ထာဝရဘုရားရှေ့မှာ
ထာဝရဘုရားရှေ့မှာ
လှပါတယ်ဆိုတဲ့မျက်နှာတွေမှာကျောက်ပေါက်စွန်းတွေပြည့်နက်လို့နေတယ်။
ထာဝရဘုရားရှေ့မှာ
ကောင်းတယ်လို့ထင်ရတဲ့ သူတော်ကောင်းတွေဟာ
အပြစ်သားတွေဖြစ်လို့နေတယ်။
ထာဝရဘုရားရှေ့မှာ
ပညာတတ်ပါတဲ့ဆိုတဲ့ ပညာတတ်ကြီးတွေဟာ
အဆင့်အနိမ့်ဆုံးသူတွေ ဖြစ်လို့နေတယ်။
ထာဝရဘုရားရှေ့မှာ
သန်းကြွယ်သူဌေးလို့ထင်ရတဲ့ သူဌေးကြီးတွေဟာ
အဆင်းရဲဆုံးသော ဆင်းရဲသားတွေဖြစ်လို့နေတယ်။
“ထာဝရဘုရားသည် လူမြင်သကဲ့သို့ မြင်တော်မူသည် မဟုတ်။
လူသည် အဆင်းသဏ္ဍာန်ကို ကြည့်ရှု့တတ်၏။ ထာဝရဘုရားမူကား နှလုံးကို ကြည့်ရှုတတ်သည်။”
ဓမ္မရာဇ၀င် ပထမစောင် (၁၆း ၇)