Jan 2, 2009

မေတ္တာရှင်ရ့ဲ့ စမ်းလန်းခြင်း


မေတ္တာရှင်ရဲ့ စမ်းလန်းခြင်း

လောကကြီးမှာ တစ်ချိန်တစ်ခါက ကိုယ်လုံးဝမှန်တယ်လို့ ထင်ခဲ့တဲ့ အချက်တွေဟာ နောက်ပိုင်းမှာ အတိအလင်းကြီးကို မှားယွင်းနေတတ်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်တုန်းက အချက်တွေနဲ့ တောင်မှ ယခုခေတ်ရဲ့ သီအိုရီတွေဟာ ကွဲလွဲ ကြပါတယ်။ ဒီလို အချက်တွေကြောင့်လဲ ရှေးလူတို့ရဲ့ ယုံကြည်ချက်တွေဟာ ရယ်စရာ၊ ဟာသများဖြစ်ခဲ့ရပါတယ်။ အချို့လူတွေလဲ သူတို့ရဲ့ ပီပြင်မှုမရှိတဲ့ ယုံကြည်ရာ ကိုးကွယ်မှုတွေကို စွန့်လွှတ်ကြပါတယ်။

အချို့လည်း သိပ်ပြီး မစဉ်းစားကြပဲနဲ့ ဆက်လက် လက်ကိုင်ပြုကြပါတယ်။ ဘယ်လို ပဲဖြစ်ဖြစ် အရင်တုန်းက လူတွေရဲ့ အသိဥာဏ်ဖွံ့ဖြိုးမှုနဲ့ ယခုခေတ် လူတွေရဲ့ အသိဥာဏ်ဖွံ့ဖြိုးမှုတွေဟာ ကွာခြားလွန်းတာကြောင့် ယခင်လူတွေလက်ခံခဲ့တဲ့၊ သူတို့ယုံကြည်ခဲ့တဲ့၊ သူတို့ တွေးတောခဲ့တဲ့ ဇာတ်လမ်းတွေ၊ အယူဝါဒတွေဟာ သဲထဲရေသွန်သလိုဖြစ်ပြီး ပြတိုက်ကို ရောက်သွားကြပါတယ်။ ထင်ရှားတဲ့ စာရေးဆရာတစ်ယောက်က ဆိုထားပါတယ်။

လောကကြီးမှာ ဒဿန တွေဟာ မှေးမှိန် သွားတတ်ပြီး၊ သဘာဝကတော့ အမြဲပဲစိမ်းလန်းနေပါတယ်တဲ့။ ဟုတ်ပါတယ် မိတ်ဆွေ ခေတ်အဆက်ဆက်မှာ ရေပန်းစားလာခဲ့တဲ့ ဒဿနတွေဟာ နောက်ခေတ်လူတွေရဲ့ လက်ခံမှုကို မရရှိကြပါဘူး။ ဒီလိုနဲ့ ဒီ အတွေးခေါ်တွေဟာ ဟောင်းနွမ်းတဲ့ မြေအိုးကြီးများသဖွယ် စွန့်ပစ်ခြင်းကို ခံကြရပါတယ်။ ဒါပေမဲ့ မိတ်ဆွေ တွေးခေါ်မှုရဲ့ အစမူလ သဘာဝတရားကြီး ကတော့ အမြဲတမ်း စိမ်းလန်းနေလျှက်ပါ၊ သာယာနေလျှက်ပါ၊ ရပ်တည်နေဆဲပါ မိတ်ဆွေ။

ဒီသဘာဝတရားကြီး တည်ရှိနေခြင်းဟာ ဘာကိုပြပါသလဲ။ မိတ်ဆွေ သိပြီး သားဖြစ်မှာပါ။ ဒီသဘာဝ တရားကြီးဟာ ဘုရားရှင်ရဲ့ တည်ရှိခြင်းကို ပြနေပါတယ်။ ကိုယ်တော်ရှင် ဖန်ဆင်းတော်မူသော လောကကြီး တည်ရှိနေခြင်းဟာ ဘုရားရှင် တည်ရှိနေခြင်းဖြစ်ပါတယ်။ ဘာဖြစ်လို့ အတွေးအခေါ်တွေ၊ ၀ါဒတွေဟာ ပြောင်းလဲ ပျက်စီးပြီးတော့ သဘာဝတရားကြီးကတော့ စိမ်းလန်းလျှက်တည်ရှိနေပါသလဲ။ ရှင်းရှင်းလေးပါ မိတ်ဆွေ။ လူတွေ လုပ်ထားတာနဲ့ ဘုရားရှင် ဖန်ဆင်းထားတာဖြစ်လို့ပါပဲ။ လူတွေလုပ်ထားတဲ့ဟာတွေ၊ လူတွေ တွေးခေါ်ထားတဲ့ သီအိုရီတွေဟာ ထာဝရ မမှန်ကန်နိုင်ပါဘူး။ လူဆိုတဲ့အရာကိုက အားနည်း တတ်တဲ့၊ ယိမ်းယိုင်တတ်တဲ့ သတ္တ၀ါ ဖြစ်လို့ပါပဲ။ မျက်ကန်းဟာ မျက်ကန်းကို လမ်းပြလို့ မရပါဘူးလို့ ကိုယ်တော်ရှင် ကိုယ်တိုင် မိန့်ဆိုထား ပါတယ်။ မိမိကိုယ်၌ ကိုက အားနည်းနေတဲ့၊ မတည်မြဲတဲ့သတ္တ၀ါ ကတွေးခေါ် ထားတဲ့ အတွေးအခေါ်ဟာ ထာဝရ မတည်မြဲ နိုင်ပါဘူး၊ ဒါဆိုလောကကြီးကော ဘာဖြစ်လို့ ထာဝရစိမ်းလန်း နေရပါသလဲ။ ရှင်ရှင်းလေးပြောရရင်တော့ ဘုရားခင် ဖန်ဆင်းထားလို့ပဲ ဖြစ်ပါတယ် ။

လောကကြီးတစ်ခုလုံးဟာ ဘုရားသခင်ရဲ့ တည်မြဲခြင်းပေါ်မှာ မူတည်နေတာကြောင့် မပြောင်းမလဲ တည်ရှိခြင်းဖြစ်ပါတယ်။ လောကမှာ ၀ါဒတွေ အမျိုးမျိုးပေါ်ခဲ့ ကြပါတယ်။ ခေတ်တွေ ပြောင်းခဲ့ကြပါတယ်။ ဒါပေမဲ့ မိတ်ဆွေ၊ ဘုရားရှင်ကတော့ လုံးဝ မပြောင်းလဲပါဘူး။ လောကရဲ့ အာဏာရှင် ကြီးတွေ၊ လောကရဲ့ဝါဒတွေ၊ ကွန်မြူနစ်တွေ၊ ဆိုရှယ်လစ်တွေ၊ ရာစုနှစ်အကုန်မှာ ပြတိုက်ထဲက အရိုးစုတွေက ပြောလို့သာ သိကြရပါတော့တဲ့အချိန် ရောက်လာပါ လိမ့်မယ်။ ဘုရားရှင်ကို မည်သူ အန်တုနိုင် မည်နည်းဆိုတဲ့ သိကြားမင်းရဲ့ကြွေးကြော် သံဟာသိပ်ကိုမှန်ပါတယ်။ သင်ရောဘုရား ရှင်ကပေးတဲီ့းနှောက်ကလေးနဲ့ ဘုရား ရှင်ကိုအန်တုချင်ပါသလား။ မိတ်ဆွေ မသေခင် စစ်မှန်တဲ့ ဘုရားရှင်ကို သိသွားပါလိမ့်မယ် မိတ်ဆွေ။ အန်တုသူတို့ကခေတ် အဆက်ဆက်မှာကျန်ခဲ့ပါတယ် ကိုယ်တော်ရှင် ကတော့ကမ္ဘာကြီးကိုဆက်လက် လွှမ်းမိုးလျှက်ပါမိတ်ဆွေ။ ကိုယ်တော်ရှင်မှာ လက်နက်တွေ၊ စစ်တပ်တွေမရှိပါဘူး။ မေတ္တာသာရှိပါတယ်။ ကိုယ်တော်ရှင်မှာ မေတ္တာသာရှိပါတယ်။ ဒီမေတ္တာကြောင့်ပဲ အရာရာဟာ ထာဝရစိန်းလန်းနေရခြင်းဖြစ် ပါတယ် မိတ်ဆွေ။


-ဝေလီ -

No comments: