Jun 17, 2010

ငါ့အမြင်ဘယ်လိုရှိလိမ့်

ငါ့အမြင်ဘယ်လိုရှိလိမ့်

ယေဇူးရှင်ဘုရား တိုင်တော်ဖျားမှာ
ရှိနေစဉ် ဟိုးအရင်တစ်ခါက . . . ။

သူ့ဘေးဝဲ၊ယာ
တံကျင်ခံရှာတဲ့ သူခိုးနှစ်ယောက်လည်းရှိလေရဲ့
ဒါပေမယ့် အမြင်ခြင်းမတူညီကြ . . . ။

တစ်ယောက်က
ကိုယ်တော့်ကိုဝေဖန် ခပ်ထန်ထန်ပဲငြိုး
နောက်တစ်ယောက်တော့ မဆိုးပါဘူး
ကိုယ်တော့်ကိုအားကိုးလို့ တောင်းပန်သတဲ့လေ ...။

ဒီလိုပဲနော် . . . လောကကြီးမှာ
အရာရာတွင် ကိုယ်ခံယူသလိုမြင်
ဘုရားကိုပင် အမြင်တွေဝါး . . . ။

အကယ်၍များ . . .
ဒုက္ခချိန်ရောက် စိတ်ပူနောက်ကာ
ကားတိုင်ပေါ်သာ ငါရှိခဲ့ရင်
ဘယ် (*စောရ) နဲ့ယှဉ်မလဲ . . . ။

* စောရ (ပါဋ္ဌိ) = သူခိုး

အင်ဝိုင်းပန် (SJA)

No comments: