Jun 9, 2008

အတ္တ၀ါဒ

အတ္တ၀ါဒ

ငါလိုချင်တာ ... အချစ်
ငါပေးဆပ်တာ ... အမုန်း
ငါနှစ်သက်တာ ... အပြုံး
ငါတုန့်ပြန်တာ ... အမဲ့
ပိုင်ဆိုင်ချင်တာ ... နှစ်သိမ့်မှု
ပြန်ရက်ရောတာဖြင့် ... သောက
မျှော်ကိုးနေတာ ... စေတနာ
ပေးလိုက်တော့ ... ဝေဒနာ
စားချင်တာက ... ဆီအိမ့်အိမ့်
ကြွေးတုန်းဖြင့် ... ခါးတားတား
သောက်ချင်တာက ... ချိုမြိန်မြိန်
သူ့တိုက်တုန်းက ... ချဉ်စုတ်စုတ်
ပြန်လိုချင်လိုက်တာက ...တစ်သိန်း
ပေးလိုက်တာက ... တစ်ပြား
ပြည့်စုံချင်လိုက်တာ ...သုစရိုက်
ကျင့်ကြံနေတာ ... ဒုစရိုက်
ရောင်းချင်တာက ...ခုလက်ငင်း
ဝယ်ချင်တာက ... နောင်ကြွေး
ရစရာရှိတော့ ... ငမ်းတမ်းတမ်း
ပေးစရာရှိတော့ ... နှေးတေးတေး
သူပြောလိုက်တော့ ... အမှန်တရား
သူလုပ်တာဖြင့် ... မဟာအမှား
ကြောက်စရာဝါဒ မဟာအတ္တသမား။

- တောဆိတ် -

No comments: