ဤခရီးမဝေးပါ
လောကကြီးမှာ ကျွန်ုပ်တို့ လူသားတွေဟာ အာဂန္တုဧည့်သည်များသာ ဖြစ်ကြပါတယ်။ လောကဓံတရား ဆိုတာလည်း အလှည့်အပြောင်းများလှပါတယ်။ နိမ့်ချည် တစ်ခါသာချည်တလှည့်နဲ့ ဘ၀ရေဆန်ကို ကူးခတ်နေကြရရင်း လောကမှာ သေခြင်းတရားနှင့် ကင်းတဲ့သူရယ်လို့ ဘယ်သူမှ မရှိသလို ရင်မဆိုင်ရဲလို့ ထွက်ပြေး ပုန်းရှောင်လည်း မရနိုင်ပါဘူး။ လူတိုင်းဟာ ဒီ သေခြင်းတရားလမ်းကို လျှောက်ကြရမှာ ဖြစ်တယ်။ သေခြင်းတရားဟာ ဆင်းရဲ၊ ချမ်းသာ၊ အသက်ကြီးရင့်ခြင်း၊ နုပျိုခြင်း တို့ကို မျက်နှာသာမပေးဘဲ တစ်နေ့နေ့ တစ်ချိန်ချိန်မှာအရောက်လာတတ်တာ အားလုံးအသိပင် ဖြစ်ပါတယ်။

ကျွန်ုပ်တို့ ဘ၀သက်တာမှာလည်း သေခြင်းတရားကို အချိန်မရွေးရင်ဆိုင်နိုင်ဖို့၊ စိန်ခေါ်နိုင်ဖို့ကို အသိတရားတွေနဲ့ယှဉ်ပြီး ဘယ်လောက်ထိပြင်ဆင်ပြီးပြီလဲ၊ နောင်တမလွန်ဘ၀အတွက် ကုသိုလ်ကောင်းမှု ပါရမီတွေကို ဘယ်လောက် ကျင့်ဆောက် တည်ပြီးပြီလဲ၊ သေခြင်းတရားဟာ အစိုး မရတဲ့အရာဖြစ်လို့ ကျွန်ုပ်တို့ရဲ့ ဘ၀မှာ ဘယ် အတိုင်းအတာအထိ ပြင်ဆင်ပြီးပြီလဲ ဆိုတာကို ပြန်လည်သုံးသပ်ရမှာ ဖြစ်ပါတယ်။ အသက်ကြီးမှ၊ ရောဂါဝေဒနာခံစားရမှ မဟုတ်ပါဘူး။ ဘာမှမဖြစ်ဘဲနဲ့ သေဆုံးသွားကြတဲ့သူတွေလည်း ကျွန်ုပ်တို့ရဲ့ ပတ်ဝန်းကျင်မှာ တွေ့ရစမြဲပါ။ ဘာသာတရားတိုင်းမှာ ကုသိုလ်ပါရမီ ကျင့်ဆောက်တည်ဖို့ လမ်းညွှန်ထားပါတယ်။ ဒီလို ညွှန်ပြခြင်းတွေဟာ နောင်တမလွန် ဘ၀ကူး ကောင်းစေဖို့ အတွက်ပင်ဖြစ်ပါတယ်။
ဒါကြောင့်မို့ ဘုရားရှင်ဟာ သေခြင်းတရား နဲ့ပတ်သက်ပြီးတော့ (ရှင်မဿဲ ခရစ်ဝင် - ၂၅း၁-၁၃) မှာ ပညာသတိရှိ တဲ့ အပျို ကညာငါးဦးနဲ့ပညာသတိမရှိတဲ့ အပျိုကညာ ငါးဦးအကြောင်းကို ပုံပမာနဲ့မိန့် ကြားခဲ့ပါတယ်။ ဘုရားရှင်ဟာ မိမိ ဖန်ဆင်းတဲ့ဲ့ လူသူသားတွေကို ချစ်လွန်းလို့ သေရမယ့် အချိန်ကို ကြိတင်အသိ မပေးခဲ့ပါဘူး။ ဒါပေမဲ့ သေခြင်းတရားဟာ သူခိုးလိုရောက်လာနိုင်တာမိို့ု့ အသင့်စောင့်နေကြဖိို့ု့ သတိ ပေးနှိုးဆော်ထားပါတယ်။ ကျွန်ုပ်တို့ လူသူသား တွေဟွဟာ မိမိတို့ သေဆုံးရမယ့် အချိန်ကို ကြိုပြီးသိကြရင် အရမ်းပဲ တုန်လှုပ်ကြရမှာ ဖြစ်ပါတယ်။ ဥပမာ - ကင်ဆာ ရောဂါသည် တစ်ယောက်ဟာ မိမိရဲ့ရောဂါ အခြေအနေကို သိခဲ့ရင် အလွန်ပဲ တုန်လှုပ်ပြီးတော့ စိတ် ဓာတ်ကျကာ ရောဂါဝေဒနာ ပိုပြီး ခံစားလာ ရမှာဖြစ်ပါတယ်။ ဒီလို အဖြစ်အပျက်မျိုး တွေ ကျွန်ုပ်တို့ရဲ့ ပတ်ဝန်းကျင်မှာ ရှိတတ် ပါတယ်။ "ကွေးသောလက် မဆန့်မှီ၊ ဆန့်သောလက် မကွေးမှီ}} ဆိုတဲ့ စကားပုံလေး အတိုင်းပဲ လူတွေဟာ နေ့မြင်ညပျောက် သတ္တ၀ါတွေဖြစ်ပါတယ်။ ကျွန်ုပ်တို့ လူသားတိုင်းအတွက် သေခြင်းတရားဟာ မဝေးလှတဲ့ လက်တစ်ကမ်းမှာ ရှိနေပါတယ်။ ဤခရီးဝေးသလား မေးရင် မဝေးပါလို့ ပြောရမှာ ဖြစ်ပါတယ်။ လူတွေဟာ သေခြင်းတရားကိုကြောက်စရာ အရာ အဖြစ်သတ်မှတ်ကြပါတယ်။ စဉ်းတောင် မစဉ်းစားရဲကြဘူး။
မကြုံရဘူးလားဆိုလည်း ကြုံရတာပါပဲ။ ခဏလေးနေရတဲ့ အချိန်လေးမှာ ကြောက်စရာအဖြစ် သတ် မှတ်ထားတဲ့ သေခြင်းတရားကို ဘေးချိတ်ထားပြီး မိမိတို့ဘ၀ တိုးတက်အောင်၊ လှပအောင် ကြံဆောင်ဖုံးဖိပြီး နေတတ်ကြတယ်။ ကျွန်ုပ်တို့ လူသားတွေဟာ သေခြင်းတရားကို ထောက်ရှုစဉ်းစားတဲ့သူ နည်းလှပြီး မိမိတို့ရဲ့ သေခြင်းအတွက် ပြင်ဆင် ရမှန်းမသိတဲ့သူတွေ များပါတယ်။ သေခြင်းတရားကို မစဉ်းစားမိတော့ နောင်တမလွန် အတွက် ကောင်းမှု၊ ကုသိုလ်တွေ မလုပ်ဖြစ်ဘူး၊ မစုဆောင်းဖြစ်တော့ဘူး။ အသက်ကြီးမှ ကောင်းမှုကုသိုလ်ရှာမယ် ဆိုတာက မဖြစ်နိုင်ပါဘူး။ အသက်ရှင်နေတဲ့ ကာလလေးမှာ ကောင်းမှုကုသိုလ်တွေ စုဆောင်းထားကြရမှာ ဖြစ်ပါတယ်။ တချို့ကျတော့အသက်ကြီးမှ ဘုရားတရား လုပ်မယ်၊ ကောင်းမှုပါရမီတွေ လုပ်မယ်လို့ ပြောတတ်ကြပါတယ်။ မိမိတို့ ဘ၀အသက်တာဟာ ဘယ်အခြေအနေအထိ နေရမယ်ဆိုတာ ဘယ်သူမှ မသိနိုင်လို့ အမြဲ ပြင်ဆင် နေမှတော်ရုံကျမှာဖြစ်ပါတယ်။
သေခြင်းတရားအတွက် ပြင်ဆင်မှု မရှိရင် ဘယ်လိုမှ ဘ၀ကူးကောင်းမှာ မဟုတ်ပါ။ ဒီအကြောင်းနဲ့ပတ်သက်ပြီး တော့ ကျွန်မရဲ့ အတွေ့အကြုံတခုကို ဝေငှလိုပါတယ်။ ကျွန်မဟာ ငှက်ဖျားမိပြီးတော့ ကျန်းမာရေး ချို့တဲ့ခဲ့ပါတယ်။ ငှက်ဖျား မဖျားတော့ပေမယ့် နှလုံးအားနည်းတာ ကျန်ရစ်ခဲ့ပါတယ်။ ပင်ပင်ပန်းပန်း အလုပ်တွေ လုပ်မိပြီဆိုရင် ခဏခဏ နေမကောင်း ဖြစ်လာတတ်ပါတယ်။ တစ်နေ့ကျတော့ နေကောင်းခါစမှာ အားဆေးသွင်းတယ်။ ဒီလို ဆေးသွင်းရင်းနဲ့ ခဏလေးမှာ ရှော့ခ်ဖြစ်၊ အသက်ရူကျပ်၊ တစ်ကိုယ်လုံးမည်း နက်လာပြီး သတိလစ်သွားကာ

မနော (FSAG)