Feb 3, 2009

မနာလိုစိတ်၏ ... ဆိုးကျိုးများ


မနာလိုစိတ်၏ ... ဆိုးကျိုးများ

မနာလိုစိတ် တစ်ခုကြောင့်ပေါ့
တို့အချင်းချင်း မုန်းတီးကြသည်
မနာလိုစိတ် တစ်ခုကြောင့်ပေါ့
တို့အချင်းချင်း နည်းမျိုးစုံဖြင့်
ဒုက္ခကိုပေး မကောင်းစိတ်များ

မွေးမြူကြသည်။

မနာလိုစိတ် ဤစိတ်သည်ကား
အမှားများစွာ ပြုလုပ်နိုင်ရန်
တွန်းအားကိုပေး ပျက်စီးစေ၏
ကမ္ဘာဦးကျမ်း (၄း၁၈) မှာ
ကာဣနတောင်ပဲ ညီဖြစ်သူလေး
အာဗေလကို မနာလိုစိတ်
တစ်ခုကြောင့်ပဲ ရက်စက်စွာဖြင့်
သတ်ဖြတ်ခဲ့သည်။

မနာလိုစိတ် အဖျက်စိတ်များ
နှလုံးသားမှာ ရှိနေသမျှ
မေတ္တာကင်းမဲ့ လူသားအချင်းချင်း
ဆက်ဆံမှုများ ပျက်စီးဆုံးရှုံး
ဖြစ်နေဦးမည်။

မနာလိုစိတ် နည်းပါးနိုင်မှ
တစ်ဦးနှင့်တစ်ဦး ချစ်ခင်စွာဖြင့်
ပူးပေါင်းဆောင်ရွက် လုပ်ကိုင်နိုင်ပြီး
ပူလောင်မှုများ ကင်းဝေးမည်မှာ
အမှန်ပင်။

ယွန်းငယ် (သံဝင်း)



No comments: