Jan 17, 2009

ဘုရားသခင်၏ဖန်ဆင်းခြင်းကို ဘယ်လိုမြင်လဲ


ဘုရားသခင်၏ဖန်ဆင်းခြင်းကို ဘယ်လိုမြင်လဲ

ဘုရားသခင်သည် မိမိဖန်ဆင်းသမျှသောအရာတို့ကိုကြည့်ရှုလျှင် အလွန်ကောင်းသည်ကို မြင်တော်မူ၏။ (ကမ္ဘာ ၁း၃၁) ကျွန်ုပ်တို့လူသားများသည်လည်း ထို့အတူမြင်ကြရဲ့လား။

သိုးထိန်းရဟန်းများသည် ခရစ်တော်၏ သန့်ရှင်းမြင့်မြတ်သောဇွဲလုံလကျေးဇူးတော်နှင့်ပြည့်နေရမည်။ ရဟန်းတစ်ပါး အတွက်မူလူအမြောက်အများ ကန္တာရတွင်အသက်ရှင်နေထိုင်ကြခြင်းမှာ ဆန်းပြားသော
ကိစ္စမဟုတ်ချေ။ ကန္တာရအမျိုးမျိုးရှိသည့်အနက် ဆင်းရဲ့ခြင်း၊ ဆာလောင်ငတ်မွတ်ခြင်း၊ ဖျက်ဆီးခြင်းခံရသောချစ်ခြင်းစသောကန္တာရများစွာရှိပါသည်။ ၀ိညာဉ်ရေး မှာလစ်ဟင်းသည် သာမက သူတို့၏ကိုယ်ကျင့်သိက္ခာဘ၀ပန်းတိုင်ပင်သတိမမူတော့ဘဲလျစ်လျူရှုတတ်ကြ ပါသည်။ ကမ္ဘာပေါ်ရှိပြင်ပ ကန္တာရများကျယ်ပြန့်လာရသည့် အကြောင်းက လူသားများ၏ ရင်တွင်းကန္တာရ များသည် အလွန်ကျယ်ပြန့်ကြီးမား လာခြင်းကြောင့်ပဲဖြစ်ပါသည်။ အသိစိတ်ခေါင်းပါးလွန်းခြင်းကြောင့်ဖြစ်လည်းကောင်း၊ အတွင်းအသိစိတ်များခြောက်သွေ့ အေးစက် မူများကြောင့်လည်းကောင်းဖြစ်ပါသည်။ ထို့ကြောင့် ပထ၀ီမြေကြီး၏ အဖိုးတန် သယံဇတ များသည် လူသား အားလုံး အသက်ရှင်နေထိုင်နိုင်မည့် ဘုရားသခင်၏ ဥယျာဉ်တော်ကို မည့်သည့်နည်းနှင့်မျှ တည်ဆောက်နိုင်စွမ်း မရှိတော့ပါ။ ထိုဖန်ဆင်း ခြင်းခံရသည့် ပစ္စည်းများသည် ခေါင်းပုံဖြတ်ခြင်း၊ ပျက်စီးဆုတ်ယုတ်စေခြင်းစတဲ့ဖျက်စီးခြင်း၊ လက်နက်များအဖြစ်သာ လူသားတို့၏အသုံးပြုခြင်း၊ လက်နက်များအဖြစ်သာ လူသားတို့၏ အသုံးပြုခြင်းကို ခံနေရပါသည်။

ခရစ်တော်ကိုယ်တိုင်ပြုခဲ့သည့်နည်းတူ ကန္တာရပေါင်းစုံမှ လူများကိုကယ်ထုတ်ယူပြီး၊ အသက
ပေးသောပြည်တော်ဆီသို့လည်းကောင်း၊ ဘုရားသခင် ၏သားတော်နှင့် မိတ်သဟာဖွဲ့ခြင်းအားဖြင့်လည်းကောင်း၊ ထာဝရအသက်ကိုပေးသော ပုဂ္ဂိုလ်ဆီသို့လည်းကောင်း၊ ဦးဆောင်ခေါ်ယူဖို့ဆိုသည်မှာ အမိအသင်းတော်ကြီး တစ်ခု လုံးနှင့် အသင်းတော်ကြီး၏သိုးထိန်းများ မလွှဲမသွေထမ်းဆောင်ရမည့် တာဝန်ဝတ္တရား ဖြစ်ပါသည်။

(ပုပ်ရဟန်းမင်းကြီး ၁၆ပါးမြောက် ဘယ်နဒစ်၏ ၂၄ရက် ဧပြီလ ၂၀၀၅နေ့အဖွင့်မစ္ဆာမှသြ၀ါဒ)


မှတ်ချက် - MISYON (July- August 2006) မှဆီလျှော်အောင်ပြန်ဆိုသည်။


သွန်းကျိန်း (L.W.M.I)



No comments: