရားသခင်ရဲ့ ရွှေပုံသဏ္ဍာန်တော်နဲ့အညီ ဖန်ဆင်းခြင်းခံရပြီး အခြားအရာတွေအားလုံးအပေါ် သူ့ကိုတာဝန် ပေးအပ်နှင်းခြင်းခံရတယ်။
... ၆-ရက်မှာ ဖန်ဆင်းခြင်း အားလုံးပြီးလို့အနားယူတဲ့ရက်ကလိုက်ပါလာသလို အခုချိန်မှာ ကျွန်တော်တို့ လူသား တွေရဲ့လုပ်ကိုင်ပုံ နည်းဟန်ပုံကို ချပေးလိုက်ခြင်း ဖြစ်တယ်ဆိုတဲ့ အချက်များပင်ဖြစ်ပါတယ်။ သမ္မာကျမ်းစာဟာ သမိုင်းစာအုပ် မဟုတ်သလို၊ သိပ္ပံစာအုပ်လည်း မဟုတ်ပါဘူး။ ဒီလိုမဟုတ်ပေမဲ့လို့ သိပ္ပံ ပညာနဲ့လည်းမဆန့်ကျင်တာအမှန်ပါပဲ၊ ယုံကြည်ခြင်းနဲ့ သိပ္ပံပညာဟာ တူညီတဲ့ဘာသာရပ် အချက်အလက် တွေကို ကိုင်တွယ်ထိတွေ့ပါတယ်။ အမှန်တရားရဲ့အရင်းအမြစ်က တစ်ခုတည်းဖြစ်ပါတယ်။ ဘုရားသခင်ပဲ ဖြစ်ပါတယ်။ မေးခွန်းမှာပါသလို ဒိုင်နိုဆောဆိုတဲ့ သတ္တ၀ါဟာ လွန်ခဲ့တဲ့ နှစ်သန်းပေါင်း ၂၀၀ ကျော်ကတည်းက တည်ရှိခဲ့တယ်လို့ ၁၉၉၆ ခုနှစ်ထုတ်၊ စွယ်စုံကျမ်းကဆိုပါတယ်။ လူရဲ့ရုပ်ကြွင်းကတော့ ၁၉၅၉-ခုနှစ်တုန်းက အာဖရိက အရှေ့ပိုင်းဒေသမှာ ဗြိတိသျှ မနုဿပညာရှင် (Dr. Lealaey)တွေ့ရ တာက ပထမတွေ့ခဲ့တဲ့ ပီကင်းလူလို့ ထင်ရှားတဲ့ ရုပ်ကြွင်းထက်နှစ်ပေါင်း တစ်သန်း၊ ၅သိန်း လောက်စောတယ်လို့ဆိုပါတယ်။ ပီကင်း လူကတော့နှစ်ပေါင်း ၃ သိန်းလောက်တုန်းကလို့ ခန့်မှန်းပါတယ်။ ဒီတော့ အခုတင်ပြခဲ့တာတွေကို အပေါ်ယံပဲ ခြုံကြည့်ရင်တောင် သိပ္ပွံပညာအရရော၊ သမ္မာကျမ်းစာအရပါ တိရိစ္ဆာန်ဟာ အရင်ပေါ်ပြီး လူသတ္တ၀ါက နောက်မှပေါ်တာလို့ ဖြေကြားလိုက်ရပါတယ်။
ဝဿန်မိုး


(သိုးထိမ်းအသံ အမှတ်စဉ် (၄၅) မှ ထုတ်နှုတ်ဖော်ပြပါသည်။)

အစီစီ် မြို့သား သံဖရန်စစ် ရဲ့ ဆုတောင်းလေးတစ်ခု


အစီစီ် မြို့သား သံဖရန်စစ် ရဲ့ တောင်းဆုလေးတစ်ခုပေါ့..

အို အဖ ဘုရားသခင်....
ဘုရားသခင်၏ ငြိမ်းချမ်းရေး လက်နက် အဖြစ် အသုံးတော်ခံပါရစေသား...
မုန်းတီးခြင်းအရာမှာ မြတ်နိုးခြင်း ပျိုးထောင်နိုင် ရပါစေသား...

နာကြည်းခြင်းအရာမှာ ခွင့်လွှတ်ခြင်း ပျိုးထောင်နိုင် ရပါစေသား...
ယုံမှားခြင်းအရာမှာ ယုံကြည်ခြင်း ပျိုးထောင်နိုင် ရပါစေသား...

အားငယ်ခြင်းအရာမှာ မျှော်လင့်ခြင်း ပျိုးထောင်နိုင် ရပါစေသား...
မှောင်မိုက်ခြင်းအရာမှာ လင်းရောင်ခြည် ပျိုးထောင်နိုင် ရပါစေသား...

ဝမ်းနည်းခြင်းအရာမှာ ၀မ်းသာခြင်း ပျိုးထောင်နိုင် ရပါစေသား...

အို အဖ ဘုရားသခင်....

ကိုယ်နှစ်သိမ့် ခံရဖို့ထက် ကိုယ်က နှစ်သိမ့်ဖို့ကို ရှာကြံနိုင်ရပါစေသား...
ကိုယ်နားလည်ခံရဖို့ထက် ကိုယ်က နားလည် ဖို့ကို ရှာကြံနိုင်ရပါစေသား.....

ကိုယ်မြတ်နိုးခံရဖို့ထက် ကိုယ်က မြတ်နိုးခံရဖို့ကို ရှာကြံနိုင်ရပါစေသား.....

ဘာကြောင့်ဆို...
ပေးကမ်းခြင်းဖြင့် ရရှိပါတယ် ဘုရား....
ခွှင့်လွှတ်ခြင်းဖြင့် ခွှင့်လွှတ်ခံရပါတယ် ဘုရား...
သေဆုံးခြင်းဖြင့် တစ်ဖန် ပြန်လည်ဖွားသစ်ပြီး ထာဝရ အသက်ရှင်ပါတော့တယ် ဘုရား...။ ။
(စိန်ဖရန်စစ်အစီစီ)

မြန်မာ့ရိုးရာ ခရစ်တော်မွေးဖွားတော်မူခန်း


မြန်မာ့ရိုးရာ ခရစ်တော်မွေးဖွားခန်း

မနလေးကက်သီဒယ် ဘုရားရှိခိုးကျောင်းတွင် ခရစ်မတ်အချိန်အတွင်း ပြုလုပ်ထားသော ခရစ်တော်မွေးဖွားခြင်းကို မြန်မာ့ရိုးရာယဉ်ကျေးမှု့ပုံစံဖြင့် ဖွားတော်မူခန်းကို သရုပ်ဖော်ဆောင်ထားသည်။ သကြားမင်း၊ မယ်တော်၊ သံဇူဇယ်၊ သိုးကျောင်းသား၊ သိုးကျောင်းသားတို့၏ လှုဖွယ်ပစည်းများ စသည်တို့ကို မြန်မာ့ရိုးရာယဉ်ကျေးမှု့ပုံစံဖြင့် ပုံဆောင်ထားသည်။

အခြားသော ဘုရားကားချပ်များ၊ ဆင်းထုတော်များကိုလည်း ရိုးရာဖြင့်ပုံဖော်ထားသည်များရှိသည်။ အတက်နိုင်ဆုံးကြိုးစား တင်ပြထားပါမည်။

နှစ်သက်လက်ခံသော သူများရှိသကဲ့သို့ မကြိုက်မနှစ်သက်သော သူများလည်းရှိသည်။ ဘယ်လိုပင်ဖြစ်စေ လူတစ်ကိုယ် အကြိုက်တမျိုးစီရှိတတ်ကြ၏။ ကျွန်တော့အမြင်တော့ (ယုံကြည်ခြင်းသည်သာ အဓိက) မယ်တော် ထမိန်ဝတ်ခြင်း၊ သံဇူဇယ် ပုဆိုးဝတ်ခြင်းတို့သည် ကျွန်တော်၏ ယုံကြည်ခြင်းကို မည်သို့မျှ မထိခိုက်။ ထို့ကြောင့် သင့်အနေဖြင့် မည်သို့ရှိစ ???????




ထာဝရဘုရားရှေ့မှာ


ထာဝရဘုရားရှေ့မှာ

ထာဝရဘုရားရှေ့မှာ
လှပါတယ်ဆိုတဲ့မျက်နှာတွေမှာ
ကျောက်ပေါက်စွန်းတွေပြည့်နက်လို့နေတယ်။

ထာဝရဘုရားရှေ့မှာ
ကောင်းတယ်လို့ထင်ရတဲ့ သူတော်ကောင်းတွေဟာ
အပြစ်သားတွေဖြစ်လို့နေတယ်။

ထာဝရဘုရားရှေ့မှာ
ပညာတတ်ပါတဲ့ဆိုတဲ့ ပညာတတ်ကြီးတွေဟာ
အဆင့်အနိမ့်ဆုံးသူတွေ ဖြစ်လို့နေတယ်။

ထာဝရဘုရားရှေ့မှာ
သန်းကြွယ်သူဌေးလို့ထင်ရတဲ့ သူဌေးကြီးတွေဟာ
အဆင်းရဲဆုံးသော ဆင်းရဲသားတွေဖြစ်လို့နေတယ်။

“ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည် မဟုတ်။
လူသည် အဆင်းသဏ္ဍာန်ကို ကြည့်ရှု့တတ်၏။ ထာဝရဘုရားမူကား နှလုံးကို ကြည့်ရှုတတ်သည်။”
ဓမ္မရာဇ၀င် ပထမစောင် (၁၆း ၇)

ခရစ်တော်၏ မေတ္တာ
ကောင်းကင်ရွှေ



လူသား .... လှေငယ်


လူသား .... လှေငယ်

ရှေ့ဆက်ရမဲ့ ဘ၀ခရီးအတွက်

“တက်မ”လေးကိုင်ခါကွယ်
ဘ၀လေငယ်ကလေးအထဲမှာ
ရှိသမျှခွန်အားတွေ အသုံးပြုခါကွယ်
ဘ၀ရေစီးကြောင်းအတိုင်း လိုက်ခဲ့ရတယ်
တခါတရံမှာ လေပြည်ညှင်းလေးတွေနဲ့
သက်တော့သက်သာငြိမ့်ဆင်းခဲ့ရလို
တခါတရံမှာတော့ ပြင်းထန်တဲ့ မုန်တိုင်းတွေကြား
ရုန်းကန်ပြီး လှောခတ်ခဲ့ရတယ်။

စိတ်ဓါတ်တွေပြောင်းလဲ

ရာသီတွေဖောက်ပြန်ခဲ့တော့
လေပြည်ညှင်းဆိုတာ ရှာမှရှားပြီကွယ်
အမြဲရင်ဆိုင်မုန်တိုင်းဒဏ်ကြောင့်
အားအင်တွေလည်း ကုန်ခန်းပြီး

လှော်တက်လေးလည်း ကျိုးခဲ့တယ်
ဖေးကူမဲ့သူ မရှိဘူးလို့ တွေးတောမိခိုက်
ရုတ်တရက် အသံရှင်တစ်ဦး .....


“၀န်လေး၍ ပင်ပန်းသောသူ အပေါင်းတို့ ငါ့ထံသို့လာကြလော...
ငါသည် ချမ်းသာပေးမည်။ ငါ့ထမ်းဘိုးကို တင်၍ ထမ်းကြလော့
ငါ့ထံ နည်းခံကြလော ငါသည် နူးညံ့သိမ်မွေ့နှိုမ့်ချသော စိတ်သဘောရှိ၏။
သင်တို့စိတ်နှလုံးသည် သက်သားခြင်းကို ရလိမ့်မည်။ အကြောင်းမူကား ငါ့ထမ်းဘိုးသည် ထမ်းလွယ်၏။ ငါ့ဝန်သည်လည်း ပေါ့၏”

ဟုမိန့်တော်မူ၏။

ရှင်မသဲ (၁၁း ၂၈ – ၃၀)
ကောင်းကင်ရွှေ

Sep 1, 2008

ကာရံများရဲ့ နှလုံးသား


ကာရံများရဲ့ နှလုံးသား
နေခြည် သဘာဝ
နေခြည် သဘာဝ
ရွှေရည် ချလို့
ကာယ အလှ
ပြိုင်နေ မည်လား။

ဥစာ ရွှေငွေ
ပေါကြွယ် ၀လို့
လောက ရမက်
တက်နေ မည်လား။

ပညာ ဥာဏ်ရှင်
တတ်ကျွမ်း ကျင်လို့
သြဇာ အာဏာ
ပြနေ မည်လား။

ဥစာ ဥာဏ်ကင်း
ရူပါ ရှင်းလို့
အားငယ် သောက
များနေ မည်လား။

ဖြူစင် မေတာ
ကြင်နာ ပြည့်ဝ
နည်းပြ ဆရာ
ခရစ်တော် ကဲ့သို့
နှလုံး အလှ
ဆင်ကြ စို့လား....။