Aug 9, 2008

အသင်းတော်၌် အမျိုးသမီးများ၏ အခန်းကဏ္ဍ


အသင်းတော်၌် အမျိုးသမီးများ၏ အခန်းကဏ္ဍ


Roman Catholic အသင်းတော်နဲ့ Orthodox အသင်းတော်တို့ကနေ ခိုင်မြဲ
စွာရပ်တည်တဲ့ အချက်တစ်ချက်မှာ အမျိုးသား များသာလျှင် ရဟန်းအဖြစ် သိက္ခာတော်ခံယူ သင့်တယ်ဆိုတဲ့ အချက်ပင်ဖြစ်ပါတယ်။ သခင်ယေဇူးကိုယ် တိုင်ကလည်း အမျိုးသားများကိုသာ သခင်ခရစ်တော်ရဲ့ နောက်လိုက် တမန်တော်ကြီးများအဖြစ် ရွေးချယ်သတ် မှတ်ခဲ့တဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် အသင်းတော်အနေနဲ့လည်း ဘုရားသခင်ရဲ့ စီမံချက်များကို လိုက်နာ ဆောင်ရွက်တဲ့ အနေနဲ့ အမျိုးသမီးများကို ရဟန်းတော်များအဖြစ် သိက္ခာမတင် ခြင်းဖြစ်ပါတယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အမျိုးသမီး ရဟန်းတော်များကို အလိုရှိသူ၊ ထောက်ခံသူများက အမျိုးသမီးများကို အရာမသွင်း၊ ဖယ်ကျဉ်ရာရောက်သည်၊ နှိမ့်ချရာရောက်သည်လို့ မြင်ကြပေမဲ့ ယုံကြည်သူအများစုက အမျိုးသမီးများရဲ့ ဂုဏ်သိက္ခာကို ထိခိုက်ခွဲခြားမှုပြုတယ်လို့ မမြင်ဘဲ ဘာသာရေး ယုံကြည်ချက်အရ မှန်ကန်တယ်လို့ လက်ခံကြပါတယ်။

ဘုရားသခင်ရဲ့ မယ်တော်နဲ့ အသင်းတော်ရဲ့ မယ်တော်ဖြစ်တဲ့
မယ်တော်မာရီယားဟာ တမန်တော်ကြီးများ(သို့) တပည့်တော်ကြီး များရဲ့ တာဝန်ဝတ္တရားများ၊ သာသနာပြုမှု များအတွက် တာဝန်ပေးအပ်ခြင်းမခံရပေမဲ့ ၎င်းတို့ရဲ့ ဂုဏ်သိက္ခာမှာ လျော့ကျမှု၊ နိမ့်ကျမှု မခံရတာကို ကြည့်ခြင်းအားဖြင့် အမျိုးသမီးများကို အသင်းတော်ကနေ ဘုန်းတော်ကြီးများ (သို့) တပည့်တော်ကြီး များအဖြစ် လက်မခံသည့်တိုင်၎င်းင်းတို့ရဲ့ ဂုဏ်သိက္ခာမှာ လျော့ကျမှု၊ နိမ့်ကျမှုမရှိ တာကို သက်သေခံလျှက် ရှိပါတယ်။ အမျိုးသမီးများ ရဟန်းဖြစ် သိက္ခာတင်ခြင်း မခံနိုင်ပေမဲ့လည်း ဘ၀နဲ့ အသင်းတော်ရဲ့ သာသနာပြုလုပ်ငန်း များမှာ အမျိုးသမီး များကို လိုအပ်လျက်ရှိပြီး၊ ၎င်းင်းတို့ကို အစားမထိုးနိုင် လောက်အောင်အရေးပါ ကြောင်းကိုလည်း အသင်းတော်က လက်ခံ ယုံကြည်ပါတယ်။

ရဟန်းမင်းကြီး ဒုတိယမြောက် ယောဟန်ပေါလူးကနေ အမျိုးသမီးများကို
၎င်းတို့ရဲ့ သာသနာပြုလုပ်ငန်းမှာ ဘယ် လောက် အရေးကြီးတယ်ဆိုတာကို သိရှိနားလည်ဖို့ အားပေးမှုပြုပါတယ်။ ရဟန်း မင်းကြီးက မိန့်ကြားတော်မူရာမှာ ဒီကမ္ဘာပေါ်မှာ အမျိုးသမီးများနဲ့ Mission (မစ်ရှင်)ဆိုတဲ့ လုပ်ငန်းတာဝန်များဟာ
အသင်းတော်အတွက် သာမက ကမ္ဘာ အတွက်ပါ အရေးကြီးတယ်လို့ မိန့်ကြား ခဲ့ပါတယ်။ ဥပမာတစ်ခု ပြောရမယ်ဆိုရင် Focolari လှုပ်ရှားမှုကို တည်ထောင် ခဲ့သူ (Chiara Lubric) ရဲ့ လုပ်ဆောင်မှု များဟာ အမျိုးသမီးတိုင်း ဂုဏ်ယူထိုက် ပါတယ်။သူမဟာ ၁၉၇၇-ခုနှစ်မှာ London မြို့ Guild Hall မှာ က ဘာသာရေးဆိုင်ရာ Nobel ဆိုကို ချီးမြှင့်ခြင်းခံရပါတယ်။ သူမရရှိတဲ့ ဆုငွေ ဒေါ်လာ (၄၁ç၀၀၀)ကို လူထု အကျိုးပြုတဲ့ ဘာသာ ရေးလုပ်ငန်းများမှာ အသုံးပြုမယ့် အကြောင်း Chiara Lubric က အစီအစဉ် တကျ တင်ပြခဲ့ပါတယ်။

၁၉၉၀ ခုနှစ်မှာ Vatican ကနေ Focolari လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး အသိ အမှတ်ပြုခဲ့ပါတယ်။ ရဟန်းမင်းကြီး ဒုတိယမြောက် ဂျွန်ပေါလ်ရဲ့ ကူညီအားပေး ထောက်ခံမှုအရ ကမ္ဘာ အနှံ့လှုပ်ရှားနေတဲ့ င်္Focolari လှုပ်ရှားမှုမှာ အမျိုး သမီးများသာ ဥက္ကဌများအဖြစ် တာဝန်ထမ်းဆောင် စေဖို့ ချမှတ်ခဲ့ပါတယ်။ အဲဒီ Focolari လှုပ်ရှား မှု အောက်မှာ သာမန်အရပ်သူ၊ အရပ်သား များသာမက ဘုန်းတော်ကြီး များနဲ့ သာသနာဂိုဏ်းချုပ်ဆရာတော်များ လည်းပါရှိပါတယ်။

-မမာလာ (RVA)-

No comments: