Showing posts with label လူငယ့်ကဏ္ဍ. Show all posts
Showing posts with label လူငယ့်ကဏ္ဍ. Show all posts

Jan 25, 2010

သတ္တိဆောင်မှ အောင်မည်


သတ္တိဆောင်မှ အောင်မည်


လူတိုင်းမှာ ဆန္ဒတွေကိုယ်စီနှင့် ဖြစ်ချင်တာတေ၊ွ လိုချင်တာတွေအမျိုးမျိုး ရှိကြစမြဲပင်ဖြစ်သည်။ ထိုဖြစ်ချင်တာတွေ ဖြစ်လာဖို့၊ လိုချင်တဲ့အရာတွေ ပိုင်ဆိုင်နိုင်ဖို့ သတ္တိရှိဖို့လိုသည်။ သတ္တိမဆောင် သူရဲ ဘောကြောင်၍ မရပေ။ သတ္တိရှိမှ အောင်မြင်မည်။ တိုးတက်မည်။ သတ္တိရှိမှ ထွန်းပေါက်မည်။ သတ္တိဆောင်မှ ဘ၀ပြောင် မည်။ သတ္တိရှိမှ ဘ၀လှမည်ဖြစ်သည်။
ငါဘွဲ့ရတစ်ယောက် ဖြစ်ချင်တယ်၊ ဆရာဝန်ဖြစ်ချင်တယ်၊ ချမ်းသာချင်တယ်၊ ဂုဏ်ရှိချင်တယ်၊ တိုက်တာ၊ ရွှေ၊ ငွေလိုချင်တယ်။ ထိုဖြစ်ချင်တာတွေ၊ လိုချင်တာတွေဖြစ် လာရန် ထိုဆန္ဒတွေ၏ နောက်မှာ လက်တွေ့ပါရမည်။ ထိုအလုပ်သည်လည်း သတ္တိ ရှိသော လုပ်ဆောင်မှု ဖြစ်နေရမည်။ သတ္တိ မပါသော လုပ်ဆောင်မှုသည် ပီပြင်လှပ သောအောင်မြင်မှုကို မပေးနိုင်ပေ။ လုပ်ဆောင်မှုမပါသော သတ္တိသည်လည်း အချည်းနှီး သက်သက်သာ ဖြစ်သည်။ ထို့ကြောင့် ဆန္ဒများ၏ နောက်ကွယ်တွင် သတ္တိရှိသော လုပ်ဆောင်မှုတွေ ရှိနေမှသာ ဆန္ဒတွေ ပြည့်ဝလာမည် ဖြစ်သည်။
ထို့ကြောင့် သတ္တိဆိုသည်မှာ လူ့ ဘ၀၏ ဆန္ဒပြည့်ဝစေဖို့ အရေးပါသော အရာတစ်ခုဖြစ်သည်။ သတ္တိဟုဆိုရာ၌ သတ္တိသည် ရက်စက်ကြမ်းကြုတ်၊ သွေးသံ နီရဲ သတ်ဖြတ်ခြင်းမျိုးမဟုတ်။ အတ္တဟိတ ငါလောဘနှင့် နိုင်ထက်စီးနင်း အနိုင်ကျင့်ခြင်းမျိုးလည်း မဟုတ်။ မဟုတ်မမှန် နည်းလမ်းမကျ အများမလုပ်ရဲ ငါလုပ်ရဲသည် ဟူ၍လည်း မဟုတ်ပေ။ သတ္တိဆိုသည်မှာ ဖြောင့်မတ်မှန်ကန်ရာကို လုပ်ဆောင်ရဲခြင်း၊ မဟုတ်မမှန်၊ မကောင်းရာကို ရှောင်ကြဉ်ခြင်းဖြစ်သည်။ ဘ၀မှာဖြစ်ချင်တဲ့ ဆန္ဒတွေ၊ လိုချင်တဲ့ဆန္ဒတွေ မပြည့်ဝရခြင်း၏ တစ်ခုတည်းသော အကြောင်းရင်းမှာ သတ္တိမရှိခြင်းကြောင့် ဖြစ်သည်။ မှန်ကန်သောအရာကို ပြုလုပ်ရန် ကြောက်ရွံ့ခြင်း၊ ပျက်ကွက်ခြင်း၊ မဟုတ်မမှန်သော အရာကို လုပ်ဆောင်နေခြင်း များကြောင့် ဖြစ်သည်။
ဖြစ်ချင်တာတွေ၊ လိုချင်တာတွေ ဒီဆန္ဒတွေပြည့်ဖို့ လုပ်ဆောင်မှုတွေပြုတဲ့ အခါအဆိုးနဲ့ အကောင်း အားပြိုင်မှုတွေ ရှိမည်။ ထို့ကြောင့် သတ္တိဆိုတာ ရှိနေဖို့ လိုသည်။ စာမေးပွဲ အောင်ချင်တဲ့ တျောင်းသားတစ်ယောက်သည် စာမေးပွဲအောင်ချင်တဲ့ ဆန္ဒရဲ့နောက်မှာ စာကြိုးစားခြင်း ဆိုတဲ့ လုပ်ဆောင်မှုရှိရမည်။ ထိုသို့လုပ်ဆောင်မှုတွေ ပြုတဲ့အခါ အားပြိုင်မှုတွေ ရှိလာမည်။ သူငယ်ချင်း အပေါင်းအသင်းများနှင့် ပျော်ပါးကစားလိုခြင်းတွေ ရှိလာမည်။ စာကျက်ရမည့် အချိန်တွင် ထိုသို့သော အားပြိုင်မှုတွေ ၀င်ရောက်လာမည်။ ထိုအခါ သစ္စာရှိဖို့လိုသည်။ သတ္တိရှိရှိ ဆုံးဖြတ်ရဲရမည်။ ဖြစ်ချင်တာက စာမေးပွဲအောင်ရန်၊ လုပ်ရမည်က စာကျက်ခြင်း၊ စာကြိုးစားခြင်းဆိုတဲ့ သတ္တိရှိသော ဆုံးဖြတ်ချက်သာဖြစ်ရမည်။ သူရဲဘောကြောင်၍ မရပေ။ သို့မှသာ ပီပြင်လှပသော အောင်မြင်မှုကို ရရှိမည်ဖြစ်သည်။
မိမိဘာဖြစ်ချင်သလဲ၊ ဆရာဝန်ဖြစ်ချင်သလား။ ချမ်းသာချင်သလား။ ရွှေ၊ ငွေတွေလိုချင်သလား။ ဂုဏ်ရှိချင်သလား။ လေးစားထိုက်တဲ့သူ ဖြစ်ချင်သလား။ ဘာတွေ ဖြစ်ချင်နေသလဲ၊ ဖြစ်ချင်တာတွေ ဖြစ်လာမည်။ လိုချင်တာတွေ ပိုင်ဆိုင်ရမည်။ ထိုဆန္ဒရဲ့ နောက်ကွယ်မှာ လုပ်ဆောင်မှုတွေရှိပါ။ ထိုလုပ်ဆောင်မှုတွေ ပြုတဲ့အခါ အဆိုးနဲ့အကောင်း အားပြိုင်မှုတွေရှိနေမည်။ ထိုအခါ သတ္တိလေးကို ထည့်ပေးလိုက်ပါ။ ဆန္ဒတွေ ပြည့်ဝလို့လာ ရမည်ဖြစ်သည်။

"သတ္တိဆိုသည်မှာ အဆိုးကိုရှောင် အကောင်းကိုပြုနိုင်ခြင်းဖြစ်သည်"။

စောဆန်းဒေး (ပုသိမ်)

Nov 20, 2009

သင့်ကိုအလိုရှိသည်


သင့်ကိုအလိုရှိသည်

လူငယ်များနှင့် ပက်သက်ပြီး ရေးသားကြတဲ့ စာပေတွေ အများကြီး ရှိပါတယ်။ အနာဂတ်ရဲ့ ဗိသုကာများလို့ တင်စားပြီး လူငယ်တွေကို ကြိုးစား၊ နိုးကြားဖို့ စေတနာတွေနဲ့ ရေးသားကြတဲ့ တက်ကျမ်းတွေလည်း အများအပြားပါပဲ။ ကျွန်တော်တို့ ကက်သလစ် အသင်းတော်ထဲမှာလည်း လူငယ်တွေအတွက် ရည်စူးပြီး ဖွင့်လှစ်တဲ့ သင်တန်းတွေ၊ ဟောပြောပွဲတွေ၊ စာပေတွေ ရှိပါတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် လူငယ်ဆိုတာ သိပ်ကို တန်ဖိုးရှိပြီး အရေးကြီးတဲ့ ဘ၀ကို ပိုင်ဆိုင်ထားသူတွေ ပါလားလို့ ခံစားမိပါတယ်။

ခက်တာက ကျွန်တော်တို့ လူငယ်တွေပါ။ တန်ဖိုးရှိတဲ့ဘ၀၊ အချိန်၊ အခွင့် အရေးတွေကို ပိုင်ဆိုင် ထားကြပါလျက်နဲ့ တန်ဖိုးထားရကောင်းမှန်း မသိသေးတာပဲ။ အထူးသဖြင့် မြို့ပြနဲ့ ဝေးတဲ့ ဒေသက လူငယ်တွေပေါ့။ စိတ်ဓာတ်ပိုင်းဆိုင်ရာမှာတော့ ကျွန်တော်တို့တွေအားလုံး အများကြီး နောက်ကျ ကျန်ရစ် နေကြပါတယ်။ ကျွန်တော်တို့မှာ ပူပေါင်း ပါဝင်တတ်တဲ့ စိတ်ဓာတ်၊ တာဝန်ယူရဲတဲ့ စိတ်ဓာတ်၊ သိချင် တတ်ချင်တဲ့ စိတ်ဓာတ်တွေ ရှားပါးနေတယ်။ ကိုယ်ရဲ့ ဘာသာအကြောင်းကိုလည်း မသိသလို၊ ကိုယ့်ရဲ့ လူမျိုးဘာသာ စကားတွေကိုလည်း စိတ်ဝင်စားမှု နည်းပါးတာ တွေ့လာရပါတယ်။

ကျွန်တော့်အနေနဲ့ နေရာဒေသ အသစ် တစ်ခုခုကို သွားခွင့်ကြုံတိုင်း အဲဒီ ဒေသက လူငယ်တွေရဲ့ လှုပ်ရှားမှုကို အထူး သတိထား လေ့လာမိတတ်ပါတယ်။ ဒီအခါ နေရာတိုင်းမှာ ဖြစ်လေ့ ဖြစ်ထရှိပြီး လိုအပ်နေတဲ့ အရာတစ်ခုကို သတိထားမိပါတယ်။ အဲဒါကတော့ စည်းလုံးမှုနဲ့ တာဝန်ယူတတ်တဲ့ စိတ်ဓာတ်တွေ လျော့နည်း နေကြတာပါဘဲ။ အသင်းတော်ထဲမှာ ကိစ္စတစ်ခုရှိလို့ လူငယ်တွေကို ဆင့်ခေါ်လိုက်ရင် အားတက်သရော စိတ်ဝင်တစားလာကြတဲ့ သူတွေ ရှားပါတယ်။ လူငယ်တွေလို့ ဆိုလိုက်ရင် မိန်းကလေးတွေကသာ အများစု ဖြစ်နေတတ်ပါတယ်။ ကျွန်တော်တို့ ကိုယ်ရွှေ ယောက်ျားတွေကတော့ အနည်းစုပါဘဲ။ ဒါဖြင့် ဒီရွာမှာ လူငယ် ယောက်ျားလေးတွေ မရှိလို့လား ဆိုပြန်တော့လည်း မဟုတ်ပြန်ဘူး။ ဘောလုံးပွဲကြည့်ဖို့ ရောက်နေတဲ့ လူငယ်တွေ၊ ဘိလိယက်ဝိုင်း ရောက်နေတဲ့ လူငယ်တွေ၊ ကိုရီးယား ဇာတ်လမ်းကြည့်ဖို့ တီဗွီဖန်သားပြင် ရှေ့ရောက်နေတဲ့ လူငယ် သမီးပျိုတွေကလည်း တစ်ပုံကြီးပါဘဲ။ ဒီတော့ ကိုယ့်ကိုယ်ကိုပဲ ပြန်ပြီး မေးခွန်း ထုတ်ကြည့် ဖြစ်ပါတယ်။ ဒို့ ကက်သလစ် အသင်းတော်ကြီးပဲ ဆွဲဆောင်မှု မရှိဖြစ်နေလို့လား။ ဒါမှမဟုတ် ဦးဆောင်တဲ့သူတွေ ကဘဲ ညံ့နေတာလား၊ မိဘတွေကပဲ ကိုယ့် သားသမီးတွေကို တွန်းအားပေး ဆုံးမ သွန်သင်မှု နည်းသွားလို့လားဆိုတဲ့ မေးခွန်းပေါင်း များစွာကို အဖြေရှာဖို့ ကြိုးစားရင်းနဲ့ ဒီစာကို ချရေးဖြစ်ခဲ့တာပါ။

ကျွန်တော်တို့တွေဟာ ဘာကြောင့် တာဝန်သိသိနဲ့ အသင်းတော်ရဲ့ လှုပ်ရှားမှုတွေမှာ မပါဝင်ချင်ကြရတာလဲ။ ဆေးကြောခြင်း ခံယူထားတဲ့ ဘာသာဝင် တစ်ယောက်အနေနဲ့ မိမိရဲ့ ယုံကြည်ခြင်းကို သက်သေခံရဲတဲ့ စိတ်ဓာတ်တွေ ကျွန်တော်တို့မှာ လိုအပ်နေပါတယ်။ ဒီလို သက်သေခံတဲ့ နေရာမှာ ဆင်းရဲချမ်းသာ၊ ပညာ တတ်ခြင်း မတတ်ခြင်းတွေက အဓိက မကြပါဘူး။ ကျွန်တော်တို့ တတ်နိုင်တဲ့ နေရာလေးကနေပြီးတော့ အုတ်တစ်ချပ်၊ သဲတစ်ပွင့် အဖြစ် ပါဝင်ကြဖို့သာ အဓိကပါ။

မိမိတို့ရဲ့ သာသနာ တိုးတက်ဖို့ ကြိုးစားတဲ့ အရေးမှာ ကျွန်တော်တို့တွေ ခေါင်းရှောင်ချင်လို့ မရတော့ပါဘူး။ ငါမပါလည်း ဖြစ်သွားမှာပါ ဆိုတဲ့စိတ်နဲ့ ရေသာ ခိုနေဖို့ မသင့်တော့ပါဘူး။ အသင်းတော်ကြီးက သင့်ကို အလိုရှိနေတယ် ဆိုတာကို သိထားစမ်းပါ။ "We are the Church" ဆိုတဲ့ စကားလေးကို နှလုံးသားထမှာ သိမ်းထား လိုက်စမ်းပါ။ ကျွန်တော် တို့တွေ စည်းလုံးခြင်းတွေနဲ့ မိမိတို့ရဲ့ ယုံကြည်ခြင်းကို သက်သေခံ ဝေမျှကြဖို့ လိုနေပါပြီ။ "အဝေးဆုံးကိုသွားပြီး အစေ ခံကြမယ်ဟေ့" လို့ မကြွေးကြော်သေးခင် မိမိတို့ရဲ့ ပတ်ဝန်းကျင်မှာ အကောင်းဆုံး နေထိုင်ပြဖို့ လိုအပ် လျက်ရှိနေပါတယ်။ တနင်္ဂနွေ ဘုရားကျောင်းတက်ရုံနဲ့ တာဝန်ကျေပြီလို့ မယူဆပါနဲ့။ အသင်းတော်ကြီး တိုးတက် မြင့်မားဖို့ ကျွန်တော်တို့တွေ ကြိုးစားဖို့ အများကြီးလို ပါသေးတယ်။ ကျွန်တော်တို့ရဲ့ ငယ်ရွယ်တဲ့ ဘ၀အသက်တာကို ဘုရားအတွက် ဆက်ကပ်ချင်တဲ့ စိတ်ဓာတ်လေးတွေ မွေးမြူ လိုက်စမ်းပါ။

ဘုရားသခင်က ကျွန်တော်တို့ တစ်ဦးစီကို ကျေးဇူးတော် စွမ်းရည် သတ္တိ အသီးသီး ပေးအပ်ထားပါတယ်။ "ဒါပေမဲ့" အစားအကောင်း မြင်တတ်တဲ့ စိတ်နှလုံးသားနဲ့ပဲ အသက်ရှင်ကြဖို့ လိုနေပါပြီ။ သင့်ကို အသင်းတော်ကြီးက အလိုရှိနေတယ် ဆိုတာကို အမြဲသတိရလိုက်စမ်းပါ။ လူငယ် တစ်ယောက်အနေနဲ့ ကျွန်တော်တို့တွေ ဘယ်လို အသက်ရှင်သန် နေသလဲ။ ရင့်ရော်နေခြင်းလား၊ ဒါမှမဟုတ် ရင့်ကျက် လာခြင်းလား။ ကက်သလစ် လူငယ်တစ်ယောက်အနေနဲ့ ကျွန်တော် တို့ရဲ့ ယုံကြည်ခြင်းက ဘယ်အဆင့်မှာလဲ။ မိဘတွေကြောင့်သာ ဖြစ်လာရတဲ့ သာမန် ယုံကြည်ခြင်းပဲလား။ ကျွန်တော်တို့ ကက်သလစ် လူငယ်တွေ အခြားသူတွေနဲ့ ယှဉ်ရင်ဘာ ကြောင့် နောက်ကျနေရတာလဲ။ ဒို့ ကက်သလစ်လူငယ်တွေ Love, Peace, & Unity ဆိုတာတွေကို ကျင့်သုံးနေပြီလား။

လူငယ်ဆိုတာ Mission & Vision တွေရှိရုံနဲ့မပြီးပါဘူး၊ လက်တွေ့ လုပ်ဆောင်ကြဖို့ ပိုပြီ အရေးတကြီး လိုအပ်ပါတယ်။ မထင်မရှား မွေးဖွားလာပြီး မထင်မရှား ကွယ်ပျောက် သွားမယ်ဆိုရင် ဘာထူးအုံးမှာလဲ။ မသေခင် ကျွန်တော်တို့ ဘာတွေ လုပ်သွားကြမလဲ.....စဉ်းစား..... စဉ်းစား။

ဂမုန်း(မိုးမောက်မြို့)

Oct 29, 2009

လူကိုပြောင်းလဲစေတတ်သောအမြင်


လူကိုပြောင်းလဲစေတတ်သောအမြင်

လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က ခေါင်းလျှော်ရည် ကုမ္ပဏီတစ်ခုကကိုစားလှယ် တစ်ယောက် ကျွန်မတို့ရွာကို ရောက်လာခဲ့ပါတယ်။ ရွာဒေသအနီးတ၀ိုက် လှည့်လည်ကြည့်ရှု သုံးသပ်ပြီးနောက် ကမ္ပဏီရုံးချုပ်ကိုပြန်သွားခဲ့ပါတယ်။ "မက်မောလောက်စရာ ဈေးကွက်မတွေ့ဘူး၊ ဒီဒေသက လူေ
တွ ခေါင်းလျှော်ရည် မသုံးဘူး" ဟူ၍ပင် ပြောသွားတယ်။ များမကြာမီ အခြားကိုယ်စားလှယ် တစ်ဦးရောက်လာပြန်ပါတယ်။ အခြေအနေကို ကောင်းစွာ လေ့လာပြီးသောအခါ "အလားအလာကောင်းသော ဈေးကွက်ကြီး ဖြစ်သည်။ ဤဒေသရှိ လူများခေါင်းလျှော်ရည် လိုအပ်သည်" ဟုဆိုကာ မိမိတွင် ပါလာသမျှ ဈေးနှုန်း မှန်ကန်စွာ ရောင်းချလေသည်။ အရောင်းကိုယ်စားလှယ် နှစ်ယောက်၏ ကွဲပြားသော "အမြင်"သည် ထိုသူတို့၏ အောင်မြင်မှု၊ ရှုံးနိမ့်မှုများကိုဖြစ်ပေါ်စေသည်။

ကျွန်မတို့ သူငယ်ချင်းသုံးယောက် လသာဆောင်မှ ပန်းခြံသို့ကြည့်သော အခါတစ်ယောက်က လမင်းကိုမြင်သည်။ ကျန်တစ်ယောက်က နှင်းဆီပန်းလှလှလေးတွေ မြင်တယ်။ ကျွန်မ မြင်ရတာကတော့ သစ်ပင်ရဲ့ အရိပ်မဲမဲတွေပါပဲ။ မိမိတို့ရဲ့ ကိုယ်ပိုင်အမြင်တွေ ပေါ်မူတည်ပြီး ကြည်နူးမှု၊ အေးမြမှုကိုရရှိသလို ၀မ်းနည်းမှု၊ စိုးရိမ်မှုတို့လည်း ဖန်တီးဖြစ်ပေါ် တတ်ပါတယ်။

ဆာမာရိတန်ပုံပြင် (လု ၁၀း၂၉-၃၅)တွင် ဂျေရုဇလင်မှ ဂျေရီခိုသို့သွားသော ခရီးသွားတစ်ယောက်ကို ဓါးပြဖြစ်သူက တိုက်ခိုက်လုယူဖို့ အသင့်တော်ဆုံး လူလို့မြင်တယ်။ ရဟန်းတစ်ပါးကတော့ ပြဿနာပေးမည့်သူ တစ်ဦးအဖြစ် ယူဆသလို လေ၀ီသည်လည်း မိမိနှင့် မသက်ဆိုင်သူဟုပင် ယူဆလေသည်။ ဆာမာရိတန် အမျိုးသားကမူကွဲပြားသော အမြင်ဖြင့် အကူအညီပေးလေသည်။ ထိုသူအားလုံးတို့၏ မတူညီသော အမြင်များသည် သူတို့၏ ကွဲပြားခြားနားသော တုန့်ပြန်လုပ်ဆောင်မှုများကို ဖြစ်စေခဲ့သည်။ သင်သည်လည်း အဘယ်သို့ ထင်မြင်မိသနည်း။ ကောင်းသောအမြင်ဖြင့် အရာရာကို ကြည့်တတ်ရန်၊ အပြုသဘောဆောင်သော အပေါင်းလက္ခဏာ အမြင်များကို မွေးမြူ ပြုစုပျိုးထောင်သင့်ပါသည်။ ကျွန်ုပ်တို့၏ အမြင်များ ပြောင်းလဲလာလျှင် အပြုအမူ အပြောအဆိုများလည်း ပြောင်းလဲလာပေမည်။ ထိုအခါ မိမိတို့၏ ဘ၀သည်လည်း အံ့သြဖွယ် ကောင်းလောက်အောင် ပြောင်းလဲသွားပေမည်။

မိုင်အဲန်နီ (တောင်ကြီး)

Oct 17, 2009

တည်နေမည့်မိဘကျေးဇူး


တည်နေမည့်မိဘကျေးဇူး

လူတိုင်း လူတိုင်းသည် မိဘအဖြစ် မရောက်ကြသေးပေမယ့် မဖြစ်ကြပေမယ့် သားသမီးဘ၀ နေရာမှာတော့ နေဖူးကြတာ ချည်းပါ။ နေနေကြတာ ချည်းပါ။ မိဘတို့ရဲ့ သားသမီးအပေါ်ယုယ ပိုက်ထွေးနွေးမှုတွေ၊ ကြင်နာ မေတ္တာထားမှုတွေဟာ အတိုင်းလွန်သည် မရှိပါ။ အတိုင်းဆ မရှိသော နွေးထွေးမှုတွေ အစဉ်သာ ပေးနေလျက်ပါ။ မိဘများရဲ့ ဦးခေါင်းထဲမှာ သားသမီးတွေ အတွက်သာ အမြဲ ပထမ ထည့်သွင်းဦးစား ပေးသည်။ မိဘများရဲ့ နှလုံးသားဆိုတာ သားသမီးတွေ အပေါ် အမြဲတမ်း အေးမြ ကြည်လင်ပြီး ခွင့်လွှတ်သည်။ သားသမီး တွေဘယ်လောက် ဘယ်လိုဆိုးဆိုး၊ မိုက်မိုက်ကြံဖန်ပြီး ခွင့်လွတ်သည်းခံသည်။ စိတ်ရှည်ရှည်ထားသည်။ ကမ္ဘာပေါ်မှာ ရှိတဲ့ ကွန်ပျူတာတွေ ပျက်စီးသွားပါစေ။ မိဘရဲ့ သားသမီးတွေအပေါ်မှာ အကင်းမဲ့ ထားရှိသော အနန္တအချစ်ဟာ ဘယ်လောက်အခါမှ ပျက်စီးသွားမည် မဟုတ်ပါ။ အင်တာနက်တွေ ပျောက်ကွယ်ရင် ပျောက်ကွယ်သွားပါစေ။ မိဘတွေရဲ့ သံယောဇဉ်ဟာ မိဘရဲ့ သံယောဇဉ်ဟာ ပျောက်ကွယ်သွားမည် မဟုတ်ပါ။ ပင်လယ် သမုဒ္ဒရာတွေ ခန့်ခြောက်သွားသော်လည်း သားသမီးအပေါ် ထားရှိတဲ့ မိဘမေတ္တာသည် ကောင်းကင်တစ်ခြမ်းနှင့် ညီပါသည်။ ကမ္ဘာ့ဝင်ရိုးစွန်း အဆုံးထိတိုင် လိုက်ရှာ ကြည့်ပါ မိဘရဲ့ အချစ်နဲ့တူတဲ့ အချစ်သည်ရှာ၍ တွေ့နိုင်မည်မဟုတ်ပါ။ မိဘရဲ့ ကျေးဇူးတရား ကြီးမားမှုတွေကို သားသမီးတိုင်းက သိတတ်ကြမယ်ဆိုရင် ဦးခေါင်းပေါ်တင်ပြီးတောင် တစ်ဘက်လုံး ပြုစုထားဖို့ကောင်း ပါတယ်။ မိဘမေတ္တာဆိုတာ နှိုင်းလို့မရပါ။ နှိုင်းစရာလည်း ဤကမ္ဘာလောကမှာ မရှိပါ။ ဆပ်လို့မကုန်နိုင်ပါဘူး။ အချို့ မွေးကင်းစအရွယ် တိရစ္ဆာန်ကလေးတွေဟာ သူတို့ရဲ့ မိဘတွေကို လုံးဝမပြင် ဖူးကြဘူး။ ငါးတွေဆိုရင် သူတို့ရဲ့ ဥတွေကို ရေအောက်မှာ ဥရုံဥ ပြစ်ထားခဲ့ကြတယ်။ ကျွန်ုပ်တို့တွေဟာ မိဘတွေက ပြုစုခဲ့လို့ အသက်ရှင်ရတာပါ။ မိဘတွေကသာ မပြုစု မစောင့်ရှောက်ခဲ့ရင် မွေးပြီးကတည်းက သေသွားကြမှာပါ။ မိဘတို့သည် သားသမီးအတွက်ဆိုရင် အရာရာကို စွန့်လွတ်စွန့်စားရဲကြသည်။ အသက် အသေခံရဲတယ်။ သားသမီးတွေကို အင်မတန်ချစ်တယ်။ ညဘက်တွင် သားသမီး အိပ်ပျော်နေသော်လည်း မအိပ်နိုင်ကြသေး အနီးတွင် ထိုင်ကာ သားသမီးမျက်နှာလေးကို ကြည့်ရင်း ရင်ခွင်ပိုက်ပြုစုခဲ့တာ သားသမီး လူ့ပြည် ရောက်လာသည့်နေ့မှ ယနေ့ထိ မြင်တွေ့ ခံစားနေရဆဲပါ။ ထိုအကြောင်းများကို သားသမီးတိုင်း တွေးတောကာ မေတ္တာဘာဝနာ ပွားသင့်သည်။ မိဘတွေဟာ သားသမီးတွေအတွက် နေပူမရှောင် မိုးရွာမရှောင် ရှာဖွေခဲ့ကြ တယ်။ နဖူးကချွေး ခြေမကျအောင် အပင်ပန်းခံခဲ့ရတာတွေ နေ့မရှောင် ညမရှောင် ဘယ်ဘေး၊ ဘယ်အန္တရယ်မှ မမှုဘဲသား သမီးအတွက်ဆိုတဲ့ မေတ္တာစိတ်ကြောင့် ရှေ့တိုးရင်ဆိုင်ခဲ့ကြတယ်။ လူသာ ပင်ပန်း ခဲ့ကြသော်လည်း စိတ်မပင်န်းကြပါဘူး။ သားသမီးတိုင်း စာနာနားလည်ပြီး ကိုယ်တိုင် မိဘနေရာမှာ ၀င်ရောက်ခံစား ပေးသင့်ပါတယ်။ မိဘတွေဟာ သူတို့ ရှာဖွေစု ဆောင်းထားသော ပစ္စည်းဥစ္စာတွေကို ဒီဘ၀ဆုံး၍ နိဂုံးချုပ်သွားတဲ့အခါ အားလုံး ထားပစ်ခဲ့ရမယ်ဆိုတာ လူတိုင်း သိကြပါတယ်။ မိဘတိုင်းသိကြပါတယ်။ ဒါပေမဲ့ သားသမီးတွေအဖို့သာ ရှာဖွယ်နေကြတယ် ဆိုသည့်အပြင် တစ်ခြားဘာမှ ပြောစရာ မရှိပါ။ မိဘတွေဟာ သားသမီးတွေအပေါ်မှာ ရည်ရွယ်ချက်၊ ရည်မှန်းချက်၊ မျှော်လင့်ချက်တွေ ထားကြပါတယ်။ သားသမီးတွေကို ကောင်းစေချင်၊ ဖြစ်စေချင်၊ မြင်စေချင်တဲ့ အတိုင်းကောင်းရင်၊ ဖြစ်ရင်၊ မြင်ရရင် အလွန် ၀မ်းသာတတ်ကြပါတယ်။ မိဘတိုင်းဟာ သားသမီးတွေ သူတို့ရဲ့စကား၊ ဆုံးမ စကားတွေကို သေသေချာချာ နားထောင်၍ ရင်ထဲအသည်းထဲ ထိန်းသိမ်း ထားစေချင်တယ်။ ဒါပေမဲ့ အခုခေတ်မှာ များသော အားဖြင့် သားသမီးတွေဟာ မိဘစကားကို တန်ဖိုးထား ရင်ထဲအသည်းထဲ သိမ်းထားကြတဲ့ သူတွေ တော်တော်နည်းလာတယ်။ "အဖေကလည်းကွာ၊ အမေကလည်းကွာ" စသည့်အားဖြင့် ခံပြောကြတာ များလာတယ်။ တစ်ချို့ဆိုရင် မိဘကတောင် ဘာမှ မပြောရသေးခင် "အဖေတို့ အမေတို့ရဲ့ ရာစုဟောင်းတွေ ကုန်သွားပြီ" စသည် အားဖြင့် အသုံးအနှုန်း အမျိုးမျိုးနဲ့ ပြန်ပြော တတ်ကြတယ်။ သားသမီးတွေဟာ ဘာဖြစ်လို့များ မိဘရဲ့ စကားကို ကက်လန်ကက် ဆန်ပြန်ပြောတတ်ကြတာလဲ ရုပ်ဆိုးတဲ့ အမူအယာတွေ လုပ်ပြီး ဘာလို့ တုန့်ပြန်ကြတာလဲ၊ ထိုသူတို့သည် မိဘတွေရဲ့ မေတ္တာကို မသိကြလို့ မိဘမေတ္တာကို မခံစားတတ်လို့ ပြောနိုင်ကြတာပါ။ မိဘတွေရဲ့ မျှော်လင့်ချက်ကို မသိနားမလည်ကြလို့ပါ။ မိဘကို တကယ်စိတ်ချမ်းသာ စေလိုတဲ့ သားသမီးလိမ္မာတွေဟာ မိဘရဲ့ မျှော်လင့်ချက်တွေ၊ လိုအပ်မှုတွေကို ဖြည့်ဆည်းပေးကြပါတယ်။ သားသမီးရဲ့ မေတ္တာကို မိဘတိုင်းက မျှော်လင့်ကြပါတယ်။ အသက်အရွယ် ကြီးရင့်လို့ အိုမင်းမစွမ်းဖြစ်လာရင် သားသမီးတွေက ပြန်ပြုစု စောင့်ရှောက်ကြလိမ့်မယ်ဆိုတာ မိဘတွေရဲ့ ပထမ မျှော်လင့်ချက်ပါ။ မိဘတွေရဲ့ ဒီမျှော်လင့်ချက်ကို သားသမီးတိုင်းက ပိုပြီး အလေးထားသင့်တယ်။ ဖြည့်ဆည်း ပေးသင့်ပါတယ်။ သားသမီးတိုင်းရဲ့ တာဝန်ဝတ္တရားတွေပါ။ တစ်ချို့သော သားသမီးတွေဟာ မိဘကျေးဇူးတွေကို သိကြပါတယ်။ ဆပ်လို့ မကုန်နိုင်မှန်းသိကြပါတယ်။ ဒါပေမယ့် မဆပ်တတ်ကြပါဘူး။ ဘယ်လိုဆပ်ရမလဲ ဆိုတာလည်း မသိကြပါဘူး။ တကယ်ဆိုရင် အဓိက ကတော့ မိဘတွေရဲ့ ကျေးဇူးကို မဆပ်သေးရင် တောင်နေပါ။ ကျေးဇူးတော့ သိတတ်ဖို့ ကောင်းပါတယ်။ တကယ်လို့ ကျေးဇူး မသိတတ်သေးရင်တောင် ကျေးဇူး မကန်းမိဖို့ အရေးကြီးပါတယ်။ မိဘတိုင်း ဒုက္ခမရောက်စေကြဖို့ သားသမီးတိုင်းက သိတတ် နားလည်ကြရမယ်။ သားသမီးတွေ မလိမ္မာရင် မိဘတွေဒုက္ခနှင့် မကင်းတတ် ကြပါ။ မိဘတွေအတွက် ရင်ကျူး ရင်နာစရာ သိပ်ကောင်းတယ်။ သားသမီးများကို မိဘနှစ်ပါးထဲက ၀မ်းဝခါးလှအောင် လုပ်ကျွေးဖို့က ၀န်လေး တတ်ကြတယ်။ ကုန်ကုန်ပြောမယ်ဆိုရင် ရေတစ်ခွက်တောင် မခတ် မတိုက်ချင်ကြတဲ့ သားသမီးတွေ များလာတယ်။ ထမင်းတစ်လုတ်တောင် ကျေးဇူးမဆပ်ချင်တဲ့ သားသမီးတွေများ လာတယ်။ မိဘတွေ သားသမီးတို့ကို ကျွေးမွေးခဲ့တဲ့ ထမင်းဟာ တစ်နပ်လည်း မကပါ။ တစ်ရက်လည်း မကပါ။ တစ်နှစ်လဲ မကပါ။ ဒါတွေကို ပြန်ပြန် သတိရသင့်တယ်။ မိဘတို့ရဲ့ မျှော်လင့်ခြင်းနှင့် သားသမီးတို့ရဲ့ ပြန်လည် သိတတ်ကျေးဇူး ပေးဆပ်ခြင်း၊ ကိုက်ညီသွားမည်ဆိုရင် လောကမှာ ချမ်းမြေ့သာယာလာမှာပါ။ "သင်တို့၏ ဘုရားသခင် ထာဝရ ဘုရားပေးသနားတော်မူသော ပြည်၌ သင်၏ အသက်တာရှည်မည် အကြောင်း သင်၏ မိဘကို ရိုသေစွာပြုစုလော့" (ထွက်မြောက် ၂၀း၁၂)။ "ထိုသူတို့သည် မိမိတို့၏ မိဘများကို ဘုရားသခင်ကဲ့သို့ မှတ်ယူ၍ အစေခံလိမ့်မည်။ သင့်ဖခင်အား သူအိုမင်းသောအခါ၌ ကြည့်ရှု စောင့်ရှောက်လော့။ သူနေရာသမျှ ကာလပတ်လုံး စိတ်မဆင်းရဲစေနှင့်။ သူ့ကို မထိလေးစား မပြုလေနှင့်" မိမိ၏ ဖခင်ကို မပြုစုဘဲ ပစ်ထားသူသည် ဘုရားသခင်ကို ထိခိုက် စော်ကားသော သူနှင့်တူ၏။ မိမိ၏ မိခင်ကို ရိုသေ ကိုင်းရှိုင်းမှုပြုသော သူသည်များစွာသော စည်းစိမ်းဥစ္စာကို စုဆောင်းရာ ရောက်၏။ မိမိ၏ မိခင်ကို လေးစားဂုဏ်ပြုသော သူသည် ဘုရားသခင်ကို နာခံသော သူဖြစ်၏။ မိမိ၏ မိခင်ကို အမျက်ထွက်စေသော သူသည် ဘုရားသခင်၏ ကျိန်ဆဲခြင်းကို ခံရမည်" (နီတိဒေသနာ ၃း၁-၁၆)။ ကမ္ဘာ့မြေမျက်နှာ ရှစ်မျက်နှာတွင် ရှိရှိသမျှ ကမ္ဘာ့လူသားတို့ မိဘကျေးဇူးသတိရစို့၊ မိဘတို့အား ရိုသေပြုစုစို့၊ မင်္ဂလာခံယူကြပါစို့....။ မိဘတို့ အားလုံးသက်တော် ရာကျော်ရှည်ပါစေ။ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပါစေ။ လိုရာဆန္ဒ ပြည့်ဝပါစေ။ ၀ိညာဉ် ကာယနှစ်ဖြာသော ကျေးဇူးများ ခံစားရရှိပါစေ။ ဘုရားသခင်သည် အစဉ်ကွယ်ကာ စောင့်ရှောက်၍ အဖြာဖြာသော လိုရာကောင်းချီး ရရှိခံစားစေကြောင်း မိဘတို့အား ချီးမွမ်းဂုဏ်ပြုလျက်-

ဥယျောဂျာလ (မိုးကောင်း) အုတ်လှ

Sep 27, 2009

မေမေ့ထံသို့ တိတ်တခိုးရင်ဖွင့်သံ


မေမေ့ထံသို့ တိတ်တခိုးရင်ဖွင့်သံ


မနက်မိုးလင်းတာနဲ့ ဘုရားကျောင်းက ခေါင်းလောင်းသံကို ကြားရပါတယ်။ ဒီနေ့ အသင်းတော်က သတ်မှတ် ပေးထားတဲ့ (တနင်္ဂနွေ) ဥပုသ်နေ့ပဲ မဟုတ်ပါလား။ စိတ်ထဲက တွေဝေမနေဘဲ အိပ်ယာက ထပြီး သွားတိုက်၊ မျက်နှာသစ်၊ အ၀တ်လဲပြီး ဘုရားကျောင်းကို သွားဖို့ ပြင်ဆင်ရပါတော့တယ်။ သမီးတို့ မိသားစုမှာ ဖေဖေဟာ ဘာသာခြား တစ်ဦးပါ။ ဖေဖေ့ကိုတော့ ဘုရားကျောင်းသွားဖို့ မခေါ်မိဘူး။ သမီးအာရုံထဲမှာ မေမေကို သတိရလိုက်မိတယ် ဆိုရင်ပဲ "မေမေရေ ဒီနေ့တနင်္ဂနွေနေ့လေ ဘုရားကျောင်းသွား ရအောင်နော်"လို့ မေမေ့ကို ပြောလိုက်တော့ "သမီးလေးပဲ သွားလိုက်ပါ။ မေမေ တို့က အရမ်းအလုပ်ရှုပ်တယ်။ သမီးက အလုပ်မရှိဘူး"တဲ့။ သမီးတို့ မိသားစုက မေမေ့သြဇာအောက်မှာ နေကြရတော့ နှစ်ခါမပြောရဲဘူး။ သမီး အရမ်းဝမ်းနည်း သွားမိတယ်။ "တနင်္ဂနွေနှင့် ဘာသာဝတ္တရားပွဲနေ့တို့၌ မစ္ဆားတရားတော်မြတ်ကို နာယူကုန်လော့" ဆိုတဲ့ အသင်းတော်ကျင့်ဝတ်ကို မေ့ကုန်ပြီထင်တယ်။ ဘုရားကို မေ့နေကြတယ်။ တွေးရင်းနဲ့ပဲ ဘုရားကျောင်းကို သွားရတော့တယ်။ ဒီလို တနင်္ဂနွေတွေများနေပြီနော် မေမေရေ။ ဘုရားကျောင်းရောက်တော့ သမီး သူငယ်ချင်းတွေက သူတို့မိဘတွေရဲ့ လက်ကိုတွဲပြီး ပျော်ပျော်ရွှင်ရွှင်လာ နေကြတယ်။ ဘုရားကျောင်း တက်တော့ အလှူငွေထည့်ဖို့ သူတို့မိဘတွေဆီမှာ တောင်းကြတယ်။ မိဘတွေက ပိုက်ဆံအိတ်ကြီး တွေဖွင့်ပြီး ပြုံးပြုံးပျော်ပျော် လှိုက်လှိုက် လှဲလှဲ ပေးနေကြတယ်။ သမီးကတော့ ဘယ်သူ့ဆီမှာ တောင်းပြီး အလှူငွေထည့် ၀င်ရမှာလဲ။ သူတို့လိုပဲ ချစ်မေမေနဲ့ လက်တွဲပြီး ဘုရားကျောင်းကို သွားချင် လိုက်တာ။ သြော်..... မေမေရယ်။

မိုင်အဲန်နီ (တောင်တွင်းကြီး)

Sep 7, 2009

သားကိုရင်ထံသို့ အိတ်ဖွင့်ပေးစာ


သားကိုရင်ထံသို့ အိတ်ဖွင့်ပေးစာ


သားထံ အဖေစာရေး လိုက်ပါတယ်။ အဖေစာအုပ်တစ်အုပ်ထဲမှာ ဖတ်ဘူးတယ်။ အဖေကသားကို ဘယ်လို ဆုံးမသလဲဆိုတော့ သား မင်းအရွယ်မှာ အာဗာဟန်လင်ကွန်းဟာ ကျောင်းတက်ဖို့ရန် (၁၀) မိုင်ခရီးကို နေ့စဉ် လမ်းလျှောက်ရတယ်လို့ ပြောတော့၊ သားက ““အဖေ အဖေရွယ်မှာဆိုရင် အာဗရာဟန် လင်ကွန်းက အမေရိကန် သမ္မတ ကြီးဖြစ်နေပြီဗျာ”” လို့ ပြန်ပြောလိုက်တယ်။ သားကလည်း အဖေ့ကို ဆုံးမချင်လို့၊ ဆုံးမစာတွေများ ရေးခိုင်းနေသလား မသိပါဘူး။ ကိုယ့်ကို ကိုယ်ဆုံးမပြီးမှ သူများကို ဆုံးမရတယ်ဆိုရင်လည်း မမှားပါဘူး။ အဖေဟာ လယ်သမားဖြစ်ပေမယ့် သားကို သမ္မတဖြစ်စေချင်တာကတော့ မိဘတွေရဲ့ စေတနာဖြစ်ပါတယ်။

သိပ်ပြီး တည်ငြိမ်အေးဆေးတဲ့ ဘုန်းကြီးတစ်ပါး၊ အလွန်တော်တဲ့ ဘုန်းကြီးတစ်ပါး၊ သိပ်ပြီး စင်ကြယ်တယ်လို့ ထင်ရတဲ့ဘုန်းကြီးတစ်ပါး လူထွက်ပြီး မိန်းမယူတယ်လို့ ကြားရတော့၊ လူတွေဟာ အံ့သြတွေဝေ၊ နှမြောတသကြတယ်။ နားမလည်နိုင်ကြဘူး။ အဲဒီလိုပဲ အချို့ သီလရှင်တွေ ထွက်ကြတယ်။ နိုင်ငံကျော် ဗုဒ္ဓဘာသာတရားဟော ဓမ္မကထိက ဘုန်းတော်ကြီးတွေလည်း ထွက်ကြတာပါပဲ။ သူတို့ နှစ်တွေအကြာကြီး
ကြိုးစား အားထုတ်ပြီးမှ ရဟန်းဖြစ်ခဲ့ကြတယ်။ ရဟန်းဘ၀မှလည်း နှစ်ရှည်လများ ကြိုးစားလုပ်ကိုင်ခဲ့ကြတယ်။ ဒါပေမယ့် ရုတ်တရက် ထွက်ကြတယ်။ ဘာဖြစ်လို့လဲ၊ ပြင်ပ အနှောက်အယှက်တွေက ကြီးမားလွန်းလို့လား။ အဲဒီလို ရုတ်တရက် ဒုစရိုက် ချောက်ကမ်းပါးထဲကို ကျရောက်သွားခြင်းဟာ ပြင်ပ အနှောက်အယှက်တွေ ကြီးမားလို့ မဟုတ်ပါဘူး။ သူ့ရဲ့ အတွင်းနဲ့သာ ဆိုင်ပါတယ်။ သခင်ယေဇူးက ပြင်ပအရာများသည် လူကို ညစ်ညူးစေသည်မဟုတ် စိတ်နှလုံး အတွင်းမှလာသော အရာများသည် လူကို ညစ်ညူးစေသည်လို့ မိန့်ကြားခဲ့ပါတယ်။ အမှန်တော့ သူ့ရဲ့ မကောင်းတဲ့ အတွေး၊ ဒုစရိုက်အတွေးတွေဟာ သူ့ရဲ့ နှလုံးအိမ်အတွင်းမှာ လျှိုဝှက်စွာ ကိန်းအောင်းနေတယ်။ အချိန် ကာလရှည်ကြာစွာ စုစည်းထားပြီး၊ အခါအခွင့်သင့်တဲ့ အချိန်မှာ အားအင်နဲ့ ထင်ရှားစွာ ပေါ်ထွက်လာခြင်းသာ ဖြစ်တယ်။ လူကို မကောင်းမှု ဒုစရိုက်သမားအဖြစ်သို့ သက်ဆင်းစေတဲ့ တစ်ခုတည်းသော အရာဟာ၊ မကောင်းတဲ့အတွေး၊ မကောင်းတဲ့ စိတ်အကြံသာဖြစ်တယ်။

အတွေးဆိုတာ လူတွေ ထင်သလို၊ လျှိုဝှက် သိမ်းဆည်းထားလို့ရတဲ့ အရာ မဟုတ်ပါဘူး။ အတွေးဟာ အကျင့်အဖြစ်သို့ လျှင်မြန်စွာ ကူးပြောင်းသွားတယ် အကျင့်မှ တစ်ဆင့် လူ့ဘ၀အခြေအနေများ အဖြစ် ထင်ရှား ထွက်ပေါ်လာပါတယ်။ အတွေးအကြံကို မပြောင်းလဲဘဲ၊ အကျင့်ပြောင်းလဲရန် ကြိုးစားလျှင် မအောင်မြင်နိုင်ပါဘူး။ လူတစ်ယောက်၏ အတွေးကို သူဘာတွေ တွေးနေပါသည်ဟု ပြောသဖြင့် မသိရ၊ သူ့လုပ်ဆောင်ချက်များ အားဖြင့်သာ သိရ၏လို့ (အိုက်ဇက် ဘာရှီဘစ်ဆင်းဂါး) ဆိုတဲ့ ပုဂ္ဂိုလ်က ပြောခဲ့တယ်။


ကောင်းတာတွေ အမြဲတွေး နိုင်ဘို့ရန်၊ အမြဲ ဆုတောင်းခြင်း၊ ပုတီး စိတ်ခြင်း၊ ကမ္မဌါန်းရှုခြင်း၊ ကျမ်းစာ ဖတ်ခြင်း၊ ကောင်းတဲ့စာအုပ်များ ဖတ်ခြင်းတို့ကို အမြဲမပြတ် ပြုလုပ်စေလိုပါတယ်။ ညအိပ်တဲ့ အချိန်ပုတီးစိတ်ရင်းနဲ့ အိပ်ပျော်တဲ့ အကျင့်ပြုလုပ်ဖို့ကိုလည်း ထပ်မံတိုက်တွန်းလိုပါတယ်။


မြေမရှိတဲ့ ဧဒင်ဥယျာဉ်ဆိုတာ မရှိပါဘူး။ မကောင်းတဲ့ အတွေးတွေဟာ
လဲ ပေါ်လာမှာပါဘဲ။ ““ခေါင်းပေါ်မှာ ငှက်တွေဖြတ်ပြီး ပျံသန်းသွားတာ အရေးမကြီးဘူး၊ ခေါင်းပေါ်မှာ ငှက်သိုက် မလုပ်ခံဖို့ပဲ အရေးကြီးတယ်”” ဆိုတဲ့ ဆိုရိုးစကား တစ်ခုရှိတယ်။ အတွေးလှေကို ဘ၀သမုဒ်ပြင်ကျယ်မှာ လွင့်မျောချင်တိုင်း လွင့်မျောခွင့် ဘယ်တော့မှ မပေးပါနှင့်သား။

သားကို အဖေရေးပေးလိုက်တဲ့ ကဗျာစာအုပ်ထဲက ““ကောင်းတာတွေးပါ”” ဆိုတဲ့ ကဗျာရဲ့ နောက်ဆုံးအပိုဒ်နဲ့ပဲ နိဂုံး ချုပ်ပါရစေ။


သင်၏အတွေး ဆင်ခြင်တွေး
အတွေးကောင်းမှ သင့်ဘဝ
အနာဂတ်လှမည်တည်း။

သားကိုချစ်တဲ့
သားအတွက် အမြဲဆုတောင်းပေးနေတဲ့
အဖေ
အုတ်လှ

Jul 15, 2009

အားတင်းထားစမ်းပါ။

အားတင်းထားစမ်းပါ။

စာရေးသုသည် ၁၈ သြဂုတ် ၂၀၀၅ ရက် သောကြာမှစ၍ အစာအိမ်ယောင် ရောဂါကြောင့် ဆေးရုံ တက်ခဲ့ရပါသည်။ ၂၇ ရက်နေ့မှာတော့ အဖျားတက်ကာ သတိလစ်လုလု ဖြစ်၍ ဆေးရုံတက်ခဲ့ရကာ ထိုနေ့မှစ၍ တစ်ပတ်ကျော် အိပ်ယာပေါ်မှာ ဗုံးဗုံးလဲပြီး အစာမစားနိုင် အိပ်ယာပေါ် ဆန်ပြုတ်သောက်ရင်း ဆေးဝါး မှီဝဲနေလျှက်ရှိစဉ် မိမိ ဖြစ်ပျက်နေမှုတွေ၊ ရှေ့ဆက်ဖြစ်လာမည့် အရာများကို တွေးရင်း အားငယ်စိတ်တွေ ပြင်းထန် လာပါသည်။ ထိုချိန်တွင် သူငယ်ချင်းများ၊ အကြီးအကဲများ၏ အားပေး စကားများကြောင့် မိမိ ကိုယ်ကို အားတင်းထားကာ မိမိကိုယ်ကို အားပေးနေမိပါသည်။ အားပေးသည် ဆိုသော်လည်း မိမိ ကျန်းမာရေးနှင့် ရှေ့ဆက်ရမည့် ဘ၀ခရီးအတွက် တွေးမိ တွေးရာ အတွေးများမှု စာဖတ်သူများ (အထူးသဖြင့် လူငယ်များ ) ထံသို့ ဝေမျှ လိုပါသည်။
လူတစ်ယောက်တွင် ကိုယ်ခန္ဓာနှင့် စိတ်ဟူ၍ ရှိပေသည်။ ကိုယ်ခန္ဓာအတွက် အင်အား ကြံ့ခိုင်လာစေရန် အစားအစာ အာဟာရနှင့် ကိုယ်ခံဓါတ်အား ပြည့်စေသော အားဆေးများ စားသုံးကြရသည်။ ဤတွင် စိတ်အတွက်လည်း စိတ်ဓါတ် ကြံ့ခိုင်အောင် စိတ်အား ဖြည့်တင်း ပေးရပေသည်။
တစ်ခါတရံတွင် စိတ်ကပင် အားငယ်စရာ ၀မ်းနည်းစရာတို့ကို လက်ခံစဉ်းစားခြင်းဖြင့် အားငယ် စိတ်ဓါတ် ကျရတတ်ပေသည်။ ““ငါ့ဘ၀ ဘယ်တော့များမှ အဆင် ပြေပါတော့မလဲ၊ ငါ့လို အင်ဆန္ဒ ပြည့်ဝတော့မှာ မဟုတ်ပါဘူး။ ငါ့ဘ၀တော့ လုံးပါးပါးပါပြီ၊ ငါကြံစည် တောင့်တသမျှ ဘယ်တော့မှ ဖြစ်လာနိုင်မှာ မဟုတ်ပါဘူး၊ မျှော်လင့်ချက်တွေ ဝေးပါပြီ”” စသည်ဖြင့် အဆိုး အပျက်များကိုသာ စဉ်းစားပြီး အားငယ်နေ မိပါသည်။
အရှုံး အပျက်တရားများ ကြုံရဖန် များလာသောခါတွင်လည်း စိတ်ဓါတ်ကျနိုင်ပါသည်။ ဤသည်မှာ မထူးဆန်းပေ။ စင်စစ် အားဖြင့် အပျက်တရားသည် အဆန်းမဟုတ် ချေ။ လောကတွင် အပျက်တရား သာ မဟုတ်၊ အဖြစ်တရားလည်း ရှိနေပါသည်။
လူ့လောကတွင် မျက်လုံးတစ် ဖက်ကန်းသူ၊ စုံလုံးကန်းသူ၊ ခြေတစ်ဖက်၊ လက်တစ်ဖက်မရှိသူ၊ နှစ်ဖက်စလုံးမရှိသူ ဆွံ့အ၊ နားမကြားသူများလည်း လုပ်သင့်သမျှ့ လုပ်ကိုင်ဆောင်ရွက်၍ ရှင်သန်နေသော ဘ၀ကို အသုံးကျအောင် ကြိုးစားအားထုတ် နေကြပေသည်။ သို့ဖြစ်ရာ သာမန် လူကောင်း တစ်ယောက်ဖို့ အလားအလာ မရှိနိုင်စရာ အကြောင်းမရှိပါ။
စိတ်ဓါတ် ကျသောအကြောင်းများသည် တကယ်တန်း မမှန်ကန်သည်များ ကိုလည်း ကြုံဖူးပေမည်။ စိတ်ပျက်အား လျော့စေသော အကြောင်းဟူသမျှသည် ပကတိထက်ပို၍ ပမာဏ ကြီးမားပုံရနေ တတ် ပေသည်။ ထိုသဘာဝတရားများကို စဉ်းစားမိလျှင် အကြောင်းမလုံလောက်ဘဲ၊ မိမိ၏ ပျော့ညံ့မှုကြောင့် စိတ်ပျက်ခြင်း၊ စိတ်ဓါတ် ကျနေမိခြင်းများကို သင်မြင် ရပါလိမ့်မည်။ ထို့ကြောင့် အလွယ်တကူ စိတ်ဓါတ် မကျစေရန် သတိထား ရမည်။
စိတ်ကို တင်းရမည်၊ စိတ်တင်း ခြင်းသည်မိမိကိုယ်မိမိ အားပေးခြင်း၊ အားဖြည့်ခြင်းပင် ဖြစ်သည်။ စိတ်ကိုအလွယ် တကူလျှော့ချတတ်သူ၊ စိတ်ပျက်လွယ်သူသည် အကျင့်ပါ သွားတတ်လေသည်။ အလကားနေရင်း ပိုက်ဆံ မပေးရတိုင်းစိတ် ပျက်နေတတ်သည့် အကျင့်၊ အလေ့အထကို မစွဲ မိစေရ။ လက်ခံစရှိလျှင် အလွယ် နှင့် ၀င်လာတတ်ပေသည်။ ““မိုးရွာလိုက်တာ လည်းလွန်လို့ပါလား...”” ဟုစိတ်ပျက် နေမည့်အစား“ “မိုးရွာလျှင် ထီးဆောင်း သွားမည်၊ မိုးကာ အင်္ကျီ ၀တ်သွားမည်”” ဟုဆုံးဖြတ်ရမည်၊ ““မိုးရွာချင် သလောက်ရွာ စမ်းပါစေ ငါ့အလုပ်ကို လုပ်ဖြစ်အောင် လုပ်ပြလိုက်မယ်”” ဟုမိုးကို အံတုရပေမည်။ မိမိဘ၀ပေး အခြေအနေကိုလည်းအံတု နိုင်စွမ်းရှိရမည်။ ““ဆင်းရဲစမ်းကွာ တစ်နေ့ ချမ်းသာလာအောင် လုပ်ပြမယ်”” ဟုမာန်ဇွဲ၊ အံခဲ၍ ရုန်းကန် ကြိုးစားရမည်၊ ““အခြေအနေ မကောင်းလို့ ဆင်းရဲတာပဲ””ဟု အမွဲတွင်း၌ နှစ်သိမ့်ကျေနပ်နေမည်ဆို လျှင် ဘယ်နည်းနှင့်မျှ ချမ်းသာနိုင်မည် မဟုတ်ပါ။
ခရီးမထွက် သူသည်ဘယ်ကိုမျှ ခရီးမရောက်နိုင်၊ ခြေလျင်ခရီးနှင့် တင်းတိမ် နေလျှင် မော်တော်ကား၊ မီးရထား၊ အမြန်ယာဉ်များ ပေါ်
လာမည်မဟုတ်၊ လေယာဉ်ပျက်ကျမည်ကို ကြောက်နေလျှင် လေယာဉ် ခရီး သွားဖူးတော့မည် မဟုတ်ပေ။ လူ့ လောကတွင် အပျက်တရားကို ကျော်လွှား၍ အဖြစ်တရားကို တည်ဆောက် နိုင်မည်။
ဘ၀တွင်အားမန်၊ ဇွဲသတ္တိ၊ စိတ် ဓါတ် ကြံ့ခိုင်ဖို့လိုသည်။ ပျော့ညံ့၍မဖြစ်၊ စိတ်ယိုင်၍မဖြစ်၊ အားငယ်၊ အားလျောတတ်၍ မဖြစ်၊ အားတင်းထားရန် လိုသည်။ ““ငါမအိုသေး၊ ငါမသေသေး၊ ငါမရှုံးသေး၊ ငါမလျှော့သေး”” ဟူ၍ အဖန်တလဲလဲနှလုံး သွင်းထားရပေမည်။ လူ့ခန္ဓာကိုယ်တွင် နာကျင်မှုမှ အစဘ၀၏ နာကျည်းဘွယ်ရာများ ခံစားမှုများကိုလည်း တင်းခံနိုင်သော စိတ်ဓါတ်က ဝေဒနာခံစားမှုလျော့ပါး သွားစေနိုင်လေသည်။ စိတ်ကိုတင်းနိုင်ပါက စိတ်အင်အားလည်း ပို၍ ကြီးမားလာမည်။ တစ်ခါတရံ လူက အရှုံးနှင့်ကြုံပါစေ စိတ်က မရှုံးဖို့ လိုအပ်ပါသည်။
အချို့မကျန်းမာ၍ သေခါနီးလူမမာများ ပင်လျှင်သူတို့တွေ့လိုသော သံယောဇဉ် ကြီးမားသူများ ရပ်ဝေးမှရောက်မလာ မချင်း အသက်မကုန်သေးဘဲ၊ ဆန္ဒပြည့်ခါမှ အားမန်လျှော့လိုက်သည့် အလား အသက် ကုန်သွားသည်ကို တွေ့ဖူးပေမည်။ ဤသည်မှာ စိတ်တင်းအားကြောင့် အသက်ကိုဆွဲဆန့် ထားနိုင်သည့် သဘောပင်ဖြစ်သည်။ အချို့ သေလုမျောပါးခံစားရပြီးမှ အသက်ပြန်ရှင် လာသူများသည်လည်း “ငါမသေနိုင်ဘူး၊ ငါမသေရဘူး” ဟု စိတ်အားတင်းမှုများ ကြောင့် ဖြစ်ရသည်ကို တွေ့ရှိနိုင်ပေသည်။

ထို့ကြောင့်စိတ်အားတင်းခြင်းကို သေးငယ်သော အခါအခွင့်မှစ၍ သတိနှင့် လေ့ကျင့်ရန် လိုသည်။ အခက်ခဲတွေ့တိုင်း နောက်သို့ဆုတ်ဆိုင်း ရှောင်ဖယ်ခြင်း မပြုဘဲ ကြံ့ကြံ့ခိုင်နိုင်ရန် လေ့ကျင့်ထားရမည်။ ““အားတင်း ထားနိုင်သမျှ အရှုံးကိုလှမ်း၍ မမြင်နိုင်သေး၊ အောင်မြင်ရန်အလား အလာရှိနေဆဲ”” ဟူ၍ ဆိုရပေလိမ့်မည်။ ဘ၀ကို ရင်ဆိုင်နေရသော အသင်လူငယ်သည်လည်း ““အားတင်း၍သာ ထားစမ်းပါ”” ဟုတိုက်တွန်း လိုက်ရပါသည်။


ဂျွန်ဂျာလ (မိုးကောင်း)

ဆန္ဒတစ်စုံ


ဆန္ဒတစ်စုံ


ငါ၏သခင်
ကယ်တင်ခြင်းနဲ့
လူအဖြစ်ယူခဲ့လေရဲ့...
ယုဒမိုက်ပြစ်
အသပြာချစ်ကြောင့်
ခရစ်အသက်တော်စွန့်ခဲ့လေရဲ့ ...
ကယ်တင်၊ အသပြာ
ဆန္ဒတစ်စုံပါ
လူတိုင်းသိလေရဲ့ ...
ကောင်းပုံ၊ ဆိုးပုံ
ဆန္ဒတစ်စုံဟာ
ဒွန်တွဲကာနေမှာပဲ ...

သြော်..သခင်ဖန်ဆင်း
ကျွန်ုပ်အတွင်းမှာပင်
ဆန္ဒအစုံ ၊ အဖုံဖုံနဲ့
ဒွန်တွဲပူးညှပ်နေပါလားသခင် . . . ။

J-ဇော်လတ်အောင်
( ရွှေဘို )

Jul 7, 2009

ဘ၀ကိုအဆုံးသတ်လိုက်ချင်ပြီ


ဘ၀ကို အဆုံးသတ်လိုက်ချင်ပြီ


ကျွန်ုပ်နာမယ်နဲ့ရောက်လာတဲ့ စာတစ်စောင်ကို ဖောက်ဖတ်လိုက်တယ်၊ ဖတ်ရင်း ကျွန်ုပ်စိတ်ထဲ မကောင်းပါ ရေးထားသည် မှာ - - -

လေးစားရသောဘုန်းဘုန်း

ကိုယ်တော့်ဆီ တပည့်တော်စာရေးတဲ့ အကြောင်းကတော့ တပည့်တော် နောက်ဆုံး အနေနဲ့ ရင်ဖွင့်ခဲ့ ချင်တာရှိလို့ပါ။ တပည့်တော်က စိတ်ကျရောဂါသည် တစ်ယောက်ဖြစ်လို့ စိတ်ငြိမ်ဆေးတွေ သောက်ရတဲ့ အခါလည်း ရှိတယ်၊ နောက်နှစ်ဆိုရင် တပည့်တော် မရှိလောက်တော့ဘူး။ ဘ၀ကို အဆုံးသတ် လိုက်တော့မယ် ဒီလို လုပ်ချင်စိတ် ဖြစ်နေတာ အတော်ကြာပြီ အခုတော့ လုံးဝ ဆုံးဖြတ်လိုက်ပါပြီ။ တပည့်တော် ကိုယ့်လက်နဲ့ ကိုယ့်ကိုယ်ကို မစီရင်လည်း တပည့်တော်လို စိတ်မူမမှန်၊ ဘာမှသုံးမရတဲ့ လူဟာ မူမှန်စိတ်ရှိတဲ့ အနီးအနားက လူတွေရဲ့ ထိုးနှက်မှု အမျိုးမျိုးကြောင့် သေရမှာပါ၊ သူတို့က တပည့်တော်ကို ဒီလိုလုပ်ဖို့ ဘုရားသခင်ဆီက အာဏာ ရထားကြတဲ့သူတွေလား ထင်ရတယ်။

တပည့်တော် ခဏခဏ ငိုကြေးမိတယ်၊ အပြင်းအထန်ပါ။ ကိုယ်တော် - - - တပည့်တော် ဆုံးဖြတ်ထားတာကို လုပ်ဖို့ အင်အားရှိလာလို့ လုပ်ပြီးသွားခဲ့ရင် တပည့်တော်ကို အပြစ်လွှတ်ခြင်း ချမ်းသာ ပေးပါလို့။

ရိုသေစွာဖြင့်---

လို့စာကိုအဆုံးသတ်ပြီး အောက်မှာ လျို့ဝှက် နာမယ်နဲ့လိပ်စာကိုပါ ရေးထားတာတွေ့ရတယ်။ ကျွန်ုပ်ဆုတောင်း ပြီးနောက် ချက်ခြင်း သူ့ဆီ စာရေးဖို့ ပြင်လိုက်တော့တယ်။

ချစ်ခင်ရပါသောမိတ်ဆွေ-

ဘာကြောင့် အားလုံးကို ကျောခိုင်းရမှာလဲ၊ တောက်ပတဲ့ နေရောင်ခြည်ဟာ သင့်အတွက် ထွန်းလင်းနေတယ်၊ သင့်အတွက် လေပြေလေညင်း တိုက်ခတ်ပေးနေတယ်၊ ငှက်ကလေးတွေ သီချင်းဆိုနေတယ်၊ ပန်းတွေ သင်းပျံ့တဲ့ ရနံ့တွေပေးနေတယ်၊ ညမှာ ထူးဆန်းတဲ့ ကြယ်မျိုးစုံ လင်းလက်ပေးနေတယ် သင့်အတွက် ဘုရားဖန်ဆင်း ပေးထားတာတွေ အားလုံးကို အသိအမှတ် မပြုဘဲ ကျောခိုင်းမှာလား။

သေးငယ်တဲ့ ပိုးမွှားလေးတွေ အခက်အခဲကို အံတုပြီး အသက်ရှင်ဖို့ ရုန်းကန်နေတာ၊ နွယ်မြက် သစ်ပင်တွေ နေရောင်ခြည် မြင်ရအောင် အတင်းထိုးထွက်ပြီး ရှင်သန်ဖို့ ကြိုးစားနေတာတွေ သင်မြင်ရက်နဲ့ ပိုပြီး ကြီးကျယ်တဲ့ သင့်ဘ၀ကို ဘာကြောင့် အရှုံးပေး ရှင်းပစ် ချင်ရတာလဲ။

အလျှော့မပေးပါနဲ့ အပစ်ပယ်ခံဘ၀မှာ စိတ်အားငယ်စရာတွေကို ခုခံပြီး အသက်ရှင်နေတဲ့ သန်းပေါင်းများစွာသော လူတွေကို အတုယူပါ၊ ဥပမာ အနူရောဂါသည်တွေကို ကြည့်ပါ သူတို့ အဂါင်္တောင် မစုံတော့ဘူး၊ ရောဂါလှိုက်စားလို့ မျက်နှာ၊ ခြေလက်တွေ လူနဲ့မတူပဲ တခြား တိရိစ္ဆာန်တစ်မျိုးမျိုးနဲ့တောင် တူနေပါပြီ၊ လူကောင်းတွေရဲ့ အမြင်မှာ သူတို့ဟာ ဘာမှကို အသုံးမကျတဲ့ သတ္တ၀ါသဖွယ် ဖြစ်နေတယ်၊ ဒါပေမဲ့ ဒီအနူရောဂါသည်တွေရဲ့ နှလုံးထဲမှာ အသက်ရှင်ချင်သေးဆန္ဒ၊ နောက်ဆုံး ထွက်သက်ထိ ရှင်သန်ချင်တဲ့ ဆန္ဒလေး ကိန်းအောင်းနေတာကြောင့် ဖြစ်တဲ့နည်းနဲ့ သူတို့ အသက်ကို ဖက်တွယ်ထားကြတာ၊ ကိုယ့်ကိုယ်ကို စီရင်ပစ်တဲ့ သူတစ်ယောက်မှ မကြားဖူးဘူး။

ရောမလူမျိုးတွေ ပြောလေ့၊ ပြောထရှိတဲ့ စကားတစ်ခုက ““အသက်ရှုနေသေးသ၍ ထိုလူနာ အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိတယ်””တဲ့။ အသက်ဆိုတာ ဘာနဲ့မှ တန်ဖိုးမဖြတ်နိုင်တဲ့ အလင်းတန်းတစ်ခု ဖြတ်ကနဲ လင်းလက် သွားသလိုပါပဲ၊ လူ့ ဘ၀ဟာ တိုတောင်းလှတဲ့အပြင် တန်ဖိုး မဖြတ်နိုင်ဘူး ဆိုတာ သင်သိမှာပါ။
သိပ်မကြာသေးခင်က ဘုန်းဘုန်းတို့ကျောင်းမှာ ကြုံရတဲ့ အဖြစ်အပျက် တစ်ခုပြောပြချင်တယ်၊ ကျောင်းဝင်းထဲမှာ ဘဲခြံတစ်ခြံရှိတယ် ကျောင်း အုတ်တံတိုင်း နံရံတစ်ဖက်ကိုမှီပြီး ကျန်နံရံသုံးဖက်ကိုတော့ သံဇကာနဲ့ ခိုင်ခိုင်၊ မြင့်မြင့်ကာ ထားတယ် ဘဲကတော့ အားလုံး (၂၄)ကောင် ရှိတာ။

တစ်ညနေ အတော်လေး မှောင်လာတဲ့ အချိန်မှာ ဘဲခြံဖက်က ဆူဆူညံညံ အသံကြားရတယ်၊ ဘုန်းဘုန်း ထွက်ကြည့်တော့ ဘဲအားလုံး ခြံအပြင် ရောက်နေပြီး ဘုန်းကြီးကျောင်းတံခါးနားမှာ တိုးဝှေ့စုပြုံ၊ ဂဏှာမငြိမ် ဖြစ်နေကြတာ ဘဲခြံတံခါးကို သွားကြည့်တော့ သော့ခတ် ရက်သားပဲ။ ဘုန်းဘုန်းလည်း လုံးလုံး အံ့သြသွားတယ် ဒီလောက်မြင့်တဲ့ ခြံကို တံခါးမဖွင့်၊ အပေါက်မရှိဘဲနဲ့ ဒီလို မပျံနိုင် လေးလံတဲ့သတ္တ၀ါ၊ စဉ်းစားညာဏ်ဆိုတာလည်း မရှိသလောက် အမျိုးအစား ခြေအပြားကြီးနဲ့ ယိုင်တိုင်တိုင်သာ လမ်းလျှောက်နိုင်တဲ့ ဘဲတွေ ဘယ်လိုလုပ်များ အပြင် ရောက်လာကြတာလဲ။ အံ့သြလွန်းလို့ ခြံစောင့် အဖိုးကြီးကိုခေါ်ပြီး ဘဲခြံလိုက်စစ်တော့ အကြောင်းရင်းကို တွေ့ပါပြီ ဘဲတွေ ဖမ်းစားဖို့လာတဲ့ မြေခွေး ခြေရာတွေပေါ့၊ ဘဲခြံတစ်ဖက်ဖြစ်တဲ့ အုတ်တံတိုင်းနံရံကို အပြင်ဖက်ကနေ အဲဒီ မြေခွေးက မြေကြီးကို ယက်ပြီး ထွင်းဖေါက်ထားတာ ၀င်လို့ ရတာနဲ့ ဘဲတွေ တစ်ကောင်ပြီး တစ်ကောင် ပွဲတော် တည်ဖို့ပေါ့။

ဘဲတွေဟာ မြေခွေးရန်က လွတ်ဖို့ ဒီလိုမြင့်မားတဲ့ သံဇကာကို အလုအယက် တွယ်တက်ပြီး ထွက်ပြေးခဲ့ကြတာပဲ၊ အသက်ရှင်ရေး အတွက်လေ။

ဒါပါပဲ စဉ်းစားညာဏ်နည်းလှတဲ့၊ မနက်ဖန် သဘက်ခါ ဟင်းအိုးထဲရောက်မဲ့ ဘဲတွေတောင် အသက်ရှင်နိုင်ခွင့် ရဖို့ အသေအလဲ ရုန်းကန်ခဲ့ကြပါတယ်။ သင်ဖြတ်ပစ်ချင်တဲ့ ဒီအသက်ဆိုတဲ့အရာကို သင့်လောက် တန်ဖိုးမရှိတဲ့ သတ္တ၀ါလေးတွေက သူတို့ အသက်အတွက် မယုံနိုင်အောင် ရုန်းကန် ကာကွယ်ခဲ့ကြတယ်လေ။

ရောဂါကြောင့်လို့ သင်အကြောင်း မပြသင့်ဘူး၊ ရေဂါက အသက်ကို ဒုက္ခမပေးနိုင်ပါဘူး ခန္ဓာကိုယ် ပုပ်ရင်တောင် မသေနိုင်တဲ့ အသက်ကို ဘုရားသာ ပိုင်ပါတယ်။ ဘုရားပိုင်တဲ့ အသက်ကို ကိုယ့်သဘောနဲ့ကိုယ် ဖျက်ဆီးပြစ်ရင် ဘုရားကို အံတုရာ ရောက်သွားပါလိမ့်မယ်။

ကျွန်တော်ရဲ့ ဒီလို စိတ်နာကျနေတဲ့ အသက်က ဘာအသုံးကျမှာလဲ ဆိုတဲ့ မေးခွန်း မမေးပါနဲ့၊ ဘုန်းဘုန်းက ဖန်ဆင်းရှင် ရွှေညာဏ်တော်ရှင် မဟုတ်လို့ မဖြေနိုင်ဘူး။ ဒါပေမဲ့ ဘယ်သက်ရှိမှ အသုံးမကျဘူးဆိုတာ မရှိဘူးဆိုတာကိုတော့ ဘုရားအလင်း ကျေးဇူးတော်ကြောင့် သိနားလည်ထားတယ်။ သဲသောင်ပြင်က သဲမှုံတွေ၊ မိုးပေါ်ကကြယ်တွေ မရေမတွက်နိုင်အောင် များလွန်းလို့ မတည်ရှိလိုက်ရတဲ့ သဲတစ်မှုံ၊ မလင်းလက်လိုက်ရတဲ့ ကြယ်တစ်ပွင့်မှ မရှိပါဘူး။



Ref:
"Reflections for Teenager" Our Lady of Bandal, May-2005

အင်ဝိုင်းပန်

Oct 12, 2008

ငြိမ်းချမ်းရေး လူငယ်

ငြိမ်းချမ်းရေး လူငယ်

ခရစ်တော်တရား
ရင်ဝယ်ထားလို့
သူသူငါအား
ကိုယ်ရှင်အလား
ချစ်ခင်နိုင်စေ
လူငယ်တို့တတွေ ...

မေတ္တာစိတ်ထား

သဒ္ဓါလည်းပွား
အစဉ်သာ နှင်းဆက်
ကိုယ်ကျိုးမဖက်
ပေးဆပ်နိုင်စေ
လူငယ်တို့တတွေ ...

ဖေးကူတွဲလက်
်
ခိုင်ခိုင် ဆက်လျှက်
ချစ်ခင်နှလုံး
အကြင်နာပြုံးနှင့်
အဆင့်မခွဲ
စိတ်မကွဲဘဲ
ငြိမ်းချမ်းရေးဆီ
လျှောက်လှမ်းညီစေ
လူငယ်တို့တတွေ ...

- ဇောင်း - (YD)

Jul 9, 2008

လူငယ်တို့အားကိုးနိုင်ဖို့

လူငယ်တို့အားကိုးနိုင်ဖို့

ဝါဆိုဝါခေါင် ရေကြီးတဲ့အချိန်မှာ ဧရာဝတီမြစ်ပြင်ကြီးဟာ တစ်ခါတစ်ခါ လှိုင်းတံပိုးတွေနဲ့ ကြောက်မက်ဖွယ် ရာဖြစ်နေပေမဲ့တစ်ခါတရံမှာ ငြိမ်သက်စွာနဲ့ လှပနေပါတယ်။ ရေကြီးနေတဲ့ အချိန်မို့ ဗေဒါပင်တွေ၊ အမှိုက်သရိုက်တွေ ဟာ ရေစီးရာကို မျှောပါနေပါတယ်။ မိုးသည်းပြီး လေပြင်းတွေတိုက်ခတ်တဲ့အခါမျိုးမှာ လှိုင်းလုံးကြီးတွေဟာ ကမ်းစပ်မှာ ရှိတဲ့ ကျောက်ဆောင်တွေကို ကြောက်မက်ဖွယ်ရာ ကြုံးဝါးသံတွေနဲ့အတူ အငြိုးတကြီးနဲ့ ရိုက်ခက်ကြပါတယ်။ ကျွန်မ နေထိုင်တဲ့ ရပ်ကွက်မှာရှိတဲ့ မြစ်ကမ်းစပ်ဟာ ကျောက်ဆောင်တွေရှိပြီး၊ ရေစီးလည်း အလွန်သန်ပါတယ်။ ကမ်းစပ်မှာ အ၀တ်လျှော်သူ၊ ရေခပ်သူတွေနဲ့ အမြဲလိုပဲ လူစည်နေပါတယ်။

တစ်နေ့မှာ အိမ်က အမေနဲ့ အစ်ကိုတို့က ဆူလို့ အရမ်းစိတ်ညစ်နေခဲ့ပါတယ်။ ကျွန်မရဲ့ အပြစ်ဆိုတော့ပြန် လည်း မပြောရဲဘူး။ ဒါနဲ့ပဲ စိတ်ညစ်ညစ်နဲ့အမေတို့ စိတ်ဆိုးပြေပါစေ ဆိုတဲ့ ဆန္ဒနဲ့ အိမ်မှာရှိတဲ့ အ၀တ်ပေတွေကိုယူပြီး ရေဆိပ်မှာသွားလျှော် ခဲ့တယ်။ ဟိုတွေး ဒီတွေးနဲ့ လျှော်ရင်း အင်္ကျီတစ်ထည် ရေထဲ ပါသွားတာကို မသိလိုက်ဘူး။ အ၀တ်လျှော်ရေချိုးပြီးလို့ အိမ်ကို ပြန်လာခဲ့တယ်။ နောက်တစ်နေ့ အ၀တ်တွေခြောက်လို့ မီးပူတိုက်ပြီး ချိန်ထိ အင်္ကျီတစ်ထည်လိုတာကို သတိမထားမိသေးဘူး။ အစ်ကိုက သူ့အင်္ကျီဘယ်မလဲလို့မေးတယ်။ ကျွန်မလဲ လျှော်တဲ့ ထဲမှာမပါဘူးလို့ အတင်းငြင်းတယ်။ အစ်ကိုကပိုပြီး စိတ်တိုသွားတယ်။ ကျွန်မ သေချာစဉ်းစားလိုက်တော့ လျှော်တဲ့ထဲမှာ အဲဒီအင်္ကျီပါတာကို မှတ်မိခဲ့တယ်။

အင်္ကျီဟာ ရေထဲပါသွားပြီဆိုတာ အသေအချာသိလိုက်တယ်။ အစ်ကိုကလဲ အင်္ကျီအသစ်ဆိုတော့ နှမြောတယ်။ ပြီးတော့ ကျွန်မကို စိတ်ဆိုးနေတဲ့အချိန်ဆိုတော့ ပိုဆိုးတာပေါ့။ ဒါနဲ့ ကျွန်မလဲ စိတ်ညစ်ညစ်နဲ့ ရေဆိပ်ကို ပြန်သွားအရှာ မှာ ကျွန်မကို ဒီအခက် အခဲထဲက ကူညီနိုင်မဲ့ သူကို သတိရလိုက်မိတယ်။ သူကတော့ မျှော်လင့်ချက်မရှိတော့တဲ့အရာတွေကို ပေးစွမ်းနိုင်တဲ့ ရဟန္တာသူတော်မြတ် စိန်ဂျုဒ်ပါပဲ။

ကျွန်မ ရဟန္တာ စိန်ဂျုဒ်ကို သိခဲ့တာ ကြာပါပြီ။ ကျွန်မ (၁၀) တန်းကို တစ်နှစ်တည်းနဲ့ အောင်ခဲ့တာဟာ ဘုရားရဲ့
ကျေးဇူးတော်တွေနဲ့ အတူ စိန်ဂျုဒ်ရဲ့ ကူညီမှုကြောင့်ပါ။ အဲဒီတုန်းက ကျွန်မရဲ့ ကျောင်းအုပ်ဆရာကြီး၊ ကျွန်မ သူငယ်ချင်းတွေ၊ ကျွန်မကို ကြည့်တဲ့ စစ္စတာရ်ကြီး၊ ပြီးတော့ ကျွန်မကိုယ်တိုင်က ဒီနှစ်တော့ အောင်လိမ့်မယ်လို့လဲ လုံးဝ မျှော်လင့်မထားဘူး။ စာမေးပွဲပြီးတော့ နိုဗီနားလုပ်ပြီး ဆုတောင်းခဲ့တယ်။ ပရိတ်သူငယ်တော်ထံ နိုဗီနားလုပ်တယ်။ ပြီးတော့ လမ်းပြတာရာ ထဲမှာ ပါတဲ့အတိုင်း စိန်ဂျုဒ်ထံ ကိုးစားပြီး နိုဗီနားလုပ်ခဲ့တယ်။ ရဟန္တာ စိန်ဂျုဒ်ဟာ မျှော်လင့်ချက် မရှိတော့တဲ့ အရာတွေအတွက် အားကိုးရတဲ့ ရဟန္တာ ဆိုတာကို သိပြီး ယုံကြည်အားကိုး စွာနဲ့ ဆုတောင်းခဲ့တယ်။ ဆုတောင်းလည်း ပြည့်ခဲ့ပြီးအဲဒီနှစ်မှာ တကယ်ပဲ အောင်မြင်ခဲ့တယ်။ အားလုံးက အံ့သြ၀မ်းသာခဲ့တယ်။

ကျွန်မလည်း နီးစပ် တဲ့ သူငယ်ချင်းတွေကို စိန်ဂျုဒ်ထံ နိုဗီနားလုပ်တဲ့ အကြောင်း ပြောပြပါတယ်။ အခုလဲအင်္ကျီဟာ ပြန်ရဖို့ ဘယ်လိုမှ မျှော်လင့်ချက်မရှိပါဘူး။ ဒါပေမဲ့ ကျွန်မရေဆိပ်ကို သွားရင်းနဲ့ စိန်ဂျုဒ် ထံမှာ ဆုတောင်းခဲ့တယ်။ ရေးကူး ကျွမ်းကျင်တဲ့သူတွေလည်း ရေနက်တဲ့နေရာနဲ့ ကျောက်ဆောင်တွေကြားထဲ မှာ ရေငုပ်ပြီးရှာပေးကြပါတယ်။ ကျွန်မ အ၀တ်လျှော်ခဲ့တဲ့နေရာကိုလည်း အသေအချာ ၀ိုင်းပြီးရှာကြတယ်။ မတွေ့နိုင်တော့ဘူးထင်ပြီး အစ်ကို့ကိုယ်လည်းကြောက်တော့ ငိုနေမိတယ်။ ဘေးမှာရှိတဲ့ သူတွေက ဘယ် တတ် နိုင်မလဲတွေ့မှာ မဟုတ်တော့ဘူး လို့ပြောကြတယ်။ကျွန်မလည်း နောက်ဆုံး အနေနဲ့ စိန်ဂျုဒ်ကျွန်မကို ကယ်ပါဦး၊ လုံးဝမျှော်လင့်ချက်မရှိပေမဲ့ ကိုယ်တော့်ကို အားကိုးပါတယ်လို့ပြောပြီး ခြေလှမ်းတွေလေးပင်စွာနဲ့ပဲ ကမ်းစပ်ကို တစ်လှမ်းချင်း လျှောက်လာခဲ့တယ်။ ရေက ကျွန်မရဲ့ ဒူးအောက်နားလောက်ပဲရှိတော့တဲ့နေရာမှာ မမျှော်လင့်ပဲ ပစ္စည်းတစ်ခုက ရေစီးနဲ့မျှောလာရင်းကျွန်မရဲ့ ခြေထောက် မှာ လာပတ် နေတယ်။ ကျွန်မလည်း ဘာဖြစ် မလဲ ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကောက်ကြည့်လိုက်တဲ့ အခါ ကျွန်မရှာနေတဲ့ အင်္ကျီဖြစ်နေတယ်။

ကျွန်မနဲ့ အတူ ရေဆိပ်မှာ ရှိတဲ့သူတွေက အံ့သြ ၀မ်းသာကြတယ်။ ရေအဆုံး၊ ကုန်းတစ်ဝက် ဆိုသလို ပြန်တွေ့လိမ့်မယ်လို့ အားလုံးက မျှော်လင့်မထားကြဘူး။ ကျွန်မဟာ မျက်စိကိုမှိတ်ပြီး "အို - စိန်ဂျုဒ် ကျွန်ုပ်၏ မိတ်ဆွေ ကိုယ်တော်ကို ကျေးဇူးတင်ပါ၏" လို့ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ခဲ့တယ်။ ဒီအဖြစ်အပျက်လေးကို ကျွန်မဘ၀မှာမမေ့နိုင်ပါ၊ ဘယ်လောက်ပဲ ကြီးမားတဲ့ ပြဿနာဖြစ်ပါစေမျှော်လင့်ချက် မဲ့နေသူများကို ကူညီတဲ့ ရဟန္တာ စိန်ဂျုဒ်ထံမှာ ယုံကြည်ကိုးစားစွာနဲ့ ဆုတောင်းကြပါ။ သူဟာမျှော်လင့်ချက် မရှိတော့တဲ့ ကိစ္စများကို ကူညီဖြေရှင်းပေးဖို့ ဘုရားသခင်ကိုယ်တိုင် တာဝန်ပေး အပ်ခြင်းခံရသူဖြစ်လို့ သင်တို့ရဲ့ ပြဿနာများကို ယုံကြည်ခြင်းကြီးစွာနဲ့ ဆုတောင်းကြည့်လိုက်ပါ။ သင်တို့ တစ်ဦးချင်းလည်း စိန်ဂျုဒ်ထံမှာ ယုံကြည်စွာ နဲ့ ဆုတောင်းကြည့်ကြပါလို့တိုက်တွန်းလိုက်ပါတယ်။

-နှင်း (နဘက်)-

Jul 2, 2008

ကမ္ဘာလူငယ်များသို့ ရဟန်းမင်းကြီး BEBEDUCT XVI အရှင်မြတ်၏ နှိုးဆော်စာချွန်လွှာ။


XXIII World Yould Day,2008
အားကြိုဆိုဂုဏ်ပြုလျက်
ကမ္ဘာလူငယ်များသို့ ရဟန်းမင်းကြီး BENEDICTXVI အရှင်မြတ်၏ နှိုးဆော်စာချွန်လွှာ။

'' သန့်ရှင်းသော ၀ိညာဉ်တော်သည် သင်တို့အပေါ်သို့ဆင်းသက်သော အခါသင်တို့သည် ၀ိညာဉ်တော်၏ တန်ခိုးကျေးဇူးကို ခံယူကြရလိမ့်မည်။ ထိုအခါ သင်တို့သည် ငါ့ကို သက်သေခံသော သူများဖြစ်ကြလိမ့်မည်”
(တမန်၁၁း၈)

ချစ်ခင်ရသော ကျွန်ုပ်၏မိတ်ဆွေလူငယ်အပေါင်းတို့။

၁။ The XXIII World Youth Day
၂၀၀၅ခုနှစ် သြဂုတ်လအတွင်း ဂျာမနီနိုင်ငံ ကိုလုံမြို့၌ ကမ္ဘာအရပ်ရပ်မှ လူငယ်မောင်မယ်တို့နှင့် အကျွန်ုပ် အကြိမ်ကြိမ်ဆုံဆည်းခွင့်ရခဲ့သည်ကို ကြည်နူးမဆုံးနိုင်ဘဲ ယနေ့တိုင်အောင် အခမ်းအနားအမျိုးမျိုး၌ ကျွန်ုပ်အမှတ်ရနေဆဲပါ။ ထိုမေ့မရနိုင်ဆုံးသော သဒ္ဒါတရားနှင့် စိတ်အားထက်သန်ခြင်းကိုဖော်ကျူးခဲ့ကြသည့် ထိုနေ့ရက်များ ကုန်ဆုံးခါနီး၊ လာမည့် ၂၀၀၈ခုနှစ် ဆစ္ဒနီ(သြစတြေးလျ)၌ ထပ်မံ၍ဆုံဆည်းကြမည်ဖြစ်ကြောင်း ချိန်းချက်ထားပြီး ဖြစ်ပါသည။် ဤကျင်း ပမည့် XXIII World Youth Day ခေါင်း စဉ်မှာ -''သန့်ရှင်းသောဝိညာဉ်တော်သည် သင်တို့အပေါ်သို့ ဆင်းးသက်သောအခါ သူတို့သည် ၀ိညာဉ်တော် ကျေးဇူး ကို ခံယူကြရလိမ့် မည။် ထိုအခါ သင်တို့သည် ငါ့ကိုသက်သေခံသောသူများ ဖြစ်ကြလိမ့်မည်။'' (တမန်၁း၈)ဖြစ်၏။ သို့ဖြစ်ပါ၍ ဆန္ဒနီမြို့ညီလာခံကြီးအတွက် ၀ိညာဉ်ရေးဆိုင်ရာ ကြိုတင်ပြင်ဆင်သောအားဖြင့် အထူးနှလုံးသွင်းရမည့်အချက်မှာ-'' သန့်ရှင်းသော ၀ိညာဉ်တော်ဘုရားနှင့် စေလွှတ်/သက်သေခံခြင်းအမှုတော်'' ပင်ဖြစ်၏။ ပြီးခဲ့သော၂၀၀၆ခုနှစ်အတွင်း ကျွန်ုပ်တို့ အာရုံပြု ထောက်ရှုခဲ့ကြသော အကြောင်းအရာမှာ-''သမ္မာတရား၏ ၀ိညာဉ်တော်'' ဖြစ် တော်မူသော သန့်ရှင်းသော ၀ိညာဉ်မြတ်ဘုရားအကြောင်းဖြစ်၏။ ယခု၂၀၀၇ခုနှစ်အဖို့-''ချစ်ခြင်း၏၀ိညာဉ်မြတ်ဘုရား'' ၏ တန်ခိုးကျေးဇူးတော် အကြောင်းကို ပို၍ထိုးထွင်းသိမြင်နိုင်ကြရန် အားထုတ်လျက်ရှိလေသည်။ ဆက်လက်၍ ၂၀၀၈ခုနှစ် တဖြေးဖြေး နီးကပ်လာ သည်နှင့်အမျှ၊ ကျွန်ုပ်တို့ဦးတည်ထောက်ရှုရမည့်အချက်မှာ-''ရဲစွမ်းသတ္တိ၏ တန်ခိုးရှင်ဝိညာဉ်တော်နှင့် စေလွတ်/သက်သေခံခြင်း အမှုတော်'' ဖြစ်ပြီး ဤတန်ခိုး ကျေးဇူးကြောင့် ကျွန်ုပ်တို့အားလုံး ဧ၀ံဂေလိတရား ကျင့်စဉ်နှင့်အညီ အသက်ရှင်နေထိုင်ခြင်း၊ သတင်းကောင်းကို သတ္တိရှိရှိဟောပြောသက်သေခံခြင်းစသည့် ရဲစိတ်ရဲမာန်တို့ကို မွေးမြူနိုင်ကြမည်ဖြစ်၏။ ထို့ကြောင့်၊ သင်တို့လူငယ်လူရွယ်တစ်ဦးချင်းအလိုက်ဖြစ်စေ၊ မိမိ၏ လူနေမှုအသိုင်း အ၀ိုင်းများနှင့် ပညာသင်ကြားရေးနယ်ပယ် တွင်းရှိ သက်ဆိုင်ရာပုဂ္ဂိုလ်များနှင့်ဖြစ်စေ၊ ဤကယ်တင်ခြင်း သမိုင်းကြောင်းနှင့်စပ်ဆိုင်သော အခြေခံအကြောင်းတရားများအပေါ် အစဉ်နှလုံးသွင်း ဆင်ခြင်ကြရန် လိုအပ်လှပေသည်။ ဤနည်းလမ်းအားဖြင့်သာလျှင်-သန့်ရှင်းမြင့်မြတ်လှသော အောက်ဖော်ပြ မျှော်မှန်းချက် ပန်းတိုင်များသို့ အရောက်တက်လှမ်းနိုင်ကြမည် ဖြစ်ပါသည်။

-(၁) ၀ိညာဉ်တော်ဘုရား၏ ဇာတိသဘောကိုသိမြင်ခြင်း - အထူးသဖြင့် ကျမ်းစာတော်မြတ်အားဖြင့် ဖွင့်ဟတော်မူသော ဘုရားရှင်၏နှုတ်ကပါတ်တရားတော်ကို ကြားနာခြင်းအားဖြင့် သိမြင်နိုင်၏။
-(၂) အသင်းတော်၏အသက်တာတွင် ထိုဝိညာဉ်တော်မြတ်ဘုရား စဉ်ဆက်မပြတ်ကျိန်းတည်ရှိ တော်မူကြောင်းကို အောက်မေ့သတိရလျက်- ကိုယ်တော်သည် အသင်းတော်၏'နှလုံးသား'နှင့် ခရစ်ယာန် ဘ၀ကို အစပျိုးပေးသော စက္ကရမင်တူးမင်္ဂလာတော်များ(ဆေးကြောခြင်း၊ ကိုယ်တော်မြတ်၊ ခရစ္စမတ် အားပေးခြင်း)အားဖြင့် ဘာသာဝင်တစ်ဦးစီ၏ 'ထွက်သက်ဝင်သက်' ဖြစ်ကြောင်းကို အတိအလင်းသိမှတ်နိုင်၏။
-(၃) ဤတတိယထောင်စုနှစ်ခေတ်ဦးရှိ လူသားအားလုံးယေဇူးခရစ်တော်ကို ပို၍လှိုက်လှဲစွာ သိမှတ် ၀န်ခံကြလျက် ကိုယ်တော်၏သတင်းကောင်းနှင့်အညီ လိုက်နာကျင့်ဆောင်ခြင်း၊ သက်သေခံခြင်းအမှုကို ဆထက်ထမ်းပိုး ဆောင်ရွက်နိုင်စေရေး တို့ဖြစ်၏။

ရှေ့နှစ်ကျင်းပမည့်လူငယ်များနေ့အတွက် အနီးကပ်ပြင်ဆင်သည့် အနေဖြင့် ကမ္ပဌာန်းထောက်ရှုရာတွင် အဓိကလိုက် နာအပ်သောအချက်များကို ဤစာစောင်၌ ဖော်ပြပေးထားပါသည်။ ဤနည်းလမ်းအတိုင်း လိုက်နာ
ကျင့်သုံးခြင်းဖြင့်၊ သန့်ရှင်းသောဝိညာဉ်တော်ဘုရား၌ မိမိ၏ယုံကြည်ခြင်းတရားမည်ရွေ့မည်မျှ ရှင်သန်နေသည်၊
အကယ်၍ ၄င်းယုံကြည်ခြင်းများ ပျောက်ဆုံးနေလျှင်လည်း ၄င်းပြန်လည်ရှင်သန်လာစေမည်၊ ခိျု့တဲ့အားနည်း နေခဲ့လျှင် ပြန်လည်ခွန်အားဖြည့်တင်းပေးမည်၊ ထိုယုံကြည်ခြင်းအဓွန့်ရှည်စေရေးအတွက် မပါလျှင်မပြီးသော ၀ိညာဉ်တော်ဘုရား၏ စောင်မခြင်း အကူအညီကိုရယူကာ- ခမည်းတော်နှင့်သားတော်၏ တစ်လုံးတစ်ဝတည်းရှိခြင်း၌ ပေါင်းစပ်ပါဝင်စေခြင်း- စသောအချက်အလက်များ ပါဝင်ပေသည်။ တနည်းဆိုရသော် အသင်းတော်သည် ကမ္ဘာသူ ကမ္ဘာသားများ-၊ သင်အနီးဝန်းကျင်၌ သက်ရှိထင်ရှားလျက် ရှိသော လူသားများသာမကဘဲ၊ နောင်လာနောင်သားများဖြင့် ပါဝင်ဖွဲ့စည်းထားသော အသင်းတော်ဖြစ်ပါသည်။

ဤကမ္ဘာလူသားအားလုံးတို့မှာ သင်တို့လူငယ်လူရွယ်များ
အပေါ် အထူး အားထားလျက်ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့၏အတွင်းစိတ်နှလုံးထဲတွင် ခရစ်တော်၏ ၀ိညာဉ်တော်တည်းဟူသော ခမည်းတော်ဘုရား၏ အလွန်အထွဠ်အထိပ်ဆုံးဖြစ်သော ဆုလက်ဆောင်တော်ကို အထူးပိုင်ဆိုင်လျက် ရှိသောသူများ ဖြစ်ကြသည်။

၂။ သန့်ရှင်းသောဝိညာဉ်တော်ဘုရားကို ဂတိထားခြင်း-ကျမ်းစာ၌ရေးသားချက်။
သန့်ရှင်းသောဝိညာဉ်တော်မြတ်ဘုရားနှင့် စပ်လျဉ်းသောနက်နဲဖွယ်ရာအချက်များနှင့် ၄င်း၏စွမ်းဆောင်ချက်
တန်ခိုးကျေးဇူးများအကြောင်း ကျမ်းစာတော်မြတ်၌ ရေးသားချက်တို့ကို စေ့စေ့နားထောင်/ ထောက်ရှု နှလုံးသွင်းခြင်းအားဖြင့် ကြီးမားဆန်ကျယ်သော အတွင်းစိတ်အာရုံခံစားမှုများကို ဖြစ်ပေါ်စေကြောင်း အကျဉ်းရုန်းပြီး ကျွန်ုပ်ဖော်ပြ ပေးမည်ဖြစ်ပါသည်။

ကောင်းကင်ဘုံသို့တက်ြွကမည့်ဆဲဆဲ၊ မိမိတမန်တော်ကြီးတို့အား ယေဇူးအမိန့်ရှိခဲ့သည်မှာ-''ကြည့်လော့၊ ငါ၏

ခမည်း တော် တထိားတောမ် ရူာကို သငတို့ အပေါ်သို့ ငါစေလတွှ မ် ည'် '(လ-ု ၂၄း၄၉) ပင်ေ်တေကော့စ့စ်ပွေဲ န့ရောက၍် အပေါ်ထပ်ခန်းမဆောင်တွင်း မယ်တော်မာရိယာနှင့်အတူ သူတို့ဝတ်ပြုဆုတောင်းနေကြစဉ်တွင် ထိုဂတိတော် ရောက်ခဲ့လေ၏ထိုကဲ့သို့မွေးကင်းစအသင်းတော်အပေါ်သို့ အထက်မှသွန်းလောင်းပေးတော်မူသော အချင်းအရာ ဟူမူကား-အစအဦးက ဘုရားရှင်ပြုတော်မူသော ဂတိတော်ကို ဓမ္မဟောင်းခေတ်ကာလတစ်လျှောက်လုံး ထိန်းသိမ်းလာခဲ့ကာ၊ ကြိုတင်ထားသည့် နေ့ရက်ရောက်သောအခါ ပြီးပြည့်စုံခြင်းသို့ ရောက်ရှိခြင်းဖြစ်လေသည်။

အမှန်မူကား ကျမ်းစာတော်မြတ်ပေါ်၌ ရှေ့ဆုံးစာမျက်နှာ၌ပင်လျှင်- ဘုရားသခင်၏ ၀ိညာဉ်တော်သည်
ရေမျက်နှာပြင်ပေါ်၌ ရွေ့လျားလျက်ရှိသော ''လေ'' (cf.gen1:2) ဟူရှိလည်းကောင်း၊ ဘုရားသခင်သည် လူ၏နှာခေါင်းထဲသို့ ''ဇီဝအသက်''ကိုမှုတ်သွင်းတော်မူလျှင်၊ လူသည် အသက်ရှင်သောသတ္တ၀ါဖြစ်လေ၏ (gen. 2:7) ” ဟူ၍လည်းကောင်း၊ ရေးသားဖော်ပြသည့်အတိုင်းဖြစ်၏။ အပြစ်ရင်းပြုမိပြီးသည်နောက် လူ့သမိုင်းစဉ်တွင် အသက်ပေးသော ဘုရားရှင်၏ ၀ိညာဉ်တော်သည် ကြိမ်ဖန်များစွာလှုပ်ရှား လျက်ရှိလေ၏။ အရွေးကောက်ခံလူမျိုးတော်အားဘုရားရှင်ထံသို့ တဖန်လှည့်လည်စေရန်နှင့် ပညတ်တော်အတိုင်းသစ္စာရှိရှိ သက်ရှင်နေထိုင်ကြစေရန် ဆုံးမလမ်းညွန်ပေးသော ပရောဖက်များကို ပေါ်ထွန်းရှိစေခဲ့၏။ ပရောဖက်fEzekiel ၏ အထူးကျော်ကြားလူသိများသော ရူပါရုံ၌ ဘုရားသခင်သည် မိမိ၏၀ိညာဉ်တော်အားဖြင့် ''သွေ့ခြောက်သော အရိုးများ''နှင့်တူသော အရွေးကောက်ခံ အိသရေလလူတို့အား ဇီဝအသက်ကို အသစ်တစ်ဖန် မှုတ်သွင်းပေးတော်မူခဲ့ကြောင်း။ တဖန်၊ ပရောဖက်ယောလ(Joel) ကလည်း ''လူမျိုးတကာတို့အပေါ်သို့ ငါ၏၀ိညာဉ်တော်ကို ငါသွန်းပေမည်'' ဖြစ်ကြောင်း၊ ထိုနေ့ရက်များတို့၌ အစေခံ၊ အစေခံမများပါမကျန် ရှိရှိသမျှလူသားတို့အပေါ်၌ ငါ၏၀ိညာဉ်တော်ကို သွန်းလောင်းပေးလိမ့်မည်' ဟူသတည်း။

''အချိန်ကာလစေ့သောအခါ'' (ဂါလား၎း၄)သခင်ဘုရား၏ တမန်တော်သည် နာဇရက်မြို့ရှိ ကညာစင်အား'' ''သန့်ရှင်းသော ၀ိညာဉ်တော်သည် သင့်အပေါ်သို့ ဆင်းသက်တော်မူလိမ့်မည်။ အမြင့်ဆုံးသောအရှင်၏ တန်ခိုး
အာဏာတော်သည် သင့်ကို လွှမ်းမိုးတော်မူလိမ့်မည်။ ထို့ကြောင့် သင်မှဖွားမြင်လတံ့သော သန့်ရှင်း မွန်မြတ်သော သူသည် ဘုရား၏သားတော်ဟုခေါ်ဝေါ်ခြင်းခံရလိမ့်မည်'' (ခ် လု-၁း၃၅)။ ရှေးအထက်က ပရောဖက်ဟေရှာယကလည်းြွကလာမည့်မယ်ဆီယသခင်သည် ''ထာဝရဘုရား၏ ၀ိညာဉ်တော်သည် ထိုသူအပေါ်မှာကျိန်းဝပ်တော်မူလိမ့်မည်'' (ခ်.ဟေ-၁၁း၁-၂၊၄၂း၁)ဟူ၍ ဖြစ်သတည်း။ ယေဇူးခရစ်တော်ကလည်း နာဇရက်မြို့တရားအရပ်မှ စတင်ကာ မိမိ၏ကယ်တင်ခြင်းအမှုတော်ကို ထိုဗျာဒိတ်ချက်နှင့်အညီ ကမ္ဘာသိလူသိကြေငြာမောင်းခတ်ခဲ့ပေသည်။ တအံ့တသြဖြစ်၍နေခဲ့ကြသော ထိုပရိသတ်ရှေ့မှောက်၌ ယေဇူးက ''ထာဝရဘုရား၏ ၀ိညာဉ်တော်သည် ငါ့အပေါ်၌ ရှိတော်မူ၏။ အကြောင်းမူကား ဆင်းရဲသားတို့အား ၀မ်းမြောက်စရာသတင်းကို ဟောပြောစေခြင်းငှါ ကိုယ်တော်သည် ငါ့ကို ဆီဖြင့်လိမ်းကျံတော်မူပြီ။ ချုပ်နှောင်ခံရသောသူတို့အား လွတ်မြောက်ခြင်းကိုကြေငြာရန်နှင့် မျက်စိမမြင်သော သူတို့အား မျက်စိအလင်းကိုပေးရန်လည်းကောင်း ဖိနှိပ်ခံရသောသူတို့အား ကယ်ဆယ်စေခြင်းငှါလည်းကောင်း၊
သခင်ဘုရား၏ကျေးဇူးတော်မင်္ဂလာနှစ်ကို ကြေငြာရန်လည်းကောင်း၊ ကိုယ်တော်သည် ငါ့ကိုစေလွတ်တော်မူ၏''
(လု ၄း၁၈-၁၉ ဟေ၆၁း၁-၂)ဟုမိန့်တော်မူပြီးနောက် ဆက်လက်၍ ''ယခုသင်တို့ကြားရသော ကျမ်းစကားသည်
ယနေ့ပင်ပြည့်စုံခြင်းသို့ ရောက်လေပြီ။''(လု၎း၂၁)ဟု အတည်ပြုမိန့်ကြားတော်မူခဲ့၏ သန့်ရှင်းသောဝိညာဉ် တော်မြတ်ဘုရား ဆင်ြးွကတော်မူမည့်အကြောင်းကိုလည်း မိမိတရားဒေသနာတော်ဟောကြားစဉ်တွင် မိမိ တမန်တော်ကြီးတို့အား မကြာခဏဂတိ စကားမိန့်ြွမက်တော်မူခဲ့ပေသည်။ ထို ''ကောင်းသောအကြံပေးတတ်သူ'' ၀ိညာဉ်တော်သည် မိမိအားသက်သေခံခြင်းအမှုကိုပြုခြင်းငှါလည်းကောင်း၊ မိမိ၏ နောက်လိုက် ယုံကြည်သူတို့အား သမ္မာတရားအကြောင်း အလုံးစုံတို့ကို သွန်သင်ပြသ/လမ်းညွှန် စောင့်ရှောက်ပေးရန်လည်းကောင်း၊ ဆင်ြးွကတော်မူမည်။ (ခ် ယော ၁၄း၁၆-၁၇၊ ၂၅-၂၆၊ ၁၅း၂၆၊၁၆း၁၃)။

၃။ ပင်တေကော့စ်ပွဲနေ့-အသင်းတော်၏စေလွတ်/ သက်သေခံခြင်းအမှုတော်စတင်သည့်နေ့။
ရှင်ပြန်တော်မူသော ပါစကားပွဲညနေပိုင်းရောက်သောအခါ ယေဇူးသည်မိမိ၏ တမန်တော်ကြီးတို့အလယ်၌ ထင်ရှားပြရှိတော်မူစဉ် သူတို့အပေါ်သို့ မှုတ်တော်မူလျက်-''သန့်ရှင်းသောဝိညာဉ်တော်ကို ခံယူကြလော့'' (ယော-၂၀း၂၂)ဟု မိန့်တော်မူ၏။ ထိုနေ့ရက်မှအရက်(၅၀)မြောက် ပင်တေကော့စ်ပွဲနေ့ရောက်သောအခါ သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့် အတိုင်းထက်အလွန်ပြည့်ဝကြလေ၏။

''ထိုအခါ ပြင်းထန်သောလေမုန်တိုင်းတိုက်ခတ်သံနှင့်တူသော အသံသည်ကောင်းကင်မှ ရုတ်တရက်ပေါ်
လာ၍ သူတို့စုဝေးနေထိုင်ကြသော အိမ်သည်ထိုအသံနှင့် ပြည့်နေလေ၏။ သူတို့ရှေ့တွင် လျှာသဏ္ဍာန်ရှိသော မီးလျှံငယ်များထွက်ပေါ်လာ၍ သူတို့အသီးသီး၏အပေါ်၌ တည်နေလေ၏။'' (တမန်-၂း၂-၃)သန့်ရှင်းသော ၀ိညာဉ်တော်ဘုရားက တမန်တော်ကြီးတို့အား ''အတွင်းစိတ်နှလုံး''ထဲမှ ''အသစ်ပြုပြင်ပြောင်းလဲ'' ပေးတော်မူ၏၊ သူတို့သည်လည်း ''သေခြင်းကိုခံတော်မူသော ယေဇူးခရစ်တော်အမှန်စင်စစ် ရှင်ပြန်တော်ပြီး''ဖြစ်ကြောင်း သတင်းကောင်းကို ''ရဲရဲတောက်ကြေငြာနိုင်သောသတ္တိ''ကို ပေးသနားတော်မူလေ၏။ ကြောက်ရွံ့ခြင်း စိတ်အလျင်း မရှိကြတော့ဘဲ၊ ဒိဌယုံကြည်စိတ်ချစွာဖြင့် အတိအလင်း ဟောပြောသက်သေခံခဲ့ကြ လေတော့သည်။(ခ် တမန်၂း၂၉၊၄း၁၃၊၄း၂၉၊၃၁)၊

မျက်စိသူငယ်နှင့် မထင်မရှားတံငါသည်ဘ၀မှ ဧ၀ံဂေလိတရားတော်ဖြန့်ချီရေးတွင် ဇွဲနဘဲကြီးသူ သတင်းဆောင်

ပုဂ္ဂိုလ်ကြီးများအဖြစ်သို့ တမဟုတ်ချင်းပြောင်းလဲသွားကြလေ၏။ မလိုမုန်းထားသူတို့ကပင် သူတို့၏ ရဲစွမ်းသတ္တိ
အပြည့်ရှိခြင်းကိုမြင်ရသောအခါ၊ 'ပညာတတ်မဟုတ်ဘဲ သာမန်လူများ' ဖြစ်လျက်နှင့်ပင်၊ ကြီးမားသော စုံစမ်းနှောင့်ယှက်ခြင်း၊ ဒုက္ခဆင်းရဲခြင်းနှင့်ညှင်းပန်းနှိပ်စက်ခြင်းတို့ကို အပြုံးမပျက်ဘဲ သူတို့ ခံထမ်းနိုင်ကြပြီ တကား ဟု တအံ့တသြဖြစ်ကြရလေသည်။ ထိုအချိန်အခါမှစ၍ မည်သည့်အရာမျှ သူတို့ကို တားဆီးနိုင်စွမ်း မရှိတော့ပေ။

''ငါတို့သည် ငါတို့မြင်ရကြားရသောအရာများကို မဟောပြောဘဲမနေနိုင်ကြ'' (တမန်-၄း၂၀)ဟုဆိုကာ သူတို့ကို

တားမြစ်ဖို့ ကြိုးစားသောသူများကို နှုတ်ပိတ်ခဲ့ကြသည် ဤသည်ကားအသင်းတော် စတင် ပေါက်ဖွားလာပုံ အကြောင်းနှင့် ပင်တေကော့စ်ပွဲနေ့မှအစ၊ ကမ္ဘာမြေကြီးစွန်းတိုင်အောင်(၁း၈) ဧ၀ံဂေလိတရားတော်ကို စဉ်ဆက်မပြတ်စေဘဲ ဖြန့်ချီပေးသွားမည့်အကြောင်းတည်း။

၎။ သန့်ရှင်းသောဝိညာဉ်တော်ဘုရား-အသင်းတော်၏ ''အသက်''နှင့် ပေါင်းစည်း ညီညွတ်ခြင်း၏ အရင်းမူလ။
အသင်းတော်၏ အမှုတော်မြတ်အကြောင်း ကောင်းစွာ သိရှိနားလည်လိုပါက တမန်တော်ကြီးမျာစုဝေးခဲ့ကြ့ ထိုအပေါ်ထပ်ခန်းမဆောင်ဆီသို့ ကျွန်ုပ်တို့အရောက်ပြန်သွားပြီး၊ ''မိခင်''မာရီယာနှင့်အတူ ၀တ်ပြု ဆုတောင်း လျက် ကတိထားတော်မူသော ၀ိညာဉ်တော်မြတ်ြွကမြန်းခြင်းကို စောင့်ကြိုနေကြရမည် (လု-၂၄း၄၉)။

မွေးကင်းစ အမိအသင်းတော်၏ရုပ်သွင်ကို ဖေါ်ညွှန်းပေးသော ဤအချင်းအရာမှာမူကား၊ ခရစ်ယာန် အသင်းတိုင်း၌
အစဉ်အမြဲရှိရမည်ဖြစ်သော ပေါင်းစည်းညီညွတ်ခြင်း၏ ပုံသက်သေ နှင့် အရင်းမူလပင် ဖြစ်တော့သည်။ အဘယ်ကြောင့်ဆိုသော်၊ တမန်တော်လုပ်ငန်း/ သာသနာပြုလုပ်ငန်း ဝေေ၀ဆာဆာ သီးပွင့်ဖြစ်ထွန်း အောင်မြင်မှုများကို တိုင်းတာရာမှာ- အစီအစဉ်တကျ/ နည်းလမ်းတကျ ထိရောက်စွာ ချမှတ်လုပ်ဆောင်ခြင်းတို့ အပေါ် တည်မှီနေ၍မဟုတ်ဘဲ၊ ဘာသာရေးအသင်းအပင်းများ၏ ပေါင်းစည်း ညီညွတ်စွာဖြင့် အတူတကွဝတ်ပြုဆုတောင်းခြင်းကသာ အဓိကဖြစ်ပါသည်။ (cf. Evangelii Nuntian,75)။ ထို့အတူ မိမိတို့၏ သာသနာပြုလုပ်ငန်း ထွန်းကားအောင်မြင်စေရေးအတွက် ဘာသာရေး အသင်းအပင်းတိုင်း ညီညီညွတ်ညွတ်ပေါင်းစည်းကြဖို့ အထူးလိုအပ်ပါသည်။ တနည်းဆိုရသော် ၄င်းတို့ အချင်းချင်း တစိတ်တ၀မ်းတည်းရှိကြလျက်၊ ယုံကြည်သူတို့၏အသည်းအိမ်ထဲတွင် ၀ိညာဉ်တော်မြတ်ဘုရားမှ အစပျိုး ထည့်သွင်းထားပေးသော ချစ်ခြင်းနှင့်ပျော်ရွှင်ခြင်းတို့အရှိန် ထိုးပွင့်လန်းလာသည်တိုင်အောင် သက်သေခံ နိုင်သော ခွန်အားအပြည့်အ၀ပိုင်ဆိုင်ကြရမည်ဖြစ်၏ (ခ်.တမန် ၂း၄၂)။ ဂျွန်ပေါလ်-၂၏(Redemptoria Missio)
စာချွန်လွှာ၌ ဖော်ပြထားသည့်အတိုင်း-အသင်းတော်၏ စေလွတ်ခြင်းအမှုတော်မြတ်မှာ- လက်တွေ့ သက်သေခံခြင်း အမှုမပြုမီကပင် လူသူအများရှေ့တွင် ပုံသက်သေကောင်းပြသပေးခြင်းတည်း ဟူသော မိမိတို့၏ထွန်းလင်းတောက်ပြောင်သော ရောင်ခြည်တို့ဖြင့် ကွန်မြူးလျက်နေကြရ၏။ အလားတူ၊ ကျမ်းတတ်ပညာရှင် Tertullian မှ ထောက်ပြချက်အရ- ချစ်ခြင်းအရိပ်အာဝါသအောက်၌ လက်ဦး ခရစ်ယာန်တို့ ပေါင်းစည်းညီ ညွတ်စွာ နေထိုင်ခြင်းကို ကြည့်ပြီး ပတ်ဝန်းကျင်ရှိဘာသာပများ အမြင်မှန်ရကာ ယုံကြည်သူတို့အစုအဝေးထဲသို့ စိတ်ပြောင်းလဲလာကြကြောင်း- ''သူတို့အချင်းချင်းချစ်ခင်ကြပုံကိုသာဘဲ ကြည့်ကြပါလော့။'' (cf. Apology,39:87)

ကျမ်းစာတော်မြတ်၌ ရေးသားထားသော ဘုရားရှင်နှုတ်ကပါတ်တော်၏ သုံးသပ်ချက်အကျဉ်းကို
အဆုံးမသတ်မီ၊ အလျင်းသင့်၍ ဖော်ပြလိုသည့်အချက်မှာ- သန့်ရှင်းသောဝိညာဉ်တော်မြတ်ဘုရားသည် လူသားမျိုးနွယ်စု အားလုံးအတွက် ဘုရားရှင်၏အကြီးမြတ်ဆုံးသောလက်ဆောင်မွန်ဖြစ်သည်သာမက ကျွန်ုပ်တို့ အပေါ် ထားတော်မူသော ကိုယ်တော်ရှင်၏ချစ်ခြင်း သက်သေဖြစ်တော်မူ၏။ ဤချစ်ခြင်း၏ အခြေခံအုတ်မြစ်ပေါ်တွင် လူသားတိုင်းဘုရားအလိုကျ အသက်ရှင်ပိုင်ခွင့်(yes to life) ရရှိကြရမည်ဖြစ်၏။ ဤမွေးရာပါ လူ့အခွင့်အရေးကို
နာဇရက်မြို့သားယေဇူး၏ အသက်တာအားဖြင့် လည်းကောင်း သေခြင်းနှင့်မကောင်းဆိုးဝါးဟူသမျှကို အောင်မြင်တော်မူသော ကိုယ်တော်ရှင်၏ ကယ်ချွတ်ခြင်းအမှုတော်အားဖြင့်လည်းကောင်း၊ ကျွန်ုပ်တို့ အပြည့်အ၀ခံစား ရရှိလေသည်။ ဤအကြောင်းကြောင့် ခရစ်တော်၏ဧ၀ံဂေလိတရားတော်နှင့် စပ်လျဉ်း၍ ကျွန်ုပ်တို့မမေ့မလျှော့အပ်သည့်အချက်မှာ- ၄င်းသည်သမရိုးကျရေးသားချက်မဟုတ်ဘဲ၊ ၀ိညာဉ်တော်မြတ် ဘုရား၏တန်ခိုးအလင်းကို ပေးရန်-ရည်ရွယ်ရေးသားထားခြင်းဖြစ်၏။ ကမ္ဘာလူသားအားလုံးအတွက် ဤ၀မ်းမြောက်ဖွယ် သတင်းကောင်း ဖြန့်ချီပေးရေးမှာ- ထိုပင်တေကော့စ်ပွဲနေ့မှအစ၊ အရှိန်အဟုန်မြှင့်ကာ၊ ယနေ့နှင့် နောင်ကပ်ကမ္ဘာကုန်သည်တိုင်အောင် သတ္တိရှိရှိထမ်းရွက်နေဆဲဖြစ်သော အသင်းတော်၏ မဟာတာဝန် ဖြစ်ပေတော့သည်။

အသင်းတော်ထမ်းရွက်နေသော ဤကယ်တင်ခြင်းအမှုတော်ကြောင့် ကျွန်ုပ်တို့ခံစားရသော အကျိုးကျေးဇူး
များ မှာ- ၀ိညာဉ်တော်ဘုရား၏ခွန်အားတန်ခိုးမှဖြစ်သော အသီးအပွင့်များပင် ဖြစ်ပေသည်။ အလားတူ၊ မိမိတစ်ပါး တည်းသော သားတော်ယေဇူးအပေါ်ထားတော်မူသော ချစ်ခြင်းအမှတ်သက်သေမူကား ဤ၀ိညာဉ်တော်မြတ် ဘုရားပင် ဖြစ်တော်မူ၏။ ကျွန်ုပ်တို့တစ်ဦးစီ၏ စိတ်နှလုံးထဲတွင် ခပ်နှိပ်ထားလျှက်ရှိသော ဤချစ်ခြင်းအမှတ် သက်သေအတူတူပင် ဖြစ်၏။ သို့ဖြစ်၍ ဤအကြောင်းအချက်ကို ယုံကြည်သူတိုင်းမမေ့မလျော့ပါစေနှင့်။

အဘယ်ကြောင့်ဆိုသော် ဘုရားရှင်၏ ၀ိညာဉ်တော်သည် လူပုဂ္ဂိုလ်တိုင်းနှင့် ၄င်း၏ အကြံအစည်/ လိုအင်ဆန္ဒ

အ၀၀ကို အမြဲသိမြင်တော်မူ၏။ အထူးသဖြင့် သင်တို့လူငယ်လူရွယ်များမှတဆင့် အခြားသောလူတို့၏ မနော စိတ် အကြံအစည်တို့ကို နှိုးဆွတောက်လောင်စေခြင်းအားဖြင့် ဤကမ္ဘာလောကတွင် ဆန်းသစ်သော ပင်တေကော့စ်ပွဲတော်ကို မပြတ်ဆင်နွဲနိုင်ကြမည် ဖြစ်ပေသည်။

၅။ သန့်ရှင်းသောဝိညာဉ်တော်ဘုရား-''စိတ်ဝိညာဉ်အသက်တာဘ၀၏လက်ဦးဆရာ''
ချစ်လှစွာသော လူငယ်မိတ်ဆွေအပေါင်းတို့- ယနေ့အသင်းတော်အားဖြင့် သန့်ရှင်းသော ၀ိညာဉ်တော် ဘုရားသည် မိမိ၏ခွန်အားတန်ခိုးဖြင့် လူသားကယ်တင်ခြင်းအမှုတော်ကို အစဉ်အဆက် လုပ်ဆောင် တော်မူလျက်ရှိ၏။

ထိုဝိညာဉ်တော်၏ အသီးအပွင့်မူကား- အရာအားလုံးကိုဆန်းသစ်စေသောတန်ခိုးကျေးဇူးတော်သို့ ကျွန်ုပ်တို့ လမ်းစ
ဖွင့်ပေးနိုင်သည်နှင့်အမျှ၊ အတိုင်းအဆအားဖြင့် အကျိုးကျေးဇူးများကို အမှန်မုချခံစားရရှိစေမည်သာ ဖြစ်၏။

ဤအတွက်၊ အလိုအပ်ဆုံးသောအချက်မှာ- ကျွန်ုပ်တို့ဝိညာဉ်တော်ဘုရားကိုသိဖို့၊ ကိုယ်တော်နှင့် အမြဲ အပေးအယူ
အဆက်အသွယ်ရှိဖို့နှင့် ကိုယ်တော်ရှင်ထိန်းကျောင်းလမ်းညွှန် တော်မူသည့်အတိုင်း ကျွန်ုပ်တို့တသွေမတိမ်း လိုက်နာဖို့ပင် ဖြစ်၏။ သို့ရာတွင် ဤနေရာ၌ မေးစရာမေးခွန်း တခုအလိုအလျှောက် ဖြစ်လာသည်မှာ- ကျွန်ုပ်တစ်ဦးအနေဖြင့်-သန့်ရှင်းသော ၀ိညာဉ်တော်ဘုရားဆိုတာ ဘယ်လိုပုဂ္ဂိုလ်ပါလဲ၊ မရေမတွက်နိုင်သော ခရစ်ယာန်များအဖို့ ၀ိညာဉ်တော်ဘုရားဆိုတာ -တကယ်တမ်းမှာတော့-''လူမသိသူ မသိပုဂ္ဂိုလ်ကြီး''ပါဘဲလား၊ ဤပဟေဠိပုစ္ဆာကြောင့် ရှေ့ကျင်းပမည့်လူငယ်များနေ့မတိုင်မီ၊ ၀ိညာဉ်တော်ဘုရား အကြောင်းကို ကိုယ်တိုင်ကိုယ်ကျ အလေးအနက်သိကျွမ်းစေဖို့အတွက် သင်တို့ကို ကျွန်ုပ်ဖိတ်ခေါ်နေခြင်း ဖြစ်ပါသည်။ ယုံကြည်ခြင်းအချုပ် တွင်-''အသက်ပေးတော်မူသော အရှင်သခင်၊ ခမည်းတော်နှင့်သားတော်မှ ပေါ်ထွက်တော်မူသောဝိညာဉ်တော်ဘုရားကိုလည်း ကျွန်ုပ်ယုံကြည်ပါ၏'' ဟူ၍ ကျွန်ုပ်တို့ဝန်ခံကြပါသည်။ မှန်ပေသည်။ ဤ၀ိညာဉ်တော်သည် ခမည်းတော်နှင့်သားတော်မှ ပေါ်ထွက်သော ချစ်ခြင်း၏ ၀ိညာဉ်တော်ဖြစ်၏။ ''ငါတို့အားပေးတော်မူသော သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ငါတို့၏စိတ်နှလုံးထဲသို့ ကိုယ်တော်၏မေတ္တာတော်ကို သွန်းလောင်းတော်မူသောကြောင့် ဖြစ်၏။ ''(ရော-၅း၅) ဤ၀ိညာဉ်တော်မြတ် ဘုရားကို သိရုံသက်သက်ဖြင့် မလုံလောက်နိုင်ပါ။ ကိုယ်တော်ရှင်ကို ''ကျွန်ုပ်တို့၏စိတ်ဝိညာဉ် အသက်တာ ဘ၀၏ လက်ဦးဆရာ'' အဖြစ် အရာရာ၌ထိန်းကျောင်းလမ်းညွှန်သွန်သင်တော်မူပါမည့်အကြောင်း ဖိတ်မန္တကပြု
ကြိုဆိုကြရမည်။ ကိုယ်တော်ရှင်ြွကမြန်းတော်မူလာသောအခါ၌ ကျွန်ုပ်တို့အား ပုဂ္ဂိုလ်သုံးပါးတစ်ဆူဘုရား၏ နက်နဲလှသောအကြောင်းချင်းရာတို့ ကို သိကျွမ်းခွင့်ပေးသနားတော်မူလိမ့်မည်။ အကြောင်းမူကား ၀ိညာဉ်တော်
တစ်ပါးတည်းသာလျှင် ယုံကြည်ခြင်းအလင်းသို့ လည်းကောင်း၊ ယုံကြည်လက်ခံသည့်အတိုင်း နေ့စဉ်နှင့်အမျှ အပြည့်အ၀ ကျင့်ဆောက်တည်နိုင်သော ခွန်အားတို့ကိုလည်းကောင်း၊ ပေးပိုင်တော်မူသော အရှင်သခင်ဖြစ်တော်မူ၏။ သူတစ်ပါးကောင်းကျိုးချမ်းသာအတွက် ရွက်ဆောင်နိုင်စေရန် ကျွန်ုပ်တို့ ကိုယ်စိတ်ဆန္ဒတဖွားဖွား ဖြစ်ပေါ်စေတော်မူ၏။

သင်တို့ လူငယ်လူရွယ်များ ခရစ်တော်သခင်အား အဘယ်မျှ ချစ်ခင်မြတ်နိုးတန်ဖိုးထားကြောင်းကို
လည်းကောင်း၊ ကိုယ်တော်ရှင်နှင့် ဆုံစည်းဖို့၊ ရင်ဖွင့်စကားပြောဖို့ သင်တို့မှာ ဆန္ဒပြင်းပြနေကြသည်ကို လည်းကောင်း၊ အကျွန်ုပ်သိပါသည်။ အမှန်ဧကန်ဖြစ်သည့်အကြောင်းကား-ကျွန်ုပ်တို့တစ်ဦးစီ၏ အတွင်း စိတ်နှလုံးထဲတွင် ကိန်းဝပ်စံပယ်လျက်ရှိသော ၀ိညာဉ်တော်ဘုရား၏ တန်ခိုးကျေးဇူးကြောင့်သာလျှင်-တံကျင်၌အသေခံ၍ ထမြောက်တော်မူပြီးသော ခရစ်တော်ယေဇူး၏ခန္ဓာတော်၌ ကျွန်ုပ်တို့ ကိုယ်ကို ပေါင်းစပ်ပါဝင်စေခြင်း ဖြစ်ကြောင့် အမြဲသတိယကြပါ။ သို့ဖြစ်သောကြောင့် ခရစ်တော်နှင့်တနေ့တခြား ပို၍ ရင်းနှီးအကျွမ်းတ၀င် ဖြစ်လိုကြပါလျှင်- သန့်ရှင်းသော ၀ိညာဉ်တော်မြတ်ဘုရားနှင့် အရင်အဦး တရင်းတနှီး ရှိကြဖို့ အထူးလိုအပ်ကြောင်း ပြောကြားလိုပါသည်။

၆။ ခရစ္စမ္စမတ်အားပေးခြင်းနှင့်ကိုယ်တော်မြတ်အသွေးအသားမင်္ဂလာတော်။
နောက်ထပ်၊ ၀ိညာဉ်တော်မြတ်ဘုရားနှင့် ရင်းနှီးအကျွမ်းတ၀င်ရှိခြင်း၊ ၀ိညာဉ်အသက်တာ ရှင်သန်ကြီးထွား လာစေရေးအတွက် ထိုဝိညာဉ်တော်၏တန်ခိုးကျေးဇူးကို အားကိုး၍ မည်သို့ဘ၀သစ်၊စိတ်သစ်၊လူသစ်သို့ ပြောင်း
လဲလာကြရမည့်အကြောင်း သိလိုကြပါလိမ့်မည်။ ၄င်းအတွက်အဖြေမှာ- စက္ကရမင်တူးမင်္ဂလာတော်များကို ထိုက်တန်စွာ ခံယူခြင်းဖြင့် ရရှိနိုင်ပါသည်။ အဘယ်ကြောင့်ဆိုသော စက္ကမင်တူးမင်္ဂလာတော်များ- အထူးသဖြင့်
ခရစ်ယာန်အသက်တာသို့ ပျိုးထောင်ပေးသောဆေးကြောခြင်း၊ ခရစ္စမတ်အားပေးခြင်းနှင့် ကိုယ်တော်မြတ်အသွေး အသားမင်္ဂလာတော်- အပြန်အလှန်အားဖြင့် အမှီသဟဲပြု၍ သီးခြားခွဲထားမရနိုင်သော ဤစက္ကမင်မင်္ဂလာတော် (၃)ပါးတို့ဖြင့် ယုံကြည်ခြင်းကျေးဇူးတော်ကို ရရှိစေကာရှင်သန်ကြီးထွားစေပါသည် (cf. CCC, 1285)။ ခရစ်ယာန် အသက်တာဘ၀ကို ပျိုးထောင်ပေးသော ဤစက္ကမင်မင်္ဂလာတော်(၃)ပါးနှင့်ဆိုင်သော ယုံကြည်လိုက်ကျင့်ရန်အချက် တို့ကို အခိျု့သောခရစ်ယာန်ဘာသာဝင်တို့၏ဘ၀၌ လျစ်လျူရှုထားသည်ကိုလည်း တွေ့ရှိရပေသည်။ တခါတရံ၊ ငယ်စဉ်ကလေးဘ၀က ပြုဖွယ်ကိစ္စဟူ၍လည်းကောင်း၊ လက်ရှိ ဘ၀အခြေအနေအတွက် အရေးမပါလှ- ဟူ၍လည်းကောင်း မှတ်ယူတတ်ကြ၏။ ဤသို့ဆိုလျှင် ၄င်းတို့၏ ယုံကြည်ခြင်းဘ၀သည် ရေသောက်မြစ် မရှိသော(၀ါ)မြေသြဇာအာဟာရမရရှိနိုင်သော အပင်နှင့် ဆင်တူပါလိမ့်မည်။ လူငယ်အများအပြားတို့သည် ခရစ္စမတ်အားပေးခြင်းမင်္ဂလာခံယူပြီးနောက်ပိုင်းတွင် ယုံကြည်ခြင်းတရားလမ်းမှ ခပ်ခွာခွာသွေဖယ်သွားကြ၏။

၎င်းကိုခံယူခြင်း မရှိကြဘဲနေသည်လည်း ရှိ၏။ သို့ရာတွင် ဤစက္ကရမင်မင်္ဂလာတော်(၃)ပါးလုံးကို ခံယူသူဖြစ်မှသာ၊
ဝိညာဉ်တော်မြတ်ဘုရား၏တန်ခိုးကျေးဇူးတော်ကြောင့် ကျွန်ုပ်တို့အား ခမည်းတော်ဘုရား၏ သားကောင်းသမီးမွန်များ၊ ခရစ်တော်၏မောင်ရင်းနှမများ၊ အသင်းတော်၌ ခန္ဓာတော်အစိတ်အပိုင်းများ၊ ဧ၀ံဂေလိ တရားတော်အတွက် ပီပြင်စွာသက်သေခံနိုင်သူများနှင့် စစ်မှန်သော ယုံကြည်ခြင်းတရားလမ်းအတိုင်း မယိမ်းမယိုင်ဘဲထိန်းသိမ်း၊ ကာကွယ်၊ စောင့်ရှောက်၊ ကျင့်ကြံသောသူများ ဖြစ်စေသည်။

သို့ဖြစ်ပါ၍ သင်တို့လူငယ်လူရွယ်များထံ ယခုကျွန်ုပ်ရေးသားပေးပို့လိုက်သော သတင်းစကားကို အမြဲနှလုံးသွင်း

ဆင်ခြင်ကြဖို့ မှာကြားလိုပါသည်။ အထူးသဖြင့် ယနေ့အချိန်ကာလတွင် ဤသန့်ရှင်းမြင့်မြတ်လှသော ခရစ္စမတ်
အားပေးခြင်းမင်္ဂလာတော်အား အထူးလေးအမြတ်ထားပြီး၊ ၀ိညာဉ်ရှင်သန်ရေးကဏ္ဍ၌ ၄င်းအရေးပါပုံတို့ကို ကောင်းစွာသိရှိနားလည်ကြဖို့ လိုအပ်နေပါသည်။ ဆေးကြောခြင်းနှင့် ခရစ္စမတ်အားပေးခြင်းခံယူပြီးသူများ တနည်းဆိုရသော်သည် ''သန့်ရှင်းသောဝိညာဉ်ဘုရား၏ဗိမ္မာန်တော်များ'' ဖြစ်လာကြ၏။ ဤအချက်ကို အစဉ်သတိရကြလျက် မည်သည့်ရွှေငွေရတနာတို့နှင့် မလဲနိုင်သောဘ၀တွင် အလျှံပယ်စွာ သီးပွင့် ဝေဆာနေကြကာ၊ သန့်ရှင်းစုံလင်ခြင်းသို့ ရောက်သည်တိုင်အောင် အစဉ်တစိုက်အားထုတ်နေကြရမည်။ သို့ဖြစ်၍ ဆေးကြောခြင်းခံပြီးသော ခရစ္စမတ်အားပေးခြင်းမခံရသောသူများ ''ပီသသောခရစ်ယာန်များ'' ဖြစ်လာကြစေရန် ၄င်းကိုခံယူနိုင်ဖို့ အဆောတလျင်လုပ်ဆောင်ပါ။ အဘယ်ကြောင့်ဆိုသော် ဆေးကြောခြင်း မင်္ဂလာအားဖြင့် ခံယူခဲ့ရသော ကျေးဇူးတော်တို့ကို ဤခရစ္စမတ်အားပေးခြင်းမင်္ဂလာက ပိုမိုပြည့်စုံလေသည်။ (cf. CCC-1302/1304)

ခရစ္စမတ်အားပေးခြင်းမှ ဆန်းပြားထူးခြားသော ခွန်အားတစ်မျိုးကိုပေး၍ ဘုရားရှင်အားအသက်ထက်ဆုံး
သက်သေခံခြင်းနှင့် ထောပနာပြုခြင်းပြုနိုင်သော သတ္တိအာနိသင်ဖြစ်ပေါ်စေ၏။ ခရစ်တော်၏ခန္ဓာတော်ဖြစ်သော
အသင်းတော်၌ တက်တက်ြွကြွက ပူးပေါင်းပါဝင်စေလျက်၊ အသင်းသားအားလုံးတို့နှင့် တပေါင်းတစည်းတည်း ဖြစ်စေ၏ (ခ်.၁ကော-၁၂း၁၂-၂၅)။ ဤသို့ဝိညာဉ်တော်ဘုရား၏ ထိန်းကျောင်းလမ်းညွှန်မှုကို ခံယူသော ခရစ်ယာန် တစ်ဦးသည် အမိအသင်းတော်ကြီးတိုးတက်ရာ တိုးတက်စေကြောင်း အုတ်တစ်ချပ်သဲတစ်ပွင့်ပမာ ပါဝင်လုပ်ဆောင်နိုင်၏။ ''အများကောင်းကျိုးအတွက် လူအသီးသီး၌၀ိညာဉ်တော်ဘုရား၏ ထင်းရှားတော်မူခြင်း ကိုပေးထားလျက်ရှိ၏'' (၁ကော-၁၂း၇)။ ဤကျမ်းချက်နှင့်အညီ ၀ိညာဉ်တော်ဘုရားထံမှ အစွမ်းထက်သော ၀ိညာဉ်ခွန်အား အထူးခံစားရရှိစေသည်။ ၀ိညာဉ်တော်ဘုရားမြတ်၏ အနှစ်သာရအသီးအပွင့်များမှာ-''ချစ်ခြင်း၊ ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်း၊ သည်းခံခြင်း၊ အကြင်နာမေတ္တာ၊ ရက်ရောတတ်ခြင်း၊ သစ္စာရှိခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ မိမိကိုယ်ကို ချုပ်တီးတတ်ခြင်း၊'' (ဂါလား-၅း၂၂)တို့ ဖြစ်သည်။ အကယ်၍ ခရစ္စမတ်အားပေးခြင်း မခံရသေးသူလူငယ်များ ရှိပါက၊ သင်တို့၏ ဘုန်းတော်ကြီးအကူအညီဖြင့် ပြင်ဆင်ထားပြီးခံယူကြဖို့ ကျွန်ုပ်တိုက်တွန်းပါရစေ။ ၄င်းမှာ သခင်ဘုရားကိုယ်တော်တိုင်ပေးသနားတော်မူသော အခွင့်ထူး ဖြစ်သောကြောင့် ၄င်းကိုလက်မလွှတ်စေပါနှင့်။

ဆက်လက်၍ ကိုယ်တော်မြတ်မင်္ဂလာတော်အကြောင်း အနည်းငယ်ပြောကြားလိုပါသည်။ ခရစ်ယာန် အသက်တာ
ဘ၀ဖွံ့ဖြိုးကြီးထွားလာစေရန် ခရစ်တော်၏အသွေးအသားတော် မှီဝဲစားသုံးနိုင်ကြရန်အတွက် အဓိကထား၍ ဆေးကြောခြင်းနှင့်ခရစ္စမတ်အားပေးခြင်းတို့ကို ခံယူကြခြင်းဖြစ်ပေသည်(cf.CCC, 1322; Sacramen tum Caritatis, 17)။ အသင်းတော်၏''အသက်''၊ အသင်းတော်၏ ''အရင်းအမြစ်နှင့် အထွဠ်အထိပ်'' ဖြစ်သော ဤကိုယ်တော်မြတ် မင်္ဂလာတော်သည် ကျွန်ုပ်တို့အဖို့ ''စဉ်ဆက်မပြတ်သော ပင်တေကော့စ်(တနည်းဆိုရ သော် perpetual Peutecost) ပင်ဖြစ်၏။ အဘယ်ကြောင့်ဆိုသော မစ္ဆားပူဇော်ခြင်းအမှုကို ပြုကြသည့်အခါတိုင်း၌ သန့်ရှင်းသောဝိညာဉ်တော်မြတ် ဘုရားကို ခံယူကြလျက် ကျွန်ုပ်တို့ကိုခရစ်တော်နှင့် တဖန်မြဲမြံစွာပေါင်းစပ်စေပြီး၊ ကျွန်ုပ်တို့အား ခရစ်တော်အသွင် သဏ္ဍာန်တော်သို့ ပြောင်းလဲသွားစေသော ၀ိညာဉ်တော်ပင်ဖြစ်၏။

ချစ်ခင်လှသော ကျွန်ုပ်၏မိတ်ဆွေလူငယ်မောင်မယ်အပေါင်းတို့-ဤသို့ကိုယ်တော်မြတ် အသွေးအသား ပွဲတော်ကျင်းပခြင်း၊ ချစ်ခင်၏စက္ကရမင်မင်္ဂလာတော်ရှေ့ ၀တ်ပြုကိုးကွယ်ခြင်းတို့ကို မကြာခဏပြုလုပ်ကြမည် ဆိုလျှင်- ဧ၀ံဂေလိသက်သေခံခြင်းအမှုတော်၌ မိမိတို့ကိုယ်ကို ဆက်ကပ်ခါ၊ နှစ်ထောင်းအားရပျော်ရွှင်စွာ ဇောက်ချလုပ်ဆောင်နိုင်ကြမည် ဖြစ်ပါသည်။ အထူးသဖြင့် မိမိတို့မတတ်စွမ်းနိုင်၊ လက်လှမ်းမမှီနိုင်ဟု လက်မှိုင် ချသည့်အခါများ၌ ၀ိညာဉ်တော်မြတ်ဘုရား၏ခွန်အားတန်ခိုးကိုသာ အားထားပြီး အရာရာကိုပြုပြင်ပြောင်းလဲ စေနိုင်သော သာသနာပြုစိတ်ဓါတ်၊ ရှင်ပြန်တော်မူသော ခရစ်တော်အားသက်သေခံလိုသော ခရစ်တော်အား သက်သေခံလိုသော စိတ်တွေကို တထူးတခြားခံစားလာရမည် ဖြစ်ပါသည်။

၇။ လိုအပ်ချက်နှင့်အညီ အဆောတလျင်လုပ်ဆောင်ရမည့်တာဝန်။
များပြားလှသော ယနေ့လူငယ်များ၏ဘ၀မှာ မသေချာမရေရာဖြစ်ကာ မိမိတို့အနာဂတ်ရှေ့ရေးအတွက် သို့လောသို့လော ဖြစ်နေကြ၏။ မိမိတို့ဘ၀အတွက် ရတက်မအေးဖြစ်ကြလျက် သိလိုမေးမြန်းလိုသော အကြောင်း အရာတသီတတန်းကြီး ရှိနေကြ၏။ ဥပမာ-မတော်မတရားမှုများ၊ ဒုက္ခဆင်းရဲခြင်းတွေနှင့် ရောပြွန်းနေသော ဤကမ္ဘာကြီးမှာ ငါတို့အဘယ်ကဲ့သို့ ရပ်တည်နိုင်မည်နည်း။ အတောမသတ်နိုင်သော တစ်ကိုယ်တော် ကောင်းစားရေးနှင့် အကြမ်းဖက်မှုဝါဒတွေကို မည်သို့တုန့်ပြန်ရမည်နည်း။ လူ့ဘ၀ အသက်ရှင်ခြင်းအကြောင်း မည်သို့အဓိပ္ပါယ်ရှိရှိ၊ အနှစ်သာရပြည့်ဖေါ်ဆောင်ပေးရမည်နည်း။ အထက်၌ဖေါ်ပြပြီးသော ၀ိညာဉ်တော်၏ အသီးအပွင့် များတို့ကို ဤတုန်လှုပ်ခြောက်ခြား၍ မတည်မငြိမ်ဖြစ်နေသော ကမ္ဘာ-အထူးသဖြင့် လူငယ်ထု၏နေ့စဉ်ဘ၀အသက်တာတို့သို့ စိမ့်ဝင်ပံျ့နှံ့လာအောင် ငါတို့မည်သို့ဆောင်ကျဉ်းပေးနိုင်မည်နည်း။ မည်သည့်အကြောင်း အချက်များအပေါ် အခြေခံပြီး လက်ဦးဖန်ဆင်းတော်မူခြင်းနှင့် အထူးသဖြင့်ဒုတိယအသစ်ပြုပြင်ဖန်ဆင်းခြင်း (ကယ်တင် တော်မူခြင်း)တည်း ဟူသော အသက်ပေးဝိညာဉ်တော်သည် ကမ္ဘာလူသားအားလုံး၏ အသည်းနှလုံးထဲတွင် အသက်ဝင်လှုပ်ရှား စေနိုင်မည်နည်း။ ဤနေရာတွင် ကျွန်ုပ်တို့မမေ့မလျော့၊ အစဉ်နှလုံးသွင်းရမည့်အချက်မျာ ဘုရားရှင် ပေးသနားတော်မူသော ကျေးဇူးတော်ကြီးမားလေလေ၊ ၄င်းအတွက် လိုအပ်ချက်မသိခံစားရသော ကျေးဇူးတော်များအတွက် အသင်းတော်၏ သက်သေခံခြင်း အခန်းကဏ္ဍမှာလည်း ထိုမျှမက အားတက်သရောရှိရမည်သာ ဖြစ်ပါသည် သို့ဖြစ်သည်နှင့်အညီ အဆောတလျင်ထမ်းဆောင်ရန်ရှိသည့် တာဝန်(၀ါ)သက်သေခံခြင်းအမှု၌ အသင့်ပါဝင်လိုကြကြောင်း ပြသလိုက်ခြင်း ဖြစ်ပါသည်။

ဆက်လက်၍ လူငယ်လူရွယ်များ အထူးနှလုံးသွင်းဆင်ခြင်ဖို့အတွက် အချက်အချာကျသည့်သမ္မာတရားတော်
သွန်သင်ချက်အခိျု့ကို ဖော်ပြပေးလိုပါသည်။ -ကျွန်ုပ်တို့အား ပေးသနားတော်သမျှ ကျေးဇူးတော်တို့ အနက်'ခရစ်တော်၏ ၀ိညာဉ်တော်'တည်း ဟူသော ဆုကျေးဇူးတော်သည် အကြီးမြတ်ဆုံးဖြစ်၏။
-ခရစ်တော်သခင်သာလျှင် လူပုဂ္ဂိုလ်တစ်ဦးစီ၏စိတ်ဘ၀င်ထဲရှိလိုအင်ဆန္ဒအ၀၀ကို ဖြည့်စည်းပေးနိုင်၏။ -ခရစ်တော်သခင်သာလျှင် ကမ္ဘာလူသားအားလုံးကိုပြန်၍''လူသားဆန်ဆန်''ဖြစ်စေပြီး ဘုရားအဖြစ်တော်၌ ပေါင်းစပ်ခြင်း ကိုပြုနိုင်ပေး၏။
-ခရစ်တော်၏၀ိညာဉ်တော်အားဖြင့် ကျွန်ုပ်တို့၏စိတ်နှလုံးထဲတွင် ဘုရားရှင်ကိုချစ်တုံ့လှယ်နိုင်သော ခွန်အား ပေါက်ဖွားစေသကဲ့ သို့ မိမိနီးစပ်သောသူတို့အား ချစ်ခြင်းနှင့်အစေခံခြင်းအမှုကိုပြုနိုင်ကြ၏။
-သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏ အလင်းခွန်အားကျေးဇူးဖြင့် တံကျင်၌အသေခံပြီး တဖန်ရှင်ပြန်ထမြောက် တော်မူသော ခရစ်တော်အား အတုယူကြလျှက် ''ကိုယ်တော်ထံမှတသွင်သွင် စီးဆင်းလာသော မေတ္တာစမ်းရေ၏ ပုံရိပ်နှင့်အသုံးခံများအဖြစ်သို့ ကျွန်ုပ်တို့ကိုပြောင်းလဲစေတော်မူ၏''(Deus Caritas Est, 33)”။
ဤကဲ့သို့ ၀ိညာဉ်တော်ဘုရားစေလိုရာသို့ အသာတကြည်လိုက်ပါသွားကြသော သူတို့အဖို့ ဧ၀ံဂေလိအမှုတော် ထမ်းရွက်ရာတွင် ၀န်ထုပ်ဝန်ပိုးဟူ၍ မမှတ်ယူကြတော့ဘဲ၊ သူတစ်ပါးအကျိုးအလို့ငှါ မဖြစ်မနေအဆောတလျင် ထမ်းဆောင်ရမည့်တာဝန်ကြီးဟု ခံယူနိုင်ကြပေသည်။ သို့ဖြစ်၍ ခရစ်တော်အတွက် သက်သေခံသူများအဖြစ် ကျွန်ုပ်တို့အမှန်ဧကန် ထမ်းရွက်လိုပါက-ဧ၀ံဂေလိတရားတော်ပြန့်ပွားရေးဒိုင်ချုပ်'' (cf. E N, 75)ဖြစ်၍၊ ''တမန်တော်လုပ်ငန်း၏ ဒိုင်ချုပ်''cf. Redemptoria Missio, 21)လည်း ဖြစ်တော်မူသော သန့်ရှင်းသောဝိညာဉ်တော်မြတ်ဘုရား၏ လမ်းညွှန်မှုအတိုင်း လျှောက်လှမ်းကြရပေမည်။ ချစ်သောမိတ်ဆွေ လူငယ်မောင်မယ်အပေါင်းတို့ ကျွန်ုပ်အထက်နောင်တော်ကြီးများ ဖြစ်ကြသော Paul VI နှင့်John Paul IItအရှင်မြတ်တို့ မကြာခဏြွမက်ကြားခဲ့သည့်အတိုင်း ''ဧ၀ံဂေလိတရားတော်ကြေငြာခြင်းနှင့် ကျွန်ုပ်တို့ယုံကြည်ခြင်းတရားတော်ကို ကိုယ်ထိလက်ရောက် သက်သေခံခြင်းအမှုလုပ်ဆောင်ကြဖို့ ယခင်ကထက် ယခုအချိန်အခါအခြေအနေက တောင်းဆိုလျက်ရှိကြောင်း'' (R. Missio I.) သို့ပင်သော်လည်း တန်ဖိုးမဖြတ်နိုင်သော ရတနာကြီးနှင့်တူသည့် ဤယုံကြည်ခြင်းတရားတော်ကို လက်သင့် မခံနိုင်ဘဲနေသော သူတို့အားဖေါက်သည်ချ ဟောကြားပေးလိုက်လျှင် ထိုသူတို့အပေါ် ရိုင်းရာကျမည်လောဟူ၍ ထင်မြင်ယူဆစရာဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ သို့ရာတွင် ဤအတိုင်းမဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော်၊ ခရစ်တော်ကိုပြညွှန်ပေးခြင်းဖြင့် သူတို့အပေါ်ဝန်ထုပ်ဝန်ပိုးဖြစ်စေမည် မဟုတ်ပေ (cf.E. Nuntiandi, 80)။

ထိုမျှမက လွန်ခဲ့သော အနှစ်(၂၀၀၀)ကျော်ကတည်းက တစ်ကျိပ်နှစ်ပါးသော တမန်တော်ကြီးတို့ အသက်စတေးခဲ့ကာ
ခရစ်တော်အကြောင်း သက်သေခံခဲ့ကြပြီ။ ထိုအချိန်မှစ၍ သမိုင်းစဉ်တစ် လျှောက်လုံးမရေမတွက်နိုင်သော အမျိုးသား၊ အမျိုးသမီးများ တရားတော်အတွက် သက်စွန့် ကြိုးပမ်းထမ်းဆောင်လာခဲ့ကြသည်။ ယနေ့အဖို့များလည်း ဤကယ်တင်ခြင်း သတင်းကောင်းအတွက် မခိုမကပ်တတ်သော ခရစ်တော်နောက်လိုက်ကောင်းများ ပေါ်ထွန်းလာဖို့ အရေးတကြီးလိုအပ်လျက်ရှိ၏။

ရှေ့ဟောင်းသူတော်မြတ်+ရဟန္တာတို့ထားခဲ့သည့် ပုံသက်သေနည်းတူ၊ ဤအရေးပေါ်စိန်ခေါ်မှုကြီးကို
ရက်ရောစွာ တုံ့ပြန်နိုင်ရန် လူငယ်များ၏ အတွင်းနှလုံးအိမ်၌ ဘုရားရှင်၏အချစ်မီးထွန်းညှိတောက်လောင်စေဖို့ အဆင်သင့် ရှိနေကြရမည်။ ထို့ကြောင့် သင်တို့လူငယ်မောင်မယ်များအား ကျွန်ုပ်အလေးအနက်ထား ထပ်မံပြောကြား လိုသည်မှာ ''ခရစ်တော်၏၀ိညာဉ်တော်သည် ယနေ့လူသားများ အထူးသဖြင့် သင်တို့ လူငယ်လူရွယ်များအား ကိုယ်တော်၏သတင်းဆောင်သူများဖြစ်စေကြဖို့ ကိုယ်တော်ရှင် ဖိတ်မန္တကပြုတော်မူလျက်ရှိ၏။'' ခေတ်လူငယ်များ၏ အာသီသတွေ၊ အပြောအဆို၊ ခံစားချက်နှင့် မျှော်မှန်းချက်တွေ၊ အကောင်းကို အငမ်းမရရှာဖွေနေကြပုံတို့ကို သင်တို့ လူငယ်များအချင်းချင်းအသိဆုံးဖြစ်၏။ လူကြီးများက ကာလသားလူငယ်တွေနှင့် ပြောဆိုဆက်ဆံရာမှာ အခက်အခဲများနှင့် ရင်ဆိုင်ရဖွယ် ရှိသောကြောင့် လူငယ်များအချင်းချင်းထိတွေ့ဆက်ဆံခြင်းဖြင့် ပို၍အဆင်ပြေအရာရောက်လိမ့်မည်ဟု မျှော်လင့် ရပါသည်။ လက်ရှိလူငယ်များ၏ အတွင်းစိတ်ခံစားချက်များ၊ အလုပ်အကိုင်၊ ပညာသင်ကြားရေး၊ မျှော်မှန်းချက်များနှင့် ဒုက္ခအခက်အခဲများစသည့် အခြေအနေအရပ်ရပ်တို့ကို သိမြင်နိုင်ကြ၏။ အချင်းချင်း အသိချင်းဖလှယ်ပေးနိုင်ကြ၏။ ထို့ကြောင့် သင်တို့လူငယ်တစ်ဦးချင်းအနေဖြင့် အခြားသောအဖေါ်ရွယ်တူတစ် ဦးဦးကို ခရစ်တော်ထံအရောက် မိမိ၏အလျင်းသင့်သောနည်းလမ်းဖြင့် ခေါ်ဆောင်ပေးပါမည်ဟု သန့်ရှင်းသော ၀ိညာဉ်တော်ဘုရားထံ အာမခံရဲရမည်။ ဤသို့ဖြင့်-''သင်တို့ကို ခေါ်တော်မူသောသခင်သည် သန့်ရှင်း မွန်မြတ်တော်မူသကဲ့သို့ သင်တို့သည် လည်း သင်တို့ပြုကျင့်သမျှအမှုတို့၌ သန့်ရှင်းမွန်မြတ်သောသူများ ဖြစ်ကြလော့'' (၁ပေ-၁း၁၅) ဤကျမ်းချက်နှင့်အညီ အချင်းချင်းပြောဆိုဆက်ဆံရာတွင် နူးညံ့သိမ်မွေ့ခြင်းနှင့် အပြန်အလှန်လေးစားခြင်းတို့ဖြင့် ရွက်ဆောင်နိုင်ကြပါစေ။

အထက်၌ဖေါ်ပြခဲ့သော ၀ိညာဉ်တော်မြတ်ဘုရား၌ ခရစ်တော်ကို သက်သေခံခြင်းအမှုပေါက်မြောက်နိုင်စေရေး
အတွက် သင်တို့လူငယ်များ ကိုယ်၌ကပင် သန့်ရှင်းခြင်း၌ မွေ့လျော်သူများ၊ သာသနာပြုပုဂ္ဂိုလ်များအဖြစ် ခံယူကြရပါမည်။ အဘယ်ကြောင့်ဆိုသော် ဤသာသနာပြုလုပ်ငန်းတာဝန်မှာ ဖြောင့်မတ်သန့်ရှင်းစွာ ကျင့်ကြံနေထိုင်ခြင်း ဘ၀နှင့် အမြဲဒွန်တွဲ၍ သွားရမည့် ကိစ္စရပ်ဖြစ်၏။ (cf. R. Missio. 90)- စိန်ဖရန်စစ်ဇေးဗီးယားလို စွန့်လွတ်စွန့် စားသော သာသနာပြုပုဂ္ဂိုလ်ကြီးများ၊ ရဟန္တှာ St. Therese of the Child Jesus လို ပြင်ပလောကထဲသို့ ခြေမချရသောလည်း သာသနာပြုပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုခြင်းခံရ၏။ အဆိုပါပုဂ္ဂိုလ်မြတ်(၂)ပါးမှာ သာသနာ ပြုခြင်းကိစ္စအ၀၀တို့ကို မှိုင်းမတော်မူသောရဟန္တာများ ဖြစ်ကြ၏။ ထိုသူတို့ လျှောက်လှမ်းခဲ့သောလမ်းစဉ်၊ သူတို့၏ ခြေရာကိုနင်း၍ ခရစ်တော်၏သမ္မာတရားအလင်းတော်ကမ္ဘာအနှံ့သို့ ရောက်ရှိစေရေးအတွက်လည်းကောင်း၊ မိမိအသက်ကိုပင် ပဓါနမထားပဲ အမုန်းကိုချစ်ခြင်းဖြင့် တုံ့ပြန်ရန်လည်းကောင်း၊ ဘုန်းတန်ခိုးတော်၌ ရှင်ပြန်တော်မူပြီးသော ခရစ်တော်သခင်ပေးပိုင်တော်မူသော မျှော်လင့်ခြင်းရောင်ခြည်တော်တို့ကို ကမ္ဘာမြေကြီးအဆုံးစွန်တိုင်အောင် ပြန့်နှံ့စေရန်လည်းကောင်း၊ သင်တို့ဘ၀ကို အသင့်အနေအထား၌ရှိနေစေကြလော့။

၈။ ဤကမ္ဘာမြေပေါ်သို့ ''ဆန်းသစ်သော ပင်န်တေကော့စ်'' သွန်းလောင်းပေးတော်မူပါဘုရား
ကျွန်ုပ်၏ချစ်
မိတ်ဆွေလူငယ်အပေါင်းတို့- လာမည့်၂၀၀၈ခု၊ ဇူလိုင်လ ဆန္ဒနီမြို့မှာ သင်တို့တတွေကို အလုံးအရင်း၊ အင်တိုက်အားတိုက်ဖြင့် တဖန်ပြန်ဆုံစည်း ဖို့အရေး ကျွန်ုပ်အထူးမျှော်ကိုးမိပါသည်။ သန့်ရှင်းသော ၀ိညာဉ်တော်ဘုရားတန်ခိုးကျေးဇူးတော်တို့ကို အတူတကွ အပြည့်အ၀ ခံစားရရန် အခွင့်ဖန်လာပါလိမ့်မည်။ သောင်းသောင်းဖျဖျ တက်ရောက်စုရုံးလာကြပါ။ ဤသို့အင်အားအလုံးအရင်းဖြင့် ပြသခြင်း သည် မျှော်လင့်ခြင်းကို ပြညွှန်ပေးသော အမှတ်သင်္ကေတဖြစ်သည်ကတကြောင်း၊ သင်တို့ကို ကြိုဆိုနေသော သြစတြေးလျတိုက်ရှိဌါနေ အသင်းတော်အား တဖက်တလမ်းမှ ချီးမြှင့်အားပေးအားမြှောက်ပြုခြင်း ဖြစ်သည်ကတကြောင်းဖြစ်ပါသည်။ အထူးသဖြင့် အိမ်ရှင်လူငယ်များအဖို့ ဧ၀ံဂေလိတရားတော်၏ မြတ်နိုးဖွယ်သောအလှ၊ ပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းသော သတင်းကောင်းကို အလွန်တရာမှ လောကီဆန်သော ဤသြစတြေးလျနိုင်ငံအား ကြေငြာပေးဖို့ အခွင့်ထူးတစ်ရပ်ဖြစ်ပါလိမ့်မည်။ အဘယ့်ကြောင့် ဆိုသော် အခြားသောပစိဖိတ်ကျွန်းနိုင်ငံများကဲ့သို့ သြစတြီးလျနိုင်ငံအား ကြေငြာပေးဖို့ အခွင့်အထူးတစ်ရပ် ဖြစ်ပါလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် အခြားသောပစိဖိတ်ကျွန်းနိုင်ငံများကဲ့သို့ သြစတြီးလျသည်လည်း ခရစ်ယာန်တရားတော်၏ မူလဇစ်မြစ်ကို ပြန်လည်တွေ့ရှိဖို့ လိုအပ်နေပါသည်။ JP II ၏ နှိုးဆော်စာချွန်လွှာ Ecclesia in Oceania ၌''သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးကျေးဇူးတော်အားဖြင့် အိုဆုဆီလီလားနီယီယာရှိ
အသင်းတော်အဖို့၊ ခရစ်တော်ကို ဆာငတ်နေကြသော ယနေ့လူတို့အား ဧ၀ံဂေလိဒေသနာတော်အသစ် ဖြန့်ချီပေးရေးလုပ်ငန်း စတင်လုပ်ဆောင်နေပေပြီ။ ဤသို့တရားတော်အသစ်တဖန် ဟောကြားပေးခြင်းသည် အိုဆုဆီယီယားနီယီယာရှိှိ အသင်းတော်အတွက် အထူးဦးစားပေးလုပ်ဆောင်သော လုပ်ငန်းရပ်ဖြစ်၏။ (no. 18) XX III World Youth Day တဖြေးဖြေးနီးကပ်၍လာနေပြီး ဤကျန်ရှိနေသေးသောအချိန်မှာ ဆုတောင်းခြင်းနှင့် အခြားဝိညာဉ်ပြင်ဆင်ခြင်းပြုလုပ်ကြဖို့ အကျွန်ုပ်ဖိတ်ခေါ်ပါရစေ။ မိမိတို့ဆေးကြောခြင်းနှင့် ခရစ္စမတ်အားပေးခြင်း မင်္ဂလာခံယူစဉ်က ပြုခဲ့သောဂတိက၀တ်များကို အသစ်တစ်ဖန်ဝန်ခံနိုင်ကြပါလိမ့်မည်။ ကျွန်ုပ်တို့အပေါ်သို့ ၀ိညာဉ်တော်ဘုရားဆင်ြးွကတော်မူ ၍ ဤတတိယထောင်စုနှစ်အတွင်းရှိ အသင်းတော်နှင့် ကမ္ဘာလူသားတစ်ရပ်လုံး အပေါ်သို့''ဆန်းသစ်သော ပင်တေကော့စ်'' သွန်းလောင်းပေးတော်မူပါမည့်အကြောင်း အဖဘုရားရှင်ထံ အားကိုး ယုံကြည်ခြင်းအပြည့်အ၀ဖြင့် အတူတကွတောင်းလျှောက်ကြ မည် ဖြစ်ပါသည်။

ထိုအပေါ်ထပ်ခန်းမဆောင်တွင်းရှိ တမန်တော်ကြီးတို့နှင့်အတူ ၀တ်ပြုဆုတောင်းနေသူ မိခင်မာရီယားသည် ဤအနီးကပ်ပြင်ဆင်ခြင်းကာလ၌ သင်တို့လူငယ်မောင်မယ်တို့နှင့်အတူ ရှိတော်မူလျက်- သင်တို့၏အတွင်းစိတ် နှလုံးကို သန့်ရှင်းသောဝိညာဉ်တော်ဘုရား၏ မီးတောက်မီးလျှံများဖြင့် တောက်လောင်စေတော်မူပါစေ။ အသင်းတော်က သင်တို့အပေါ်အမြဲအားကိုးယုံကြည်လျက်ရှိကြောင်းကိုလည်း အစဉ်သတိယကြပါ။ အသင်းတော်ဦးစီး ခေါင်းဆောင်များဖြစ်ကြသူ ကျွန်ုပ်တို့ကလည်း သင်တို့ချစ်ခင်လေးစားသောသူများအား ခရစ်တော်ကိုပို၍သိရှိ၊ ချစ်ခင်နိုင်ကြစေရန် သူတို့ကိုကိုယ်တော့်ထံဆွဲဆောင်နိုင်ကြပါစေ သင်တို့ ကိုယ်တိုင်လည်း ကိုယ်တော့်နောက်တော်သို့ သစ္စာရှိရှိလျှောက်လှမ်းနိုင်ကြပါစေကြောင်း ဆန္ဒပြုလျက် သင်တို့အား ကျွန်ုပ်လှိုက်လှဲစွာ ကောင်းကြီးမင်္ဂလာပေးလိုက်ပါသည်။


Lorenzago(၂၀)ရက် ဇူလိုင်၂၀၀၇ခု၊
Benedictus PP. XVI
မြန်မာမှုပြုသူ-
A စိုးသိန်း(လွိုင်ကော်)