Jul 20, 2010

ဒို့အတွက်

ဒို့အတွက်

ပြင်းရှလွန်းတဲ့ နေအောက်မှာ
ကာလ်ဝါရီထက် တက်ရရှာ
သွေး၊ချွေးတို့ ယိုကာစီး
ဒို့အတွက်ပေတည်း။

အနှိပ်စက်ခံခဲ့ ဒို့သခင်
ယေဇူးခရစ်တော်ပင်
ကားတိုင်ပေါ် အသေခံလို့
ဒို့အပြစ်ဖြေလွှတ်ဖို့။

သုံးရက်မြောက်မှာ ပြန်ရှင်လာ
ကောင်းကင်တံခါး ဖွင့်ပေးတာ
သေခြင်းကို အောင်မြင်ကြောင်း
ဒို့အတွက်သတင်းကောင်း။

အပြစ်ချွတ်၊ကယ် သိုးသူငယ်
ပုံသာဓက ပြခဲ့တယ်
မြင့်မြတ်တဲ့ ချစ်ခြင်းတရား
ဒို့တွေဆပ်လို့ ကုန်မလား။

ပိုင် (S.J.A)

No comments: