Jun 5, 2008

မြန်မာ့ယဉ်ကျေးမှု့စတိုင်နှင့် ဘုရားကားများ


မြန်မာ့ယဉ်ကျေးမှု့စတိုင်နှင့် ဘုရားကားများ


တလောက အင်တာနက်ဆိုဒ်တစ်ခုမှာ မနလေး သာသနာရုံးခန်းတွင် ထားရှိသော မြန်မာ့ယဉ်ကျေးမှု့ပုံစံနှင့် အညီ ဆွဲသားထားသော ဘုရားကားများအား ဓါတ်ပုံရိုက်ပြီး ပြန်လည်ရောင်းစားနေတာတွေ့တော့ နည်းနည်းဒေါသဖြစ်သွားတယ်။ ကိုဘုန်းကြီးတွေတောင် ဒီလို လုပ်နေတာကို သိချင်မှသိမယ်။ စီးပွားရေးသမားတွေကတော့ ခွင်တွေ့သွားတယ်။
ဟိုတလောက ဘုရားပစည်းတွေရောင်းတဲ့ဆိုင်မှာ တရုပ်ယဉ်ကျေးမှု့ပုံစံ ဘုရားကားတွေတွေ့တယ်။ မယ်တော်က ကွန်အင်မယ်တော်လို ပုံစံပေါက်နေတယ်။ ဒီလိုပါဘဲ အခုဆို မိမိတို့ရိုးရာနဲ့အညီ ဘုရားပုံတော်တွေ ဆွဲကြ၊ ဆင်းထုတော်တွေကို လည်း ပန်းပုထုကြနဲ့ တွေ့လာရပါပြီ။ လက်မခံနိုင်စရာတော့မရှိပါဘူး (ကျွန်တော့အနေဖြင့်)။ ခုဒီမှာလည်း မယ်တော်ပုံ၊ သန့်ရှင်သော မိသားစုပုံနဲ့ သခင်ယေဇူးဖွားတော်မူခြင်း ပုံတော်တွေကို တင်ပေးလိုက်ပါတယ်။ သူများဆိုဒ်က ယူထားတာပါ။ ကြည့်ဘူးတယ်ရှိအောင်လို့ပါ။



No comments: