သိစေချင်ပါတယ် ...။
“ငါတို့ကက်သလစ် ဘုန်းတော်ကြီးတွေက ငယ်ဖြူတွေကွ” ဆိုတဲ့စကားကို ကျွန်မ အလွန်အားရစွာ ပြောလေ့ရှိပါတယ်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKS0xaKsomrgAbYsQTW03cIe6crB0t9cG88uoiRk0fI9img17MxpUK7YEyJ6AQyzHNPhpn3YdofQGbzdhk6mF2o8NLQe4L01NM_F9qXT1F71_q31H1HT1eu2mQv5KyaBo2xiBS_MKcVw/s200/vocation-cross.jpg)
၁၅-၁-၂၀၀၆ တနင်္ဂနွေနေ့မှာတော့ မန္တလေးမြို့လယ်က ရွှေနှလုံးတော်ဘုရားကျောင်းမှာ ဂိုဏ်းချုပ်ဆရာတော် ပေါလ်ဂရောင် ဦးဆောင်ပြီး ဥပုသ်စောင့် ရဟန်းတော်များအားလုံး အတူတကွ သဒ္ဓါကြည်ညိုစွာ မစ္ဆားတရားပူဇော်ကြတော့ ဘာသာတူတွေနဲ့တစ်လုံးတစ်ဝထဲရှိပါတယ်ဆိုတာ ပြနေကြတာပဲလို့ခံစားမိတယ်။ ဘယ်နေရာမှာဖြစ်ဖြစ် ဒီလိုရဟန်းတော်တွေကို တစ်နေရာထဲမှာ ဖွေးဖွေးလှုပ်အောင် တစု တစည်းမြင်ရတိုင်း ကျမအလိုလိုပီတိဖြစ်ရ၊ ကြည်ညိုရစမြဲပါ။
အဲဒီနေ့က ဂိုဏ်းချုပ်ဆရာတော်ကြီး ပေါလ်ဂရောင်ရဲ့ သြ၀ါဒ စကားထဲမှာ “ရဟန်းဘုန်းတော်ကြီးတစ်ပါး ရဖို့ဆိုတာ မလွယ်ကူပါဘူး၊ သာသနာက နှစ်ပေါင်းများစွာအကုန်အကျခံ ရင်းနှီးရသလို၊ ရဟန်းကိုယ်တိုင်ကလည်း စွန့်လွှတ်မှုပေါင်းများစွာနဲ့ကြိုးစားရတယ်။ ဘုရား သခင်ဖက်ကလည်း တထူးတခြား ကျေးဇူးတော်မြောက်များစွာနဲ့ ပြုစုပျိုးထောင်စောင့်ရှောက်ခဲ့ရတယ်” လို့ဆိုသလို ကက်သလစ် ရဟန်းတစ်ပါးဖြစ်ဖို့ မလွယ်တာကို ကျွန်မလည်း ထောက်ခံမိတယ်။ တန်ဖိုးရှိတာကိုလည်း ၀န်ခံမိပါတယ်။ အသင်းတော်ကြီးရဲ့ ကျက်သရေဆောင်တွေ အဖြစ်လည်း မြင်မိပါတယ်။ ခရစ်တော် တည်ထောင်တဲ့ တစ်ခုတည်းသော ကက်သလစ်အသင်းတော်ကို အသက်ဆက်စေသူ၊ ရှင်သန်စေသူတွေလို့လည်း လက်ခံသလို၊ ခရစ်တော် အသွေးနဲ့လဲလှယ် ၀ယ်ယူထားတဲ့ လူသားများ အသက်ဝိညာဉ်ကောင်းကင် ချမ်းသာဆီသို့ရောက်ရန် လမ်းပြပို့ဆောင်ပေးမဲ့သူတွေ အဖြစ်လည်း ယုံကြည်နေပါတယ်။
ရဟန်းတစ်ပါးကို ကျွန်မ ထင်မြင် လက်ခံယုံကြည်သကဲ့သို့ ကက်သလစ် ဘာသာဝင်တိုင်းလည်း ထို့အတူ ဖြစ်လိမ့်
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3KEOXSvX4p-UHzv1d_eZDiGRA84FbbjI6ymbrIJ8mMImeugYB9CPeUCcggeQJ3LTStJ0w6I0yCNtG7s_jwsW9eBlU0KfHcbnSnsfpmT1U32dhSho4ISIuKKtg0_uoybvfctD5a8iXxA/s200/pc9.jpg)
...သိပ်မညွှန်းပါနဲ့၊ ကက်သလစ် ဘုန်းတော်ကြီးတွေ ဘယ်လောက် မွန်မြတ်သန့်ရှင်းလို့လဲ။
...ဘယ်လောက်ဘုရားစွဲပြီး တရားမြဲလို့လဲ။
...လောကဆန်ဆန် ပြောဆိုဝတ်စား နေထိုင်တာတွေကကော။
...လောကသားတွေနဲ့မထူးမခြား စိတ်ထားတွေ မြင်နေရပါလား။
ဆိုပြီး အားမလိုအားမရ ဝေဖန်နေကြပါသလား။ မလေးစားနိုင်၊မကြည်ညို နိုင်ဖြစ်နေကြပါသလား။ ဂရုမစိုက် အလေးမထား၊ နားမထောင် ဥပက္ခာပြုလို့များနေသွားကြမလား။
ဒီလိုဆိုရင်တော့ ဘုရားသခင်ဆီလူး ဘိသိတ်ပေးထားသူကို လေးစားလက်ခံတတ်ဖို့၊ ဓမ္မဟောင်းကျမ်းက (ဓမ္မရာဇ၀င် ပ-စောင် ၂၆း ၈-၉) ဖတ်ပြီး လူ့ကယ်တင်ခြင်းသမိုင်း ထဲက အထင်ကရ ပုဂ္ဂိုလ် ဒါဝိတ်မင်းကြီးကို အတုယူဖို့လိုပါလိမ့်မယ်။ ကျမ်းချက်ထဲမှာ “အဘိရှဲကလည်း ဘုရားသခင်သည် ကိုယ်တော်၏ ရန်သူကို ကိုယ်တော်လက်၌ ယနေ့ အပ်တော်မူပြီ။ ထို့ကြောင့် ကျွန်တော်သည် မြေတိုင်အောင် လှံနှင့်တစ်ချက်တည်း ထိုးပါရစေဟု တောင်းပန်ပါ၏ ဟု ဒါဝိတ်ကို လျှောက်သော်လည်း ဒါဝိတ်က သူ့ကို မပြုနှင့်၊ ထာဝရ ဘုရားအခွင့်နှင့် ဘိသိတ် ခံသောသူကို အဘယ်သူသည်အပြစ် လွတ်လျှက် ထိခိုက်မှုပြုနိုင်မည်နည်းဟု အဘိရှဲအား ပြန်ဆို၏။ ထာဝရဘုရား ပေးတော်မူသောသူ၊ ဆီလူး၍ ဘိသိတ်ခံ သူကို ငါမထိခိုက်မည့်အကြောင်း ထာဝရဘုရားဆီးတား တော်မူပါစေသော်။” လို့ တွေ့နိုင်ပါတယ်။
နောက်ပြီးဓမ္မသဂြိုလ်ပညာရှင်ကြီး Karl Rahner က နေရဟန်းတော်တွေနဲ့ ပတ်သက်ပြီး တွေးခေါ်ထောက်ပြထား တာက -
... ရဟန်းဆိုတာ ကောင်းကင်က လွှတ်လိုက်တဲ့ သိကြားမဟုတ်၊ လူထဲက ရွေးကောက်ထားတဲ့ လူတစ်ယောက်၊ အသင်းတော်ထဲက ခရစ်ယာန်တစ်ယောက်သာ ဖြစ်တယ်။
...လူသားတစ်ယောက်၊ ခရစ်ယာန်တစ်ယောက် ဖြစ်နေရင်းနဲ့ပဲ ဘုရားရဲ့ နှုတ်ကပါတ်တော်ကို သင့်အား ဟောပြောဖို့ လုပ်နေတယ်။
...ဒီဟောပြောချက်တွေဟာ သူ့ကိုယ်ပိုင်၊ သူ့သဘောနဲ့ မဟုတ်ဘူး။ ဘုရားရှင်က သူ့ကိုစေလွှတ်လို့ သင့်ထံနှုတ်ကပါတ်တော်ကြေညာရန် ရောက်လာခြင်းသာဖြစ်တယ်။
... ဒီနှုတ်ကပါတ်တော်ကို သူကိုယ်တိုင် စေ့စေ့မြေ့မြေ့ နားလည်ချင် မှ နားလည်မယ်။ ပေါ့ပျက်ပျက်ဖြစ်အောင်လုပ်ချင်လည်း လုပ်မိမယ်။ ဒါပေမဲ့ ဘုရားက သူ့ကို အသုံးပြုနေတယ်ဆိုတဲ့ ယုံကြည်ချက်သူ့မှာ ရှိနေတယ်၊ သူသိနေတယ်။ ဒါကြောင့် စိုးရွံ့မှုတွေကြားထဲကနေပဲ နှုတ်ကပါတ် တရားတော်ကို သင့်ဆီသို့ ဟောကိုဟောရမယ်ဆိုတာ သူနားလည် ထားပါတယ်။
... ဘုရားအကြောင်း ဟောဖို့၊ ထာဝရအသက်အကြောင်း သွန်သင်ဖို့၊ အမြင့်မြတ် ဆုံးသတ္တ၀ါလူသားတွေအတွက်ကျေးဇူးတော် ရဲ့ ကြီးကျယ်မွန်မြတ်တဲ့ အကြောင်းပြောဖို့ကျွန်ုပ်တို့အထဲက တစ်ယောက်ယောက်တော့ ရှိရမယ်မဟုတ်လား။ အပြစ်အကြောင်း သတိပေးဖို့၊ ဘုရားသခင်ရဲ့ တရားစီရင်ခြင်းအကြောင်း၊ ကရုဏာတော် အကြောင်းကိုဖော်ထုတ်ဖို့ တစ်ယောက်ယောက်တော့ အမှန်ရှိရမယ် မဟုတ်လား။
...ဒီတော့ ချစ်တဲ့မိတ်ဆွေ၊ ရဟန်း အတွက်ဆုတောင်းပေးပါ။ သူ့ကိုအကူ အညီပေးစောင့်ရှောက်ပါ။ အဲဒီအခါ သူဟာ ခရစ်တော်၌ ထင်ရှားဖော်ပြသော အဖခမည်းတော်ဘုရားရဲ့ ချစ်ခြင်းမေတ္တာတော်ကို သယ်ဆောင်ဖြန့်ဝေခြင်းအားဖြင့် သင်တို့ကို ထိန်းသိမ်းမြှင့်တင်၊ ကူညီနိုင်ပါ လိမ့်မယ် ... တဲ့။
ကျွန်မ ဖတ်မိတဲ့ နောက်တစ်ခုက Mutter Vogel ရဲ့ရေးသားချက်တွေပါ။ ဒါတွေကို စာရေးသူဟာ ဘုရားသခင်ရဲ့ ဖော်ပြ အလင်းပေးမှုအားဖြင့် ရေးခဲ့တယ်လို့ ဆိုပါတယ်။ ကောက်နှုတ်တင်ပြရမယ်ဆိုရင် - “ရဟန်းတစ်ပါးကို ဘယ်တော့မှ မတိုက်ခိုက်ပါနဲ့၊ အကယ်၍သူဟာမှားနေတယ် ဆိုရင်တောင်မှ သူ့အတွက် ဆု
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKVgY3lskFnbEs4TB8Zu6_V4GwdBbzdq_mvpAfg3GbewI3jLKtBBbWKN_KdMbchB2ANMtm-NXUFWLnpnfjWI-fw9UJhdIMTEVZ0xh3cnOi7Q3Cd3nuwINRQ0kqfCuv5HjpGh3I9ut09Q/s200/Ordination+to+Periodeut+2.jpg)
ဘာသာသူ အားလုံးလိုလိုကတော့ မိမိတို့ ရဟန်းဘုန်းကြီးကို ချစ်ခင်လေးစားကြတာပဲဖြစ်ပါတယ်။ ဒါပေမဲ့အကယ်၍များ ကျွန်မတို့ဟာ ကိုယ်မလုပ်နိုင်တာကို ရဟန်းတွေလုပ်ဖို့ လိုလားတတ်ပြီး ကိုယ်မကျင့်နိုင် တာတွေ ကို ရဟန်းများ ကျင့်ဖို့ မျှော်လင့်မိမယ်ဆိုရင်။ ...ကျွန်မတို့ လွတ်လွတ်လပ်လပ် လုပ် ခွင့်ရတာတွေ သူတို့မလုပ်ရ၊ ကျွန်မတို့ မလုပ်ချင်တာတွေသူတို့လုပ်နေကြတာတွေကို ကျပြန်တော့ လျစ်လျူရှုထားမိမယ် ဆိုရင်။ ... လူသားချင်းတူပါလျက် သူတို့ စွန့်လွှတ်တာ၊ ပေးဆပ်တာ၊ အနစ်နာခံတာ တွေကို မမြင်မိတဲ့ အချိန်များရှိရင်။ ဘုရားသခင်ရဲ့ အလင်းတော်နဲ့ ရေးဖွဲ့ခဲ့တဲ့ Mutter Vogel ရဲ့အောက်ပါ ဆုတောင်းမေတ္တာကို ရွက်ဆိုပြီး ရဟန်းတွေကို ဆုတောင်းခြင်း လက်နဲ့ ထောက်မ ကူညီသွားကြပါစို့လား။
အို သခင်ဘုရား ... ကျွန်ုပ် ဆုတောင်းပါ၏။ ရဟန်းတော်များကို စောင့်ရှောက်တော်မူပါ။ သူတို့သည် ကိုယ်တော့် အပိုင်ဖြစ်ကြပါ၏။ ကိုယ်တော်မြတ် ဗိမာန်တော် မျက်မှောက်တွင် ဘ၀ကို ပူဇော်ကျွမ်းလောင်စေသူများ ဖြစ်ကြပါ၏။ လောကတွင် နေထိုင်သော်လည်း လောကီရေးရာနှင့် မဆိုင်ရသော သူတို့ကို သခင် ဘုရားစောင်မတော်မူပါ။ လောကီ၏နှောင့်ယှက်၊ ဖြားယောင်းခြင်း ခံရသော် ကိုယ်တော်၏ နှလုံးတော်ထဲတွင် သူတို့ကိုလုံခြုံစွာ သိမ်းဆည်းတော်မူပါ။ သူတို့၏ အထီးကျန်ခြင်း၊ အားငယ်ခြင်းနှင့် နာကျင်သော အချိန်နာရီများ၌ ကိုယ်တော်နှစ်သိမ့် အားပေး ဖေးမတော်မူပါ။ ၀ိညာဉ်များအတွက် သူတို့ အားထုတ်လုပ်ဆောင်သမျှ အရာမထင်၊ အချည်းနှီးဖြစ်သည်ကို မြင်ရလျှက် စိတ်အားလျော့စဉ် ကိုယ်တော်ရှင်ကို သူတို့ ပိုင်ဆိုင်လျှက်ရှိ နေကြောင်း သိမြင်စေပါ။ သူတို့သည် လူသားစိတ်ရှိ၍ လူ့အားနည်းယိမ်းယိုင်မှုများ ရှိသော်လည်း သူတို့ နေ့စဉ် ပူဇော်သော ကိုယ်တော်မြတ် မုန့်တော်ကဲ့သို့ ဖြူစင်စေပါ။ သူတို့၏ စိတ်ကူး၊ အကြံအစည်များ၊ စကားများ၊ လုပ်ဆောင်မှုများမှာ ကိုယ်တော် အုပ်စိုး လမ်းညွှန်တော်မူပါ။ သူတို့ကို ကောင်းချီး ပေးတော်မူပါရန် ဆုတောင်းပါ၏ အရှင် ဘုရား။ အာမင်။
ွRef:
- Criticism of Priests (Our Lord's revelations to Mutter Vogel)
- ''The Priest is not an angel'' by Karl Rahnner
- အင်ဝိုင်းပန်- (SJA)