Nov 25, 2008

အမှောင်မှ အလင်း သို့


အမှောင်မှ အလင်း သို့


အိုသခင် အရှင်ပြုလုပ်
အကျွန်ုပ်၏ရုပ်နှင့်နာမ်တွင်
ငါစွဲအတ္တ
ကိန်းအောင်းနေကြလေရဲ့ ....

အိုသခင် လူမိုက် ကျွန်တော်
မာနတံခွန် အလံထူ၍
ငါမှငါဟု ငါ၏ကိုယ်အား
ထင်ကြီးလွန်စွာ မြင်မြင်သမျှ
ဒေါသထောင်လွှား ရန်စောင်ကြည့်နှင့် ကြည့်ခဲ့လေရဲ့ ...

အိုသခင် ကျွန်တော့်ရင်တွင်း
ကျေးဇူးသခင် ဘုရားရှင်၏
ဧ၀ံဂေလိ တရားတော်အား
ကြားသိလေသောခါ ...

အိုသခင် အပြစ်သားကျွန်တော်
အတ္တကို ခုချ မာနကိုစွန့်
အလြံဖူနှင့် မိုက်နောင်တကြုံ

အမှောင်မှအလင်း

ကူးပြောင်းသောအခါ
အရှင်ဆီးကြို နှင့်လှဲ့ပါ..

. J - ဇော်လတ်အောင် (ရွှေဘို)

1 comment:

Anonymous said...

I like your poem anyway. God bless!