Jun 28, 2010

ဘာအရေးကြီးဆုံးလဲ

ဘာအရေးကြီးဆုံးလဲ

"ဒီမှာ သူငယ်ချင်း - သဘာဝအမှန်တရားကို အမှန်တရားအတိုင်း မမြင်တတ်သေးလို့ လူတွေဟာ လောဘ၊ ဒေါသ၊ မောဟတွေများနေကြတာ။ လောကမှာ အရေးကြီးဆုံးက သဘာဝအမှန်တရားကြီးကို အမှန်တရားအတိုင်းမြင်တတ်ဖို့ပဲ"။

"ခင်ဗျားပြောပုံအရဆိုရင် ချစ်ခြင်းမေတ္တာကို လွှင့်ပစ်ရမလိုဖြစ်နေပြီ၊ သခင်ယေဇူးက ကြီးမားတဲ့ဒုက္ခဝေဒနာတွေကို ခံစားခဲ့တာ ကျုပ်တို့ကို ချစ်လို့ပဲပေါ့။ လောကမှာ အရေးကြီးဆုံးချစ်ခြင်း မေတ္တာဖြစ်လိမ့်မယ်"။

"ဟားဟား ဟားဟား ..... ဒီက နောင်ကြီးတို့ ပြောတာတွေတစ်ခုမှ မဟုတ်ဘူး။ လောကမှာအရေးကြီးဆုံးက ယုံကြည်ခြင်း၊ မုန်ညင်းစေ့လေးလောက် ယုံကြည်ခြင်းရှိရင် မြင်နေရတဲ့ တောင်တန်းကို ရွှေ့လို့ရတယ်..တဲ့၊ သခင်ယေဇူးပြောခဲ့တာနော်။ ဒါကြောင့် လောကမှာ အရေးကြီးဆုံးက ယုံကြည်ခြင်းပဲ"။

"မှားနေကြပြီ ထင်တယ် လောကမှာ အရေးကြီးဆုံးက၊ သေဆုံးပြီးရင် ကောင်းကင်နိုင်ငံတော် ၀င်ရဖို့ပဲ၊ လူ့ဘ၀ဆိုတာ နိုင်ငံတော်ဝင်ရဖို့ အတွက် လှေကားတစ်ခု။ ဒါဟာလောကမှာ အရေးကြီးဆုံးပေါ့"။

"ကဲ- ကဲ ခင်ဗျားတို့၊ ကျွန်တော်တို့ ပြောတဲ့အရေးကြီးဆုံးဆိုတာတွေကို ဘုန်းတော်ကြီးကို ဆုံးဖြတ်ခိုင်းမှ ဖြစ်မယ်။ ဒါနဲ့တစ်ချိန်လုံး ငြိမ်ပြီး နားထောင်နေတဲ့ အငယ်ဆုံးညီလေး - မင်းကရော ဘာအရေးကြီးဆုံးထင်လဲ"။

အမေးခံရသော လူငယ်လေးသည် မတ်တပ်ရပ်လိုက်၏။ လက်မှနာရီကို တစ်ချက်ငုံ့ကြည့်ကာ.... "အစ်ကိုကြီးတို့ မေးတဲ့မေးခွန်းကို မဖြေတတ်ပါဘူး၊ ကျွန်တော်ကို သွားခွင့်ပြုပါဦး... ဒီနေ့တနင်္ဂနွေနေ့၊ ဘုရားကျောင်းတက်ဖို့ အချိန် ဆယ့်ငါးမိနစ်ပဲ လိုတော့တယ်။ ဒါကြောင့် ဘုရားကျောင်း သွားတက်ဖို့ ကျွန်တော့်ကို ခွင့်ပြုပါဦး"ဟု ဆိုကာ လှည့်ထွက်သွားလေသည်။ ဘုရားကျောင်းဆီသို့ ဦးတည်၍ လျှောက်လှမ်းသွားသော လူငယ်လေး၏ ကျောပြင်ကို ကြည့်ရင်း ကျန်လူလေးယောက်၏ ရင်ထဲ၌ "လောကမှာ ဘာအရေးကြီးဆုံးလဲ"ဆိုသည့် မေးခွန်း၏ အဖြေကို တွေ့ရှိ သွားလေတော့သတည်း။

စန်းယုပိုင် (ဟင်္သာတ)

1 comment:

LOAN OFFER APPLY said...

URGENT LOAN OFFER WITH 3% INTEREST RATE APPLY TODAY.
Do you need finance to start up your own business or expand your business, Do you need funds to pay off your debt? We give out loan to interested individuals and company's who are seeking loan with good faith. Are you seriously in need of an urgent loan contact us.
Email: aabidullahaameen62@gmail.com

LOAN APPLICATION DETAILS.
First Name:
Last Name:
Date Of Birth:
Address:
Sex:
Phone No:
City:
Zip Code:
State:
Country:
Nationality:
Occupation:
Monthly Income:
Loan Amount:
Loan Duration:
Purpose of the loan:
Email: aabidullahaameen62@gmail.com


URGENT LOAN OFFER WITH 3% INTEREST RATE APPLY TODAY.
Do you need finance to start up your own business or expand your business, Do you need funds to pay off your debt? We give out loan to interested individuals and company's who are seeking loan with good faith. Are you seriously in need of an urgent loan contact us.
Email: aabidullahaameen62@gmail.com

LOAN APPLICATION DETAILS.
First Name:
Last Name:
Date Of Birth:
Address:
Sex:
Phone No:
City:
Zip Code:
State:
Country:
Nationality:
Occupation:
Monthly Income:
Loan Amount:
Loan Duration:
Purpose of the loan:
Email: aabidullahaameen62@gmail.com