Jul 25, 2010

သာတူညီမျှ တူတကွ


သာတူညီမျှ တူတကွ


ဒီဘ၀မှာ ကျား၊မ မဟူ
ပုထုဇဉ်ရယ်၊ သူတော်စင်ရယ်
ရှိကြတယ်ဆိုတာ တို့သိပါတယ်။

ပုထုဇဉ်ဆိုတာ ဘာလဲ

သူတော်စင်ဆိုတာ ဘာလဲ
ဘာတွေတူပြီး ဘာတွေကွဲပြားသလဲ။

ပုထုဇဉ်ကို သင်္ကန်းဆင်
သူတော်စင် ဖြစ်ရောလား
သူတော်စင်ကို ခ၀ါချ
လူဘ၀ ပြန်ရသလား။

ပုထုဇဉ် လည်းလူ
သူတော်စင် လည်းလူ
အတူတူနဲ့ အနူနူပဲလို့
ညီမျှခြင်း ဆွဲမလား။

ပုထုဇဉ်က ပုထုဇဉ်
သူတော်စင်က တရားရှင်
တူမယ် မထင်ဘူးလို့
လိုင်းမပူးဘဲ ထားမလား
သင်္ကန်းဝတ် ပုထုဇဉ်တွေရှိနိုင်သလို
လောကီဝတ် သူတော်စင်တွေလည်းရှိတာပဲ
လောကီဝတ် ပုထုဇဉ်တွေရှိသလို
ယောဂီဝတ် သူတော်စင်တွေလည်းရှိတာပဲ။

တို့တွေ အားလုံး
ဘုရား သားသမီးတွေမို့
သူတော်စင်လည်း လူပါပဲ
ပုထုဇဉ်လည်း ကျင့်ရမှာပဲ။

ဘုရားဖန်ဆင်း ရည်ရွယ်ရင်းက
တို့ဘ၀တွေ ဖြူစင်ကြဖို့
ခဏနေရာ ဒီကမ္ဘာမှာ
သာတူညီမျှ လက်တွဲကြပြီး
ခရီးပန်းတိုင် တူပြိုင်လျှောက်လှမ်း
မခွဲတမ်းသာ သွားကြပါစို့လား.....။

ခံပွင့်

No comments: